ယူကရိန်းကို ဖိအားပေးရန် ဒေါ်နယ်ထရမ့်ကို ရုရှားအစိုးရ တိုက်တွန်း

 380

Pika (NP News) - ဇူလိုင် ၁၉
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး သဘောတူညီချက်များရရှိစေရန်အတွက် ယူကရိန်းကိုတွန်းအားပေးရန် နိုင်ငံ အားလုံးကို ရုရှားအစိုးရက တိုက်တွန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်း နိုင်ငံကို တွန်းအားပေးမှုများကို သီးသန့်လုပ်ဆောင်သွားမည်ဟု မျှော်လင့်မိကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိ သူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။
ရုရှားအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုများအတွက် ယူကရိန်းကိုထောက်ခံသည့်နေတိုးအဖွဲ့ဝင်နိုင်ငံများက အမေရိကန်ထုတ်လက်နက်များကို ဝယ်ယူမည့် အဆိုပြုချက်ကို ယခုသီတင်းပတ်အစောပိုင်းတွင် ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြသခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် လာမည့်ရက်ပေါင်း(၅၀)အတွင်း ယူကရိန်းပဋိပက္ခကိုအဆုံးသတ်ရန် သဘောတူညီချက်များ မရရှိခဲ့ပါက ရုရှား၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်သွားမည်ဟု ဒေါ်နယ်ထရမ့်က သတိပေးပြော ဆိုခဲ့ကြောင်းလည်း သိရသည်။
သို့သော်လည်း ယူကရိန်းအတွက် အလားတူ နောက်ဆုံးရက်ကို ဒေါ်နယ်ထရမ့်ကထုတ်ပြန်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ဒီမစ်ထရီပက်စကော့ဗ်က “ရုရှားသမ္မတပူတင်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်တွေ အများကြီးရှိခဲ့ပေမယ့်လည်း ယူကရိန်းဘက်ကို အလားတူဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်။ ယူကရိန်းဘက်က ဒီထုတ်ပြန်ချက်တွေအားလုံးကို ငြိမ်းချမ်းရေးအတွက် အချက်ပြမှုအဖြစ်မဟုတ်ဘဲ စစ်ပွဲကို ဆက်လက်ဆင်နွှဲဖို့ အချက်ပြမှုအဖြစ် သတ်မှတ်နေပုံပေါ်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။

Zawgyi Version:
ယူကရိန္းကို ဖိအားေပးရန္ ေဒၚနယ္ထရမ့္ကို ႐ုရွားအစိုးရ တိုက္တြန္း
Pika (NP News) - ဇူလိုင္ ၁၉
ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး သေဘာတူညီခ်က္မ်ားရရွိေစရန္အတြက္ ယူကရိန္းကိုတြန္းအားေပးရန္ ႏိုင္ငံ အားလုံးကို ႐ုရွားအစိုးရက တိုက္တြန္းခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ယူကရိန္း ႏိုင္ငံကို တြန္းအားေပးမႈမ်ားကို သီးသန႔္လုပ္ေဆာင္သြားမည္ဟု ေမွ်ာ္လင့္မိေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိ သူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့သည္။
႐ုရွားအေပၚ ယူကရိန္း၏ တိုက္ခိုက္မႈမ်ားအတြက္ ယူကရိန္းကိုေထာက္ခံသည့္ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက အေမရိကန္ထုတ္လက္နက္မ်ားကို ဝယ္ယူမည့္ အဆိုျပဳခ်က္ကို ယခုသီတင္းပတ္အေစာပိုင္းတြင္ ေဒၚနယ္ထရမ့္က ထုတ္ျပန္ျပသခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ လာမည့္ရက္ေပါင္း(၅၀)အတြင္း ယူကရိန္းပဋိပကၡကိုအဆုံးသတ္ရန္ သေဘာတူညီခ်က္မ်ား မရရွိခဲ့ပါက ႐ုရွား၏ကုန္သြယ္ဖက္ႏိုင္ငံမ်ားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားခ်မွတ္သြားမည္ဟု ေဒၚနယ္ထရမ့္က သတိေပးေျပာ ဆိုခဲ့ေၾကာင္းလည္း သိရသည္။
သို႔ေသာ္လည္း ယူကရိန္းအတြက္ အလားတူ ေနာက္ဆုံးရက္ကို ေဒၚနယ္ထရမ့္ကထုတ္ျပန္ခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ ဒီမစ္ထရီပက္စေကာ့ဗ္က “႐ုရွားသမၼတပူတင္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္မိတယ္ဆိုတဲ့ ေဒၚနယ္ထရမ့္ရဲ႕ မွတ္ခ်က္ေတြ အမ်ားႀကီးရွိခဲ့ေပမယ့္လည္း ယူကရိန္းဘက္ကို အလားတူဖိအားေပးမႈေတြ လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္မိပါတယ္။ ယူကရိန္းဘက္က ဒီထုတ္ျပန္ခ်က္ေတြအားလုံးကို ၿငိမ္းခ်မ္းေရးအတြက္ အခ်က္ျပမႈအျဖစ္မဟုတ္ဘဲ စစ္ပြဲကို ဆက္လက္ဆင္ႏႊဲဖို႔ အခ်က္ျပမႈအျဖစ္ သတ္မွတ္ေနပုံေပၚပါတယ္” ဟု ထုတ္ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.