တောင်ကိုရီးယား မင်းသမီး ဂန်ဆိုဟာ ကင်ဆာရောဂါနဲ့ အသက်(၃၁)နှစ်မှာ ကွယ်လွန်

1034

ရောင်နီ(NP News) - ဇူလိုင် ၁၅
တောင်ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ဂန်ဆိုဟာသည် အသက်(၃၁)နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Sports Kyunghyang သတင်းစာရဲ့အဆိုအရ ဂန်ဆိုဟာ ဟာ နာတာရှည် ခံစားနေရတဲ့ ကင်ဆာရောဂါနဲ့ပဲ ဇူလိုင်လ ၁၄ ရက်နေ့က ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဈာပနကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ စိန့်မေရီ ဆေးရုံရှိ ဈာပနခန်းမ အခန်း ၈ မှာ ဇူလိုင် ၁၆ ရက် နံနက် ၇ နာရီ ၄၀ မိနစ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဂန်ဆိုဟာရဲ့ Instagram အကောင့်မှာလည်း သူမကိုချစ်ခင်သူတွေက "မင်းနာကျင်မှုတွေ ကင်းဝေးပြီး ပျော်ရွှင်ဖို့မျှော်လင့်ပါတယ်၊ အရမ်းလွမ်းတယ် အရမ်းသတိရတယ်၊နှလုံးသားထဲမှာ ထာဝရရှိနေမှာပါ၊ ငါမင်းကိုချစ်တယ်"လို့ ရေးသားထားတဲ့ ပို့စ်ကိုလည်း သူမရဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုတွေနဲ့အတူ မြင်တွေ့ရပါတယ်။
ဂန်ဆိုဟာ ဟာ Korea National University of Arts' School of Drama က ဘွဲ့ရရှိထားသူဖြစ်ပြီး Brave Guys ရဲ့ "Farther Away” သီချင်းဗီဒီယိုနဲ့ ၂၀၁၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ နောက်ပိုင်းJTBC ရဲ့ "Schoolgirl Detectives', 'Assembly', 'Through the Waves', 'Flowers of the Prison', 'First Love Again' နဲ့ 'Heart Surgeons' စတဲ့ ဒရာမာတွေမှာ ပါဝင်ခဲ့ပြီး မင်းသား ကင်ဆနန်းဟိုနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင် မထွက်လာခင်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
zawgyi version
ေတာင္ကိုရီးယား မင္းသမီး ဂန္ဆိုဟာ ကင္ဆာေရာဂါနဲ႔ အသက္(၃၁)ႏွစ္မွာ ကြယ္လြန္
ေရာင္နီ(NP News) - ဇူလိုင္ ၁၅
ေတာင္ကိုရီးယား အမ်ိဳးသမီး သ႐ုပ္ေဆာင္ ဂန္ဆိုဟာသည္ အသက္(၃၁)ႏွစ္ အ႐ြယ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။
Sports Kyunghyang သတင္းစာရဲ႕အဆိုအရ ဂန္ဆိုဟာ ဟာ နာတာရွည္ ခံစားေနရတဲ့ ကင္ဆာေရာဂါနဲ႔ပဲ ဇူလိုင္လ ၁၄ ရက္ေန႔က ကြယ္လြန္သြားခဲ့တယ္လို႔ ဆိုပါတယ္။ သူမရဲ႕ ဈာပနကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ စိန႔္ေမရီ ေဆး႐ုံရွိ ဈာပနခန္းမ အခန္း ၈ မွာ ဇူလိုင္ ၁၆ ရက္ နံနက္ ၇ နာရီ ၄၀ မိနစ္မွာ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ ဂန္ဆိုဟာရဲ႕ Instagram အေကာင့္မွာလည္း သူမကိုခ်စ္ခင္သူေတြက "မင္းနာက်င္မႈေတြ ကင္းေဝးၿပီး ေပ်ာ္႐ႊင္ဖို႔ေမွ်ာ္လင့္ပါတယ္၊ အရမ္းလြမ္းတယ္ အရမ္းသတိရတယ္၊ႏွလုံးသားထဲမွာ ထာဝရရွိေနမွာပါ၊ ငါမင္းကိုခ်စ္တယ္"လို႔ ေရးသားထားတဲ့ ပို႔စ္ကိုလည္း သူမရဲ႕ ဓာတ္ပုံ၊ ဗီဒီယို႐ိုေတြနဲ႔အတူ ျမင္ေတြ႕ရပါတယ္။
ဂန္ဆိုဟာ ဟာ Korea National University of Arts' School of Drama က ဘြဲ႕ရရွိထားသူျဖစ္ၿပီး Brave Guys ရဲ႕ "Farther Away” သီခ်င္းဗီဒီယိုနဲ႔ ၂၀၁၂ ခုႏွစ္မွာ ပြဲဦးထြက္ခဲ့ပါတယ္။ ေနာက္ပိုင္းJTBC ရဲ႕ "Schoolgirl Detectives', 'Assembly', 'Through the Waves', 'Flowers of the Prison', 'First Love Again' နဲ႔ 'Heart Surgeons' စတဲ့ ဒရာမာေတြမွာ ပါဝင္ခဲ့ၿပီး မင္းသား ကင္ဆနန္းဟိုနဲ႔ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ မထြက္လာခင္မွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။