နျူကလီးယားဆွေးနွေးပွဲတွေ ချက်ချင်းပြန်လည်စတင်ဖို့ အီရန်ကို ဥရောပသမဂ္ဂ တိုက်တွန်း

 101

Pika (NP News) - ဇူလိုင် ၂ဝ
အီရန်နိုင်ငံဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့နျူကလီးယားသဘောတူညီချက်ကို ရရှိဖို့အတွက် သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို ချက်ချင်းပြန်လည်စတင်ရမယ်လို့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ထိပ်တန်းသံတမန်တွေက အီရန်ကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်တစ်ခုက “ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂတို့ရဲ့ထိပ်တန်းသံတမန်တွေဟာ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်မယ့် ယန္တရားကို အသုံးပြုဖို့ ၎င်းတို့ရဲ့ဆုံးဖြတ်ချက်တွေကို ထပ်မံပြောကြား ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အီရန်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးပွဲတွေလုပ်ဆောင်လိုနေပေမယ့်လည်း အမေရိကန်ဘက်က အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီး‌နောက် တစ်ရက်အကြာမှာ ယခုလို တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “အီရန်က အမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေ ကို လုပ်ဆောင်လိုနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ဆွေးနွေးမှုတွေအတွက် အလျင်စလိုလုပ်မှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက အမေရိကန်က အီရန်ရဲ့နျူကလီးယားစက်ရုံနေရာ(၃)ခုကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ မှုနဲ့အတူ အီရန်နဲ့အမေရိကန်ကြား လုပ်ဆောင်လျက်ရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
န်ဴကလီးယားေဆြးေႏြးပြဲေတြ ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အီရန္ကို ဥေရာပသမဂၢ တိုက္တြန္း
Pika (NP News) - ဇူလိုင္ ၂
အီရန္ႏိုင္ငံဟာ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့န်ဴကလီးယားသေဘာတူညီခ်က္ကို ရရွိဖို႔အတြက္ သံတမန္ေရးဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ရမယ္လို႔ ျပင္သစ္၊ ၿဗိတိန္၊ ဂ်ာမနီ နဲ႔ ဥေရာပသမဂၢတို႔ရဲ႕ ထိပ္တန္းသံတမန္ေတြက အီရန္ကို တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
သတင္းရင္းျမစ္တစ္ခုက “ျပင္သစ္၊ ၿဗိတိန္၊ ဂ်ာမနီနဲ႔ ဥေရာပသမဂၢတို႔ရဲ႕ထိပ္တန္းသံတမန္ေတြဟာ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္မယ့္ ယႏၲရားကို အသုံးျပဳဖို႔ ၎တို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြကို ထပ္မံေျပာၾကား ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အီရန္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံနဲ႔ ေဆြးေႏြးပြဲေတြလုပ္ေဆာင္လိုေနေပမယ့္လည္း အေမရိကန္ဘက္က အလ်င္စလို လုပ္ေဆာင္သြားမွာ မဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး‌ေနာက္ တစ္ရက္အၾကာမွာ ယခုလို တိုက္တြန္းမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “အီရန္က အေမရိကန္နဲ႔ေဆြးေႏြးညႇိႏႈိင္းမႈေတြ ကို လုပ္ေဆာင္လိုေနပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဘက္က ေဆြးေႏြးမႈေတြအတြက္ အလ်င္စလိုလုပ္မွာ မဟုတ္ပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့လတုန္းက အေမရိကန္က အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေနရာ(၃)ခုကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ မႈနဲ႔အတူ အီရန္နဲ႔အေမရိကန္ၾကား လုပ္ေဆာင္လ်က္ရွိတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြ ရပ္ဆိုင္းသြားခဲ့တယ္လို႔ လည္း သိရပါတယ္။

Related news

© 2021. All rights reserved.