ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီရုပ်ရှင်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လို

 164

စော(NP News)- ဇူလိုင် ၂၀

ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီသည့် ရုပ်ရှင်ရုံတစ်ခုအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌသည် ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများကို ယမန်နေ့ (ဇူလိုင် ၁၉ရက်)က သွားရောက်ကြည့်ရှုစဉ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့သွားရောက်ကြည့်ရှု့စဉ် နစကဥက္ကဋ္ဌက ရုပ်ရှင်ရုံအား အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီသည့် ရုပ်ရှင်ရုံတစ်ခုအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရုပ်ရှင်ရုံ၏ ယခင်မူလမှတ်တမ်းဓာတ်ပုံများအား ပြန်လည်စုဆောင်း၍ ယခင်ပုံစံအတိုင်း မူလလက်ရာမပျက်စေဘဲ စနစ်တကျဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် လိုကြောင်းလည်း ပြောကြားခဲ့သည်။
ရုပ်ရှင်ရုံပတ်ဝန်းကျင်၌ ကားရပ်နားရန် နေရာများ နှင့် အများပြည်သူ သွားလာမှုအဆင်ပြေစေရေး လူသွားစင်္ကြာများအား စနစ်တကျ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါဝဇီရာရုပ်ရှင်သည် (၁၉၂၃)ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး (၁၆)ရာစုမှ (၁၈)ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာအသွင်အပြင်များပေါင်းစပ်ထား သည့် Beaux Arts ဗိသုကာလက်ရာပုံစံများဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယင်းရုပ်ရှင်ရုံနှင့် ပတ်သက်သည့် အဆောက်အအုံဆိုင်ရာအချက်အလက်များ၊ ပုံစံကားချပ်များ၊ ဖျော်ဖြေတင်ဆင်မှုနှင့် ကြည့်ရှုအားပေးမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား မူရင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ဝဇီရာ႐ုပ္ရွင္႐ုံအား ႏိုင္ငံတကာအဆင့္မီ႐ုပ္ရွင္႐ုံအျဖစ္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္သြားရန္ လို
ေစာ(NP News)- ဇူလိုင္ ၂၀

ဝဇီရာ႐ုပ္ရွင္႐ုံအား ႏိုင္ငံတကာအဆင့္မီသည့္ ႐ုပ္ရွင္႐ုံတစ္ခုအျဖစ္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
နစကဥကၠ႒သည္ ရန္ကုန္ၿမိဳ႕ရွိ ဝဇီရာ႐ုပ္ရွင္႐ုံအား ဂုဏ္ျပဳခံကဇာတ္႐ုံအျဖစ္ အဆင့္ျမႇင့္တင္ႏိုင္မည့္အေျခအေနမ်ားကို ယမန္ေန႔ (ဇူလိုင္ ၁၉ရက္)က သြားေရာက္ၾကည့္ရႈစဥ္တြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔သြားေရာက္ၾကည့္ရႈ႕စဥ္ နစကဥကၠ႒က ႐ုပ္ရွင္႐ုံအား အဆင့္ျမႇင့္တင္ျခင္းေဆာင္႐ြက္ရာတြင္ ႏိုင္ငံတကာအဆင့္မီသည့္ ႐ုပ္ရွင္႐ုံတစ္ခုအျဖစ္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္သြားရန္ လိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႐ုပ္ရွင္႐ုံ၏ ယခင္မူလမွတ္တမ္းဓာတ္ပုံမ်ားအား ျပန္လည္စုေဆာင္း၍ ယခင္ပုံစံအတိုင္း မူလလက္ရာမပ်က္ေစဘဲ စနစ္တက်ျဖင့္ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္သြားရန္ လိုေၾကာင္းလည္း ေျပာၾကားခဲ့သည္။
႐ုပ္ရွင္႐ုံပတ္ဝန္းက်င္၌ ကားရပ္နားရန္ ေနရာမ်ား ႏွင့္ အမ်ားျပည္သူ သြားလာမႈအဆင္ေျပေစေရး လူသြားစၾကၤာမ်ားအား စနစ္တက် ေဆာင္႐ြက္ေပးသြားရန္ လိုအပ္ေၾကာင္းႏွင့္ အျခားလိုအပ္သည္မ်ားကို ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါဝဇီရာ႐ုပ္ရွင္သည္ (၁၉၂၃)ခုႏွစ္တြင္ တည္ေဆာက္ခဲ့ၿပီး (၁၆)ရာစုမွ (၁၈)ရာစုအတြင္းရွိ ျပင္သစ္ဗိသုကာအသြင္အျပင္မ်ားေပါင္းစပ္ထား သည့္ Beaux Arts ဗိသုကာလက္ရာပုံစံမ်ားျဖင့္ တည္ေဆာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ယင္း႐ုပ္ရွင္႐ုံႏွင့္ ပတ္သက္သည့္ အေဆာက္အအုံဆိုင္ရာအခ်က္အလက္မ်ား၊ ပုံစံကားခ်ပ္မ်ား၊ ေဖ်ာ္ေျဖတင္ဆင္မႈႏွင့္ ၾကည့္ရႈအားေပးမႈဆိုင္ရာ မွတ္တမ္းဓာတ္ပုံမ်ားအား မူရင္းျဖစ္ေစ၊ မိတၱဴပြား၍ျဖစ္ေစ၊ ျပန္ၾကားေရးႏွင့္ျပည့္သူ႔ဆက္ဆံေရးဦးစီးဌာနႏွင့္ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးသို႔ ဆက္သြယ္လႉဒါန္းႏိုင္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.