ပင်စင် လစာကို ခေတ်မီနည်းပညာအသုံး၍ စိစစ်နိုင်ဆောင်ရွက်နေ

 72

သက်ပိုင်(NP News) - ဇူလိုင် ၁၉
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားများ၏ ပင်စင်လစာကို ထုတ်ပေးရာတွင် ခေတ်မီနည်းပညာ အသုံးပြု၍ စိစစ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ခေတ်မီနည်းပညာအသုံးပြု၍ စိစစ်ဆောင်ရွက်မှုပြုလုပ်ရန် အတွက် Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ကာ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ယင်းသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသော အငြိမ်းစားများ၏ UID နံပါတ်များကို ရယူ၍ အချက်အလက်များကို မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension Program တွင် ထည့်သွင်းရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိ မြန်မာ့စီးပွားရေးဘဏ် (၁၇၁) ခု တွင် UID နံပါတ် ရပြီးသူ အငြိမ်းစားများထံမှ အချက်အလက်များကို ရယူထည့်သွင်းကို ဆောင်ရွက်လျက်ရှိပြီး UID နံပါတ် ရရှိခြင်း၊ မရှိသေးသူများအတွက်လည်း ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း နှင့် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြား အုပ်ချုပ်မှုဆိုင်ရာကိစ္စအခက်အခဲများကြောင့် UID နံပါတ် မရရှိသေးသူများ၏ အငြိမ်းစားလစာများကိုလည်း ယခင်ထုတ်ယူနေကျအတိုင်း မြန်မာ့စီးပွားရေးဘဏ်များတွင် စီစဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ လုပ်ဆောင်နေမှုများကြောင့် ပင်စင်လစာထုတ်ယူရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ဘဏ်ခွဲ မန်နေဂျာများထံ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားသည်။

Zawgyi Version:
ပင္စင္ လစာကို ေခတ္မီနည္းပညာအသုံး၍ စိစစ္ႏိုင္ေဆာင္႐ြက္ေန
သက္ပိုင္(NP News) - ဇူလိုင္ ၁၉
ျမန္မာ့စီးပြားေရးဘဏ္အေနျဖင့္ အၿငိမ္းစားမ်ား၏ ပင္စင္လစာကို ထုတ္ေပးရာတြင္ ေခတ္မီနည္းပညာ အသုံးျပဳ၍ စိစစ္ေဆာင္႐ြက္ႏိုင္ရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ ေခတ္မီနည္းပညာအသုံးျပဳ၍ စိစစ္ေဆာင္႐ြက္မႈျပဳလုပ္ရန္ အတြက္ Centralized e-Pension စနစ္ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ e-ID စနစ္တို႔ ခ်ိတ္ဆက္ကာ ေဆာင္႐ြက္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
သို႔ျဖစ္ပါ၍ ယင္းသို႔ေဆာင္႐ြက္ရာတြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ထုတ္ေပးေသာ အၿငိမ္းစားမ်ား၏ UID နံပါတ္မ်ားကို ရယူ၍ အခ်က္အလက္မ်ားကို ျမန္မာ့စီးပြားေရးဘဏ္၏ Centralized e-Pension Program တြင္ ထည့္သြင္းရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
လက္ရွိ ျမန္မာ့စီးပြားေရးဘဏ္ (၁၇၁) ခု တြင္ UID နံပါတ္ ရၿပီးသူ အၿငိမ္းစားမ်ားထံမွ အခ်က္အလက္မ်ားကို ရယူထည့္သြင္းကို ေဆာင္႐ြက္လ်က္ရွိၿပီး UID နံပါတ္ ရရွိျခင္း၊ မရွိေသးသူမ်ားအတြက္လည္း ဆက္သြယ္ေဆာင္႐ြက္ျခင္းတို႔ကို လုပ္ေဆာင္ေနေၾကာင္း ႏွင့္ အသက္အ႐ြယ္၊ က်န္းမာေရးအေျခအေနႏွင့္ အျခား အုပ္ခ်ဳပ္မႈဆိုင္ရာကိစၥအခက္အခဲမ်ားေၾကာင့္ UID နံပါတ္ မရရွိေသးသူမ်ား၏ အၿငိမ္းစားလစာမ်ားကိုလည္း ယခင္ထုတ္ယူေနက်အတိုင္း ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ စီစဥ္ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။
ယခုကဲ့သို႔ လုပ္ေဆာင္ေနမႈမ်ားေၾကာင့္ ပင္စင္လစာထုတ္ယူရန္ အခက္အခဲရွိပါက သက္ဆိုင္ရာ ဘဏ္ခြဲ မန္ေနဂ်ာမ်ားထံ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေၾကာင္း အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.