အခြေအနေတည်ငြိမ်စပြုလာသောကြောင့် ပုပ္ပားတောင်မကြီးသို့ နေ့ချင်းပြန် တောင်တက်သူများရှိနေ

 359

စော (NP News) - ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ပုပ္ပားတောင်မကြီးသို့ အခြေအနေတည်ငြိမ်စပြုလာသောကြောင့် နေ့ချင်းပြန်တောင်တက်သူများရှိနေကြောင်း ဒေသခံတစ်ဦးက NP News သို့ ပြောသည်။

ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်ညပိုင်းက မြန်မာ့အသံ(MRTV) ရုပ်မြင်သံကြား ထပ် ဆင့် အသံလွှင့်ဌာန၊ မြဝတီ (MWD) ဆက်သွယ်ရေးစခန်းတို့ကို အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပုပ္ပါးတောင် တက်ခွင့်ကို ယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဟုတ်တယ်ပိတ်ထားတာ အခု(၂၈)ရက် ကလားမသိဘူး။ Kalaw Trail Run က အပြေးပွဲတော့ လုပ်ထားတာရှိတယ်။ ရှိတယ်ဆိုတော့ တောင်ကတော့ ပြန်တက်လို့တော့ ရနေပြီ။ Night Camp အထိ တော့ မရသေးဘူးပေါ့။ တချို့လည်း ကျန်နေခဲ့တဲ့ ဘမ်းစတား (တောင်တက်ခရီးသွားဝန်ဆောင်မှု) တို့ ကလေးတွေရှိတယ်။ သူတို့လည်း တောင်တက် ဝန်ဆောင်မှု ပြန်တော့ပေးနေပြီ။ ဒါပေမဲ့ သူတို့ ညအိပ် တော့ လက်မခံသေးဘူး။ နေ့ချင်းပြန်အနေနဲ့ လာတဲ့လူတော်တော်များများရှိလာပြီ”ဟု ၎င်းကပြော သည်။ ပုပ္ပါးတောင်မကြီးသို့ တောင်တက်ခွင့် ပိတ်ထားခဲ့သော်လည်း ပုပ္ပါးတောင်ကလပ်သို့ ပုံမှန်အတိုင်း ခရီးသွားလည်ပတ်သူများရှိနေကြောင်းလည်း ၎င်းကဆိုသည်။

“တောင်မကြီးဘက်ကို တောင်တက်က လျော့သွားတယ်။ အခုကတော့ ခရီးသွားကတော့ ဘယ် သွားလဲဆိုတော့ ကလောဘက်သွားကြတာပေါ့။ ဘားအံတို့ ဘက်ကိုပိုသွားတာများတယ်။ ကိုယ်တွေဆီ ကတော့ (၉)လပိုင်း၊ (၁၀)လပိုင်း အဲဒီဝန်းကျင်လောက်မှာပဲ တောင်တက်တွေက ပြန်စည်မှာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

ပုပ္ပါးတောင်မကြီးသို့ တောင်တက်သူ နည်းပါးနေခြင်းမှာ မိုးတွင်းကာလဖြစ်နေခြင်းနှင့် နေ့ချင်း ပြန် တောင်တက်နိုင်ခြင်းကို မသိသေးခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

zawgyi version
အေျခအေနတည္ၿငိမ္စျပဳလာေသာေၾကာင့္ ပုပၸားေတာင္မႀကီးသို႔ ေန႔ခ်င္းျပန္ ေတာင္တက္သူမ်ားရွိေန
ေစာ (NP News) - ဇူလိုင္ ၉

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခ႐ိုင္၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွ ပုပၸားေတာင္မႀကီးသို႔ အေျခအေနတည္ၿငိမ္စျပဳလာေသာေၾကာင့္ ေန႔ခ်င္းျပန္ေတာင္တက္သူမ်ားရွိေနေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။

ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလ (၂၇)ရက္ညပိုင္းက ျမန္မာ့အသံ(MRTV) ႐ုပ္ျမင္သံၾကား ထပ္ ဆင့္ အသံလႊင့္ဌာန၊ ျမဝတီ (MWD) ဆက္သြယ္ေရးစခန္းတို႔ကို အၾကမ္းဖက္သမားမ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္အတြက္ ပုပၸါးေတာင္ တက္ခြင့္ကို ယာယီပိတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဟုတ္တယ္ပိတ္ထားတာ အခု(၂၈)ရက္ ကလားမသိဘူး။ Kalaw Trail Run က အေျပးပြဲေတာ့ လုပ္ထားတာရွိတယ္။ ရွိတယ္ဆိုေတာ့ ေတာင္ကေတာ့ ျပန္တက္လို႔ေတာ့ ရေနၿပီ။ Night Camp အထိ ေတာ့ မရေသးဘူးေပါ့။ တခ်ိဳ႕လည္း က်န္ေနခဲ့တဲ့ ဘမ္းစတား (ေတာင္တက္ခရီးသြားဝန္ေဆာင္မႈ) တို႔ ကေလးေတြရွိတယ္။ သူတို႔လည္း ေတာင္တက္ ဝန္ေဆာင္မႈ ျပန္ေတာ့ေပးေနၿပီ။ ဒါေပမဲ့ သူတို႔ ညအိပ္ ေတာ့ လက္မခံေသးဘူး။ ေန႔ခ်င္းျပန္အေနနဲ႔ လာတဲ့လူေတာ္ေတာ္မ်ားမ်ားရွိလာၿပီ”ဟု ၎ကေျပာ သည္။ ပုပၸါးေတာင္မႀကီးသို႔ ေတာင္တက္ခြင့္ ပိတ္ထားခဲ့ေသာ္လည္း ပုပၸါးေတာင္ကလပ္သို႔ ပုံမွန္အတိုင္း ခရီးသြားလည္ပတ္သူမ်ားရွိေနေၾကာင္းလည္း ၎ကဆိုသည္။

“ေတာင္မႀကီးဘက္ကို ေတာင္တက္က ေလ်ာ့သြားတယ္။ အခုကေတာ့ ခရီးသြားကေတာ့ ဘယ္ သြားလဲဆိုေတာ့ ကေလာဘက္သြားၾကတာေပါ့။ ဘားအံတို႔ ဘက္ကိုပိုသြားတာမ်ားတယ္။ ကိုယ္ေတြဆီ ကေတာ့ (၉)လပိုင္း၊ (၁၀)လပိုင္း အဲဒီဝန္းက်င္ေလာက္မွာပဲ ေတာင္တက္ေတြက ျပန္စည္မွာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

ပုပၸါးေတာင္မႀကီးသို႔ ေတာင္တက္သူ နည္းပါးေနျခင္းမွာ မိုးတြင္းကာလျဖစ္ေနျခင္းႏွင့္ ေန႔ခ်င္း ျပန္ ေတာင္တက္ႏိုင္ျခင္းကို မသိေသးျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ၎က သုံးသပ္ေျပာၾကားသည္။

Related news

© 2021. All rights reserved.