စိုက်ပျိုးရေးအတွက် အရေးပါသော သဘာဝမြေဩဇာထုတ်လုပ်ရန် အစိုးရကလည်း ပါဝင်အားပေးသင့်ဟုဆို

 192

သန့်ဇင် (NP News) - ဇူလိုင် ၉

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအတွက် အရေးအပါသော သဘာဝမြေဩဇာထုတ်လုပ်ရန် နည်းစနစ် နှင့် အရင်းအနှီးကို အစိုးရကလည်းပါဝင် စိုက်ထုတ်၊ ချေးငွေပေးသင့်ကြောင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးက NP News သို့မှတ်ချက်ပြုပြောကြားသည်။

လက်ရှိတွင် စိုက်ပျိုးရေးအတွက်အရေးပါသော သွင်းအားစုများဖြစ်သည့် မြေဩဇာများ ဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် တောင်သူအများစုမှာ မြေဆွေးမြေဩဇာများကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာ ကြရကြောင်း သိရသည်။

“မြေဩဇာက ကျွန်တော်သိသလောက်ဆိုရင် (၅)မျိုးရှိပါတယ်။ ဓာတုမြေဩဇာ၊ သဘာဝ မြေဩ ဇာ၊ ဇီဝမြေဩဇာ၊ မြေဆွေးမြေဩဇာနဲ့ ရွက် ဖျန်းမြေဩဇာဆိုပြီး (၅)မျိုးရှိတယ်။ နည်းနည်းလေးတွင် ကျယ်လာတာက ဓာတုမြေဩဇာတွေ ဈေးကြီးလို့ မသုံးနိုင်တော့ သဘာဝ မြေစေးကိုလုပ်ကြတာပေါ့။ သဘာဝ မြေဆွေးရဲ့ကုန်ကြမ်းက လယ်ယာထွက်ကုန်က ကုန်ကြမ်းအကုန်လုံးက သဘာဝမြေဆွေးလုပ် လို့ရတယ်။ ဆိုပါစို့ စပါးကဆိုရင် စပါးခွံထွက်ရင် သဘာဝမြေဆွေးလုပ်လို့ရတယ်။ မြေပဲခွံကလည်း သဘာဝ မြေဆွေးလုပ်လို့ရတယ်။ ပဲမှော်လည်း ရတယ်။ ဘာပဲဖြစ်ဖြစ် သီးနှံပင်ကထွက်တဲ့အရာမှန်သမျှ မြေဆွေးလုပ်လို့ရတယ်”ဟု စိုက်ပျိုးပညာရှင်က ပြောသည်။

ထို့ကြောင့် သဘာဝမြေဆွေးမြေဩဇာကို တောင်သူလယ်သမားအနေဖြင့် ယခင်ထက်တွင် တွင် ကျယ်ကျယ်သုံးစွဲနိုင်ရန် နည်းပညာနှင့် အရင်းအနှီးလိုအပ်သည့်အတွက် အစိုးရကလည်း ချေးငွေများ ထုတ်ချေးခြင်းနှင့် တစ်ပိုင်တစ်နိုင်မြေဩဇာထုတ်လုပ်နိုင်ရန် သင်ကြားပေးခြင်းတို့ကို ပံ့ပိုးကူညီပေးသင့် ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“တောင်သူလယ်သမားကလည်း ဒီကိတ်မုန့် ကောင်းမှန်းတော့သိတယ်။ ဒါပေမဲ့ ထမင်းစားဖို့ အတွက်တောင်အနိုင်နိုင်လုပ်နေရတော့ သူတို့ကိုယ်ထူကိုယ်ထလုပ်ဆိုလုပ်လို့မရဘူး။ အဲဒီတော့ အစိုးရ ကိုယ်တိုင်က မြေဩဇာလုပ်ပေး။ လုပ်ပေးပြီး မင်းတို့ ကသုံး။ မြေဩဇာ လုပ်ခအတွက် ငါတို့က ငွေချေး မယ်ပေါ့နော်။ အဲဒီလိုဆိုရင်တောင်သူတွေက အရင်းအနှီး မရှိတော့မလုပ်နိုင်ကြဘူး။ ခက်တာက သူ့ရဲ့ Process ကို သေချာစနစ်တကျနဲ့ စက်ပိုင်းဆိုင်ရာပစ္စည်းတွေနဲ့ ပူးပေါင်းပြီးလုပ်ရင်တော့ နိုင်ငံမှာ လိုနေ တဲ့ Demand ကို (၃)ပုံ၊ (၁)ပုံလောက်တော့ရမယ်။ ဒါပေမဲ့ အခုကတော့ နည်းသေးတယ်။ သိပ်ပြီး မလုပ် နိုင်ကြသေးဘူး”ဟု ၎င်းကပြောသည်။

သဘာဝမြေဆွေးမြေဩဇာသည် တောင် သူများအနေဖြင့် လုပ်ကိုင်ရလွယ်ကူပြီး စွန့်ပစ်ပစ္စည်း များမှ မြေဩဇာပြန်လည်ထုတ်လုပ်နိုင်သည့်အပြင် စိုက်ပျိုးရေးအတွက် များစွာအကျိုးပြုသော မြေဩ ဇာ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“သဘာဝမြေဆွေးမြေဩဇာကို လက်ဖက်ဆိုလည်း လက်ဖက်ရွက်တွေကနေလုပ်တာပေါ့နော်။ စွန့်ပစ်ပစ္စည်းကနေပြန်ပြီး မြေဩဇာပြန်လုပ်လို့ရ တယ်။ အဲဒီပစ္စည်းကလည်း ဒီအပင်ကနေထွက်တဲ့ ပစ္စည်းပဲပေါ့နော်။ သဘာဝပစ္စည်းပဲပေါ့နော်။ အဲဒါ ကြောင့် အကုန်လုပ်လို့ရတယ်။ ဒီကောင်တွေက ဘာ လုပ်လို့ရလဲဆို‌တော့ မြေရဲ့ဖွဲ့စည်းမှုကို ကောင်းမွန်စေတယ်။ မြေအစိုဓာတ်ကိုထိန်းပေးတယ်။ မြေကြီး ထဲမှာ အပင်အကျိုးပေးတဲ့ အဏုဇီဝတွေကို အကျိုးပြုပေးတယ်။ လေဝင်လေထွက်ကောင်းတယ်။ အဲဒီ တော့ ဒီကောင်က ဈေးနှုန်းလည်း သက်သာတယ်”ဟု ၎င်းကအကြံပြုထားသည်။

zawgyi version
စိုက္ပ်ိဳးေရးအတြက္ အေရးပါေသာ သဘာဝေျမဩဇာထုတ္လုပ္ရန္ အစိုးရကလည္း ပါဝင္အားေပးသင့္ဟုဆို
သန႔္ဇင္ (NP News) - ဇူလိုင္ ၉

ျမန္မာႏိုင္ငံ၏ စိုက္ပ်ိဳးေရးအတြက္ အေရးအပါေသာ သဘာဝေျမဩဇာထုတ္လုပ္ရန္ နည္းစနစ္ ႏွင့္ အရင္းအႏွီးကို အစိုးရကလည္းပါဝင္ စိုက္ထုတ္၊ ေခ်းေငြေပးသင့္ေၾကာင္း စိုက္ပ်ိဳးေရးပညာရွင္တစ္ဦးက NP News သို႔မွတ္ခ်က္ျပဳေျပာၾကားသည္။

လက္ရွိတြင္ စိုက္ပ်ိဳးေရးအတြက္အေရးပါေသာ သြင္းအားစုမ်ားျဖစ္သည့္ ေျမဩဇာမ်ား ေဈးႏႈန္း ႀကီးျမင့္လာျခင္းေၾကာင့္ ေတာင္သူအမ်ားစုမွာ ေျမေဆြးေျမဩဇာမ်ားကို တြင္တြင္က်ယ္က်ယ္သုံးစြဲလာ ၾကရေၾကာင္း သိရသည္။

“ေျမဩဇာက ကြၽန္ေတာ္သိသေလာက္ဆိုရင္ (၅)မ်ိဳးရွိပါတယ္။ ဓာတုေျမဩဇာ၊ သဘာဝ ေျမဩ ဇာ၊ ဇီဝေျမဩဇာ၊ ေျမေဆြးေျမဩဇာနဲ႔ ႐ြက္ ဖ်န္းေျမဩဇာဆိုၿပီး (၅)မ်ိဳးရွိတယ္။ နည္းနည္းေလးတြင္ က်ယ္လာတာက ဓာတုေျမဩဇာေတြ ေဈးႀကီးလို႔ မသုံးႏိုင္ေတာ့ သဘာဝ ေျမေစးကိုလုပ္ၾကတာေပါ့။ သဘာဝ ေျမေဆြးရဲ႕ကုန္ၾကမ္းက လယ္ယာထြက္ကုန္က ကုန္ၾကမ္းအကုန္လုံးက သဘာဝေျမေဆြးလုပ္ လို႔ရတယ္။ ဆိုပါစို႔ စပါးကဆိုရင္ စပါးခြံထြက္ရင္ သဘာဝေျမေဆြးလုပ္လို႔ရတယ္။ ေျမပဲခြံကလည္း သဘာဝ ေျမေဆြးလုပ္လို႔ရတယ္။ ပဲေမွာ္လည္း ရတယ္။ ဘာပဲျဖစ္ျဖစ္ သီးႏွံပင္ကထြက္တဲ့အရာမွန္သမွ် ေျမေဆြးလုပ္လို႔ရတယ္”ဟု စိုက္ပ်ိဳးပညာရွင္က ေျပာသည္။

ထို႔ေၾကာင့္ သဘာဝေျမေဆြးေျမဩဇာကို ေတာင္သူလယ္သမားအေနျဖင့္ ယခင္ထက္တြင္ တြင္ က်ယ္က်ယ္သုံးစြဲႏိုင္ရန္ နည္းပညာႏွင့္ အရင္းအႏွီးလိုအပ္သည့္အတြက္ အစိုးရကလည္း ေခ်းေငြမ်ား ထုတ္ေခ်းျခင္းႏွင့္ တစ္ပိုင္တစ္ႏိုင္ေျမဩဇာထုတ္လုပ္ႏိုင္ရန္ သင္ၾကားေပးျခင္းတို႔ကို ပံ့ပိုးကူညီေပးသင့္ ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

“ေတာင္သူလယ္သမားကလည္း ဒီကိတ္မုန႔္ ေကာင္းမွန္းေတာ့သိတယ္။ ဒါေပမဲ့ ထမင္းစားဖို႔ အတြက္ေတာင္အႏိုင္ႏိုင္လုပ္ေနရေတာ့ သူတို႔ကိုယ္ထူကိုယ္ထလုပ္ဆိုလုပ္လို႔မရဘူး။ အဲဒီေတာ့ အစိုးရ ကိုယ္တိုင္က ေျမဩဇာလုပ္ေပး။ လုပ္ေပးၿပီး မင္းတို႔ ကသုံး။ ေျမဩဇာ လုပ္ခအတြက္ ငါတို႔က ေငြေခ်း မယ္ေပါ့ေနာ္။ အဲဒီလိုဆိုရင္ေတာင္သူေတြက အရင္းအႏွီး မရွိေတာ့မလုပ္ႏိုင္ၾကဘူး။ ခက္တာက သူ႔ရဲ႕ Process ကို ေသခ်ာစနစ္တက်နဲ႔ စက္ပိုင္းဆိုင္ရာပစၥည္းေတြနဲ႔ ပူးေပါင္းၿပီးလုပ္ရင္ေတာ့ ႏိုင္ငံမွာ လိုေန တဲ့ Demand ကို (၃)ပုံ၊ (၁)ပုံေလာက္ေတာ့ရမယ္။ ဒါေပမဲ့ အခုကေတာ့ နည္းေသးတယ္။ သိပ္ၿပီး မလုပ္ ႏိုင္ၾကေသးဘူး”ဟု ၎ကေျပာသည္။

သဘာဝေျမေဆြးေျမဩဇာသည္ ေတာင္ သူမ်ားအေနျဖင့္ လုပ္ကိုင္ရလြယ္ကူၿပီး စြန႔္ပစ္ပစၥည္း မ်ားမွ ေျမဩဇာျပန္လည္ထုတ္လုပ္ႏိုင္သည့္အျပင္ စိုက္ပ်ိဳးေရးအတြက္ မ်ားစြာအက်ိဳးျပဳေသာ ေျမဩ ဇာ ျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။

“သဘာဝေျမေဆြးေျမဩဇာကို လက္ဖက္ဆိုလည္း လက္ဖက္႐ြက္ေတြကေနလုပ္တာေပါ့ေနာ္။ စြန႔္ပစ္ပစၥည္းကေနျပန္ၿပီး ေျမဩဇာျပန္လုပ္လို႔ရ တယ္။ အဲဒီပစၥည္းကလည္း ဒီအပင္ကေနထြက္တဲ့ ပစၥည္းပဲေပါ့ေနာ္။ သဘာဝပစၥည္းပဲေပါ့ေနာ္။ အဲဒါ ေၾကာင့္ အကုန္လုပ္လို႔ရတယ္။ ဒီေကာင္ေတြက ဘာ လုပ္လို႔ရလဲဆို‌ေတာ့ ေျမရဲ႕ဖြဲ႕စည္းမႈကို ေကာင္းမြန္ေစတယ္။ ေျမအစိုဓာတ္ကိုထိန္းေပးတယ္။ ေျမႀကီး ထဲမွာ အပင္အက်ိဳးေပးတဲ့ အဏုဇီဝေတြကို အက်ိဳးျပဳေပးတယ္။ ေလဝင္ေလထြက္ေကာင္းတယ္။ အဲဒီ ေတာ့ ဒီေကာင္က ေဈးႏႈန္းလည္း သက္သာတယ္”ဟု ၎ကအႀကံျပဳထားသည္။

Related news

© 2021. All rights reserved.