တရုတ်နဲ့ပဋိပက္ခဖြစ်ပွားဖို့ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ တရုတ်(တိုင်ပေ)ဒုသမ္မတပြော

150
Pika (NP News) - ဇူလိုင် ၂ဝ
တရုတ်(တိုင်ပေ)အစိုးရဟာ တရုတ်နိုင်ငံနဲ့ ပဋိပက္ခဖြစ်ပွားဖို့ ကြိုးပမ်းမှာမဟုတ်သလို ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားလာအောင်လုပ်ဆောင်မှာလည်း မဟုတ်ဘူးလို့ တရုတ်(တိုင်ပေ)ဒုသမ္မတ Hsiao Bi-khim က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ဒါ့ပေမယ့်လည်း တရုတ်နိုင်ငံရဲ့ရန်လိုတဲ့စစ်ရေးအနေအထားတွေက ဆန့်ကျင်ဘက်အနေအထားတွေဖြစ်နေတယ် လို့လည်း Hsiao Bi-khim က ပြောကြားခဲ့ပါတယ်။ Hsiao Bi-khim ဟာ တိုင်ပေမြို့မှာ ကျင်းပခဲ့တဲ့ပွဲတစ်ခုမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အလားအလာရှိတဲ့ တရုတ်ရဲ့တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လေကြောင်းတိုက်ခိုက်မှုလေ့ကျင်ရေးတစ်ခုကို တရုတ်(တိုင်ပေ)ကျွန်းမှာ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ Hsiao Bi-khim ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)အစိုးရဟာ အမေရိကန်ထုတ် HIMARS ရော့ကတ်လောင်ချာတွေတပ်ဆင်ထားတဲ့ သမိုင်း တစ်လျှောက် ပထမဆုံး စစ်ဘက်ဆိုင်ရာ ယူနစ်တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version:
တ႐ုတ္နဲ႔ပဋိပကၡျဖစ္ပြားဖို႔ ႀကိဳးပမ္းမွာ မဟုတ္ဘူးလို႔ တ႐ုတ္(တိုင္ေပ)ဒုသမၼတေျပာ
Pika (NP News) - ဇူလိုင္ ၂ဝ
တ႐ုတ္(တိုင္ေပ)အစိုးရဟာ တ႐ုတ္ႏိုင္ငံနဲ႔ ပဋိပကၡျဖစ္ပြားဖို႔ ႀကိဳးပမ္းမွာမဟုတ္သလို ထိပ္တိုက္ေတြ႕ဆုံမႈေတြ ျဖစ္ပြားလာေအာင္လုပ္ေဆာင္မွာလည္း မဟုတ္ဘူးလို႔ တ႐ုတ္(တိုင္ေပ)ဒုသမၼတ Hsiao Bi-khim က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ဒါ့ေပမယ့္လည္း တ႐ုတ္ႏိုင္ငံရဲ႕ရန္လိုတဲ့စစ္ေရးအေနအထားေတြက ဆန႔္က်င္ဘက္အေနအထားေတြျဖစ္ေနတယ္ လို႔လည္း Hsiao Bi-khim က ေျပာၾကားခဲ့ပါတယ္။ Hsiao Bi-khim ဟာ တိုင္ေပၿမိဳ႕မွာ က်င္းပခဲ့တဲ့ပြဲတစ္ခုမွာ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အလားအလာရွိတဲ့ တ႐ုတ္ရဲ႕တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး ေလေၾကာင္းတိုက္ခိုက္မႈေလ့က်င္ေရးတစ္ခုကို တ႐ုတ္(တိုင္ေပ)ကြၽန္းမွာ လုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Hsiao Bi-khim ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)အစိုးရဟာ အေမရိကန္ထုတ္ HIMARS ေရာ့ကတ္ေလာင္ခ်ာေတြတပ္ဆင္ထားတဲ့ သမိုင္း တစ္ေလွ်ာက္ ပထမဆုံး စစ္ဘက္ဆိုင္ရာ ယူနစ္တစ္ခုကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။