ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley ကားကို မူလအတိုင်း မောင်းနှင်၊ အသုံးပြုနိုင်စေရန် ထိန်းသိမ်းထား

550

သန့်ဇင်(NP News)- ဇူလိုင်၂၁
ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley ကားကို မူလအတိုင်း မောင်းနှင်၊ အသုံးပြုနိုင်စေရန် ထိန်းသိမ်းထားကြောင်း အဆိုပါ ကားကို ထိန်းသိမ်းပြုပြင်ခဲ့သည့် HTOO AUTO Service က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားဖော်ပြချက်များအရ သိရသည်။
အဆိုပါ ကားမှာ Wolseley 18/85 အမျိုးအစား ကား ဖြစ်ကာ ၁၉၄၂ ခုနှစ်က အင်္ဂလန်နိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး ယခု ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သော ကားမှာ ၁၉၄၂ ခုနှစ်တွင် စတင်အသုံးပြုခြင်း ဖြစ်ကာ ၆ လုံးထိုး Straight-6 ဆလင်ဒါ အင်ဂျင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကားကို ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ သဘာဝပတိ ရာထူး လက်ခံပြီးနောက် မူလစီးနင်းနေသော ဂျစ်ကားအမှတ် - ၆၆ အစား Wolseley 18/85 ကားကို ပြောင်းလဲ စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
HTOO AUTO Service က ယင်းကား နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ဘက်က ပြုပြင်ရန်အပ်နှံသောကြောင့် ကားနှင့် ပတ်သက်၍ အသေးစိတ် ပြန်လည် ထိန်းသိမ်း၊ ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကာ ယင်းကား မှာ အဆင်သင့် မောင်းနှင်နိုင်မည့် အနေအထား ရှိနေကြောင်းလည်း သိရသည်။
ကားကို အတတ်နိုင်ဆုံး ရှေးမူ မပျက်စေရန် ကြိုးစားဆောင်ရွက်ပေးခဲ့ပြီး မူရင်း အနေအထား ကို အကောင်းဆုံး အသုံးကာ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္ေအာင္ဆန္းစီးခဲ့ေသာ Wolseley ကားကို မူလအတိုင္း ေမာင္းႏွင္၊ အသုံးျပဳႏိုင္ေစရန္ ထိန္းသိမ္းထား
သန႔္ဇင္(NP News)- ဇူလိုင္၂၁
ဗိုလ္ခ်ဳပ္ေအာင္ဆန္းစီးခဲ့ေသာ Wolseley ကားကို မူလအတိုင္း ေမာင္းႏွင္၊ အသုံးျပဳႏိုင္ေစရန္ ထိန္းသိမ္းထားေၾကာင္း အဆိုပါ ကားကို ထိန္းသိမ္းျပဳျပင္ခဲ့သည့္ HTOO AUTO Service က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားေဖာ္ျပခ်က္မ်ားအရ သိရသည္။
အဆိုပါ ကားမွာ Wolseley 18/85 အမ်ိဳးအစား ကား ျဖစ္ကာ ၁၉၄၂ ခုႏွစ္က အဂၤလန္ႏိုင္ငံတြင္ ထုတ္လုပ္ျခင္း ျဖစ္ၿပီး ယခု ဗိုလ္ခ်ဳပ္ေအာင္ဆန္း စီးနင္းခဲ့ေသာ ကားမွာ ၁၉၄၂ ခုႏွစ္တြင္ စတင္အသုံးျပဳျခင္း ျဖစ္ကာ ၆ လုံးထိုး Straight-6 ဆလင္ဒါ အင္ဂ်င္ တပ္ဆင္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါကားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ၁၉၄၆ ခုႏွစ္၊ စက္တင္ဘာ ၂၆ ရက္တြင္ ဘုရင္ခံ၏ အမႈေဆာင္ေကာင္စီ ဒုတိယ သဘာဝပတိ ရာထူး လက္ခံၿပီးေနာက္ မူလစီးနင္းေနေသာ ဂ်စ္ကားအမွတ္ - ၆၆ အစား Wolseley 18/85 ကားကို ေျပာင္းလဲ စီးနင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
HTOO AUTO Service က ယင္းကား ႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျပတိုက္ ဘက္က ျပဳျပင္ရန္အပ္ႏွံေသာေၾကာင့္ ကားႏွင့္ ပတ္သက္၍ အေသးစိတ္ ျပန္လည္ ထိန္းသိမ္း၊ ျပဳျပင္ေပးခဲ့ျခင္း ျဖစ္ကာ ယင္းကား မွာ အဆင္သင့္ ေမာင္းႏွင္ႏိုင္မည့္ အေနအထား ရွိေနေၾကာင္းလည္း သိရသည္။
ကားကို အတတ္ႏိုင္ဆုံး ေရွးမူ မပ်က္ေစရန္ ႀကိဳးစားေဆာင္႐ြက္ေပးခဲ့ၿပီး မူရင္း အေနအထား ကို အေကာင္းဆုံး အသုံးကာ ေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း သိရသည္။