ကမ္ဘာ့အသက်အကြီးဆုံး ဆင်လို့ယူဆရတဲ့ အိန္ဒိယနိုင်ငံက ဆင်ကြီး ဗက်ဆလာ အသက် ၁ဝဝ ကျော်မှာ သေဆုံး

340

ရောင်နီ (NP News) - ဇူလိုင် ၁၁
ကမ္ဘာ့အသက်အကြီးဆုံးဆင်လို့ ယူဆရတဲ့ အိန္ဒိယနိုင်ငံမက်ဒ်ရာ ပရာဒက်ရှ်ပြည်နယ်၊ ဘေးမဲ့တောထဲက ဆင်ကြီး ဗက်ဆလာဟာ ဇူလိုင်လ ၈ ရက်၊ အသက် ၁ဝဝ ကျော်မှာ သေဆုံးသွားခဲ့ပါတယ်။
ဒါပေမယ့် ဆင်ကြီး ဗက်ဆလာဟာ အသက် ၁ဝဝ ကျော်လို့ ယူဆရပေမယ့် အသက်အမှန်ကို သက်သေပြဖို့ မှတ်တမ်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဆင်ကြီး ဗက်ဆလာဟာ ကမ္ဘာ့အသက်အကြီးဆုံး ဆင်အဖြစ် ဂင်းနစ်မှတ်တမ်း ဝင်နိုင်ခြင်း မရှိပါဘူး။ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး ဆင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် ထိန်းသိမ်း ထားသူကတော့ဆင်ကြီး လင်ဝမ်ဖြစ်ပြီး ၂ဝဝ၃ ခုနှစ်၊ အသက် ၈၆ နှစ်မှာ ထိုင်ဝမ်ရှိ တိရစ္ဆာန်ရုံမှာ ကွယ်လွန်ခဲ့ ပါတယ်။ ဗက်ဆလာကို ၁၉၁၀ ခုနှစ်နှောင်းပိုင်း ကီရာလာ၊ လီလန်ဘာ သစ်တောမှာ မွေးဖွားခဲ့တယ်လို့ ခန့်မှန်းရပြီး သစ်တွေသယ်ဖို့ ၁၉၇၁ ခုနှစ်မှာ မက်ဒ်ဟာပရာဒက်ရှ် ရှိ နာမာဒါပူရန် မြို့ကို ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် ၁၉၉၁ ခုနှစ်မှာ Panna Tiger Reserve ကိုပြောင်းရွှေ့ပြီး ရိန်းဂျားတွေ ကျားခြေရာခံဖို့ ကူညီပေးခဲ့ ပြီးနောက် ၂ဝဝ၃ ခုနှစ်မှာတော့ ဘေးမဲ့လွှတ်ပေးခဲ့ပါတယ်။
ဆင်တွေဟာ ပျမ်းမျှအားဖြင့် အသက် အနှစ် ၅ဝ မှ ၇ဝ ခန့်အထိ အသက်ရှင်ကြပြီး အသက် ၇၀ မှာ အစွယ် တွေ ဆုံးရှုံးလေ့ရှိကာ အသက် ၁ဝဝ ကျော်တာ ရှားတယ်လို့ တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Zawgyi Version:
ကမာၻ႔အသက္အႀကီးဆုံး ဆင္လို႔ယူဆရတဲ့ အိႏၵိယႏိုင္ငံက ဆင္ႀကီး ဗက္ဆလာ အသက္ ၁ဝဝ ေက်ာ္မွာ ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၁၁
ကမာၻ႔အသက္အႀကီးဆုံးဆင္လို႔ ယူဆရတဲ့ အိႏၵိယႏိုင္ငံမက္ဒ္ရာ ပရာဒက္ရွ္ျပည္နယ္၊ ေဘးမဲ့ေတာထဲက ဆင္ႀကီး ဗက္ဆလာဟာ ဇူလိုင္လ ၈ ရက္၊ အသက္ ၁ဝဝ ေက်ာ္မွာ ေသဆုံးသြားခဲ့ပါတယ္။
ဒါေပမယ့္ ဆင္ႀကီး ဗက္ဆလာဟာ အသက္ ၁ဝဝ ေက်ာ္လို႔ ယူဆရေပမယ့္ အသက္အမွန္ကို သက္ေသျပဖို႔ မွတ္တမ္းမရွိဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ ဆင္ႀကီး ဗက္ဆလာဟာ ကမာၻ႔အသက္အႀကီးဆုံး ဆင္အျဖစ္ ဂင္းနစ္မွတ္တမ္း ဝင္ႏိုင္ျခင္း မရွိပါဘူး။ လက္ရွိ ကမာၻ႔အသက္အႀကီးဆုံး ဆင္အျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္ ထိန္းသိမ္း ထားသူကေတာ့ဆင္ႀကီး လင္ဝမ္ျဖစ္ၿပီး ၂ဝဝ၃ ခုႏွစ္၊ အသက္ ၈၆ ႏွစ္မွာ ထိုင္ဝမ္ရွိ တိရစာၦန္႐ုံမွာ ကြယ္လြန္ခဲ့ ပါတယ္။ ဗက္ဆလာကို ၁၉၁၀ ခုႏွစ္ေႏွာင္းပိုင္း ကီရာလာ၊ လီလန္ဘာ သစ္ေတာမွာ ေမြးဖြားခဲ့တယ္လို႔ ခန႔္မွန္းရၿပီး သစ္ေတြသယ္ဖို႔ ၁၉၇၁ ခုႏွစ္မွာ မက္ဒ္ဟာပရာဒက္ရွ္ ရွိ နာမာဒါပူရန္ ၿမိဳ႕ကို ေရာက္ရွိခဲ့ပါတယ္။
အဲဒီေနာက္ ၁၉၉၁ ခုႏွစ္မွာ Panna Tiger Reserve ကိုေျပာင္းေ႐ႊ႕ၿပီး ရိန္းဂ်ားေတြ က်ားေျခရာခံဖို႔ ကူညီေပးခဲ့ ၿပီးေနာက္ ၂ဝဝ၃ ခုႏွစ္မွာေတာ့ ေဘးမဲ့လႊတ္ေပးခဲ့ပါတယ္။
ဆင္ေတြဟာ ပ်မ္းမွ်အားျဖင့္ အသက္ အႏွစ္ ၅ဝ မွ ၇ဝ ခန႔္အထိ အသက္ရွင္ၾကၿပီး အသက္ ၇၀ မွာ အစြယ္ ေတြ ဆုံးရႈံးေလ့ရွိကာ အသက္ ၁ဝဝ ေက်ာ္တာ ရွားတယ္လို႔ ေတာ႐ိုင္းတိရစာၦန္ကြၽမ္းက်င္သူေတြက ဆိုပါတယ္။