ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဆန္ဒပြပွဲများတစ်ကျော့ပြန်ဖြစ်ပွားလာပြီး လုံခြုံရေးအဖွဲ့များနှင့်ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံ

1145

ဂျန်ဇက် (NP News) - ဇူလိုင် ၁၉
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက စတင်ခဲ့သည့် ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များကြား အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူပေါင်း ၂ဝ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ ကာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရာထူးမှ ဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အားပေးထောက်ခံသူများ သည် ဇူလိုင် ၁၆ ရက်က ရှိတ်ဟာစီနာ၏မွေးရပ်မြေ Gopalganj ဒေသတွင် စတင်ဆန္ဒပြခဲ့ပြီးနောက် ဆန္ဒပြပွဲများ ပျံ့နှံ့လာခဲ့ကြောင်း သိရသည်။ ရှိတ်ဟာစီနာကို အားပေးထောက်ခံသူများက ရွေးကောက်ပွဲတွင် ရှိတ်ဟာစီနာ ဦးဆောင်သည့် အေဝါမီလိဂ်ပါတီကို ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့က ပါဝင်ယှဉ်ပြိုင်ခွင့်ပေးရန် ပိတ်ပင်ခြင်း အပေါ် မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
ဆန္ဒပြသူများသည် ကျောက်တုံးများ၊ တုတ်များအသုံးပြုပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်အစိုးရသည်ဆန္ဒပြမှုများကို တားဆီးရန်အတွက် ရဲတပ်ဖွဲ့၊ စစ်သားများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅၀၀ ကျော်ကို စေလွှတ်ဖြန့်ကြတ်ချခဲ့သလို ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ Gopalganj ဒေသဆေးရုံတာဝန်ရှိသူတစ်ဦးက လုံခြုံရေးတပ်ဖွဲ့များနှင့် ဆန္ဒပြသူများ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း အနည်းဆုံး ၄ ဦးသေဆုံးခဲ့ပြီး ၁၈ဦးဒဏ်ရာရခဲ့ကြောင်း ပြောသည်။
သေဆုံးသူများအနက် ၁၈ နှစ်အရွယ်ရှိလူငယ်တစ်ဦးပါဝင်ပြီး ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ဒဏ်ရာကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုကပြောသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် အေဝါမီလိဂ်ပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ဖြုတ်ချခံရပြီးနောက်ပိုင်းကတည်းက အဆိုပါပါတီကိုအားပေးထောက်ခံသူများက အိမ်စောင့်အစိုးရအဖွဲ့အပေါ် ဝေဖန်ပြစ်တင်ခြင်း၊ ဆန္ဒပြခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့်ပြုမည့် နိုင်ငံရေးပါတီမှတ်ပုံတင်စာရင်းမှ အေဝါမီလိဂ်ပါတီကို ပိတ်ပင်ခဲ့ပြီးနောက် တင်းမာမှုများပိုမိုမြင့်တက်လာ ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဆႏၵျပပြဲမ်ားတစ္ေက်ာ့ျပန္ျဖစ္ပြားလာၿပီး လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ဆႏၵျပသူမ်ား ထိပ္တိုက္ေတြ႕ဆုံ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၉
ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ရက္ပိုင္းက စတင္ခဲ့သည့္ ဆႏၵျပပြဲမ်ားအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားၾကား အျပန္အလွန္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူေပါင္း ၂ဝ ေက်ာ္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရ ကာ အနည္းဆုံး ၄ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္အတြင္း ရာထူးမွ ျဖဳတ္ခ်ခံရသည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို အားေပးေထာက္ခံသူမ်ား သည္ ဇူလိုင္ ၁၆ ရက္က ရွိတ္ဟာစီနာ၏ေမြးရပ္ေျမ Gopalganj ေဒသတြင္ စတင္ဆႏၵျပခဲ့ၿပီးေနာက္ ဆႏၵျပပြဲမ်ား ပ်ံ႕ႏွံ႔လာခဲ့ေၾကာင္း သိရသည္။ ရွိတ္ဟာစီနာကို အားေပးေထာက္ခံသူမ်ားက ေ႐ြးေကာက္ပြဲတြင္ ရွိတ္ဟာစီနာ ဦးေဆာင္သည့္ ေအဝါမီလိဂ္ပါတီကို ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕က ပါဝင္ယွဥ္ၿပိဳင္ခြင့္ေပးရန္ ပိတ္ပင္ျခင္း အေပၚ မေက်မနပ္ျဖစ္ေနေၾကာင္း သိရသည္။
ဆႏၵျပသူမ်ားသည္ ေက်ာက္တုံးမ်ား၊ တုတ္မ်ားအသုံးျပဳၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကိုတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္အစိုးရသည္ဆႏၵျပမႈမ်ားကို တားဆီးရန္အတြက္ ရဲတပ္ဖြဲ႕၊ စစ္သားမ်ား အပါအဝင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၁၅၀၀ ေက်ာ္ကို ေစလႊတ္ျဖန႔္ၾကတ္ခ်ခဲ့သလို ညမထြက္ရအမိန႔္ကိုလည္း ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ Gopalganj ေဒသေဆး႐ုံတာဝန္ရွိသူတစ္ဦးက လုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ ဆႏၵျပသူမ်ား ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားအတြင္း အနည္းဆုံး ၄ ဦးေသဆုံးခဲ့ၿပီး ၁၈ဦးဒဏ္ရာရခဲ့ေၾကာင္း ေျပာသည္။
ေသဆုံးသူမ်ားအနက္ ၁၈ ႏွစ္အ႐ြယ္ရွိလူငယ္တစ္ဦးပါဝင္ၿပီး ဝမ္းဗိုက္ကို က်ည္ဆံထိမွန္ဒဏ္ရာေၾကာင့္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း မိသားစုကေျပာသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္ ေအဝါမီလိဂ္ပါတီ ဦးေဆာင္သည့္ အစိုးရအဖြဲ႕ျဖဳတ္ခ်ခံရၿပီးေနာက္ပိုင္းကတည္းက အဆိုပါပါတီကိုအားေပးေထာက္ခံသူမ်ားက အိမ္ေစာင့္အစိုးရအဖြဲ႕အေပၚ ေဝဖန္ျပစ္တင္ျခင္း၊ ဆႏၵျပျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲဝင္ခြင့္ျပဳမည့္ ႏိုင္ငံေရးပါတီမွတ္ပုံတင္စာရင္းမွ ေအဝါမီလိဂ္ပါတီကို ပိတ္ပင္ခဲ့ၿပီးေနာက္ တင္းမာမႈမ်ားပိုမိုျမင့္တက္လာ ခဲ့ေၾကာင္း သိရသည္။