ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုမြင့်တက်လာပြီး ကမ္ဘောဒီးယားဘက်သို့ ထိုင်းက တိုက်လေယာဉ်များ စေလွှတ်တိုက်ခိုက်ခဲ့

1346

ပီယ (NP News) - ဇူလိုင် ၂၄
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုမြင့်တက်လာပြီး နောက်ဆုံး အချက်အလက်များအရ ကမ္ဘောဒီးယားဘက်သို့ ထိုင်းက တိုက်လေယာဉ်များ စေလွှတ်တိုက်ခိုက်ခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
ထိုင်းစစ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားပြီး တစ်ရက်အကြာတွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယင်း မိုင်းနင်းမိသောဖြစ်စဉ်သည် အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးကို နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်အထိ ပြိုလဲကျစေခဲ့သည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ထိုင်းစစ်တပ် ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်ပို့စ်တွင် F-16 တိုက်လေယာဉ်များ စေလွှတ်ထားပြီဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားဒေသတွင်း စစ်ဘက်အထောက်အကူပြုတပ်ဖွဲ့ ၂ ဖွဲ့ကို ဖျက်ဆီး ပစ်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ထိုင်းစစ်တပ် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Richa Suksuwanont က လေကြောင်းတိုက်ခိုက်မှုများသည် စစ်ဘက်ပစ်မှတ်များကိုသာ ရည်ရွယ်သည်ဟု ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားဘက်ကမူ ယင်းတိုက်ခိုက်မှုကို အတည်မပြုသေးကြောင်း သတင်းအရ သိရသည်။
စစ်ဘက်အရာရှိများ၏ပြောကြားချက်အရ ကြာသပတေးနေ့ အစောပိုင်းက ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များ အကြား လက်နက်ကိုင်ပဋိပက္ခများ အငြင်းပွားနယ်စပ်တစ်လျှောက်ဖြစ်ပွားခဲ့ရာ အရပ်သားများ ဒဏ်ရာရရှိခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ ဒေသခံများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းစေခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းစစ်တပ်က ကမ္ဘောဒီးယားတပ်ဖွဲ့များသည် နှစ်နိုင်ငံအကြား လက်ရှိ အငြင်းပွားနေသော Ta Muen Thom ဘုရားကျောင်းအနီးရှိ ထိုင်းစစ်အခြေစိုက်စခန်းတစ်ခုကို ပစ်ခတ်ခဲ့ရာမှ နံနက်အစောပိုင်းတွင် ပဋိပက္ခများ စတင်ခဲ့ သည်ဟု ပြောကြားထားပြီး ကမ္ဘောဒီးယားဘက်သည် ဘုရားကျောင်းရှေ့တွင် မောင်းသူမဲ့ဒရုန်းတစ်စင်းကို လွှတ်ခဲ့ သည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ကြောင်းလည်း ထိုင်းစစ်တပ်က ဆိုသည်။
ထို့ပြင် ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ဆူရင်းပြည်နယ်၊ Kap Choeng ခရိုင်ရှိ အရပ်သားဧရိယာတစ်ခုအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ထိုင်းဘက်က ပြောကြားထားကာ ယင်း တိုက်ခိုက်မှုအတွင်း အရပ်သား သုံးဦး ဒဏ်ရာရခဲ့ရာ ဒေသခံများကို ဘေးလွတ်ရာသို့ အမြန်ရွေ့ပြောင်းထားကြောင်း ထုတ်ပြန် ပြောကြားထားသည်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ၎င်းတို့၏တပ်ဖွဲ့များသည် ထိုင်းစစ်သား များဘက်မှ မဆင်မခြင်ကျူးကျော်ဝင်ရောက်မှုအပြီးတွင် ကာကွယ်ရေးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ ထိုင်းတပ်ဖွဲ့တွေရဲ့နယ်မြေပိုင်နက်ကို ချိုးဖောက်ပြီး မဆင်မခြင် ကျူးကျော် ဝင်ရောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကိုယ်ပိုင်ကာကွယ်ရေး ဘောင်အတွင်းကနေသာ တိကျစွာ လုပ်ဆောင်ခဲ့တာပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီး Maly Socheata က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားစစ်တပ်၏ နေရာများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။
"ကမ္ဘောဒီးယားဟာ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအနေအထားကို အမြဲတမ်း ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ လက်နက်ကိုင်ရန်လိုမှုတွေကို လက်နက်ကိုင်တပ်ဖွဲ့နဲ့ တုံ့ပြန်ဖို့မှတစ်ပါး တခြားရွေးချယ်စရာ မရှိပါဘူး" ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Zawgyi Version:
ထိုင္း-ကေမာၻဒီးယားနယ္စပ္တင္းမာမႈျမင့္တက္လာၿပီး ကေမာၻဒီးယားဘက္သို႔ ထိုင္းက တိုက္ေလယာဥ္မ်ား ေစလႊတ္တိုက္ခိုက္ခဲ့
ပီယ (NP News) - ဇူလိုင္ ၂၄
ထိုင္း-ကေမာၻဒီးယား နယ္စပ္တင္းမာမႈျမင့္တက္လာၿပီး ေနာက္ဆုံး အခ်က္အလက္မ်ားအရ ကေမာၻဒီးယားဘက္သို႔ ထိုင္းက တိုက္ေလယာဥ္မ်ား ေစလႊတ္တိုက္ခိုက္ခဲ့ေၾကာင္း CNN သတင္းတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။
ထိုင္းစစ္သားတစ္ဦး ေျမျမႇဳပ္မိုင္းနင္းမိ၍ ေျခေထာက္ျပတ္သြားၿပီး တစ္ရက္အၾကာတြင္ ယခုျဖစ္ရပ္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ ယင္း မိုင္းနင္းမိေသာျဖစ္စဥ္သည္ အေရွ႕ေတာင္အာရွ အိမ္နီးခ်င္းႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးကို ႏွစ္ေပါင္းမ်ားစြာအတြင္း အနိမ့္ဆုံးအဆင့္အထိ ၿပိဳလဲက်ေစခဲ့သည္။
ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ထိုင္းစစ္တပ္ ၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ပို႔စ္တြင္ F-16 တိုက္ေလယာဥ္မ်ား ေစလႊတ္ထားၿပီျဖစ္ေၾကာင္းႏွင့္ ကေမာၻဒီးယားေဒသတြင္း စစ္ဘက္အေထာက္အကူျပဳတပ္ဖြဲ႕ ၂ ဖြဲ႕ကို ဖ်က္ဆီး ပစ္ႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပထားသည္။
ထိုင္းစစ္တပ္ ဒုတိယေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး Richa Suksuwanont က ေလေၾကာင္းတိုက္ခိုက္မႈမ်ားသည္ စစ္ဘက္ပစ္မွတ္မ်ားကိုသာ ရည္႐ြယ္သည္ဟု ေျပာၾကားခဲ့ၿပီး ကေမာၻဒီးယားဘက္ကမူ ယင္းတိုက္ခိုက္မႈကို အတည္မျပဳေသးေၾကာင္း သတင္းအရ သိရသည္။
စစ္ဘက္အရာရွိမ်ား၏ေျပာၾကားခ်က္အရ ၾကာသပေတးေန႔ အေစာပိုင္းက ထိုင္းႏွင့္ ကေမာၻဒီးယားတပ္ဖြဲ႕မ်ား အၾကား လက္နက္ကိုင္ပဋိပကၡမ်ား အျငင္းပြားနယ္စပ္တစ္ေလွ်ာက္ျဖစ္ပြားခဲ့ရာ အရပ္သားမ်ား ဒဏ္ရာရရွိခဲ့ၿပီး ထိုင္းႏိုင္ငံတြင္းရွိ ေဒသခံမ်ားကို ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေစခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ထိုင္းစစ္တပ္က ကေမာၻဒီးယားတပ္ဖြဲ႕မ်ားသည္ ႏွစ္ႏိုင္ငံအၾကား လက္ရွိ အျငင္းပြားေနေသာ Ta Muen Thom ဘုရားေက်ာင္းအနီးရွိ ထိုင္းစစ္အေျခစိုက္စခန္းတစ္ခုကို ပစ္ခတ္ခဲ့ရာမွ နံနက္အေစာပိုင္းတြင္ ပဋိပကၡမ်ား စတင္ခဲ့ သည္ဟု ေျပာၾကားထားၿပီး ကေမာၻဒီးယားဘက္သည္ ဘုရားေက်ာင္းေရွ႕တြင္ ေမာင္းသူမဲ့ဒ႐ုန္းတစ္စင္းကို လႊတ္ခဲ့ သည့္အျပင္ လက္နက္ကိုင္တပ္ဖြဲ႕ဝင္မ်ားကို ေစလႊတ္ခဲ့ေၾကာင္းလည္း ထိုင္းစစ္တပ္က ဆိုသည္။
ထို႔ျပင္ ကေမာၻဒီးယားတပ္ဖြဲ႕မ်ားသည္ ဆူရင္းျပည္နယ္၊ Kap Choeng ခ႐ိုင္ရွိ အရပ္သားဧရိယာတစ္ခုအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္ဟုလည္း ထိုင္းဘက္က ေျပာၾကားထားကာ ယင္း တိုက္ခိုက္မႈအတြင္း အရပ္သား သုံးဦး ဒဏ္ရာရခဲ့ရာ ေဒသခံမ်ားကို ေဘးလြတ္ရာသို႔ အျမန္ေ႐ြ႕ေျပာင္းထားေၾကာင္း ထုတ္ျပန္ ေျပာၾကားထားသည္။
ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကမူ ၎တို႔၏တပ္ဖြဲ႕မ်ားသည္ ထိုင္းစစ္သား မ်ားဘက္မွ မဆင္မျခင္က်ဴးေက်ာ္ဝင္ေရာက္မႈအၿပီးတြင္ ကာကြယ္ေရးအတြက္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
"ကေမာၻဒီးယားတပ္ဖြဲ႕ေတြဟာ ထိုင္းတပ္ဖြဲ႕ေတြရဲ႕နယ္ေျမပိုင္နက္ကို ခ်ိဳးေဖာက္ၿပီး မဆင္မျခင္ က်ဴးေက်ာ္ ဝင္ေရာက္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ ကိုယ္ပိုင္ကာကြယ္ေရး ေဘာင္အတြင္းကေနသာ တိက်စြာ လုပ္ေဆာင္ခဲ့တာပါ" ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး Maly Socheata က ေျပာၾကားခဲ့သည္။
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Manet က ေဖ့စ္ဘြတ္ခ္ပို႔စ္တစ္ခုတြင္ ထိုင္းႏိုင္ငံက ကေမာၻဒီးယားစစ္တပ္၏ ေနရာမ်ားကို တိုက္ခိုက္ခဲ့သည္ဟု ဆိုထားသည္။
"ကေမာၻဒီးယားဟာ ျပႆနာေတြကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းေရးအေနအထားကို အၿမဲတမ္း ထိန္းသိမ္းထားခဲ့ပါတယ္။ ဒါေပမဲ့ ဒီကိစၥမွာေတာ့ လက္နက္ကိုင္ရန္လိုမႈေတြကို လက္နက္ကိုင္တပ္ဖြဲ႕နဲ႔ တုံ႔ျပန္ဖို႔မွတစ္ပါး တျခားေ႐ြးခ်ယ္စရာ မရွိပါဘူး" ဟု ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။