မြဝတီတွင် ပြစ်မှုများ ကျူးလွန်ထားသည့် လူလေးဆယ်ခန့် ပါဝင်သောပြန်ပေးအဖွဲ့ကို ဖြိုခွင်း ရန် BGF က မြေလှန်ရှာဖွေနေ

 1095

သုတကျော် (NP News) - ဇူလိုင် ၁၉

မြဝတီမြို့တွင် ပြစ်မှုများ ကျူးလွန်ထားသည့် လူလေးဆယ်ခန့် ပါဝင်သော ပြန်ပေးအဖွဲ့ကို ဖြိုခွင်း ရှင်းလင်းရန် BGF က မြေလှန် ရှာဖွေနေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News သတင်းဌာနကို ပြောသည်။
ပြီးခဲ့သော ဇူလိုင်လ ၁၄ ရက်က မြဝတီမြို့၊ KMK အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကို လက်နက်ကိုင်ထားသည့် လူတစ်စုက ပြန်ပေးဆွဲသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၁၅ ရက် ညတွင် ပြန်ပေးသမားများ တောင်းသောငွေကိုပေးရန် သွားစဉ် BGF နှင့် တာဝန်ရှိသူများက ပိတ်ဆို့ပြီး ကျူးလွန်သူများကို ဖမ်းမိရေး ဆောင်ရွက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးကို အသေမိခဲ့သည်။
“(ပြန်ပေးဆွဲအဖွဲ့ခေါင်းဆောင်) ရဲထက် ခေါ် ကိုကို ကနေပြီး အဲဒီတုန်းက ပစ်ခတ်မှုဖြစ်ပြီးတော့ သူ မပတ်သက်ကြောင်း နဲ့ အခု ပြန်ပေးဆွဲခံရသူကို သူ့ခြံထဲ ဖမ်းထားကြောင်း သတင်းပေးလို့ သွားဝင်စီးတော့ အဲဒီ ပြန်ပေးဆွဲခံရသူကို မနက်ပိုင်း တစ်နာရီခွဲမှာ ရတယ်။ ကျန်တဲ့သူ အကုန်ပြေးပြီ။ အဓိက နောက်ကွယ်က ခိုင်းတာက ရဲထက် ခေါ် ကိုကို ဆိုတာ ပေါ်ပေါက်တယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် DKBA ၏ ဗဟိုကုန်သွယ်ရေးဌာန အမည်ပါ DKBA တပ်ဖွဲ့ဝင် ကတ် ၂ ခု၊ ဘက်တံဆိပ်များ နှင့် လက်နက်အချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“တေဇာလင်း ခေါ် ရှောက်ပေါင်း သေတယ်။ အမှန်က ကတ်ထဲမှာ နာမည်ရှေ့ ထည့်ရေးထားတဲ့ စော ဆိုတာ ကရင်တစ်ယောက်မှ မဟုတ်ဘူး။ လှိုင်သာယာက လူမိုက်။ စောတေဇာလင်းခေါ် ရှောက်ပေါင်းက နေပြည်တော်က လူသတ်မှုတစ်ခု ရှိတယ်လေ။ မိန်းမက ငှားပြီး သတ်ခိုင်းတယ် ဆိုလား။ အဲဒီရဲ့ တရားခံပြေးပေါ့။ နောက် ကတ်မှာပါတဲ့ သူထူစံ ဆိုတာက ထွက်ပြေးလွတ်မြောက်တဲ့ အထဲပါနေတယ် သူ့ညီပေါ့” ဟု အထက်ပါ သိရှိသူက ဆိုသည်။
DKBA ၏ ကတ် တွင် ပါသော လက်မှတ်ထိုးထားသည့် ကုန်သွယ်ရေး အရာရှိချုပ်ထံ ဆက်သွယ်ရာ ယခု ကျူးလွန်သူများမှာ တပ်ဖွဲ့အတွင်းမှ ထုတ်ပယ်ခံထားရသူများ ဖြစ်သည်ဟု ပြောကြောင်းနှင့် ရဲထက် ခေါ် ကိုကို ဆိုသူက ကျူးလွန်သူများ အကာအကွယ်ရစေရန် အတွက် DKBA ထံ ချဉ်းကပ်ပြီး အဖွဲ့ဝင်ခိုင်းထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“ဒီကောင့်အင်အား ကို မေးကြည့်တော့ လေးဆယ်လောက် ရှိတယ်ဗျ။ သူတို့ စခန်းဝင်ထဲ ပန်းရံ သမားပဲ ဖမ်းမိတယ်။ ဒါကို ဖြိုမှ ရမယ်။ မြဝတီ က မဟုတ်ရင် ဒီဇာတ်လမ်း လာမှာ။ အခု မြေလှန်ရှာနေပြီလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
စုံစမ်းသိရှိရသော အချက်အလက်များအရ ပြန်ပေးအဖွဲ့ခေါင်းဆောင် ရဲထက် ခေါ် ကိုကို မှာ ငွေကြေး လိုအပ်နေသူဖြစ်ပြီး သိန်းထောင်ချီ အကြွေး ရှိနေသူ ဖြစ်ကာ ယခင်က မြဝတီတွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှု အချို့နှင့် ဆက်နွှယ်ဖွယ် ရှိကြောင်း လည်း ၎င်းက ပြောသည်။
“ငွေလွှဲအိမ်တွေမှာ ရဲတပ်ဖွဲ့ဆိုပြီး ငွေဝင်တောင်းတာလည်း ဒီကောင်တွေ ဖြစ်မှာ။ တိုင်ရင် သတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်။ ရှေ့မှာ သူတို့ ကျူးလွန်တဲ့ အမှု ရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ျမဝတီတြင္ ျပစ္မႈမ်ား က်ဴးလြန္ထားသည့္ လူေလးဆယ္ခန႔္ ပါဝင္ေသာျပန္ေပးအဖြဲ႕ကို ၿဖိဳခြင္း ရန္ BGF က ေျမလွန္ရွာေဖြေန
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၉

ျမဝတီၿမိဳ႕တြင္ ျပစ္မႈမ်ား က်ဴးလြန္ထားသည့္ လူေလးဆယ္ခန႔္ ပါဝင္ေသာ ျပန္ေပးအဖြဲ႕ကို ၿဖိဳခြင္း ရွင္းလင္းရန္ BGF က ေျမလွန္ ရွာေဖြေနေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News သတင္းဌာနကို ေျပာသည္။
ၿပီးခဲ့ေသာ ဇူလိုင္လ ၁၄ ရက္က ျမဝတီၿမိဳ႕၊ KMK အိမ္ေဆာက္ပစၥည္းဆိုင္ပိုင္ရွင္ ကို လက္နက္ကိုင္ထားသည့္ လူတစ္စုက ျပန္ေပးဆြဲသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ရာ ဇူလိုင္လ ၁၅ ရက္ ညတြင္ ျပန္ေပးသမားမ်ား ေတာင္းေသာေငြကိုေပးရန္ သြားစဥ္ BGF ႏွင့္ တာဝန္ရွိသူမ်ားက ပိတ္ဆို႔ၿပီး က်ဴးလြန္သူမ်ားကို ဖမ္းမိေရး ေဆာင္႐ြက္စဥ္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ၿပီး တစ္ဦးကို အေသမိခဲ့သည္။
“(ျပန္ေပးဆြဲအဖြဲ႕ေခါင္းေဆာင္) ရဲထက္ ေခၚ ကိုကို ကေနၿပီး အဲဒီတုန္းက ပစ္ခတ္မႈျဖစ္ၿပီးေတာ့ သူ မပတ္သက္ေၾကာင္း နဲ႔ အခု ျပန္ေပးဆြဲခံရသူကို သူ႔ၿခံထဲ ဖမ္းထားေၾကာင္း သတင္းေပးလို႔ သြားဝင္စီးေတာ့ အဲဒီ ျပန္ေပးဆြဲခံရသူကို မနက္ပိုင္း တစ္နာရီခြဲမွာ ရတယ္။ က်န္တဲ့သူ အကုန္ေျပးၿပီ။ အဓိက ေနာက္ကြယ္က ခိုင္းတာက ရဲထက္ ေခၚ ကိုကို ဆိုတာ ေပၚေပါက္တယ္” ဟု ၎က ဆိုသည္။
ထို႔ျပင္ DKBA ၏ ဗဟိုကုန္သြယ္ေရးဌာန အမည္ပါ DKBA တပ္ဖြဲ႕ဝင္ ကတ္ ၂ ခု၊ ဘက္တံဆိပ္မ်ား ႏွင့္ လက္နက္အခ်ိဳ႕ကိုပါ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
“ေတဇာလင္း ေခၚ ေရွာက္ေပါင္း ေသတယ္။ အမွန္က ကတ္ထဲမွာ နာမည္ေရွ႕ ထည့္ေရးထားတဲ့ ေစာ ဆိုတာ ကရင္တစ္ေယာက္မွ မဟုတ္ဘူး။ လႈိင္သာယာက လူမိုက္။ ေစာေတဇာလင္းေခၚ ေရွာက္ေပါင္းက ေနျပည္ေတာ္က လူသတ္မႈတစ္ခု ရွိတယ္ေလ။ မိန္းမက ငွားၿပီး သတ္ခိုင္းတယ္ ဆိုလား။ အဲဒီရဲ႕ တရားခံေျပးေပါ့။ ေနာက္ ကတ္မွာပါတဲ့ သူထူစံ ဆိုတာက ထြက္ေျပးလြတ္ေျမာက္တဲ့ အထဲပါေနတယ္ သူ႔ညီေပါ့” ဟု အထက္ပါ သိရွိသူက ဆိုသည္။
DKBA ၏ ကတ္ တြင္ ပါေသာ လက္မွတ္ထိုးထားသည့္ ကုန္သြယ္ေရး အရာရွိခ်ဳပ္ထံ ဆက္သြယ္ရာ ယခု က်ဴးလြန္သူမ်ားမွာ တပ္ဖြဲ႕အတြင္းမွ ထုတ္ပယ္ခံထားရသူမ်ား ျဖစ္သည္ဟု ေျပာေၾကာင္းႏွင့္ ရဲထက္ ေခၚ ကိုကို ဆိုသူက က်ဴးလြန္သူမ်ား အကာအကြယ္ရေစရန္ အတြက္ DKBA ထံ ခ်ဥ္းကပ္ၿပီး အဖြဲ႕ဝင္ခိုင္းထားျခင္း ျဖစ္ႏိုင္ေၾကာင္း ၎က သုံးသပ္သည္။
“ဒီေကာင့္အင္အား ကို ေမးၾကည့္ေတာ့ ေလးဆယ္ေလာက္ ရွိတယ္ဗ်။ သူတို႔ စခန္းဝင္ထဲ ပန္းရံ သမားပဲ ဖမ္းမိတယ္။ ဒါကို ၿဖိဳမွ ရမယ္။ ျမဝတီ က မဟုတ္ရင္ ဒီဇာတ္လမ္း လာမွာ။ အခု ေျမလွန္ရွာေနၿပီလို႔ သိရတယ္” ဟု ၎က ေျပာသည္။
စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ ျပန္ေပးအဖြဲ႕ေခါင္းေဆာင္ ရဲထက္ ေခၚ ကိုကို မွာ ေငြေၾကး လိုအပ္ေနသူျဖစ္ၿပီး သိန္းေထာင္ခ်ီ အေႂကြး ရွိေနသူ ျဖစ္ကာ ယခင္က ျမဝတီတြင္ ျဖစ္ပြားခဲ့ေသာ ရာဇဝတ္မႈ အခ်ိဳ႕ႏွင့္ ဆက္ႏႊယ္ဖြယ္ ရွိေၾကာင္း လည္း ၎က ေျပာသည္။
“ေငြလႊဲအိမ္ေတြမွာ ရဲတပ္ဖြဲ႕ဆိုၿပီး ေငြဝင္ေတာင္းတာလည္း ဒီေကာင္ေတြ ျဖစ္မွာ။ တိုင္ရင္ သတ္ပစ္မယ္ ဆိုၿပီး ၿခိမ္းေျခာက္တယ္။ ေရွ႕မွာ သူတို႔ က်ဴးလြန္တဲ့ အမႈ ရွိႏိုင္တယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.