ကျောက်ပန်းတောင်းရှိ မူလတန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့က မဖွင့်ရန် ခြိမ်းခြောက်ကာ ကျောင်းဝန်းတံခါးသော့ခတ်

887

Pearl (NP News) - ဇူလိုင် ၂၂
ကျောက်ပန်းတောင်းမြို့နယ်တွင် မူလတန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့က မဖွင့်ရန် ခြိမ်းခြောက်ကာ ကျောင်းဝန်းတံခါးသော့ခတ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျောက်ခွက်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းအတွင်းသို့ PDF ၁၅ ဦးခန့် ရောက်ရှိလာပြီး ကျောင်းဆရာ ဆရာမ များအား ကျောင်းပိတ်ရန် ခြိမ်းခြောက်ပြောဆိုကာ ကျောင်းခန်းတံခါးများနှင့် ကျောင်းခြံဝင်းတံခါးတို့အား သော့ခတ်၍ ပြန်လည်ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။
“ အဲဒီဘက်တွေက PDF နည်းနည်းလေး အလွယ်တကူဝင်နိုင်တဲ့နေရာတွေပေါ့။ ခြိမ်းခြောက်တော့ ကျောင်းတွေ ပိတ်ထားရတာပေါ့။ ဆရာမတွေ မသင်ရဲတော့ ကလေးတွေလည်း မသွားကြဘူး။ တချို့မိဘတွေကတော့ ရေကြည်ရာ မြတ်နုရာ ရွေ့တဲ့လူရှိတယ်။ တချို့ကျတော့လည်း မရွေ့ပြောင်းနိုင်တဲ့အခါ ရွာမှာပဲ ပညာရေးဆက်မသင်နိုင်တဲ့ လူတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
အဆိုပါကျောင်းတွင် ကျောင်းဆရာ ဆရာမ ငါးဦးက ကျောင်းသား ကျောင်းသူ ၅၂ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေက်ာက္ပန္းေတာင္းရွိ မူလတန္းေက်ာင္းတစ္ေက်ာင္းကို PDF အဖြဲ႕က မဖြင့္ရန္ ၿခိမ္းေျခာက္ကာ ေက်ာင္းဝန္းတံခါးေသာ့ခတ္
Pearl (NP News) - ဇူလိုင္ ၂၂
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ မူလတန္းေက်ာင္းတစ္ေက်ာင္းကို PDF အဖြဲ႕က မဖြင့္ရန္ ၿခိမ္းေျခာက္ကာ ေက်ာင္းဝန္းတံခါးေသာ့ခတ္ခဲ့ ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္ ၁၈ ရက္ နံနက္ ၉ နာရီခြဲက မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေက်ာက္ခြက္ေက်း႐ြာရွိ အေျခခံပညာမူလတန္းေက်ာင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်ာင္းအတြင္းသို႔ PDF ၁၅ ဦးခန႔္ ေရာက္ရွိလာၿပီး ေက်ာင္းဆရာ ဆရာမ မ်ားအား ေက်ာင္းပိတ္ရန္ ၿခိမ္းေျခာက္ေျပာဆိုကာ ေက်ာင္းခန္းတံခါးမ်ားႏွင့္ ေက်ာင္းၿခံဝင္းတံခါးတို႔အား ေသာ့ခတ္၍ ျပန္လည္ထြက္ခြာသြား ခဲ့ေၾကာင္း သိရသည္။
“ အဲဒီဘက္ေတြက PDF နည္းနည္းေလး အလြယ္တကူဝင္ႏိုင္တဲ့ေနရာေတြေပါ့။ ၿခိမ္းေျခာက္ေတာ့ ေက်ာင္းေတြ ပိတ္ထားရတာေပါ့။ ဆရာမေတြ မသင္ရဲေတာ့ ကေလးေတြလည္း မသြားၾကဘူး။ တခ်ိဳ႕မိဘေတြကေတာ့ ေရၾကည္ရာ ျမတ္ႏုရာ ေ႐ြ႕တဲ့လူရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း မေ႐ြ႕ေျပာင္းႏိုင္တဲ့အခါ ႐ြာမွာပဲ ပညာေရးဆက္မသင္ႏိုင္တဲ့ လူေတြလည္းရွိတယ္” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါေက်ာင္းတြင္ ေက်ာင္းဆရာ ဆရာမ ငါးဦးက ေက်ာင္းသား ေက်ာင္းသူ ၅၂ ဦးကို ပညာသင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။