ယူလီယာ စဗီရီဒန်ကို ယူကရိန်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်

74

ဂျန်ဇက် (NP News) - ဇူလိုင် ၁၉
ယူကရိန်းလွှတ်တော်သည် ယူလီယာ စဗီရီဒန်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။ စဗီရီဒန်ကိုသည် ယူကရိန်းဝန်ကြီးချုပ်ဟောင်း ရှာမီဂယ်လ်နေရာတွင် အစားထိုးတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
ယူလီယာစဗီရီဒန်ကိုသည် ယူကရိန်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်စီးပွားရေးဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်အပ်ခံရခြင်းဖြစ်သည်။ ၎င်းသည် ယူကရိန်းအစိုးရအဖွဲ့သမိုင်းတွင် အစိုးရအဖွဲ့ကို ဦးဆောင်မည့် ဒုတိယမြောက်အမျိုးသမီးဖြစ်လာခဲ့ ကြောင်း သိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် အစိုးရအဖွဲ့ကိုပြင်ဆင်ပြောင်းလဲမည်ဟု ကြေညာခဲ့ပြီးနောက် ဝန်ကြီးချုပ် ဟောင်း ရှာမီဂယ်လ်ကနုတ်ထွက်စာတင်ခဲ့ပြီး ယူလီယာ စဗီရီဒန်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။ ယူကရိန်းသမ္မတသည် ရှာမီဂယ်လ်ကို ဝန်ကြီးချုပ် ရာထူးမှ အနားပေးလိုက်သော်လည်းကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ရှာမီဂယ်လ်သည် အကျင့်ပျက်လာဘ်စားမှုများမကြာခဏဖြစ်ခဲ့သည် ကာကွယ်ရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၉ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်အသစ် ယူလီယာသည် ၂၀၀၈ ခုနှစ်တွင် ကိဗ့် အမျိုးသားတက္ကသိုလ်မှ ကုန်သွယ်ရေး၊ စီးပွားရေးဘာသာရပ်ဖြင့်ဘွဲ့ရခဲ့ကြောင်း သိရသည်။ ၎င်းသည် လက်ရှိအချိန်တွင် အသက် ၃၉ နှစ်အရွယ်ရှိနေသော်လည်း နိုင်ငံစီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားသည့်စစ်ပွဲကာလအတွင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများမကြာခဏ အပြောင်းအလဲလုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။ ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံစီးပွားရေး ထိခိုက်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ယူလီယာ စဗီရီဒန္ကို ယူကရိန္းဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၉
ယူကရိန္းလႊတ္ေတာ္သည္ ယူလီယာ စဗီရီဒန္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။ စဗီရီဒန္ကိုသည္ ယူကရိန္းဝန္ႀကီးခ်ဳပ္ေဟာင္း ရွာမီဂယ္လ္ေနရာတြင္ အစားထိုးတာဝန္ယူမည္ျဖစ္ေၾကာင္း သိရသည္။
ယူလီယာစဗီရီဒန္ကိုသည္ ယူကရိန္းႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္စီးပြားေရးဝန္ႀကီးအျဖစ္ ၂၀၂၁ ခုႏွစ္ကတည္းက တာဝန္ယူခဲ့ၿပီးေနာက္ ၂၀၂၅ ခုႏွစ္ ဇူလိုင္ ၁၇ ရက္တြင္ ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခံရျခင္းျဖစ္သည္။ ၎သည္ ယူကရိန္းအစိုးရအဖြဲ႕သမိုင္းတြင္ အစိုးရအဖြဲ႕ကို ဦးေဆာင္မည့္ ဒုတိယေျမာက္အမ်ိဳးသမီးျဖစ္လာခဲ့ ေၾကာင္း သိရသည္။
ယူကရိန္းသမၼတဇီလန္စကီးသည္ အစိုးရအဖြဲ႕ကိုျပင္ဆင္ေျပာင္းလဲမည္ဟု ေၾကညာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ေဟာင္း ရွာမီဂယ္လ္ကႏုတ္ထြက္စာတင္ခဲ့ၿပီး ယူလီယာ စဗီရီဒန္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ရန္ လႊတ္ေတာ္သို႔ အမည္စာရင္းတင္သြင္းခဲ့ေၾကာင္း သိရသည္။ ယူကရိန္းသမၼတသည္ ရွာမီဂယ္လ္ကို ဝန္ႀကီးခ်ဳပ္ ရာထူးမွ အနားေပးလိုက္ေသာ္လည္းကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း ရွာမီဂယ္လ္သည္ အက်င့္ပ်က္လာဘ္စားမႈမ်ားမၾကာခဏျဖစ္ခဲ့သည္ ကာကြယ္ေရးဝန္ႀကီး တာဝန္ကို ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။ အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ ဝန္ႀကီးခ်ဳပ္အသစ္ ယူလီယာသည္ ၂၀၀၈ ခုႏွစ္တြင္ ကိဗ့္ အမ်ိဳးသားတကၠသိုလ္မွ ကုန္သြယ္ေရး၊ စီးပြားေရးဘာသာရပ္ျဖင့္ဘြဲ႕ရခဲ့ေၾကာင္း သိရသည္။ ၎သည္ လက္ရွိအခ်ိန္တြင္ အသက္ ၃၉ ႏွစ္အ႐ြယ္ရွိေနေသာ္လည္း ႏိုင္ငံစီးပြားေရးပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစရန္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ယူကရိန္းႏိုင္ငံသည္ ႐ုရွားႏွင့္စစ္ပြဲျဖစ္ပြားသည့္စစ္ပြဲကာလအတြင္းအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးမ်ားမၾကာခဏ အေျပာင္းအလဲလုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။ ယူကရိန္းသည္ ႐ုရွားႏွင့္စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံစီးပြားေရး ထိခိုက္မႈမ်ားရွိေနဆဲျဖစ္ေၾကာင္း သိရသည္။