ကျောက်ဖြူတိုက်ပွဲတွင် AA တပ်သားအချို့ စစ်မတိုက်လိုမူများရှိလာနေ

4406

သက်ပိုင် (NP News)-ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း AA အဖွဲ့မှ တပ် သားအချို့ စစ်မတိုက်လိုသည့်အတွက် အရေးယူခံရမှုများရှိလာနေကြောင်း NP News မှ စုံစမ်းမေးမြန်း ချက်များအရ သိရသည်။
ကျောက်ဖြူမြို့ကို လာရောက်တိုက်ခိုက်နေသည့် AA အဖွဲ့တွင်ပါဝင်သော တပ်သားအချို့မှာ စစ်တိုက်ရန် ငြင်းဆိုမှုများ ရှိလာနေသောကြောင့် ထောင်သွင်းအကျဉ်းချခံရမှုများရှိလာနေကြောင်း ခိုင်လုံသော သတင်းရင်းမြစ်ကဆိုသည်။
“စစ်တိုက်ခိုင်းတာကို မတိုက်တော့ဘူးဆိုပြီး သူ့ရဲ့အထက်လူကြီးကို အခါခါငြင်းတဲ့အတွက် အာဏာဖီဆန်တယ်ဆိုပြီး သူတို့ကို တောထဲက ထောင်မှာအကျဉ်းချခံထားရတယ်လို့ သိရတယ်။ သူတို့ က အမ်းတိုက်ပွဲမှာတုန်းကလည်း ပါခဲ့တဲ့သူတွေပါပဲ။ ဒါပေမဲ့ အခုကျောက်ဖြူတိုက်ပွဲမှာကျတော့ လုံးဝ တိုက်ခိုင်းလို့ မရတော့ဘူးလို့ ကြား တယ်။ ဘာကြောင့် မတိုက်ချင်တော့ဘူးလဲဆိုတာ ကိုတော့ မသိရ ဘူး” ဟု ၎င်းကဆိုသည်။
AA အနေဖြင့် ကျောက်ဖြူမြို့နယ်ကို ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်မှ စတင် ကာ တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ လနှင့် မတ်လတို့တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော် လည်း တပ်မတော်၏ ပြန်လည်တိုက်ခိုက်မှု များကြောင့် မေလနှောင်းပိုင်းမှစတင်ကာ တိုက်ခိုက်မှု လျော့ ကျသွားခဲ့ကြောင်း စစ်ရေးလေ့လာသူများနှင့် ဒေသခံများကဆိုသည်။ “အမ်းနဲ့ ကျောက်ဖြူတိုက်ပွဲရဲ့ ကွာ ခြားချက်က တပ်မတော်ဘက်က သုံးလာတဲ့ ဒရုန်းစွမ်းရည်နဲ့ ဆိုင်တယ်လို့ ပြောရမယ်။ အမ်းမကျ ခင် တုန်းက တပ်မတော်ဘက်က ဒရုန်းတွေအများကြီး သုံးတာ မတွေ့ခဲ့ရဘူး။ ကျောက်ဖြူတိုက်ပွဲမှာတော့ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ အားကောင်းလာတဲ့ အတွက် AA တွေ တော်တော်အထိနာနေတယ်လို့ သိရ တယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ် ပြောဆိုသည်။ လက်ရှိတွင် AA အဖွဲ့အနေဖြင့် ကျောက် ဖြူမြို့နယ် ဓညဝတီ ရေတပ်ဌာနချုပ်သို့ ဦးတည်၍သော်လည်းကောင်း၊ အမှတ် (၃၂) ရဲတပ်ရင်း ကို ဦး တည်၍ သော်လည်းကောင်း၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ(OGT) သို့ဦးတည်၍သော်လည်း ကောင်း ဦးတည်ချက် သုံးခုထားကာ တိုက်ခိုက်လျက် ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုထား သည်။

Zawgyi Version:
ေက်ာက္ျဖဴတိုက္ပြဲတြင္ AA တပ္သားအခ်ိဳ႕ စစ္မတိုက္လိုမူမ်ားရွိလာေန
သက္ပိုင္ (NP News)-ဇူလိုင္ ၂၁
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္တြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားအတြင္း AA အဖြဲ႕မွ တပ္ သားအခ်ိဳ႕ စစ္မတိုက္လိုသည့္အတြက္ အေရးယူခံရမႈမ်ားရွိလာေနေၾကာင္း NP News မွ စုံစမ္းေမးျမန္း ခ်က္မ်ားအရ သိရသည္။
ေက်ာက္ျဖဴၿမိဳ႕ကို လာေရာက္တိုက္ခိုက္ေနသည့္ AA အဖြဲ႕တြင္ပါဝင္ေသာ တပ္သားအခ်ိဳ႕မွာ စစ္တိုက္ရန္ ျငင္းဆိုမႈမ်ား ရွိလာေနေသာေၾကာင့္ ေထာင္သြင္းအက်ဥ္းခ်ခံရမႈမ်ားရွိလာေနေၾကာင္း ခိုင္လုံေသာ သတင္းရင္းျမစ္ကဆိုသည္။
“စစ္တိုက္ခိုင္းတာကို မတိုက္ေတာ့ဘူးဆိုၿပီး သူ႔ရဲ႕အထက္လူႀကီးကို အခါခါျငင္းတဲ့အတြက္ အာဏာဖီဆန္တယ္ဆိုၿပီး သူတို႔ကို ေတာထဲက ေထာင္မွာအက်ဥ္းခ်ခံထားရတယ္လို႔ သိရတယ္။ သူတို႔ က အမ္းတိုက္ပြဲမွာတုန္းကလည္း ပါခဲ့တဲ့သူေတြပါပဲ။ ဒါေပမဲ့ အခုေက်ာက္ျဖဴတိုက္ပြဲမွာက်ေတာ့ လုံးဝ တိုက္ခိုင္းလို႔ မရေတာ့ဘူးလို႔ ၾကား တယ္။ ဘာေၾကာင့္ မတိုက္ခ်င္ေတာ့ဘူးလဲဆိုတာ ကိုေတာ့ မသိရ ဘူး” ဟု ၎ကဆိုသည္။
AA အေနျဖင့္ ေက်ာက္ျဖဴၿမိဳ႕နယ္ကို ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၂) ရက္မွ စတင္ ကာ တိုက္ခိုက္လာခဲ့ျခင္းျဖစ္ၿပီး ေဖေဖာ္ဝါရီ လႏွင့္ မတ္လတို႔တြင္ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့ေသာ္ လည္း တပ္မေတာ္၏ ျပန္လည္တိုက္ခိုက္မႈ မ်ားေၾကာင့္ ေမလေႏွာင္းပိုင္းမွစတင္ကာ တိုက္ခိုက္မႈ ေလ်ာ့ က်သြားခဲ့ေၾကာင္း စစ္ေရးေလ့လာသူမ်ားႏွင့္ ေဒသခံမ်ားကဆိုသည္။ “အမ္းနဲ႔ ေက်ာက္ျဖဴတိုက္ပြဲရဲ႕ ကြာ ျခားခ်က္က တပ္မေတာ္ဘက္က သုံးလာတဲ့ ဒ႐ုန္းစြမ္းရည္နဲ႔ ဆိုင္တယ္လို႔ ေျပာရမယ္။ အမ္းမက် ခင္ တုန္းက တပ္မေတာ္ဘက္က ဒ႐ုန္းေတြအမ်ားႀကီး သုံးတာ မေတြ႕ခဲ့ရဘူး။ ေက်ာက္ျဖဴတိုက္ပြဲမွာေတာ့ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္တာ အားေကာင္းလာတဲ့ အတြက္ AA ေတြ ေတာ္ေတာ္အထိနာေနတယ္လို႔ သိရ တယ္” ဟု စစ္ေရးေလ့လာသူတစ္ဦးက သုံးသပ္ ေျပာဆိုသည္။ လက္ရွိတြင္ AA အဖြဲ႕အေနျဖင့္ ေက်ာက္ ျဖဴၿမိဳ႕နယ္ ဓညဝတီ ေရတပ္ဌာနခ်ဳပ္သို႔ ဦးတည္၍ေသာ္လည္းေကာင္း၊ အမွတ္ (၃၂) ရဲတပ္ရင္း ကို ဦး တည္၍ ေသာ္လည္းေကာင္း၊ သဘာဝဓာတ္ေငြ႕ သန႔္စင္စက္႐ုံ(OGT) သို႔ဦးတည္၍ေသာ္လည္း ေကာင္း ဦးတည္ခ်က္ သုံးခုထားကာ တိုက္ခိုက္လ်က္ ရွိေၾကာင္း စစ္ေရးေလ့လာသူမ်ားက သုံးသပ္ေျပာဆိုထား သည္။