ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများကို တစ်စုံတစ်ရာမှတ်ချက်ပြုပြောခြင်းမလုပ်ဆောင်ရန် အမေရိကန်အစိုးရ တားမြစ်ပိတ်ပင်

323

ဂျန်ဇက် (NP News) - ဇူလိုင် ၂ဝ
အမေရိကန်အစိုးရက အမေရိကန်သံတမန်များအနေဖြင့် ပြည်ပနိုင်ငံများ၏ရွေးကောက်ပွဲများတွင်တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းများ မလုပ်ဆောင်ရန် တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုသည် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံတမန်များကို ပြည်ပနိုင်ငံများ၏ရွေးကောက်ပွဲများကို မျှတမှုမရှိသည့် မှတ်ချက်ပေးခြင်း၊ သမာသမတ်မရှိသည့်ပြောဆိုခြင်းများမလုပ်ဆောင်ရန် ညွှန်ကြားလိုက် ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါအမိန့်ကို ဇူလိုင် (၁၇)ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားမရှိဘူးဆိုလျှင် လူမူကွန်ရက် (သို့) သက်ဆိုင်ရာနိုင်ငံ၏ရွေးကောက်ပွဲနှင့်ဆက်နွယ်သည့်ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ဖွယ်မရှိကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ‘တခြားနိုင်ငံတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သင့်တော်တဲ့မှတ်ချက် ပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့မက်ဆေ့ချ်ဟာ အတိုချုံးရမယ်။ အနိုင်ရတဲ့ ကိုယ်စား လှယ်လောင်းကို ချီးကျူးဂုဏ်ပြု တာမျိုးကိုပဲ အာရုံစိုက်ရမယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် မျှတမှုမရှိတာမျိုး၊ သမာသမတ် မရှိတာမျိုး ထင်မြင်သုံးသပ်ချက်ပေးတာမျိုး ရှောင်ရှားရမယ်’ ဟု ပြောသည်။
ထို့ပြင် သက်ဆိုင်ရာနိုင်ငံ၏ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မက်ဆေ့ချ်ပေးရာတွင်လည်း နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူမှသာ မက်ဆေ့ချ်ပေးပို့ရမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိကတာဝန်ရှိသူများ၏ ခွင့်ပြုချက်မရှိဘဲ ကြေညာချက်ထုတ်ပြန်ခြင်းများကို သံတမန်များလုပ်ဆောင်ရမည် မဟုတ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ‘တခြားနိုင်ငံတွေက ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်တဲ့အခါ အမေရိကန်နိုင်ငံဟာ သူ့ရဲ့ကိုယ်ပိုင်ဒီမိုကရေစီတန်ဖိုးတွေကို အခိုင်အမာဆုပ်ကိုင်ထားပြီး အဲဒီတန်ဖိုးတွေကို ဂုဏ်ပြုသွားရမယ်။ အမေရိကန်နိုင်ငံဟာ မဟာဗျူဟာအကျိုးစီးပွားကို လိုက်လျောညီထွေဖြစ်စေမယ့်နိုင်ငံတွေနဲ့ မိတ်ဖက်ပြုသွားမယ်’ ဟု ပြောသည်။

Zawgyi Version:
ျပည္ပႏိုင္ငံမ်ား၏ ေ႐ြးေကာက္ပြဲမ်ားကို တစ္စုံတစ္ရာမွတ္ခ်က္ျပဳေျပာျခင္းမလုပ္ေဆာင္ရန္ အေမရိကန္အစိုးရ တားျမစ္ပိတ္ပင္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂ဝ
အေမရိကန္အစိုးရက အေမရိကန္သံတမန္မ်ားအေနျဖင့္ ျပည္ပႏိုင္ငံမ်ား၏ေ႐ြးေကာက္ပြဲမ်ားတြင္တစ္စုံတစ္ရာ မွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ား မလုပ္ေဆာင္ရန္ တားျမစ္ပိတ္ပင္လိုက္ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး မာကို႐ူဘီယိုသည္ ကမာၻတစ္ဝန္းရွိ အေမရိကန္သံတမန္မ်ားကို ျပည္ပႏိုင္ငံမ်ား၏ေ႐ြးေကာက္ပြဲမ်ားကို မွ်တမႈမရွိသည့္ မွတ္ခ်က္ေပးျခင္း၊ သမာသမတ္မရွိသည့္ေျပာဆိုျခင္းမ်ားမလုပ္ေဆာင္ရန္ ၫႊန္ၾကားလိုက္ ေၾကာင္း သိရသည္။
အေမရိကန္အစိုးရသည္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနျဖင့္ အဆိုပါအမိန႔္ကို ဇူလိုင္ (၁၇)ရက္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး အေမရိကန္ႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒအက်ိဳးစီးပြားမရွိဘူးဆိုလွ်င္ လူမူကြန္ရက္ (သို႔) သက္ဆိုင္ရာႏိုင္ငံ၏ေ႐ြးေကာက္ပြဲႏွင့္ဆက္ႏြယ္သည့္ထုတ္ျပန္ခ်က္မ်ားကိုလည္း ထုတ္ျပန္ဖြယ္မရွိေၾကာင္း သိရသည္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ‘တျခားႏိုင္ငံေတြရဲ႕ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး သင့္ေတာ္တဲ့မွတ္ခ်က္ ျပဳမယ္ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕မက္ေဆ့ခ်္ဟာ အတိုခ်ဳံးရမယ္။ အႏိုင္ရတဲ့ ကိုယ္စား လွယ္ေလာင္းကို ခ်ီးက်ဴးဂုဏ္ျပဳ တာမ်ိဳးကိုပဲ အာ႐ုံစိုက္ရမယ္။ သက္ဆိုင္ရာႏိုင္ငံရဲ႕ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္အေပၚ မွ်တမႈမရွိတာမ်ိဳး၊ သမာသမတ္ မရွိတာမ်ိဳး ထင္ျမင္သုံးသပ္ခ်က္ေပးတာမ်ိဳး ေရွာင္ရွားရမယ္’ ဟု ေျပာသည္။
ထို႔ျပင္ သက္ဆိုင္ရာႏိုင္ငံ၏ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး မက္ေဆ့ခ်္ေပးရာတြင္လည္း ႏိုင္ငံျခားေရးဝန္ႀကီး သို႔မဟုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတာဝန္ရွိသူမွသာ မက္ေဆ့ခ်္ေပးပို႔ရမည္ျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အဓိကတာဝန္ရွိသူမ်ား၏ ခြင့္ျပဳခ်က္မရွိဘဲ ေၾကညာခ်က္ထုတ္ျပန္ျခင္းမ်ားကို သံတမန္မ်ားလုပ္ေဆာင္ရမည္ မဟုတ္ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ‘တျခားႏိုင္ငံေတြက ဒီမိုကေရစီလမ္းေၾကာင္းကို ေ႐ြးခ်ယ္တဲ့အခါ အေမရိကန္ႏိုင္ငံဟာ သူ႔ရဲ႕ကိုယ္ပိုင္ဒီမိုကေရစီတန္ဖိုးေတြကို အခိုင္အမာဆုပ္ကိုင္ထားၿပီး အဲဒီတန္ဖိုးေတြကို ဂုဏ္ျပဳသြားရမယ္။ အေမရိကန္ႏိုင္ငံဟာ မဟာဗ်ဴဟာအက်ိဳးစီးပြားကို လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ႏိုင္ငံေတြနဲ႔ မိတ္ဖက္ျပဳသြားမယ္’ ဟု ေျပာသည္။