နောင်ချိုမြို့ကို တပ်မတော်က (၁၁)လအတွင်း ထိတွေ့တိုက်ပွဲ (၅၈၆)ကြိမ်ဖြင့် ပြန်လည်သိမ်းပိုက်နိုင်ခဲ့

329

သန့်ဇင် (NP News) ဇူလိုင် ၁၇
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့ကို တပ်မတော်က (၁၁)လအတွင်း ထိတွေ့တိုက်ပွဲ (၅၈၆)ကြိမ်ဖြင့် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
TNLA အဖွဲ့ နှင့် PDF အဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်မှစတင်၍ နောင်ချိုမြို့နှင့် မြို့လုံခြုံရေးဆောင်ရွက်နေသည့် တပ်ရင်း /တပ်ဖွဲ့၊ ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်းများကြောင့် ကျောင်းသား/ကျောင်းသူ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံပြည်သူများသည် နီးစပ်ရာ မြို့/ရွာများရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီတိုက်ပွဲရှောင်စခန်းများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် နေရာများသို့ အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် တပ်မတော်ဘက်က တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှုလမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
အလားတူ ကျောက်မဲလေးဒေသမှ သံဘိုကျေးရွာအနီးနှင့် ဘန်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီးလမ်းခွဲ တို့အား တန်ပြန်တိုက်စစ်ဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် တောင်ခမ်း-ကံကြီး-နောင်ချိုလမ်းကြောင်းရှိ နမ့်ဆောင်ဟူးတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင်လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချိုလမ်းကြောင်းရှိ ဂုတ်ထိပ်အနီးတစ်ဝိုက်အား ဇူလိုင်လ ၁၂ ရက်တို့တွင်ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါးကျေးရွာအထိအား ဇွန်လ ၂၅ ရက်တွင် လည်းကောင်း၊ ကျောက်ကြမ်းနေရာတစ်ဝိုက်အား ဇူလိုင်လ ၁၅ ရက်တွင်လည်းကောင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက နောင်ချိုမြို့နှင့် ဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေးအဆင့်ဆင့် ပစ်ကျင်းများတူး၍ ချဉ်းကပ် တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးကာလ (၁၁) လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး (၂၀) ကြိမ် နှင့် ထိတွေ့ မှုပေါင်း (၅၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း ငုံးမင်းစေတီတိုက်ပွဲ၊ ပွိုင့်(၁၁၃၀)တိုက်ပွဲ၊ ဇေတဝန်ဘုရားကုန်းတိုက်ပွဲ၊ မန်ကျည်းရေ ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ထုံးဖိုစုကျေးရွာတိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်းတိုက်ပွဲ၊ နားရှိုးကျေးရွာတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ဆယ်တောင် ပြည့်ဘုရားကုန်းတိုက်ပွဲ၊ မန်မောကျေးရွာတိုက်ပွဲ၊ တောင်ရှည်ကျေးရွာတိုက်ပွဲ၊ ကျောက်ကြမ်းတိုက်ပွဲ၊ နမ့်ဆောင်ဟူးတိုက်ပွဲ၊ မျက်ချင်း နုတိုက်ပွဲ၊ ရွှေပြည်ညွန့်တိုက်ပွဲ၊ ရွှေသွန်းတိုက်ပွဲ၊ ကုန်းစံတိုက်ပွဲ၊ ဂုတ်ထိပ်တိုက်ပွဲ၊ ပွိုင့်-၁၁၁၈ တိုက်ပွဲများဖြစ်သည် ထင်ရှားသော တိုက်ပွဲများဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့ထံမှ အလောင်း (၁၇၁) လောင်းနှင့် လက်နက်မျိုးစုံ (၁၆၆) လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရ ရှိခဲ့ကာ ယမန်နေ့(ဇူလိုင်လ ၁၆ ရက်)၊ မွန်းတည့် ၁၂ နာရီချိန်ခန့်တွင် နောင်ချိုမြို့ တစ်မြို့လုံးအား တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က (၁၁)လအတြင္း ထိေတြ႕တိုက္ပြဲ (၅၈၆)ႀကိမ္ျဖင့္ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့
သန႔္ဇင္ (NP News) ဇူလိုင္ ၁၇
ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က (၁၁)လအတြင္း ထိေတြ႕တိုက္ပြဲ (၅၈၆)ႀကိမ္ျဖင့္ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
TNLA အဖြဲ႕ ႏွင့္ PDF အဖြဲ႕မ်ားသည္ ၂၀၂၄ ခုႏွစ္၊ ဇြန္ ၂၅ ရက္မွစတင္၍ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ၿမိဳ႕လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ရင္း /တပ္ဖြဲ႕၊ ဌာနခ်ဳပ္မ်ားအား အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း၊ ျပည္သူမ်ား ပိုင္ဆိုင္သည့္ ပစၥည္းမ်ားအား အတင္းအဓမၼလုယက္ယူေဆာင္ျခင္း၊ အစိုးရအုပ္ခ်ဳပ္မႈ ယႏၲရားပ်က္ျပားေအာင္ လုပ္ေဆာင္ခဲ့ျခင္းမ်ားေၾကာင့္ ေက်ာင္းသား/ေက်ာင္းသူ၊ ကေလးသူငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား အပါအဝင္ ေဒသခံျပည္သူမ်ားသည္ နီးစပ္ရာ ၿမိဳ႕/႐ြာမ်ားရွိ ေဆြမ်ိဳးမ်ား၏ ေနအိမ္မ်ား၊ ယာယီတိုက္ပြဲေရွာင္စခန္းမ်ားသို႔ ထြက္ေျပးတိမ္း ေရွာင္ခဲ့ရေၾကာင္း သိရသည္။
၂၀၂၄ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္ေန႔မွစ၍ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိန္းခ်ဳပ္ထားသည့္ ေနရာမ်ားသို႔ အၾကမ္းဖက္ေခ်မႈန္း ေရးစစ္ဆင္ေရး (Counter-Terrorism Operation) ျဖင့္ တပ္မေတာ္ဘက္က တန္ျပန္တိုက္စစ္မ်ား အဆင့္ဆင့္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္တြင္ မက်ည္းေရမွတစ္ဆင့္ ေတာင္ခမ္းသို႔ ဆက္သြယ္သည့္ အုပ္ခ်ဳပ္မႈလမ္းေၾကာင္းမ်ားအား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
အလားတူ ေက်ာက္မဲေလးေဒသမွ သံဘိုေက်း႐ြာအနီးႏွင့္ ဘန္ေဘြးေဒသမွ ဂန႔္ေဂါ-အုမၼသီးလမ္းခြဲ တို႔အား တန္ျပန္တိုက္စစ္ျဖင့္ ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေတာင္ခမ္း-ကံႀကီး-ေနာင္ခ်ိဳလမ္းေၾကာင္းရွိ နမ့္ေဆာင္ဟူးတစ္ဝိုက္အား ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္တြင္လည္းေကာင္း၊ ေတာင္ခမ္း-ေ႐ႊသြန္း-ဂုတ္ထိပ္-ေနာင္ခ်ိဳလမ္းေၾကာင္းရွိ ဂုတ္ထိပ္အနီးတစ္ဝိုက္အား ဇူလိုင္လ ၁၂ ရက္တို႔တြင္ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျပင္ဦးလြင္-ေနာင္ခ်ိဳ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ရွိ အုမၼသီးလမ္းခြဲမွ အုမၼခါးေက်း႐ြာအထိအား ဇြန္လ ၂၅ ရက္တြင္ လည္းေကာင္း၊ ေက်ာက္ၾကမ္းေနရာတစ္ဝိုက္အား ဇူလိုင္လ ၁၅ ရက္တြင္လည္းေကာင္း တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး ေအာင္ျမင္စြာ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားက ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေဒသတစ္ဝိုက္အား ျပန္လည္သိမ္းပိုက္ရရွိေရးအဆင့္ဆင့္ ပစ္က်င္းမ်ားတူး၍ ခ်ဥ္းကပ္ တိုက္ခိုက္ခဲ့ရာ စစ္ဆင္ေရးကာလ (၁၁) လအတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး (၂၀) ႀကိမ္ ႏွင့္ ထိေတြ႕ မႈေပါင္း (၅၆၆) ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
တိုက္ပြဲမ်ားအတြင္း ငုံးမင္းေစတီတိုက္ပြဲ၊ ပြိဳင့္(၁၁၃၀)တိုက္ပြဲ၊ ေဇတဝန္ဘုရားကုန္းတိုက္ပြဲ၊ မန္က်ည္းေရ ဘုန္းႀကီးေက်ာင္းတိုက္ပြဲ၊ ထုံးဖိုစုေက်း႐ြာတိုက္ပြဲ၊ ကေမာၻဇဘုန္းႀကီးေက်ာင္းတိုက္ပြဲ၊ နားရႈိးေက်း႐ြာတိုက္ပြဲ၊ ေ႐ႊစံေဖာ္ဘုန္းႀကီးေက်ာင္းတိုက္ပြဲ၊ ဆယ္ေတာင္ ျပည့္ဘုရားကုန္းတိုက္ပြဲ၊ မန္ေမာေက်း႐ြာတိုက္ပြဲ၊ ေတာင္ရွည္ေက်း႐ြာတိုက္ပြဲ၊ ေက်ာက္ၾကမ္းတိုက္ပြဲ၊ နမ့္ေဆာင္ဟူးတိုက္ပြဲ၊ မ်က္ခ်င္း ႏုတိုက္ပြဲ၊ ေ႐ႊျပည္ၫြန႔္တိုက္ပြဲ၊ ေ႐ႊသြန္းတိုက္ပြဲ၊ ကုန္းစံတိုက္ပြဲ၊ ဂုတ္ထိပ္တိုက္ပြဲ၊ ပြိဳင့္-၁၁၁၈ တိုက္ပြဲမ်ားျဖစ္သည္ ထင္ရွားေသာ တိုက္ပြဲမ်ားျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါတိုက္ပြဲမ်ားအတြင္း ရန္သူ႔ထံမွ အေလာင္း (၁၇၁) ေလာင္းႏွင့္ လက္နက္မ်ိဳးစုံ (၁၆၆) လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းပိုက္ရ ရွိခဲ့ကာ ယမန္ေန႔(ဇူလိုင္လ ၁၆ ရက္)၊ မြန္းတည့္ ၁၂ နာရီခ်ိန္ခန႔္တြင္ ေနာင္ခ်ိဳၿမိဳ႕ တစ္ၿမိဳ႕လုံးအား တပ္မေတာ္က ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။