အင်းဝမြို့နှင့် အနီးတစ်ဝိုက်တွင် တရားမဝင် ကျွန်းသစ်များကို ခွဲခြမ်းရောင်းချမှုမြင့်တက်နေ

340

Pearl (NP News)-ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး အင်းဝမြို့နှင့် အနီးတစ်ဝိုက်တွင် တရားမဝင်ကျွန်းသစ်များကို ခွဲခြမ်း ရောင်းချသည့် လုပ်ငန်းဖြစ်ပေါ်လာကြောင်း ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက NP News သို့ ပြော သည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့မှ ကျွန်းသစ်များအပါအဝင် အခြားသစ် အမျိုးအစားများကို တရားမဝင်ခုတ်ယူကာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သစ်ဖောင်များဖြင့် သယ် ယူပြီး အင်းဝမြို့ အနီးတစ်ဝိုက်က ရွာအချို့တွင် အခြေတည်ကာ သစ်ခွဲခြမ်းရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီရွာတွေမှာ တရားမဝင် ကျွန်းသစ်တွေ အများကြီးရှိတယ်။ သစ်စက်တွေကလည်း အများ ကြီးရှိတယ်။ တောင်ပုံရာပုံပဲ။ ဘယ်သူမှဖမ်းတဲ့ လူလည်းမရှိဘူး။ အရေးယူတဲ့လူလည်း မရှိဘူး။ ဗန်းမော် တို့ ရွှေကူတို့ဘက်ကနေပြီး ဖောင်နဲ့ ချတာ။ လမ်းမှာဆိုရင် အကြမ်းဖက်အဖွဲ့တွေကို သိန်းရာချီ ပေးရ တယ်လေ။ ကျွန်းသစ်တွေကတော့ အများဆုံးပေါ့။ အင်တွေလည်းပါတယ်။ အဲဒီသစ်တွေက ဧရာဝတီမြစ် ရိုးတစ်လျှောက်လာပြီးတော့ အင်းဝနားရွာတွေမှာကပ်ပြီးတော့ တရားမဝင်သစ်စက်တွေထောင်ပြီး ခွဲ ခြမ်းပြီး ရောင်းချနေကြတာ။ သူတို့ကတော့ သစ်တွေကို နယ်အနှံ့တော့ ပို့ပြီးရောင်းနေကြတာပဲ။ မန္တ လေး လည်းပို့တယ်” ဟု ယင်းကပြောသည်။
အဆိုပါ သစ်များသယ်ယူရာတွင် လမ်းတစ်လျှောက်၌ PDF အဖွဲ့ဝင်များကို သိန်းရာနှင့်ချီပေးကာ သယ်ဆောင်ရသည့်အတွက် PDF အဖွဲ့များ စီးပွားကောင်းနေကာ အင်းဝတွင် တရားမဝင်ကျွန်းသစ်များ ကို တရားဝင်သစ်ကွင်းကြီးများကဲ့သို့ ပုံထားသည်ကို တွေ့လာရကြောင်း ၎င်းကဆိုသည်။
“တာဝန်ရှိသူတွေကတော့ မသိဘဲတော့ မနေလောက်ဘူး။ သစ်စက်လည်တယ်ဆိုတာလည်း အသံတွေက မြည်နေတာလေ။ တရားမဝင်ပို့တာတွေ အများကြီးပဲ။ လမ်းပေါ်ကကြည့်ရင်တောင် မြင်ရ တယ်။ အင်းဝမှာဆို အစိုးရသစ်ကွင်းကြီးလိုပဲ။ ကျွန်းတိုင်တွေရော ကျွန်းသစ်လုံးတွေရော” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
အင္းဝၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ တရားမဝင္ ကြၽန္းသစ္မ်ားကို ခြဲျခမ္းေရာင္းခ်မႈျမင့္တက္ေန
Pearl (NP News)-ဇူလိုင္ ၇
မႏၲေလးတိုင္းေဒသႀကီး အင္းဝၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ တရားမဝင္ကြၽန္းသစ္မ်ားကို ခြဲျခမ္း ေရာင္းခ်သည့္ လုပ္ငန္းျဖစ္ေပၚလာေၾကာင္း ျဖစ္စဥ္ကိုသိရွိသူ ေဒသခံတစ္ဦးက NP News သို႔ ေျပာ သည္။
ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕နယ္ႏွင့္ ေ႐ႊကူၿမိဳ႕နယ္တို႔မွ ကြၽန္းသစ္မ်ားအပါအဝင္ အျခားသစ္ အမ်ိဳးအစားမ်ားကို တရားမဝင္ခုတ္ယူကာ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ သစ္ေဖာင္မ်ားျဖင့္ သယ္ ယူၿပီး အင္းဝၿမိဳ႕ အနီးတစ္ဝိုက္က ႐ြာအခ်ိဳ႕တြင္ အေျခတည္ကာ သစ္ခြဲျခမ္းေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီ႐ြာေတြမွာ တရားမဝင္ ကြၽန္းသစ္ေတြ အမ်ားႀကီးရွိတယ္။ သစ္စက္ေတြကလည္း အမ်ား ႀကီးရွိတယ္။ ေတာင္ပုံရာပုံပဲ။ ဘယ္သူမွဖမ္းတဲ့ လူလည္းမရွိဘူး။ အေရးယူတဲ့လူလည္း မရွိဘူး။ ဗန္းေမာ္ တို႔ ေ႐ႊကူတို႔ဘက္ကေနၿပီး ေဖာင္နဲ႔ ခ်တာ။ လမ္းမွာဆိုရင္ အၾကမ္းဖက္အဖြဲ႕ေတြကို သိန္းရာခ်ီ ေပးရ တယ္ေလ။ ကြၽန္းသစ္ေတြကေတာ့ အမ်ားဆုံးေပါ့။ အင္ေတြလည္းပါတယ္။ အဲဒီသစ္ေတြက ဧရာဝတီျမစ္ ႐ိုးတစ္ေလွ်ာက္လာၿပီးေတာ့ အင္းဝနား႐ြာေတြမွာကပ္ၿပီးေတာ့ တရားမဝင္သစ္စက္ေတြေထာင္ၿပီး ခြဲ ျခမ္းၿပီး ေရာင္းခ်ေနၾကတာ။ သူတို႔ကေတာ့ သစ္ေတြကို နယ္အႏွံ႔ေတာ့ ပို႔ၿပီးေရာင္းေနၾကတာပဲ။ မႏၲ ေလး လည္းပို႔တယ္” ဟု ယင္းကေျပာသည္။
အဆိုပါ သစ္မ်ားသယ္ယူရာတြင္ လမ္းတစ္ေလွ်ာက္၌ PDF အဖြဲ႕ဝင္မ်ားကို သိန္းရာႏွင့္ခ်ီေပးကာ သယ္ေဆာင္ရသည့္အတြက္ PDF အဖြဲ႕မ်ား စီးပြားေကာင္းေနကာ အင္းဝတြင္ တရားမဝင္ကြၽန္းသစ္မ်ား ကို တရားဝင္သစ္ကြင္းႀကီးမ်ားကဲ့သို႔ ပုံထားသည္ကို ေတြ႕လာရေၾကာင္း ၎ကဆိုသည္။
“တာဝန္ရွိသူေတြကေတာ့ မသိဘဲေတာ့ မေနေလာက္ဘူး။ သစ္စက္လည္တယ္ဆိုတာလည္း အသံေတြက ျမည္ေနတာေလ။ တရားမဝင္ပို႔တာေတြ အမ်ားႀကီးပဲ။ လမ္းေပၚကၾကည့္ရင္ေတာင္ ျမင္ရ တယ္။ အင္းဝမွာဆို အစိုးရသစ္ကြင္းႀကီးလိုပဲ။ ကြၽန္းတိုင္ေတြေရာ ကြၽန္းသစ္လုံးေတြေရာ” ဟု ၎က ဆက္ေျပာသည္။