ပွင့်လင်းရာသီတွင် လုပ်ငန်းစတင်နိုင်ရန် တင်ဒါခေါ်ယူချိန်များကို ပြောင်းလဲပေးသင့်ကြောင်း အကြံပြု

275

စော (NP News) - ဇူလိုင် ၁၉
ပွင့်လင်းရာသီတွင် လုပ်ငန်းစတင်နိုင်ရန် တင်ဒါခေါ်ယူချိန်များကို ပြောင်းလဲပေးသင့်ကြောင်း တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်သည့်လုပ်ငန်းရှင် တစ်ဦးက NP News သို့ အကြုံပြုတိုက်တွန်း ပြောသည်။
နစကအစိုးရလက်ထက်၌ မေလနှင့် ဇွန်လတို့တွင် တင်ဒါများကို အများဆုံး ခေါ်ယူလေ့ရှိ၍ တင်ဒါအောင်သည့် အချိန်တွင် မိုးတွင်းကာလရောက်ရှိနေသောကြောင့် လုပ်ငန်းများဆောင်ရွက်ရာ၌ မတွင်ကျယ်သည့်အတွက် လုပ်ငန်းရပ်နားရခြင်းများလည်း ရှိကြောင်း သိရသည်။
“တင်ဒါက တကယ်ခေါ်သင့်တာက (၉) လပိုင်းမှာ ခေါ်သင့်တာ။ (၉)လပိုင်းမှာခေါ်ရင် (၁၀)လပိုင်းမှာ ဖွင့်တာပေါ့။ အဲဒီတော့ တင်ဒါဖွင့်တာနဲ့ ကျွန်တော်တို့က အောင်ပြီဆိုတာနဲ့ အလုပ်တန်းလုပ်လို့ရတယ်။ (၉)လပိုင်းမှာ တင်ဒါ စခေါ်တာ အကောင်းဆုံးပေါ့” ဟု ၎င်းက ပြောသည်။
ထိုအချိန်တွင်ခေါ်ယူပါက တင်ဒါအောင်သည့်အချိန်တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်သောကြောင့် တင်ဒါ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူကာ လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် တင်ဒါဈေးနှုန်းကို ကာလဒေသပေါက်ဈေး (Yellow Board) ကို အခြေခံကာ ဘက်ဂျက်တွက်ချက်သည့် အပြင် လက်ရှိပေါက်ဈေးဖြင့် ကွာခြားမှုများ ရှိနေခြင်း၊ ကုန်ဈေးနှုန်များကလည်း မြင့်တက်နေခြင်းတို့ကြောင့် တင်ဒါဈေးနှုန်းကို ခန့်မှန်းကာ ပိုပေးသင့်ကြောင်း ၎င်းက ဆိုသည်။
“တင်ဒါခေါ်တဲ့လူကလည်း လက်ရှိတွေ့တဲ့ Yellow Board နဲ့ ဆွဲတယ်။ ဘက်ဂျက်လည်းဆွဲပြီးကော တင်ဒါလည်း ခေါ်ပြီးကော လတွေခြားသွားပြီအများကြီး ကုန်းဈေးနှုန်းကလည်းတက်သွားပြီ ဒီလိုမိုးရာသီပိုဆိုးတာပေါ့။ ဘက်ဂျက်ဆွဲလို့ကြာတာကတစ်မျိုး၊ တင်ဒါခေါ်လို့စောင့်ရတာတစ်မျိုး၊ တင်ဒါအောင်လို့ မိုးရွာလို့ စောင့်ရတာ တစ်မျိုး အနည်းဆုံးတော့ (၈)လပိုင်း၊ (၉)လပိုင်း စောင့်ရမယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် သက်ဆိုင်ရာဌာနများမှ ခေါ်ယူသော အချို့လုပ်ငန်းတင်ဒါများနှင့်ပတ်သက်၍ ပွင်းလင်းမြင်သာသော စနစ်သို့ ပြောင်းလဲပေးရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

Zawgyi Version:
ပြင့္လင္းရာသီတြင္ လုပ္ငန္းစတင္ႏိုင္ရန္ တင္ဒါေခၚယူခ်ိန္မ်ားကို ေျပာင္းလဲေပးသင့္ေၾကာင္း အႀကံျပဳ
ေစာ (NP News) - ဇူလိုင္ ၁၉
ပြင့္လင္းရာသီတြင္ လုပ္ငန္းစတင္ႏိုင္ရန္ တင္ဒါေခၚယူခ်ိန္မ်ားကို ေျပာင္းလဲေပးသင့္ေၾကာင္း တင္ဒါ ဝင္ေရာက္ ယွဥ္ၿပိဳင္သည့္လုပ္ငန္းရွင္ တစ္ဦးက NP News သို႔ အႀကဳံျပဳတိုက္တြန္း ေျပာသည္။
နစကအစိုးရလက္ထက္၌ ေမလႏွင့္ ဇြန္လတို႔တြင္ တင္ဒါမ်ားကို အမ်ားဆုံး ေခၚယူေလ့ရွိ၍ တင္ဒါေအာင္သည့္ အခ်ိန္တြင္ မိုးတြင္းကာလေရာက္ရွိေနေသာေၾကာင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာ၌ မတြင္က်ယ္သည့္အတြက္ လုပ္ငန္းရပ္နားရျခင္းမ်ားလည္း ရွိေၾကာင္း သိရသည္။
“တင္ဒါက တကယ္ေခၚသင့္တာက (၉) လပိုင္းမွာ ေခၚသင့္တာ။ (၉)လပိုင္းမွာေခၚရင္ (၁၀)လပိုင္းမွာ ဖြင့္တာေပါ့။ အဲဒီေတာ့ တင္ဒါဖြင့္တာနဲ႔ ကြၽန္ေတာ္တို႔က ေအာင္ၿပီဆိုတာနဲ႔ အလုပ္တန္းလုပ္လို႔ရတယ္။ (၉)လပိုင္းမွာ တင္ဒါ စေခၚတာ အေကာင္းဆုံးေပါ့” ဟု ၎က ေျပာသည္။
ထိုအခ်ိန္တြင္ေခၚယူပါက တင္ဒါေအာင္သည့္အခ်ိန္တြင္ ပြင့္လင္းရာသီေရာက္ၿပီျဖစ္ေသာေၾကာင့္ တင္ဒါ လုပ္ငန္းရွင္မ်ားအေနျဖင့္ လိုအပ္သည့္ပစၥည္းမ်ားကို ဝယ္ယူကာ လုပ္ငန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ ေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ တင္ဒါေဈးႏႈန္းကို ကာလေဒသေပါက္ေဈး (Yellow Board) ကို အေျခခံကာ ဘက္ဂ်က္တြက္ခ်က္သည့္ အျပင္ လက္ရွိေပါက္ေဈးျဖင့္ ကြာျခားမႈမ်ား ရွိေနျခင္း၊ ကုန္ေဈးႏႈန္မ်ားကလည္း ျမင့္တက္ေနျခင္းတို႔ေၾကာင့္ တင္ဒါေဈးႏႈန္းကို ခန႔္မွန္းကာ ပိုေပးသင့္ေၾကာင္း ၎က ဆိုသည္။
“တင္ဒါေခၚတဲ့လူကလည္း လက္ရွိေတြ႕တဲ့ Yellow Board နဲ႔ ဆြဲတယ္။ ဘက္ဂ်က္လည္းဆြဲၿပီးေကာ တင္ဒါလည္း ေခၚၿပီးေကာ လေတြျခားသြားၿပီအမ်ားႀကီး ကုန္းေဈးႏႈန္းကလည္းတက္သြားၿပီ ဒီလိုမိုးရာသီပိုဆိုးတာေပါ့။ ဘက္ဂ်က္ဆြဲလို႔ၾကာတာကတစ္မ်ိဳး၊ တင္ဒါေခၚလို႔ေစာင့္ရတာတစ္မ်ိဳး၊ တင္ဒါေအာင္လို႔ မိုး႐ြာလို႔ ေစာင့္ရတာ တစ္မ်ိဳး အနည္းဆုံးေတာ့ (၈)လပိုင္း၊ (၉)လပိုင္း ေစာင့္ရမယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ သက္ဆိုင္ရာဌာနမ်ားမွ ေခၚယူေသာ အခ်ိဳ႕လုပ္ငန္းတင္ဒါမ်ားႏွင့္ပတ္သက္၍ ပြင္းလင္းျမင္သာေသာ စနစ္သို႔ ေျပာင္းလဲေပးရန္ လိုအပ္ေၾကာင္း ၎က တိုက္တြန္းထားသည္။