မိုးဗြဲ-နောင်ချိုအပြီး သပိတ်ကျင်းကို ထပ်မံသိမ်းပိုက်နိုင်ရန် သေချာလာ

1489

ပုံစာ။ ။ တပ်မတော်စစ်ကြောင်းများ ဧရာဝတီမြစ်ကြောင်းအတိုင်း ချီတက်နေစဉ်
သုတကျော် (NP News)
စစ်ဆင်ရေးကာလ (၁၁)လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး အကြိမ် (၂၀)၊ ထိတွေ့မှုပေါင်း(၅၆၆) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ (၁၆)ရက်တွင် တပ်မတော်က နောင်ချို မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့် နှစ် ဇွန်လ (၂၅)ရက်မှစတင်၍ မြို့နှင့်မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ရင်း/ တပ် ဖွဲ့၊ ဌာနချုပ်များကို TNLA ပူးပေါင်းအဖွဲ့က သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက် တိုက်ခိုက်မှု ကြောင့် ကြားခံစစ်အဆင့်ဆင့်ဖြင့် ခံစစ်ဆင်ဆုတ်ခွာကာ တောင်ခမ်းတပ်နယ်နှင့် ပြင်ဦးလွင် တပ်နယ်တို့ ရှိ နယ်မြေခံတပ်များနှင့်ပူးပေါင်း၍ တောင်ခမ်းနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် ထိစပ်နေသည့်ဒေသတို့၌ ယာယီခံစစ်ဆင်ကာ ပြန်လည်ခုခံခဲ့သည်။
ထို့နောက် ဩဂုတ်လ (၂၅)ရက်မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် နေရာများသို့ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter– Terrorism Operation) ဖြင့် တန်ပြန် တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ခဲ့သည်။ တောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင် ဟူးတစ်ဝိုက်ကို (၂၀၂၅) ခုနှစ် ဇူလိုင်လ (၈)ရက်တွင် လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ်အနီး တစ်ဝိုက်ကို ဇူလိုင်လ (၁၂)ရက်တွင်လည်းကောင်း၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါး ကျေးရွာအထိကို ဇွန်လ (၂၅) ရက်တွင်လည်း ကောင်း၊ ကျောက်ကြမ်းနေရာတစ်ဝိုက်ကို ဇူလိုင်လ (၁၅)ရက်တွင်လည်းကောင်း တိုက်ပွဲ များပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဆက်လက်၍ နောင်ချိုမြို့နှင့် အဆိုပါ ဒေသတစ်ဝိုက်ကို ပြန်လည်သိမ်းပိုက်ရရှိရေးအဆင့် ဆင့်ပစ်ကျင်းများတူး၍ ချဉ်းကပ်ခဲ့ပြီး တိုက် ခိုက်ခဲ့ရာ ထင်ရှားသည့်တိုက်ပွဲများအနေဖြင့် ငုံးမင်းစေတီ တိုက်ပွဲ၊ ပွိုင့် (၁၁၃၀)တိုက်ပွဲ၊ ဇေတဝန်ဘုရား ကုန်းတိုက်ပွဲ၊ မန်ကျည်းရေဘုန်းကြီးကျောင်းတိုက်ပွဲ၊ ထုံးဖိုစုကျေးရွာတိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်း တိုက်ပွဲ၊ နားရှိုးကျေးရွာတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီး ကျောင်းတိုက်ပွဲ၊ ဆယ်တောင်ပြည့်ဘုရားကုန်း တိုက် ပွဲ၊ မန်မော ကျေးရွာတိုက်ပွဲ၊ တောင်ရှည်ကျေးရွာတိုက်ပွဲ၊ ကျောက်ကြမ်းတိုက်ပွဲ၊ နမ့်ဆောင်ဟူး တိုက်ပွဲ၊ မျက်ချင်းနုတိုက်ပွဲ၊ ရွှေပြည်ညွန့်တိုက်ပွဲ၊ ရွှေသွန်းတိုက်ပွဲ၊ ကုန်းစံတိုက်ပွဲ၊ ဂုတ်ထိပ်တိုက်ပွဲ၊ ပွိုင့်-၁၁၁၈ တိုက်ပွဲများဖြစ်ပြီး တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်ကိုဆက်လက်ခုခံနိုင်ခြင်းမရှိတော့ဘဲ ရန်သူတို့မှာ ထိခိုက်ကျဆုံးများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သောကြောင့် နောင်ချို မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
“နောင်ချိုဖြစ်စဉ်မှာဆိုရင် ပြည်သူတွေက သတင်းအတိအကျနဲ့ကို ရန်သူ့နေရာကိုပေးတာ။ ဒီ ကောင်တွေ ဘက်မှာလည်း ပလောင်က PDF ကို အသုံးချတာ ပေါ်လွင်ခဲ့တယ်”ဟု နောင်ချိုမြို့တွင် တိုက်ပွဲများ ပြင်းထန်စဉ်အချိန်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောကြားထားခဲ့ဖူး သည်။
ဇူလိုင်လအတွင်း မိုးဗြဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် နောင်ချိုမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ကာ ထပ်မံ ၍ ရန်သူ့ လက်မှ အလုံးစုံ ထပ်မံ ထိန်းချုပ်နိုင်တော့ မည့် မြို့ကား သပိတ်ကျင်းမြို့ ဖြစ်လာတော့မည်ဖြစ်သည်။ သပိတ်ကျင်းမြို့သည် ဧရာဝတီမြစ်ကမ်းဘေး တွင် တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး နယ်စပ်မြို့ ဖြစ်သည်။ ရှမ်း - မန်း စစ်ဆင်ရေးဟုလည်း အမည်တစ်မျိုး ခေါ်ခဲ့ကြသည့် (၁၀၂၇)စစ်ဆင်ရေး ဒုတိယပိုင်းတွင် သပိတ်ကျင်း မြို့ကို MDY-PDF နှင့် လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး MDY-PDF အဖွဲ့မှာ TNLA ၏ လက်ဝေခံအဖြစ်လည်း လူသိများသည်။ သပိတ်ကျင်း မြို့နယ်တွင် ရွှေလုပ်ကွက်ပေါင်း (၇) ကွက်ခန့် ရှိ နေရာ ရွှေထွက်ကောင်းသော နေရာများကို MDY-PDF က လက်ဝါးကြီးအုပ်လုပ်ပိုင်ခွင့်ချပေးနေပြီး တစ် နိုင်တစ်ပိုင်သမားများကို ရွှေထုတ်ယူပါက လေးပုံ သုံးပုံဖြတ်ယူသောကြောင့် ယင်းအဖွဲ့ကို မကျေနပ်မှု များ ရှိနေသည်။
ဇွန်လပိုင်းမှ စတင်ကာတိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာခဲ့သော သပိတ်ကျင်းမြို့တွင် တပ်မတော်မှ စစ်ကြောင်းများက ရှေ့သို့တိုးလာနိုင်ခဲ့ပြီး ယခု ဆောင်းပါးရေးသားချိန် ဇူလိုင်လ (၁၈)ရက် တွင် တပ်မ တော် စစ်ကြောင်းများက လေးမိုင်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယင်း လေးမိုင် မှ အကျော်တွင်ကား ကုန်းဆင်းသာ ဖြစ်သောကြောင့် မြို့ကိုထိန်းချုပ်ရန် လက်တစ်ကမ်းအလိုတွင် ရောက် နေပြီဟု ဆိုရပေတော့မည်။
“အင်နဲ့ အားနဲ့ ဆို ခဏပဲ။ သပိတ်ကျင်း မှာ သူတို့ခံနေတာက ငါးမိုင်တို့ လေးမိုင်တို့ ခြောက်မိုင် တို့ပဲ။ အဓိက ခံထားတာမရှိဘူး။ တအားကြီး တိုက် စရာမလိုတော့ဘူး” ဟု စစ်ရေးသတင်းရင်းမြစ် တစ် ဦးက ဆိုသည်။
ဧရာဝတီမြစ်ကမ်းတွင် မေးတင်ထားသော မြို့ဖြစ်လေရာ PDF တို့အနေဖြင့် တပ်မတော်၏ ဝိုင်း ပတ်ထိုးစစ်ကိုမခံနိုင်၍ စဉ့်ကူးမှဆုတ်ခွာ ထွက်ပြေးမည်ဆိုပါက မြစ်သာလျှင်ရှိတော့သည်။ သို့သော် မြစ် အတွင်းမှာလည်း တပ်မတော်က နေရာ ယူမည်ဆိုလျှင် ပြေးပေါက်ပိတ်မည့် အခြေအနေကို ကြုံရဖွယ် ရှိ၏။ တပ်မတော်အနေဖြင့်လည်း မြစ်ကြောင်းကို အသုံးပြုကာ အင်အား ဖြည့်တင်းခြင်းကို ဆောင်ရွက် နေရာ ယင်းသည်လည်း အချက်တစ်ချက်ဖြစ်လာနိုင်သည်။ လက်ရှိတွင်လည်း လေကြောင်း ပစ်ကူအရံ ပါသော တပ်မတော်(ရေ)မှ စစ်သင်္ဘော များပါဝင်သော ရေယာဉ်စုသည် ဧရာဝတီမြစ်အတိုင်း ဆန်တက် နေပြီ ဖြစ်၏။
သပိတ်ကျင်းမြို့ကိုရပြီဆိုပါက ယင်းမှာ မြို့တစ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းထက် များစွာ အဓိပ္ပာယ်ရှိနေသည်။ ယင်းဒေသတွင် MDY-PDF နှင့် အခြားသော PDF အဖွဲ့များ သာမက KIA ၊ TNLA တို့လည်း ရောနှောနေရာ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပါက ယင်းအဖွဲ့တို့၏ ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းကို ကောင်းစွာ ဖြတ်တောက်နိုင်တော့မည်ဖြစ်သည်။ ထို့ပြင် မိုးကုတ် ကို ပြန်လည်ထိန်း ချုပ်ရန်အတွက်လည်း ပိုမိုလမ်းပွင့်သွားမည်ဖြစ်သည်။ “သပိတ်ကျင်း ပြီးရင် မိုးကုတ်၊ မိုးမိတ်ဘက် လုပ်မယ်ထင်တယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
နောင်ချိုမြို့ဘက်တွင် အောင်ပွဲရခဲ့သော တပ်မတော်သားများအနေဖြင့် ကျောက်မဲမြို့နှင့် သီပေါ မြို့ဘက်သို့ ဆက်လက် ထိုးစစ်ဆင်ဖွယ်ရှိလေရာ သပိတ်ကျင်းကို တပ်မတော်က ရပြီးပါက အကြမ်း ဖက်အားပေးများဘက်တွင် ယခင်က မန္တလေးမြို့အနီး ရောက်ပြီဟုဆိုကာ ကြွေးကြော်ခဲ့ကြသော မတ္တ ရာ မြို့နယ်မှ ၎င်းတို့ လက်နက်ကိုင်အဖွဲ့များမှာ အဝိုင်းခံရသည့် သဘောသက်ရောက်ကာ ထောက်ပံ့ ပို့ဆောင်ရေးလမ်းကြောင်း ထိခိုက်မည်ဖြစ်သည်။
တစ်ဖန် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားသော PDF လက် နက်ကိုင်များဘက်တွင်လည်း တပ်မတော်၏အောင်ပွဲကများစွာ အကျိုးသက်ရောက်မှုရှိနေသည်။ မတ္တရာ တစ်ဖက်ကမ်းက စစ်ကိုင်းမြို့နယ်တွင် လှုပ်ရှားနေသောအဖွဲ့အတွက်လည်း ထောက်ပံ့ပို့ဆောင်ရေး လမ်း ကြောင်းပြတ်တောက်မှုအနည်းနှင့် အများဖြစ်လာနိုင်ဖွယ်ရှိသည်။ ထို့ပြင် တပ်မတော် စစ်ကြောင်းများ ကလည်း ယင်းဘက်တွင် လက်နက်ကိုင်အဖွဲ့များ၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ဖြတ် တောက်ခြင်းများရှိနေရာ သပိတ်ကျင်း မြို့ကို ရပြီးနောက် နောက်ဆက်တွဲ သက်ရောက်မှုကား တဖြည်း ဖြည်း ကြီးမားလာပေလိမ့်မည်။ လက်ရှိတွင်လည်း စပင်စနေပြီဟု ဆိုရမည့်အခြေအနေဖြစ်သည်။ “စစ် ကိုင်းဘက်မှာ PDF က ဓားစားခံ သဘောမျိုး ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပြီး ပြေးနေရတာ ရှိတယ်။ အဲဒီဘက်မှာလည်း တပ်က သူတို့ PDF ရဲ့ ထောက်ပို့လမ်းကြောင်း အသက်သွေးကြောတွေကိုလည်း ဖြတ်နေတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
သပိတ်ကျင်း၏ အထက်ဘက်တွင်ကား KIA ၊ TNLA ၊ AA နှင့် PDF တို့ အကြိမ်ကြိမ်ပေါင်း တိုက်ခဲ့ သော်လည်း မြို့သာနာပြီး လုံးဝတိုက်မရခဲ့သော ထီးချိုင့်မြို့ရှိ၏။ ယင်း၏ အထက်ဘက်တွင် ကား လက် ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့တည်ရှိလေရာ ယင်းမြို့တို့မှ လက်နက်ကိုင်များ၏ ကံကြ မ္မာမှာလည်း သပိတ်ကျင်းမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခြင်းနှင့် အနည်းအများ သက်ဆိုင် နေပေသည်။
သပိတ်ကျင်းကား မြို့ငယ်တစ်မြို့ မျှသာ ဖြစ်သော်လည်း ယင်းမြို့၏ အချက်အချာကျသော အနေအထားက ထိစပ်ရာဒေသများအတွက် ကောင်း စွာ အကျိုးသက်ရောက်မှု ရှိနေပေသည်။ ယင်း မြို့ကို တပ်မတော်က ထိန်းချုပ်ပြီးပါက သူပုန်သူကန်တို့၏ ရင်အတွင်း မြားနက်နက်စူးခြင်း ဖြစ်ပေလိမ့် မည်။

Zawgyi Version:
မိုးၿဗဲ-ေနာင္ခ်ိဳအၿပီး သပိတ္က်င္းကို ထပ္မံသိမ္းပိုက္ႏိုင္ရန္ ေသခ်ာလာ
သုတေက်ာ္ (NP News)
စစ္ဆင္ေရးကာလ (၁၁)လအတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး အႀကိမ္ (၂၀)၊ ထိေတြ႕မႈေပါင္း(၅၆၆) ႀကိမ္ျဖစ္ပြားခဲ့ၿပီးေနာက္ ဇူလိုင္လ (၁၆)ရက္တြင္ တပ္မေတာ္က ေနာင္ခ်ိဳ ၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္သည္။
ၿပီးခဲ့သည့္ ႏွစ္ ဇြန္လ (၂၅)ရက္မွစတင္၍ ၿမိဳ႕ႏွင့္ၿမိဳ႕လုံၿခဳံေရး ေဆာင္႐ြက္ေနသည့္ တပ္ရင္း/ တပ္ ဖြဲ႕၊ ဌာနခ်ဳပ္မ်ားကို TNLA ပူးေပါင္းအဖြဲ႕က သာလြန္အင္အားျဖင့္ အလစ္အငိုက္ လာေရာက္ တိုက္ခိုက္မႈ ေၾကာင့္ ၾကားခံစစ္အဆင့္ဆင့္ျဖင့္ ခံစစ္ဆင္ဆုတ္ခြာကာ ေတာင္ခမ္းတပ္နယ္ႏွင့္ ျပင္ဦးလြင္ တပ္နယ္တို႔ ရွိ နယ္ေျမခံတပ္မ်ားႏွင့္ပူးေပါင္း၍ ေတာင္ခမ္းႏွင့္ ျပင္ဦးလြင္-ေနာင္ခ်ိဳၿမိဳ႕နယ္ ထိစပ္ေနသည့္ေဒသတို႔၌ ယာယီခံစစ္ဆင္ကာ ျပန္လည္ခုခံခဲ့သည္။
ထို႔ေနာက္ ဩဂုတ္လ (၂၅)ရက္မွစ၍ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိန္းခ်ဳပ္ထားသည့္ ေနရာမ်ားသို႔ အၾကမ္းဖက္ေခ်မႈန္းေရး စစ္ဆင္ေရး (Counter– Terrorism Operation) ျဖင့္ တန္ျပန္ တိုက္စစ္မ်ား အဆင့္ဆင့္တိုက္ခိုက္ခဲ့သည္။ ေတာင္ခမ္း-ကံႀကီး-ေနာင္ခ်ိဳ လမ္းေၾကာင္းရွိ နမ့္ေဆာင္ ဟူးတစ္ဝိုက္ကို (၂၀၂၅) ခုႏွစ္ ဇူလိုင္လ (၈)ရက္တြင္ လည္းေကာင္း၊ ေတာင္ခမ္း-ေ႐ႊသြန္း-ဂုတ္ထိပ္-ေနာင္ခ်ိဳ လမ္းေၾကာင္းရွိ ဂုတ္ထိပ္အနီး တစ္ဝိုက္ကို ဇူလိုင္လ (၁၂)ရက္တြင္လည္းေကာင္း၊ ျပင္ဦးလြင္-ေနာင္ခ်ိဳ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ရွိ အုမၼသီးလမ္းခြဲမွ အုမၼခါး ေက်း႐ြာအထိကို ဇြန္လ (၂၅) ရက္တြင္လည္း ေကာင္း၊ ေက်ာက္ၾကမ္းေနရာတစ္ဝိုက္ကို ဇူလိုင္လ (၁၅)ရက္တြင္လည္းေကာင္း တိုက္ပြဲ မ်ားျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ေအာင္ျမင္စြာ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ဆက္လက္၍ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ အဆိုပါ ေဒသတစ္ဝိုက္ကို ျပန္လည္သိမ္းပိုက္ရရွိေရးအဆင့္ ဆင့္ပစ္က်င္းမ်ားတူး၍ ခ်ဥ္းကပ္ခဲ့ၿပီး တိုက္ ခိုက္ခဲ့ရာ ထင္ရွားသည့္တိုက္ပြဲမ်ားအေနျဖင့္ ငုံးမင္းေစတီ တိုက္ပြဲ၊ ပြိဳင့္ (၁၁၃၀)တိုက္ပြဲ၊ ေဇတဝန္ဘုရား ကုန္းတိုက္ပြဲ၊ မန္က်ည္းေရဘုန္းႀကီးေက်ာင္းတိုက္ပြဲ၊ ထုံးဖိုစုေက်း႐ြာတိုက္ပြဲ၊ ကေမာၻဇဘုန္းႀကီးေက်ာင္း တိုက္ပြဲ၊ နားရႈိးေက်း႐ြာတိုက္ပြဲ၊ ေ႐ႊစံေဖာ္ဘုန္းႀကီး ေက်ာင္းတိုက္ပြဲ၊ ဆယ္ေတာင္ျပည့္ဘုရားကုန္း တိုက္ ပြဲ၊ မန္ေမာ ေက်း႐ြာတိုက္ပြဲ၊ ေတာင္ရွည္ေက်း႐ြာတိုက္ပြဲ၊ ေက်ာက္ၾကမ္းတိုက္ပြဲ၊ နမ့္ေဆာင္ဟူး တိုက္ပြဲ၊ မ်က္ခ်င္းႏုတိုက္ပြဲ၊ ေ႐ႊျပည္ၫြန႔္တိုက္ပြဲ၊ ေ႐ႊသြန္းတိုက္ပြဲ၊ ကုန္းစံတိုက္ပြဲ၊ ဂုတ္ထိပ္တိုက္ပြဲ၊ ပြိဳင့္-၁၁၁၈ တိုက္ပြဲမ်ားျဖစ္ၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ား၏ တန္ျပန္ထိုးစစ္ကိုဆက္လက္ခုခံႏိုင္ျခင္းမရွိေတာ့ဘဲ ရန္သူတို႔မွာ ထိခိုက္က်ဆုံးမ်ားစြာျဖင့္ ကစဥ့္ကလ်ား ဆုတ္ခြာထြက္ေျပးသြားခဲ့ေသာေၾကာင့္ ေနာင္ခ်ိဳ ၿမိဳ႕ကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
“ေနာင္ခ်ိဳျဖစ္စဥ္မွာဆိုရင္ ျပည္သူေတြက သတင္းအတိအက်နဲ႔ကို ရန္သူ႔ေနရာကိုေပးတာ။ ဒီ ေကာင္ေတြ ဘက္မွာလည္း ပေလာင္က PDF ကို အသုံးခ်တာ ေပၚလြင္ခဲ့တယ္”ဟု ေနာင္ခ်ိဳၿမိဳ႕တြင္ တိုက္ပြဲမ်ား ျပင္းထန္စဥ္အခ်ိန္က စစ္ေရးသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာၾကားထားခဲ့ဖူး သည္။
ဇူလိုင္လအတြင္း မိုးၿဗဲၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ေနာင္ခ်ိဳၿမိဳ႕ကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္ခဲ့ကာ ထပ္မံ ၍ ရန္သူ႔ လက္မွ အလုံးစုံ ထပ္မံ ထိန္းခ်ဳပ္ႏိုင္ေတာ့ မည့္ ၿမိဳ႕ကား သပိတ္က်င္းၿမိဳ႕ ျဖစ္လာေတာ့မည္ျဖစ္သည္။ သပိတ္က်င္းၿမိဳ႕သည္ ဧရာဝတီျမစ္ကမ္းေဘး တြင္ တည္ရွိၿပီး စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီး နယ္စပ္ၿမိဳ႕ ျဖစ္သည္။ ရွမ္း - မန္း စစ္ဆင္ေရးဟုလည္း အမည္တစ္မ်ိဳး ေခၚခဲ့ၾကသည့္ (၁၀၂၇)စစ္ဆင္ေရး ဒုတိယပိုင္းတြင္ သပိတ္က်င္း ၿမိဳ႕ကို MDY-PDF ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားက ထိန္းခ်ဳပ္ခဲ့ျခင္းျဖစ္ၿပီး MDY-PDF အဖြဲ႕မွာ TNLA ၏ လက္ေဝခံအျဖစ္လည္း လူသိမ်ားသည္။ သပိတ္က်င္း ၿမိဳ႕နယ္တြင္ ေ႐ႊလုပ္ကြက္ေပါင္း (၇) ကြက္ခန႔္ ရွိ ေနရာ ေ႐ႊထြက္ေကာင္းေသာ ေနရာမ်ားကို MDY-PDF က လက္ဝါးႀကီးအုပ္လုပ္ပိုင္ခြင့္ခ်ေပးေနၿပီး တစ္ ႏိုင္တစ္ပိုင္သမားမ်ားကို ေ႐ႊထုတ္ယူပါက ေလးပုံ သုံးပုံျဖတ္ယူေသာေၾကာင့္ ယင္းအဖြဲ႕ကို မေက်နပ္မႈ မ်ား ရွိေနသည္။
ဇြန္လပိုင္းမွ စတင္ကာတိုက္ပြဲမ်ား ခပ္စိပ္စိပ္ျဖစ္လာခဲ့ေသာ သပိတ္က်င္းၿမိဳ႕တြင္ တပ္မေတာ္မွ စစ္ေၾကာင္းမ်ားက ေရွ႕သို႔တိုးလာႏိုင္ခဲ့ၿပီး ယခု ေဆာင္းပါးေရးသားခ်ိန္ ဇူလိုင္လ (၁၈)ရက္ တြင္ တပ္မ ေတာ္ စစ္ေၾကာင္းမ်ားက ေလးမိုင္အထိ ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း သိရသည္။ ယင္း ေလးမိုင္ မွ အေက်ာ္တြင္ကား ကုန္းဆင္းသာ ျဖစ္ေသာေၾကာင့္ ၿမိဳ႕ကိုထိန္းခ်ဳပ္ရန္ လက္တစ္ကမ္းအလိုတြင္ ေရာက္ ေနၿပီဟု ဆိုရေပေတာ့မည္။
“အင္နဲ႔ အားနဲ႔ ဆို ခဏပဲ။ သပိတ္က်င္း မွာ သူတို႔ခံေနတာက ငါးမိုင္တို႔ ေလးမိုင္တို႔ ေျခာက္မိုင္ တို႔ပဲ။ အဓိက ခံထားတာမရွိဘူး။ တအားႀကီး တိုက္ စရာမလိုေတာ့ဘူး” ဟု စစ္ေရးသတင္းရင္းျမစ္ တစ္ ဦးက ဆိုသည္။
ဧရာဝတီျမစ္ကမ္းတြင္ ေမးတင္ထားေသာ ၿမိဳ႕ျဖစ္ေလရာ PDF တို႔အေနျဖင့္ တပ္မေတာ္၏ ဝိုင္း ပတ္ထိုးစစ္ကိုမခံႏိုင္၍ စဥ့္ကူးမွဆုတ္ခြာ ထြက္ေျပးမည္ဆိုပါက ျမစ္သာလွ်င္ရွိေတာ့သည္။ သို႔ေသာ္ ျမစ္ အတြင္းမွာလည္း တပ္မေတာ္က ေနရာ ယူမည္ဆိုလွ်င္ ေျပးေပါက္ပိတ္မည့္ အေျခအေနကို ႀကဳံရဖြယ္ ရွိ၏။ တပ္မေတာ္အေနျဖင့္လည္း ျမစ္ေၾကာင္းကို အသုံးျပဳကာ အင္အား ျဖည့္တင္းျခင္းကို ေဆာင္႐ြက္ ေနရာ ယင္းသည္လည္း အခ်က္တစ္ခ်က္ျဖစ္လာႏိုင္သည္။ လက္ရွိတြင္လည္း ေလေၾကာင္း ပစ္ကူအရံ ပါေသာ တပ္မေတာ္(ေရ)မွ စစ္သေဘၤာ မ်ားပါဝင္ေသာ ေရယာဥ္စုသည္ ဧရာဝတီျမစ္အတိုင္း ဆန္တက္ ေနၿပီ ျဖစ္၏။
သပိတ္က်င္းၿမိဳ႕ကိုရၿပီဆိုပါက ယင္းမွာ ၿမိဳ႕တစ္ၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ျခင္းထက္ မ်ားစြာ အဓိပၸာယ္ရွိေနသည္။ ယင္းေဒသတြင္ MDY-PDF ႏွင့္ အျခားေသာ PDF အဖြဲ႕မ်ား သာမက KIA ၊ TNLA တို႔လည္း ေရာေႏွာေနရာ ၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ပါက ယင္းအဖြဲ႕တို႔၏ ေထာက္ပံ့ ပို႔ေဆာင္ေရး လမ္းေၾကာင္းကို ေကာင္းစြာ ျဖတ္ေတာက္ႏိုင္ေတာ့မည္ျဖစ္သည္။ ထို႔ျပင္ မိုးကုတ္ ကို ျပန္လည္ထိန္း ခ်ဳပ္ရန္အတြက္လည္း ပိုမိုလမ္းပြင့္သြားမည္ျဖစ္သည္။ “သပိတ္က်င္း ၿပီးရင္ မိုးကုတ္၊ မိုးမိတ္ဘက္ လုပ္မယ္ထင္တယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ေနာင္ခ်ိဳၿမိဳ႕ဘက္တြင္ ေအာင္ပြဲရခဲ့ေသာ တပ္မေတာ္သားမ်ားအေနျဖင့္ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါ ၿမိဳ႕ဘက္သို႔ ဆက္လက္ ထိုးစစ္ဆင္ဖြယ္ရွိေလရာ သပိတ္က်င္းကို တပ္မေတာ္က ရၿပီးပါက အၾကမ္း ဖက္အားေပးမ်ားဘက္တြင္ ယခင္က မႏၲေလးၿမိဳ႕အနီး ေရာက္ၿပီဟုဆိုကာ ေႂကြးေၾကာ္ခဲ့ၾကေသာ မတၱ ရာ ၿမိဳ႕နယ္မွ ၎တို႔ လက္နက္ကိုင္အဖြဲ႕မ်ားမွာ အဝိုင္းခံရသည့္ သေဘာသက္ေရာက္ကာ ေထာက္ပံ့ ပို႔ေဆာင္ေရးလမ္းေၾကာင္း ထိခိုက္မည္ျဖစ္သည္။
တစ္ဖန္ ဧရာဝတီျမစ္တစ္ဖက္ကမ္းမွ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း လႈပ္ရွားေသာ PDF လက္ နက္ကိုင္မ်ားဘက္တြင္လည္း တပ္မေတာ္၏ေအာင္ပြဲကမ်ားစြာ အက်ိဳးသက္ေရာက္မႈရွိေနသည္။ မတၱရာ တစ္ဖက္ကမ္းက စစ္ကိုင္းၿမိဳ႕နယ္တြင္ လႈပ္ရွားေနေသာအဖြဲ႕အတြက္လည္း ေထာက္ပံ့ပို႔ေဆာင္ေရး လမ္း ေၾကာင္းျပတ္ေတာက္မႈအနည္းႏွင့္ အမ်ားျဖစ္လာႏိုင္ဖြယ္ရွိသည္။ ထို႔ျပင္ တပ္မေတာ္ စစ္ေၾကာင္းမ်ား ကလည္း ယင္းဘက္တြင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ေထာက္ပံ့ပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ားကို ျဖတ္ ေတာက္ျခင္းမ်ားရွိေနရာ သပိတ္က်င္း ၿမိဳ႕ကို ရၿပီးေနာက္ ေနာက္ဆက္တြဲ သက္ေရာက္မႈကား တျဖည္း ျဖည္း ႀကီးမားလာေပလိမ့္မည္။ လက္ရွိတြင္လည္း စပင္စေနၿပီဟု ဆိုရမည့္အေျခအေနျဖစ္သည္။ “စစ္ ကိုင္းဘက္မွာ PDF က ဓားစားခံ သေဘာမ်ိဳး ဖမ္းထားတဲ့သူေတြကို ျပန္လႊတ္ၿပီး ေျပးေနရတာ ရွိတယ္။ အဲဒီဘက္မွာလည္း တပ္က သူတို႔ PDF ရဲ႕ ေထာက္ပို႔လမ္းေၾကာင္း အသက္ေသြးေၾကာေတြကိုလည္း ျဖတ္ေနတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
သပိတ္က်င္း၏ အထက္ဘက္တြင္ကား KIA ၊ TNLA ၊ AA ႏွင့္ PDF တို႔ အႀကိမ္ႀကိမ္ေပါင္း တိုက္ခဲ့ ေသာ္လည္း ၿမိဳ႕သာနာၿပီး လုံးဝတိုက္မရခဲ့ေသာ ထီးခ်ိဳင့္ၿမိဳ႕ရွိ၏။ ယင္း၏ အထက္ဘက္တြင္ ကား လက္ ရွိတြင္ တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ ဗန္းေမာ္ၿမိဳ႕တည္ရွိေလရာ ယင္းၿမိဳ႕တို႔မွ လက္နက္ကိုင္မ်ား၏ ကံၾက မၼာမွာလည္း သပိတ္က်င္းၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ျခင္းႏွင့္ အနည္းအမ်ား သက္ဆိုင္ ေနေပသည္။
သပိတ္က်င္းကား ၿမိဳ႕ငယ္တစ္ၿမိဳ႕ မွ်သာ ျဖစ္ေသာ္လည္း ယင္းၿမိဳ႕၏ အခ်က္အခ်ာက်ေသာ အေနအထားက ထိစပ္ရာေဒသမ်ားအတြက္ ေကာင္း စြာ အက်ိဳးသက္ေရာက္မႈ ရွိေနေပသည္။ ယင္း ၿမိဳ႕ကို တပ္မေတာ္က ထိန္းခ်ဳပ္ၿပီးပါက သူပုန္သူကန္တို႔၏ ရင္အတြင္း ျမားနက္နက္စူးျခင္း ျဖစ္ေပလိမ့္ မည္။