အသုံးပြုခွင့်ရထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် မြေလွတ်မြေရိုင်းများကို ပြန်လည်ရုပ်သိမ်းမည်

 965

Pearl (NP News) - ဇူလိုင် ၂၄

အသုံးပြုခွင့်ရထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် မြေလွတ်မြေရိုင်းများကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ (ဇူလိုင်က ၂၃ရက်) က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စားရေရိက္ခာဖူလုံစေရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အားအသုံးပြုလုပ်ကိုင်ခွင့်ပြုနိုင်ရန် စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားပြီး စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် မြေဧရိယာများကို အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုပေးထားသော လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များအား ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အာမခံကြေးများအား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းစေမည့် (Quick Win) လုပ်ငန်းများကို ဦးစားပေးခွင့်ပြုသွားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Zawgyi Version:
အသုံးျပဳခြင့္ရထားၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မႈမရွိသည့္ ေျမလြတ္ေျမ႐ိုင္းမ်ားကို ျပန္လည္႐ုပ္သိမ္းမည္
Pearl (NP News) - ဇူလိုင္ ၂၄

အသုံးျပဳခြင့္ရထားၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မႈမရွိသည့္ ေျမလြတ္ေျမ႐ိုင္းမ်ားကို ျပန္လည္႐ုပ္သိမ္းမည္ ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန႔္ခြဲေရးဗဟိုေကာ္မတီ၏ (၁၆) ႀကိမ္ေျမာက္အစည္းအေဝးကို ယမန္ေန႔ (ဇူလိုင္က ၂၃ရက္) က စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးတြင္ ဗဟိုေကာ္မတီဥကၠ႒ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က စားေရရိကၡာဖူလုံေစေရးႏွင့္ ျပည္ပတင္ပို႔ႏိုင္ေရးအတြက္ စိုက္ပ်ိဳးေရးလုပ္ငန္း၊ ေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား အားအသုံးျပဳလုပ္ကိုင္ခြင့္ျပဳႏိုင္ရန္ စိစစ္ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

တစ္ဖက္တြင္လည္း ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ရရွိထားၿပီး စည္းကမ္းခ်က္သတ္မွတ္ကာလ ေလးႏွစ္အတြင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မႈမရွိသည့္ ေျမဧရိယာမ်ားကို အထူးအဖြဲ႕မ်ားျဖင့္ ကြင္းဆင္းစိစစ္၍ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ခြင့္ျပဳေပးထားေသာ လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္မ်ားအား ျပန္လည္႐ုပ္သိမ္းႏိုင္ေရးႏွင့္ အာမခံေၾကးမ်ားအား ႏိုင္ငံေတာ္ဘ႑ာေငြအျဖစ္ သိမ္းဆည္းႏိုင္ေရးတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။

ထို႔ျပင္ ဆိုလာစြမ္းအင္ျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္သည့္လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ား၊ MSME လုပ္ငန္းမ်ား၊ ကာလတိုအတြင္း အက်ိဳးစီးပြားျဖစ္ထြန္းေစမည့္ (Quick Win) လုပ္ငန္းမ်ားကို ဦးစားေပးခြင့္ျပဳသြားရမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.