ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အမေရိကန်နဲ့ ဆော်ဒီအာရေးဗျတို့ အောင်မြင်စွာပြုလုပ်

101
Pika (NP News) - ဇူလိုင် ၂ဝ
အမေရိကန်နဲ့ဆော်ဒီအာရေးဗျနိုင်ငံတို့ဟာ ပူးတွဲရေကြောင်းလုံခြုံရေးလေ့ကျင့်မှုတွေရဲ့ နောက်ဆုံးအဆင့်ကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပြီးမြောက်မှုဟာ နှစ်နိုင်ငံကြားစစ်ဘက်ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမယ့် နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
တော်ဝင်ဆော်ဒီရေတပ်တပ်ဖွဲ့တွေနဲ့ အမေရိကန်ရေတပ်ဦးဆောင်တဲ့တပ်ဖွဲ့တို့ဟာ “Marine Defender 25” လို့ အမည်ပေးထားတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေထဲမှာ မိုင်းရှင်းလင်းရေးစစ်ဆင်ရေး၊ဖောက်ခွဲရေးပစ္စည်းတွေ ဖယ်ရှားမှု သင်တန်း၊ မောင်းသူမဲ့စနစ်တွေ ပေါင်းစပ်မှု၊ မြို့ပြတိုက်ခိုက်ရေးလေ့ကျင့်မှုတွေ နဲ့ ပူးတွဲရေကြောင်း ကင်းလှည့်မှု တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
အမေရိကန်ရေတပ်က “ဒီစစ်ရေးလေ့ကျင့်မှုတွေအတွင်း အမေရိကန် နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတို့ဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းမှုနဲ့ခေတ်မီစစ်ပွဲဆိုင်ရာ အဆင့်မြင့်စွမ်းရည်တွေကို ပြသနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို အေမရိကန္နဲ႔ ေဆာ္ဒီအာေရးဗ်တို႔ ေအာင္ျမင္စြာျပဳလုပ္
Pika (NP News) - ဇူလိုင္ ၂ဝ
အေမရိကန္နဲ႔ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔ဟာ ပူးတြဲေရေၾကာင္းလုံၿခဳံေရးေလ့က်င့္မႈေတြရဲ႕ ေနာက္ဆုံးအဆင့္ကို ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီၿပီးေျမာက္မႈဟာ ႏွစ္ႏိုင္ငံၾကားစစ္ဘက္ဆိုင္ရာ မိတ္ဖက္ဆက္ဆံေရးကို ပိုမိုနက္ရႈိင္းေစမယ့္ ေနာက္ထပ္ေျခလွမ္းသစ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ေတာ္ဝင္ေဆာ္ဒီေရတပ္တပ္ဖြဲ႕ေတြနဲ႔ အေမရိကန္ေရတပ္ဦးေဆာင္တဲ့တပ္ဖြဲ႕တို႔ဟာ “Marine Defender 25” လို႔ အမည္ေပးထားတဲ့ပူးတြဲစစ္ေရးေလ့က်င့္မႈကို ေအာင္ျမင္စြာလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အဲဒီပူးတြဲစစ္ေရးေလ့က်င့္မႈေတြထဲမွာ မိုင္းရွင္းလင္းေရးစစ္ဆင္ေရး၊ေဖာက္ခြဲေရးပစၥည္းေတြ ဖယ္ရွားမႈ သင္တန္း၊ ေမာင္းသူမဲ့စနစ္ေတြ ေပါင္းစပ္မႈ၊ ၿမိဳ႕ျပတိုက္ခိုက္ေရးေလ့က်င့္မႈေတြ နဲ႔ ပူးတြဲေရေၾကာင္း ကင္းလွည့္မႈ ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ေရတပ္က “ဒီစစ္ေရးေလ့က်င့္မႈေတြအတြင္း အေမရိကန္ နဲ႔ ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈ အားေကာင္းမႈနဲ႔ေခတ္မီစစ္ပြဲဆိုင္ရာ အဆင့္ျမင့္စြမ္းရည္ေတြကို ျပသႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။