ဘုရားသုံးဆူတွင် ကျားဖျန့်နှင့်ဆက်စပ်သည့် တရုတ်လူမျိုးများကို DKBA က လုံခြုံရေးအပြည့်ပေးထား

 396

သန့်ဇင် (NP News) - ဇူလိုင် ၈

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ကျားဖျန့်နှင့်ဆက်စပ်သည့် တရုတ် လူမျိုးများကို DKBA က လုံခြုံရေးအပြည့်ပေးထားကြောင်း ဒေသခံများက NP News သို့ ဖွင့်ဟပြော ကြားသည်။

ဘုရားသုံးဆူမြို့ကို DKBA ကထိန်းချုပ် ထားသည့်သဘောရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ (၉) ရက် က ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာက ထုတ်ပြန်ချက်အရ မြို့ အတွင်းသို့ ကျားဖျန့်လုပ်ငန်းနှင့်ပတ်သက်သည့် တရုတ်လူမျိုးများကို ဝင်ရောက်ခွင့်ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။

လက်ရှိတွင်မူ ဘုရားသုံးဆူမြို့နှင့် မြို့နယ် ကျေးရွာများအတွင်း တရုတ်လူမျိုးအချို့ နေထိုင်နေ လျက်ရှိပြီး အပြင်ထွက်လျှင် လက်နက်ကိုင်များက လုံခြုံရေးအပြည့်ပေးထားကြောင်း ဒေသခံအမျိုးသား တစ်ဦးကဆိုသည်။

“ကျားဖျန့်တွေကတော့ ရွာတွေရောက်ကုန်ပြီ။ မြို့ထဲမှာ သူတို့နဲ့မကင်းတာတွေပဲကျန်တယ်။ လက်နက်ကိုင်တွေစိုးမိုးထားတဲ့ရွာတွေ ရောက်နေတာ။ ကျော့ပလု၊ ချောင်းဆုံ၊ ထီးလောင်ယျှူး၊ ကြိမ် ချောင်း စတဲ့ DKBA စိုးမိုးတဲ့ရွာတွေမှာ တရုတ်တွေ ရွှေ့သွားပြီး လုပ်နေကြတာ။ ကျားဖျန့်တွေကတော့ အရင်တိုင်းပဲလေ ပိုတောင် များလာမှာ။ ကျားဖျန့်နဲ့ ပတ်သက်တဲ့အသံတွေတော့တိတ်ကုန်တယ်။ ရိုးသွား လို့နေမယ်။ တရုတ်တွေက အပြင်ထွက်ရင်လက်နက်ကိုင်ပြီး အနောက်ကလိုက်ပေးတာတွေ့တယ်”ဟု အထက်ပါဒေသခံက ပြောသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖျန့်လုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံ အစိုးရ က ဘုရားသုံးဆူမြို့ကို လျှပ်စစ်မီးနှင့် လောင် စာဆီတင်ပို့ခြင်းကို ဖေဖော်ဝါရီလ (၅) ရက်က စတင်ဖြတ် တောက်ခဲ့သဖြင့် လက်ရှိတွင် လျှပ်စစ်မီးအတွက် ဆိုလာပြားများကို သိန်းရာနှင့်ချီအကုန် အကျခံကာ အသုံးပြုနေရကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“လျှပ်စစ်မီးကခုထိမရတော့ ဆိုလာတွေတပ်တာတစ်မြို့လုံးနီးပါးပဲ။ ဆီကအောက်ကတတ် တယ်။ တစ်မြို့လုံးလည်း starlink လိုင်းတွေချည်းပဲ။ ဖုန်းလိုင်းတွေအကုန်ဖြတ်ခံရလို့ starlink နဲ့ပြောရ တာ။ အဖြတ်ခံထားရတာ (၃)လနီးပါးရှိပြီ။ starlink တွေနဲ့ချည်းပဲ။ တချို့အိမ်တွေကတော့ ထိုင်း WiFi ဆင်ထားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဘုရားသုံးဆူမြို့တွင် ခိုးဆိုးလုယက်မှုများ ယခင်ထက်ပိုမိုများပြားလာပြီး ပြီးခဲ့သည့် ရက် ပိုင်းအတွင်း လုယက်သတ်ဖြတ်ခံရမှု (၃) ကြိမ်ထက် မနည်းရှိခဲ့သောကြောင့် မြို့၏တရားဥပဒေစိုးမိုးမှု အပေါ် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ “မေးခွန်း ထုတ်စရာကိုမလိုတော့တဲ့ ဥပဒေဖြစ်နေပြီ။ ဘုရားသုံးဆူမှာ ဥပဒေ မရှိတော့ဘူး။ လက်နက်ကိုင်တွေပဲ ထင်တိုင်းကြဲနေကြတာ။ အခုက လူနေလည်း ထူထပ်လာတယ်။ တချို့ဆို အိမ်ခန်းတွေတောင် ငှားလို့ မရတော့ဘူး”ဟု ၎င်းကဆက်ပြောသည်။

zawgyi version
ဘုရားသုံးဆူတြင္ က်ားဖ်န႔္ႏွင့္ဆက္စပ္သည့္ တ႐ုတ္လူမ်ိဳးမ်ားကို DKBA က လုံၿခဳံေရးအျပည့္ေပးထား
သန႔္ဇင္ (NP News) - ဇူလိုင္ ၈

ကရင္ျပည္နယ္ ျမန္မာ-ထိုင္းနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ က်ားဖ်န႔္ႏွင့္ဆက္စပ္သည့္ တ႐ုတ္ လူမ်ိဳးမ်ားကို DKBA က လုံၿခဳံေရးအျပည့္ေပးထားေၾကာင္း ေဒသခံမ်ားက NP News သို႔ ဖြင့္ဟေျပာ ၾကားသည္။

ဘုရားသုံးဆူၿမိဳ႕ကို DKBA ကထိန္းခ်ဳပ္ ထားသည့္သေဘာရွိၿပီး ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၉) ရက္ က ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ (DKBA) အမွတ္ (၂) နည္းဗ်ဴဟာက ထုတ္ျပန္ခ်က္အရ ၿမိဳ႕ အတြင္းသို႔ က်ားဖ်န႔္လုပ္ငန္းႏွင့္ပတ္သက္သည့္ တ႐ုတ္လူမ်ိဳးမ်ားကို ဝင္ေရာက္ခြင့္ပိတ္ပင္သြားမည္ဟု ထုတ္ျပန္ခဲ့ဖူးသည္။

လက္ရွိတြင္မူ ဘုရားသုံးဆူၿမိဳ႕ႏွင့္ ၿမိဳ႕နယ္ ေက်း႐ြာမ်ားအတြင္း တ႐ုတ္လူမ်ိဳးအခ်ိဳ႕ ေနထိုင္ေန လ်က္ရွိၿပီး အျပင္ထြက္လွ်င္ လက္နက္ကိုင္မ်ားက လုံၿခဳံေရးအျပည့္ေပးထားေၾကာင္း ေဒသခံအမ်ိဳးသား တစ္ဦးကဆိုသည္။

“က်ားဖ်န႔္ေတြကေတာ့ ႐ြာေတြေရာက္ကုန္ၿပီ။ ၿမိဳ႕ထဲမွာ သူတို႔နဲ႔မကင္းတာေတြပဲက်န္တယ္။ လက္နက္ကိုင္ေတြစိုးမိုးထားတဲ့႐ြာေတြ ေရာက္ေနတာ။ ေက်ာ့ပလု၊ ေခ်ာင္းဆုံ၊ ထီးေလာင္ယွ်ဴး၊ ႀကိမ္ ေခ်ာင္း စတဲ့ DKBA စိုးမိုးတဲ့႐ြာေတြမွာ တ႐ုတ္ေတြ ေ႐ႊ႕သြားၿပီး လုပ္ေနၾကတာ။ က်ားဖ်န႔္ေတြကေတာ့ အရင္တိုင္းပဲေလ ပိုေတာင္ မ်ားလာမွာ။ က်ားဖ်န႔္နဲ႔ ပတ္သက္တဲ့အသံေတြေတာ့တိတ္ကုန္တယ္။ ႐ိုးသြား လို႔ေနမယ္။ တ႐ုတ္ေတြက အျပင္ထြက္ရင္လက္နက္ကိုင္ၿပီး အေနာက္ကလိုက္ေပးတာေတြ႕တယ္”ဟု အထက္ပါေဒသခံက ေျပာသည္။

ထို႔ျပင္ ထိုင္း-ျမန္မာနယ္စပ္ရွိ က်ားဖ်န႔္လုပ္ငန္းမ်ားကို တိုက္ဖ်က္ရန္အတြက္ ထိုင္းႏိုင္ငံ အစိုးရ က ဘုရားသုံးဆူၿမိဳ႕ကို လွ်ပ္စစ္မီးႏွင့္ ေလာင္ စာဆီတင္ပို႔ျခင္းကို ေဖေဖာ္ဝါရီလ (၅) ရက္က စတင္ျဖတ္ ေတာက္ခဲ့သျဖင့္ လက္ရွိတြင္ လွ်ပ္စစ္မီးအတြက္ ဆိုလာျပားမ်ားကို သိန္းရာႏွင့္ခ်ီအကုန္ အက်ခံကာ အသုံးျပဳေနရေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

“လွ်ပ္စစ္မီးကခုထိမရေတာ့ ဆိုလာေတြတပ္တာတစ္ၿမိဳ႕လုံးနီးပါးပဲ။ ဆီကေအာက္ကတတ္ တယ္။ တစ္ၿမိဳ႕လုံးလည္း starlink လိုင္းေတြခ်ည္းပဲ။ ဖုန္းလိုင္းေတြအကုန္ျဖတ္ခံရလို႔ starlink နဲ႔ေျပာရ တာ။ အျဖတ္ခံထားရတာ (၃)လနီးပါးရွိၿပီ။ starlink ေတြနဲ႔ခ်ည္းပဲ။ တခ်ိဳ႕အိမ္ေတြကေတာ့ ထိုင္း WiFi ဆင္ထားတယ္” ဟု ၎က ဆက္ေျပာသည္။

ထို႔ျပင္ ဘုရားသုံးဆူၿမိဳ႕တြင္ ခိုးဆိုးလုယက္မႈမ်ား ယခင္ထက္ပိုမိုမ်ားျပားလာၿပီး ၿပီးခဲ့သည့္ ရက္ ပိုင္းအတြင္း လုယက္သတ္ျဖတ္ခံရမႈ (၃) ႀကိမ္ထက္ မနည္းရွိခဲ့ေသာေၾကာင့္ ၿမိဳ႕၏တရားဥပေဒစိုးမိုးမႈ အေပၚ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္မႈမ်ားရွိေနေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ “ေမးခြန္း ထုတ္စရာကိုမလိုေတာ့တဲ့ ဥပေဒျဖစ္ေနၿပီ။ ဘုရားသုံးဆူမွာ ဥပေဒ မရွိေတာ့ဘူး။ လက္နက္ကိုင္ေတြပဲ ထင္တိုင္းႀကဲေနၾကတာ။ အခုက လူေနလည္း ထူထပ္လာတယ္။ တခ်ိဳ႕ဆို အိမ္ခန္းေတြေတာင္ ငွားလို႔ မရေတာ့ဘူး”ဟု ၎ကဆက္ေျပာသည္။

Related news

© 2021. All rights reserved.