ဧပြီမှစ၍ ဘုရင့်နောင်ရှိ ငါးခြောက်ပွဲရုံများ အရောင်းအဝယ်ပါးလာ

 275

Pearl (NP News) - ဇူလိုင် ၁၆

ပြီးခဲ့သည့် ဧပြီလမှစ၍ ဘုရင့်နောင်ရှိ ငါး ခြောက်ပွဲရုံများ အရောင်းအဝယ်ပါးလာကြောင်း ငါး ခြောက်ပွဲရုံများထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

ယခင်က မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ အချို့မြို့နယ်များမှ ငါးခြောက်ရောင်း ဝယ်သူများက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဈေးဝန်းရှိ ငါးခြောက်ပွဲရုံများမှနေ့ စဉ် အသားမျှင်းအပါအဝင် ငါးခြောက်အမျိုးမျိုး လာ ရောက်ဝယ်ယူခဲ့ကြပြီး နေ့စဉ်အရောင်းအဝယ် ကောင်းခဲ့ကြောင်း သိရသည်။

“လက်ရှိကတော့ အရောင်းအဝယ်တော် တော်ပါးသွားပြီ။ မန္တလေးလည်း ငလျင်ထိထားတော့ တော်တော်ပါးသွားတယ်။ တခြားနယ်တွေလည်း ပါး တယ်။ ထက်ဝက်လောက်ကို အရောင်းပါးသွား တယ်။ မိုးတွင်းဖြစ်တာလည်းပါတယ်။ အခြေအနေ အမျိုးမျိုး ကြောင့်ပေါ့။ ငလျင်ကြောင့်လည်းပါတယ်။ ဘုရင့်နောင်က ငါးခြောက်ဒိုင်အကုန်နီးပါး အရောင်းတွေ ပါးသွားကြတယ်။ နယ်အစုံက အကုန်လာ ဝယ်ကြတာကို အခုနယ်အကုန်လုံးကကို ပါးသလိုဖြစ်နေတာ။ သိပ်မရောင်းရဘူး။ ငါးခြောက်ဈေး ကတော့ အရင်ထက်နည်းနည်းလေးပိုတက်တယ်။ ငါးအခြေအနေလည်း ကြည့်ရသေးတယ်။ တခါ တလေ ပြန်ကျတယ်”ဟု ငါးခြောက်ပွဲရုံများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။

လက်ရှိတွင် ယခင်ထက် ထက်ဝက်ခန့် အရောင်းအဝယ်ပါးနေခြင်းဖြစ်ပြီး ငါးခြောက်ဈေး နှုန်းများသည်လည်း အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ “အခုလည်း နေ့စဉ်ရောင်းရတယ် ဆိုပေမယ့် ဥပမာ အရင်က (၅) ခြင်း၊ (၆) ခြင်း ရောင်းရရင် အခုဆို (၁) ခြင်း၊ (၂)ခြင်း လောက်ပဲ ဝယ်ကြတော့ တာ။ ခရီးစရိတ်ကြောင့်ရော မိုးတွင်းရောက်တာ ကြောင့်ရော ။ အခုမိုးတွင်းရောက်တော့ ရေတက်တော့ ငါးခြောက်ကုန်သည်တွေကလည်း အရင်လို မတင်သွင်းနိုင်ဘူး။ ဝင်တဲ့ ငါးခြောက်ခြင်းကလည်း နည်း သွားတယ်။ ဝယ်တဲ့လူကလည်း နည်းတော့ အရောင်းပါးတယ်။ အရင်လောက်မစည်ဘူး။ ငလျင်နောက်ပိုင်း ကို တော်တော်ကို ပါးသွားတာ။ နွေရာသီနဲ့ ဆောင်းရာသီက ရောင်းရတယ်။ ပုံမှန်က မိုးကျမှ ပါးတာကို မိုးတွင်း မကျခင်ကို ပါးသွား တာ” ဟု ၎င်းက ဆက်လက်ပြောသည်။

zawgyi version
ဧၿပီမွစ၍ ဘုရင့္ေနာင္ရွိ ငါးေျခာက္ပြဲ႐ုံမ်ား အေရာင္းအဝယ္ပါးလာ
Pearl (NP News) - ဇူလိုင္ ၁၆

ၿပီးခဲ့သည့္ ဧၿပီလမွစ၍ ဘုရင့္ေနာင္ရွိ ငါး ေျခာက္ပြဲ႐ုံမ်ား အေရာင္းအဝယ္ပါးလာေၾကာင္း ငါး ေျခာက္ပြဲ႐ုံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ယခင္က မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္ရွိ အခ်ိဳ႕ၿမိဳ႕နယ္မ်ားမွ ငါးေျခာက္ေရာင္း ဝယ္သူမ်ားက ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္ေဈးဝန္းရွိ ငါးေျခာက္ပြဲ႐ုံမ်ားမွေန႔ စဥ္ အသားမွ်င္းအပါအဝင္ ငါးေျခာက္အမ်ိဳးမ်ိဳး လာ ေရာက္ဝယ္ယူခဲ့ၾကၿပီး ေန႔စဥ္အေရာင္းအဝယ္ ေကာင္းခဲ့ေၾကာင္း သိရသည္။

“လက္ရွိကေတာ့ အေရာင္းအဝယ္ေတာ္ ေတာ္ပါးသြားၿပီ။ မႏၲေလးလည္း ငလ်င္ထိထားေတာ့ ေတာ္ေတာ္ပါးသြားတယ္။ တျခားနယ္ေတြလည္း ပါး တယ္။ ထက္ဝက္ေလာက္ကို အေရာင္းပါးသြား တယ္။ မိုးတြင္းျဖစ္တာလည္းပါတယ္။ အေျခအေန အမ်ိဳးမ်ိဳး ေၾကာင့္ေပါ့။ ငလ်င္ေၾကာင့္လည္းပါတယ္။ ဘုရင့္ေနာင္က ငါးေျခာက္ဒိုင္အကုန္နီးပါး အေရာင္းေတြ ပါးသြားၾကတယ္။ နယ္အစုံက အကုန္လာ ဝယ္ၾကတာကို အခုနယ္အကုန္လုံးကကို ပါးသလိုျဖစ္ေနတာ။ သိပ္မေရာင္းရဘူး။ ငါးေျခာက္ေဈး ကေတာ့ အရင္ထက္နည္းနည္းေလးပိုတက္တယ္။ ငါးအေျခအေနလည္း ၾကည့္ရေသးတယ္။ တခါ တေလ ျပန္က်တယ္”ဟု ငါးေျခာက္ပြဲ႐ုံမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။

လက္ရွိတြင္ ယခင္ထက္ ထက္ဝက္ခန႔္ အေရာင္းအဝယ္ပါးေနျခင္းျဖစ္ၿပီး ငါးေျခာက္ေဈး ႏႈန္းမ်ားသည္လည္း အနည္းငယ္ျမင့္တက္ေနေၾကာင္း သိရသည္။ “အခုလည္း ေန႔စဥ္ေရာင္းရတယ္ ဆိုေပမယ့္ ဥပမာ အရင္က (၅) ျခင္း၊ (၆) ျခင္း ေရာင္းရရင္ အခုဆို (၁) ျခင္း၊ (၂)ျခင္း ေလာက္ပဲ ဝယ္ၾကေတာ့ တာ။ ခရီးစရိတ္ေၾကာင့္ေရာ မိုးတြင္းေရာက္တာ ေၾကာင့္ေရာ ။ အခုမိုးတြင္းေရာက္ေတာ့ ေရတက္ေတာ့ ငါးေျခာက္ကုန္သည္ေတြကလည္း အရင္လို မတင္သြင္းႏိုင္ဘူး။ ဝင္တဲ့ ငါးေျခာက္ျခင္းကလည္း နည္း သြားတယ္။ ဝယ္တဲ့လူကလည္း နည္းေတာ့ အေရာင္းပါးတယ္။ အရင္ေလာက္မစည္ဘူး။ ငလ်င္ေနာက္ပိုင္း ကို ေတာ္ေတာ္ကို ပါးသြားတာ။ ေႏြရာသီနဲ႔ ေဆာင္းရာသီက ေရာင္းရတယ္။ ပုံမွန္က မိုးက်မွ ပါးတာကို မိုးတြင္း မက်ခင္ကို ပါးသြား တာ” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.