KIA နှင့် KPF အဖွဲ့တို့မှ အဖွဲ့ဝင် ၁ဝ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာ

 704

Pearl (NP News) - ဇူလိုင် ၁၉
KIA နှင့် KPF အဖွဲ့တို့မှ အဖွဲ့ဝင် ၁၀ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
နစက အနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ KIA အဖွဲ့ နှင့် KPF အဖွဲ့တို့မှ အဖွဲ့ဝင် ၁၀ ဦးသည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများသည် ပူတာအိုမြို့နယ်အတွင်းမှ KIA အဖွဲ့ဝင်အမျိုးသား ခြောက်ဦးနှင့် KPF အဖွဲ့ဝင် အမျိုးသားလေးဦး စုစုပေါင်း ဆယ်ဦးတို့ ဖြစ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်) တွင် ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်းသိရသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံပေးမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

Zawgyi Version:
KIA ႏွင့္ KPF အဖြဲ႕တို႔မွ အဖြဲ႕ဝင္ ၁ဝ ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာ
Pearl (NP News) - ဇူလိုင္ ၁၉
KIA ႏွင့္ KPF အဖြဲ႕တို႔မွ အဖြဲ႕ဝင္ ၁၀ ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
နစက အေနျဖင့္ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးအမည္ခံ၍ လက္နက္ကိုင္ဆန႔္က်င္လ်က္ရွိသည့္ အဖြဲ႕အစည္းမ်ားအတြင္း ေရာက္ရွိေနသူမ်ားအား ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဖိတ္ေခၚလ်က္ရွိရာ KIA အဖြဲ႕ ႏွင့္ KPF အဖြဲ႕တို႔မွ အဖြဲ႕ဝင္ ၁၀ ဦးသည္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာသူမ်ားသည္ ပူတာအိုၿမိဳ႕နယ္အတြင္းမွ KIA အဖြဲ႕ဝင္အမ်ိဳးသား ေျခာက္ဦးႏွင့္ KPF အဖြဲ႕ဝင္ အမ်ိဳးသားေလးဦး စုစုေပါင္း ဆယ္ဦးတို႔ ျဖစ္ၿပီး ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းေပးအပ္ျခင္းကို ယမန္ေန႔ (ဇူလိုင္လ ၁၈ ရက္) တြင္ ပူတာအိုၿမိဳ႕ရွိ ဗႏၶဳလခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားတြင္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာသူမ်ားကို ေထာက္ပံ့ေငြမ်ားႏွင့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္ၿပီး ဝန္ခံကတိလက္မွတ္ေရးထိုးေစကာ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံေပးခဲ့ေၾကာင္းသိရသည္။
PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးတို႔အေနျဖင့္ ႏိုင္ငံေတာ္၏ ေရွ႕လုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ဥပေဒေဘာင္အတြင္းသို႔ လက္နက္အပ္ႏွံၿပီး ျပည္သူ႔ဘဝသို႔ ျပန္လည္ဝင္ေရာက္ျခင္းျပဳမည္ဆိုပါက ႀကိဳဆိုလက္ခံေပးမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.