ယခုနှစ်အတွက် ပြည်ဝင်နှင့်ပြည်ပခရီးသွားစစ်တမ်းတို့ကို မြို့ပေါင်း(၃၀)ကျော်တွင် ကောက်ယူသွားမည်

260

စော (NP News) - ဇူလိုင် ၂၄
(၂၀၂၅)ခုနှစ်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်းနှင့် ပြည်ပခရီးသွားစစ်တမ်းတို့ကို မြို့ပေါင်း(၃၀)ကျော်တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း က အဏ္ဏဝါခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ်များ အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း ၍ ယမန်နေ့ (ဇူလိုင် ၂၃ရက်) က ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းသည်။
ပြည်ဝင်ခရီးသွားစစ်တမ်း၊ ပြည်တွင်းခရီးသွားရှေ့ပြေးအကြို လေ့လာမှုစစ်တမ်း နှင့် ပြည်ပထွက်ခွာခရီးသွား ရှေ့ပြေးအကြိုလေ့လာမှုစစ်တမ်းများကို ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ယခုနှစ်တွင် ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြည်ဝင်ခရီးသွားစစ်တမ်းနှင့် ပြည်တွင်းခရီးသွားစစ်တမ်းတို့ကို မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃ဝ ကျော်တွင် ကောက်ယူသွားရန် စီစဉ်ထားရှိပြီး ဝန်ကြီးဌာနအနေဖြင့် စစ်တမ်းများ နှင့် စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောကြားသည်။
အဆိုပါခရီးသွားစစ်တမ်းများမှတစ်ဆင့် ခရီးသွားများ၏ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များ ရေးဆွဲခြင်း၊ ခရီးသွားဆွဲဆောင်မှုပုံစံသစ်များ ဖော်ထုတ်ခြင်း၊ ကောင်းမွန်သည့်ဝန်ဆောင်မှုများ ဖြည့်ဆည်း ဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဈေးကွက်များ ရှာဖွေမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုလာရောက်လည်ပတ်ကြရေး၊ အဏ္ဏဝါ ခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော် ယာဉ်တန်းခရီးစဉ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး၊ ခရီးစဉ်လမ်းကြောင်း များဖော်ထုတ်ရေး၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့ကိုလည်း ဆွေးနွေးကြခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယခုႏွစ္အတြက္ ျပည္ဝင္ႏွင့္ျပည္ပခရီးသြားစစ္တမ္းတို႔ကို ၿမိဳ႕ေပါင္း(၃၀)ေက်ာ္တြင္ ေကာက္ယူသြားမည္
ေစာ (NP News) - ဇူလိုင္ ၂၄
(၂၀၂၅)ခုႏွစ္အတြက္ ျပည္ဝင္ခရီးသြားစစ္တမ္းႏွင့္ ျပည္ပခရီးသြားစစ္တမ္းတို႔ကို ၿမိဳ႕ေပါင္း(၃၀)ေက်ာ္တြင္ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္စိုးဝင္း က အဏၰဝါခရီးသြားလုပ္ငန္း၊ နယ္စပ္ျဖတ္ေက်ာ္ယာဥ္တန္းခရီးစဥ္မ်ား အေကာင္အထည္ေဖာ္ႏိုင္ေရးႏွင့္စပ္လ်ဥ္း ၍ ယမန္ေန႔ (ဇူလိုင္ ၂၃ရက္) က က်င္းပေသာ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ထည့္သြင္းသည္။
ျပည္ဝင္ခရီးသြားစစ္တမ္း၊ ျပည္တြင္းခရီးသြားေရွ႕ေျပးအႀကိဳ ေလ့လာမႈစစ္တမ္း ႏွင့္ ျပည္ပထြက္ခြာခရီးသြား ေရွ႕ေျပးအႀကိဳေလ့လာမႈစစ္တမ္းမ်ားကို ထုတ္ေဝခဲ့ၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ထို႔ျပင္ ယခုႏွစ္တြင္ ဝန္ႀကီးဌာနအစီအစဥ္ျဖင့္ ျပည္ဝင္ခရီးသြားစစ္တမ္းႏွင့္ ျပည္တြင္းခရီးသြားစစ္တမ္းတို႔ကို ျမန္မာႏိုင္ငံရွိ ၿမိဳ႕ေပါင္း ၃ဝ ေက်ာ္တြင္ ေကာက္ယူသြားရန္ စီစဥ္ထားရွိၿပီး ဝန္ႀကီးဌာနအေနျဖင့္ စစ္တမ္းမ်ား ႏွင့္ စာရင္းအင္းဆိုင္ရာ စံသတ္မွတ္ခ်က္လုပ္ငန္းအဖြဲ႕တြင္ အဖြဲ႕ဝင္အျဖစ္ ပါဝင္ၿပီး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထပ္မံေျပာၾကားသည္။
အဆိုပါခရီးသြားစစ္တမ္းမ်ားမွတစ္ဆင့္ ခရီးသြားမ်ား၏ လိုအပ္ခ်က္မ်ား၊ ေရွ႕ဆက္ေဆာင္႐ြက္ရမည့္လုပ္ငန္းစဥ္ မ်ား ေရးဆြဲျခင္း၊ ခရီးသြားဆြဲေဆာင္မႈပုံစံသစ္မ်ား ေဖာ္ထုတ္ျခင္း၊ ေကာင္းမြန္သည့္ဝန္ေဆာင္မႈမ်ား ျဖည့္ဆည္း ေဆာင္႐ြက္ျခင္းႏွင့္ ခရီးသြားလုပ္ငန္းဆိုင္ရာေဈးကြက္မ်ား ရွာေဖြျမႇင့္တင္ျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ကမာၻလွည့္ခရီးသြားမ်ား ျမန္မာႏိုင္ငံရွိ ခရီးစဥ္ေဒသမ်ားသို႔ ပိုမိုလာေရာက္လည္ပတ္ၾကေရး၊ အဏၰဝါ ခရီးသြားလုပ္ငန္း၊ နယ္စပ္ျဖတ္ေက်ာ္ ယာဥ္တန္းခရီးစဥ္မ်ား ေဖာ္ထုတ္ေဆာင္႐ြက္ႏိုင္ေရး၊ ခရီးစဥ္လမ္းေၾကာင္း မ်ားေဖာ္ထုတ္ေရး၊ သဘာဝအေျခခံခရီးသြားလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ႏိုင္ေရးတို႔ကိုလည္း ေဆြးေႏြးၾကခဲ့ေၾကာင္း သိရသည္။