ဖားကန့်-လုံးခင်းဒေသကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု သတင်းထွက်

 582

သက်ပိုင် (NP News)-ဇူလိုင် ၁၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ဒေသကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဒေသခံအချို့ထံ မေးမြန်းထားချက်နှင့် ထွက်ပေါ်နေသောသတင်းများအရ သိရသည်။
ပြီးခဲ့သည် မေလကုန်ပိုင်းမှစတင်ကာ ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဇူလိုင်လဆန်းပိုင်းခန့်တွင် လုံးခင်းဒေသကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း လုံးခင်း ဒေသခံတစ်ဦးကပြောသည်။
“လုံးခင်းက ထိန်းနိုင်နေပြီ။ ယမ်းချက်၊ မျောကုန်း၊ လုံးခင်းရဲစခန်း၊ ကံဆီးဗျူဟာ၊ ဆန်ခါ မဇွပ် ယန် အကျဉ်းထောင်၊ မှော်စီစာ ဘုရားကုန်း၊ နန့်စန်း(၃)လိုနေရာတွေကို တပ်မတော်က ထိန်းချုပ်ထား နိုင်ပြီ။ နောက်ပြီး တရားမဝင်တူးဖော်မှုတွေကိုလည်း လိုက်ပြီးနှိမ်နင်းတာတွေ လုပ်လာနေ ပြီးပါပြီ”ဟု ၎င်းကပြောသည်။
ထို့ပြင် တပ်မတော်မှ ဖားကန့်နှင့် အခြားဒေသများကိုထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်းနှင့် တပ်မတော်ထိန်းချုပ်ပြီး နောက်တွင် ဒေသတွင်း ရေမဆေးကျောက် ရှာဖွေသူများကို လွတ်လပ်စွာရှာဖွေခွင့်ပေးထားကြောင်း လုံးခင်းဒေသခံများက ဆိုသည်။
“အခုဆိုရင် လုံးခင်းမှာ ဟိုဘက်အဖွဲ့က တူးဖော်ရေးတွေလည်း အကုန်ရပ်ကုန်ပြီ။ ဝှေခါမှာတော့ တူးနေသေးတယ်။ နောက်ပြီး ဒီက ရေမဆေး ကျောက်သမားတွေလည်း အခုကိုယ်ရှာလို့ရတဲ့ ကျောက် ကို ကိုယ်ပိုင်သွားပြီ။ အရင်ကဆိုရင် ဟိုအဖွဲ့ တွေက ရေမဆေးကျောက်အရှာမခံဘူး။ သူတို့ခွင့်ပြုတဲ့ နေရာမှာပဲ ခဏလေးရှာရတာ။ ကျောက်တွေ့ရင်လည်း သူတို့ကို ရာခိုင်နှုန်းအလိုက် ပေးရသေးတယ်။ အခုတော့ အဲဒီဒုက္ခက လွတ်ပြီပေါ့ဗျာ” ဟု အဆိုပါ ဒေသခံက ရှင်းပြသည်။ ဖားကန့်မြို့နယ်မှ ပြင်ပ ရောက် ဒေသခံတစ်ဦးကလည်း တပ်မတော်က လုံးခင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကြားသိ ကြောင်း NP News သို့ ပြန်လည်ဖြေကြားခဲ့သည်။

Zawgyi Version:
ဖားကန႔္-လုံးခင္းေဒသကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီဟု သတင္းထြက္
သက္ပိုင္ (NP News)-ဇူလိုင္ ၁၃
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္း ေဒသကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕ထံ ေမးျမန္းထားခ်က္ႏွင့္ ထြက္ေပၚေနေသာသတင္းမ်ားအရ သိရသည္။
ၿပီးခဲ့သည္ ေမလကုန္ပိုင္းမွစတင္ကာ ဖားကန႔္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ KIA တို႔ အၾကား တိုက္ပြဲျဖစ္ပြားခဲ့ရာ ဇူလိုင္လဆန္းပိုင္းခန႔္တြင္ လုံးခင္းေဒသကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း လုံးခင္း ေဒသခံတစ္ဦးကေျပာသည္။
“လုံးခင္းက ထိန္းႏိုင္ေနၿပီ။ ယမ္းခ်က္၊ ေမ်ာကုန္း၊ လုံးခင္းရဲစခန္း၊ ကံဆီးဗ်ဴဟာ၊ ဆန္ခါ မဇြပ္ ယန္ အက်ဥ္းေထာင္၊ ေမွာ္စီစာ ဘုရားကုန္း၊ နန႔္စန္း(၃)လိုေနရာေတြကို တပ္မေတာ္က ထိန္းခ်ဳပ္ထား ႏိုင္ၿပီ။ ေနာက္ၿပီး တရားမဝင္တူးေဖာ္မႈေတြကိုလည္း လိုက္ၿပီးႏွိမ္နင္းတာေတြ လုပ္လာေန ၿပီးပါၿပီ”ဟု ၎ကေျပာသည္။
ထို႔ျပင္ တပ္မေတာ္မွ ဖားကန႔္ႏွင့္ အျခားေဒသမ်ားကိုထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္းႏွင့္ တပ္မေတာ္ထိန္းခ်ဳပ္ၿပီး ေနာက္တြင္ ေဒသတြင္း ေရမေဆးေက်ာက္ ရွာေဖြသူမ်ားကို လြတ္လပ္စြာရွာေဖြခြင့္ေပးထားေၾကာင္း လုံးခင္းေဒသခံမ်ားက ဆိုသည္။
“အခုဆိုရင္ လုံးခင္းမွာ ဟိုဘက္အဖြဲ႕က တူးေဖာ္ေရးေတြလည္း အကုန္ရပ္ကုန္ၿပီ။ ေဝွခါမွာေတာ့ တူးေနေသးတယ္။ ေနာက္ၿပီး ဒီက ေရမေဆး ေက်ာက္သမားေတြလည္း အခုကိုယ္ရွာလို႔ရတဲ့ ေက်ာက္ ကို ကိုယ္ပိုင္သြားၿပီ။ အရင္ကဆိုရင္ ဟိုအဖြဲ႕ ေတြက ေရမေဆးေက်ာက္အရွာမခံဘူး။ သူတို႔ခြင့္ျပဳတဲ့ ေနရာမွာပဲ ခဏေလးရွာရတာ။ ေက်ာက္ေတြ႕ရင္လည္း သူတို႔ကို ရာခိုင္ႏႈန္းအလိုက္ ေပးရေသးတယ္။ အခုေတာ့ အဲဒီဒုကၡက လြတ္ၿပီေပါ့ဗ်ာ” ဟု အဆိုပါ ေဒသခံက ရွင္းျပသည္။ ဖားကန႔္ၿမိဳ႕နယ္မွ ျပင္ပ ေရာက္ ေဒသခံတစ္ဦးကလည္း တပ္မေတာ္က လုံးခင္းေဒသကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီဟု ၾကားသိ ေၾကာင္း NP News သို႔ ျပန္လည္ေျဖၾကားခဲ့သည္။

Related news

© 2021. All rights reserved.