လားရှိုးတွင် စစ်ရေးသတင်းများကြောင့် လူပေါင်း (၁၅၀)ကျော်ခန့်သည် နေ့စဉ် လဝကရုံးသို့ လာရောက် တိုး‌ဝှေ့၍ လဝက လုပ်ငန်းစဉ်များဆောင်ရွက်နေကြ

 920

Pearl (NP News) - ဇူလိုင် ၁၃

လားရှိုးတွသ် စစ်ရေးသတင်းများကြောင့် လူပေါင်း (၁၅၀)ကျော်ခန့်သည် နေ့စဉ် လဝကရုံးသို့ လာရောက် တိုး‌ဝှေ့၍ လဝက လုပ်ငန်းစဉ်များဆောင်ရွက်နေကြကြောင်း လားရှိုးလဝကရုံးမှ တာဝန်ရှိသူ တစ်ဦးက NP News သို့ ပြောသည်။


လက်ရှိတွင် လားရှိုး နှင့် သိန္နီဒေသများတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ကြား စစ်ရေးတင်းမာနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိပြီး လားရှိုးလဝကရုံးသည်လည်း တောင်ကြီးသို့ ပြောင်းရွေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိကြောင်း သိရသည်။

“သတင်းတွေက ဘာကြားလဲဆိုတော့ အစိုးရနဲ့ တစ်ဖက်အဖွဲ့အစည်းနဲ့ ညှိနှိုင်းလို့မရလို့ အခုပဲ ဝင်တိုက်တော့ မလိုလိုဖြစ်နေတယ်။ လဝက ရုံးကလည်း အရင်လိုတောင်ကြီးမှာပဲ ပြန်ဖွင့်ရမယ်ဆိုတဲ့ သတင်းတွေကလည်း ကြားနေရတယ်။ အဲဒီသတင်းကြောင့် တောင်ကြီးကိုသွားမလုပ်ချင်တဲ့လူတွေက ကျွန်တော်တို့ ဖွင့်တဲ့အချိန်မှာ လူတွေ တိုးလာ တယ်။ သူ့ထက်ဟာ လဝက ပိတ်တော့မယ်ဆိုတဲ့ သတင်းမှားတွေကြောင့် တိုးပြီးလာကြတယ်။တိုးတာပေါ့နော်။ တစ်နေ့ ကို ၁၀၀၊ ၁၅၀၊ ၂၀၀ လောက်ရှိတာပေါ့နော်။ တိုးတဲ့အခါမှာ အမျိုးမျိုးပေါ့နော်။ တချို့ ကမှတ်ပုံတင်ပျောက်လို့ လာလျှောက်တယ်။ တချို့က အသက်ပြည့်လို့လာတယ်။ တချို့ကလည်း မွေးစာရင်း ၊ သေဆုံး၊ ပျောက်တာ၊ ပျက်ဆီးတာ လာကြတယ်အများကြီးပဲ။ လားရှိုးက (၁၂) ရပ်ကွက်ပဲ အစိုးရကိုပေးထားတာ။ ကျန်တဲ့ (၇၈) စုက လာတဲ့ တိုင်းရင်းသား မောင်နှမတွေလည်း လုပ်ပေးပါတယ်။ လုပ်ပေးတော့ လာတဲ့လူတွေကလည်း တအားများတယ်။ ရှိတဲ့ဝန်ထမ်းတွေက (၂၀)ပဲ ရှိပါတယ်။ အဲဒီတော့ လာတဲ့ အင်အားနဲ့ ဝန်ထမ်းအင်အားနဲ့ မနိုင်ဘူးဖြစ်နေတာ” ဟု လားရှိုးလဝကရုံးမှ တာဝန်ရှိသူ တစ်ဦးက NP News သို့ ပြောသည်။

အဆိုပါကောလဟာလစစ်ရေးသတင်းများကြောင့် ဒေသခံ (၁၅၀)ကျော်ခန့်သည် နေ့စဉ် လဝကရုံးသို့ လာရောက်၍ တိုး‌ဝှေ့၍ မှတ်ပုံတင် အသစ်လျှောက်ထားခြင်း၊ မှတ်ပုံတင် ပျောက်ဆုံးလျှောက်ထားခြင်းများအပါအဝင် လဝက လုပ်ငန်းစဉ်များ လာရောက်ဆောင်ရွက်နေကြကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့ လ.ဝ.ကရုံးတွင် လဝကလုပ်ငန်းစဉ်များ လာရောက်လုပ်ဆောင်ပါက အစိုးရမှ သတ်မှတ်ထားသော အခကြေးငွေသာ ပေးဆောင်ခိုင်းသော်လည်း အိမ်ထောင်စုဇယား အပျောက်ပြန်လည်လျှောက်ထားမှုများအတွက် ပွဲစားများမှ တဆင့် ဝန်ထမ်းများထံ ငွေကျပ် သိန်း (၂၀)ဝန်းကျင်ပေးဆောင်နေရကြောင်း ပြည်ပြေးမီဒီယာ တစ်ခုက ရေးသားဖြန့်ဝေထား သည်ကိုလည်း တွေ့ရသည်။

“ ပတ်ဝန်းကျင်စကားအရဆိုရင် သူတို့ကတော့ ဘယ်လောက်ပေးခဲ့ရပါတယ်ဆိုတာတွေပြောနေကြတာ‌ပေါ့။ ကျွန်တော်တို့ ဝန်ထမ်းတွေကတော့ နိုင်ငံတော်က သတ်မှတ်တဲ့အခကြေးငွေပဲ သွင်းခိုင်းတာ။ဒီလိုပဲ စိစစ်ဆောင်ရွက်ပေး နေပါတယ်။ ကျွန်တော်တို့ က ပွဲစားတွေနဲ့ လုပ်လည်း လက်မခံပါဘူး။ လူကိုယ်တိုင်ပဲ ရပါတယ်။ လူကိုယ်တိုင်မလာ နိုင်ရင် ကိုယ်စားလှယ်လွှဲစာနဲ့ လာရင် သေချာစိစစ်ပြီးမှ လုပ်ပေးပါတယ်။သူတို့ အပြင်မှာ ပွဲစားတွေနဲ့ ဘယ်လို ပတ်သက်မှန်း မသိဘူး ။ နောက်ဆုံးလဝကကိုပဲ နာမည်ဖျက်တာ။ ကျွန်တော်တို့ က ဥပဒေအတိုင်းပဲ ‌ဆောင်ရွက် ပေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လဝကလုပ်ငန်းစဉ်များဆောင်ရွက်လိုပါက လူကိုယ်တိုင် ဖြစ်စေ ကိုယ်စားလှယ်လွှဲစာဖြင့် ဖြစ်စေ စာရွက်စာတမ်းနှင့် အထောက်အထားအချက်အလက်များ အပြည့်အစုံပါရှိပါက (၁)ရက်ခန့်သာ ကြာမြင့်ပြီး အချက်အလက်မပြည့်စုံကပါ ရက်အနည်းငယ် ကြာမြင့်နိုင်ကြောင်း သိရသည်။

Zawgyi Version:
လားရႈိးတြင္ စစ္ေရးသတင္းမ်ားေၾကာင့္ လူေပါင္း (၁၅၀)ေက်ာ္ခန႔္သည္ ေန႔စဥ္ လဝက႐ုံးသို႔ လာေရာက္ တိုး‌ေဝွ႔၍ လဝက လုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ေနၾက
Pearl (NP News) - ဇူလိုင္ ၁၃

လားရႈိးတြသ္ စစ္ေရးသတင္းမ်ားေၾကာင့္ လူေပါင္း (၁၅၀)ေက်ာ္ခန႔္သည္ ေန႔စဥ္ လဝက႐ုံးသို႔ လာေရာက္ တိုး‌ေဝွ႔၍ လဝက လုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ေနၾကေၾကာင္း လားရႈိးလဝက႐ုံးမွ တာဝန္ရွိသူ တစ္ဦးက NP News သို႔ ေျပာသည္။


လက္ရွိတြင္ လားရႈိး ႏွင့္ သိႏၷီေဒသမ်ားတြင္ တပ္မေတာ္ႏွင့္ ကိုးကန႔္အဖြဲ႕ၾကား စစ္ေရးတင္းမာေနေၾကာင္း သတင္းမ်ားထြက္ေပၚလွ်က္ရွိၿပီး လားရႈိးလဝက႐ုံးသည္လည္း ေတာင္ႀကီးသို႔ ေျပာင္းေ႐ြ႕ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလွ်က္ရွိေၾကာင္း သိရသည္။

“သတင္းေတြက ဘာၾကားလဲဆိုေတာ့ အစိုးရနဲ႔ တစ္ဖက္အဖြဲ႕အစည္းနဲ႔ ညႇိႏႈိင္းလို႔မရလို႔ အခုပဲ ဝင္တိုက္ေတာ့ မလိုလိုျဖစ္ေနတယ္။ လဝက ႐ုံးကလည္း အရင္လိုေတာင္ႀကီးမွာပဲ ျပန္ဖြင့္ရမယ္ဆိုတဲ့ သတင္းေတြကလည္း ၾကားေနရတယ္။ အဲဒီသတင္းေၾကာင့္ ေတာင္ႀကီးကိုသြားမလုပ္ခ်င္တဲ့လူေတြက ကြၽန္ေတာ္တို႔ ဖြင့္တဲ့အခ်ိန္မွာ လူေတြ တိုးလာ တယ္။ သူ႔ထက္ဟာ လဝက ပိတ္ေတာ့မယ္ဆိုတဲ့ သတင္းမွားေတြေၾကာင့္ တိုးၿပီးလာၾကတယ္။တိုးတာေပါ့ေနာ္။ တစ္ေန႔ ကို ၁၀၀၊ ၁၅၀၊ ၂၀၀ ေလာက္ရွိတာေပါ့ေနာ္။ တိုးတဲ့အခါမွာ အမ်ိဳးမ်ိဳးေပါ့ေနာ္။ တခ်ိဳ႕ ကမွတ္ပုံတင္ေပ်ာက္လို႔ လာေလွ်ာက္တယ္။ တခ်ိဳ႕က အသက္ျပည့္လို႔လာတယ္။ တခ်ိဳ႕ကလည္း ေမြးစာရင္း ၊ ေသဆုံး၊ ေပ်ာက္တာ၊ ပ်က္ဆီးတာ လာၾကတယ္အမ်ားႀကီးပဲ။ လားရႈိးက (၁၂) ရပ္ကြက္ပဲ အစိုးရကိုေပးထားတာ။ က်န္တဲ့ (၇၈) စုက လာတဲ့ တိုင္းရင္းသား ေမာင္ႏွမေတြလည္း လုပ္ေပးပါတယ္။ လုပ္ေပးေတာ့ လာတဲ့လူေတြကလည္း တအားမ်ားတယ္။ ရွိတဲ့ဝန္ထမ္းေတြက (၂၀)ပဲ ရွိပါတယ္။ အဲဒီေတာ့ လာတဲ့ အင္အားနဲ႔ ဝန္ထမ္းအင္အားနဲ႔ မႏိုင္ဘူးျဖစ္ေနတာ” ဟု လားရႈိးလဝက႐ုံးမွ တာဝန္ရွိသူ တစ္ဦးက NP News သို႔ ေျပာသည္။

အဆိုပါေကာလဟာလစစ္ေရးသတင္းမ်ားေၾကာင့္ ေဒသခံ (၁၅၀)ေက်ာ္ခန႔္သည္ ေန႔စဥ္ လဝက႐ုံးသို႔ လာေရာက္၍ တိုး‌ေဝွ႔၍ မွတ္ပုံတင္ အသစ္ေလွ်ာက္ထားျခင္း၊ မွတ္ပုံတင္ ေပ်ာက္ဆုံးေလွ်ာက္ထားျခင္းမ်ားအပါအဝင္ လဝက လုပ္ငန္းစဥ္မ်ား လာေရာက္ေဆာင္႐ြက္ေနၾကေၾကာင္း သိရသည္။

ထို႔ျပင္ လားရႈိးၿမိဳ႕ လ.ဝ.က႐ုံးတြင္ လဝကလုပ္ငန္းစဥ္မ်ား လာေရာက္လုပ္ေဆာင္ပါက အစိုးရမွ သတ္မွတ္ထားေသာ အခေၾကးေငြသာ ေပးေဆာင္ခိုင္းေသာ္လည္း အိမ္ေထာင္စုဇယား အေပ်ာက္ျပန္လည္ေလွ်ာက္ထားမႈမ်ားအတြက္ ပြဲစားမ်ားမွ တဆင့္ ဝန္ထမ္းမ်ားထံ ေငြက်ပ္ သိန္း (၂၀)ဝန္းက်င္ေပးေဆာင္ေနရေၾကာင္း ျပည္ေျပးမီဒီယာ တစ္ခုက ေရးသားျဖန႔္ေဝထား သည္ကိုလည္း ေတြ႕ရသည္။

“ ပတ္ဝန္းက်င္စကားအရဆိုရင္ သူတို႔ကေတာ့ ဘယ္ေလာက္ေပးခဲ့ရပါတယ္ဆိုတာေတြေျပာေနၾကတာ‌ေပါ့။ ကြၽန္ေတာ္တို႔ ဝန္ထမ္းေတြကေတာ့ ႏိုင္ငံေတာ္က သတ္မွတ္တဲ့အခေၾကးေငြပဲ သြင္းခိုင္းတာ။ဒီလိုပဲ စိစစ္ေဆာင္႐ြက္ေပး ေနပါတယ္။ ကြၽန္ေတာ္တို႔ က ပြဲစားေတြနဲ႔ လုပ္လည္း လက္မခံပါဘူး။ လူကိုယ္တိုင္ပဲ ရပါတယ္။ လူကိုယ္တိုင္မလာ ႏိုင္ရင္ ကိုယ္စားလွယ္လႊဲစာနဲ႔ လာရင္ ေသခ်ာစိစစ္ၿပီးမွ လုပ္ေပးပါတယ္။သူတို႔ အျပင္မွာ ပြဲစားေတြနဲ႔ ဘယ္လို ပတ္သက္မွန္း မသိဘူး ။ ေနာက္ဆုံးလဝကကိုပဲ နာမည္ဖ်က္တာ။ ကြၽန္ေတာ္တို႔ က ဥပေဒအတိုင္းပဲ ‌ေဆာင္႐ြက္ ေပးတယ္” ဟု ၎က ဆက္လက္ေျပာသည္။

လဝကလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္လိုပါက လူကိုယ္တိုင္ ျဖစ္ေစ ကိုယ္စားလွယ္လႊဲစာျဖင့္ ျဖစ္ေစ စာ႐ြက္စာတမ္းႏွင့္ အေထာက္အထားအခ်က္အလက္မ်ား အျပည့္အစုံပါရွိပါက (၁)ရက္ခန႔္သာ ၾကာျမင့္ၿပီး အခ်က္အလက္မျပည့္စုံကပါ ရက္အနည္းငယ္ ၾကာျမင့္ႏိုင္ေၾကာင္း သိရသည္။

Picture

Marix Naw

13/07/2025 18:10

ပေးရကမ်းရ မနဲမနော လို့ ဒေသခံတွေဆီက ပြောသံကြားပါတယ် အဂတိလိုက်စားမှု တိုက်ဖျပ်ရေး အနေနဲ့ ဘယ်လိုအရေးမလဲ စောင့်ကြည့်နေပါတယ်ရှင့်

Related news

© 2021. All rights reserved.