နာဂလူမျိုးများအပေါ် KIA က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေဟုဆို

 1014

Pearl (NP News) - ဇူလိုင် ၂၄

နာဂလူမျိုးများအပေါ် KIA က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ကြောင်း နဂကျောင်းသားသမဂ္ဂက (NSO) က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် KIAက နာဂလူမျိုးများအပေါ် နယ်မြေကျူးကျော်ခြင်း နှင့် တပ်သားသစ်စုဆောင်းခြင်းကို ထပ်တလဲလဲ ပြုလုပ်ခဲ့ကြပြီး နာဂလူမျိုးများသည် ကချင်ပြည်နယ်သို့ ပညာရေး၊ ကျန်းမာရေး(ဆေးကုသမှု)၊ စီးပွားရေးနှင့် အလုပ်အကိုင်ကိစ္စအတွက် ခရီးသွားရာတွင် ဖမ်းဆီးခြင်းများအရှိန်မြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့ပြင် ဖမ်းဆီးခေါ်ဆောင်ခံသော ရာနှင့်ချီသောနာဂလူငယ်များသည် မိမိဆန္ဒမပါဘဲ KIA တပ်ထဲဝင်စေ၍ တချို့မှာပင်သတင်းအစအနပင် မရရှိတော့ဘဲ ပျောက်ဆုံးနေပြီး စစ်မြေပြင်များတွင် လူသားဒိုင်းအဖြစ် အသုံးချခံရ ကြောင်း ကြားသိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


နာဂလူမျိုးများသည် ငြိမ်းချမ်း ရေးကိုလိုလားသည့်အတွက်ကချင်ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းမှုအား ဖော်ဆောင်လာရန် ယုံကြည်ခဲ့သော်လည်း ဤမျှော်လင့်ချက်သည် ပိုမိုကျည်းမြောင်း လာသည်ကို အဆိုပါလုပ်ရပ်များဖြင့် ပြသနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်၂၀၂၄ ခုနှစ် ဇွန် ၇ ရက်နေ့တွင် NSO ကိုယ်စားလှယ်အဖွဲ့များသည် အဆိုပါကိစ္စများအား KIA ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန် သွားရောက်ခဲ့သော်လည်း ဆွေးနွေးခွင့်မရခဲ့ဘဲ ဇွန် ၁၂ နှင့် ၁၃ ရက်များတွင် KIA ၏ အရာရှိငယ်များနှင့် ဆွေးနွေးခဲ့သော်လည်း တိကျသော ဖြေရှင်းချက်များကို မရရှိခဲ့ဘဲ အကြမ်းဖက်မှုများသည် ပိုမိုပြင်းထန်လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် KIA တပ်အင်အားအလုံးအရင်းဖြင့် တနိုင်းချောင်း အနောက်ဘက်ရှိ Chanra ဂိတ်၌ နာဂတပ်သား ၁၆ ဦးအား ဖမ်းဆီးခဲ့ပြီး အဆိုပါ လုပ်ရပ်သည် နာဂလူမျိုးတစ်မျိုးသားလုံးကို အံ့အားသင့်စေခဲ့ကာ KIA ၏အကြမ်းဖက်လုပ်ဆောင်မှုကို အပြင်းအထန် ရှုတ်ချကြောင်း နဂကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။

ထိုလုပ်ရပ်များအပေါ် ရှင်းလင်းစွာသိလိုသည်မှာ နာဂလူမျိုးများအပေါ် ကချင်ဘက်က စစ်ကြေညာခြင်းလား၊
နာဂလူမျိုးတို့၏ သည်းခံစိတ်ရှည်မှုကို စမ်းသပ်နေကြသလားဟု ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ဖမ်းဆီးခံနာဂတပ်မတော်မှ နာဂတပ်သား( ၁၆) ဦးအား ချက်ချင်းလွတ်ပေးရန်နှင့် လက်နက်များ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး ဖြည့်ဆည်းမှုမရှိပါက မလိုလားအပ်သော ပိဋပက္ခဖြစ်ပွား ရေးကို တိုက်ရိုက်အကြောင်းပြုသည်ဟု ယူဆမည်ဟု လည်း ထုတ်ပြန်ထားသည်။

Zawgyi Version:
နာဂလူမ်ိဳးမ်ားအေပၚ KIA က အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ေနဟုဆို
Pearl (NP News) - ဇူလိုင္ ၂၄

နာဂလူမ်ိဳးမ်ားအေပၚ KIA က အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ေၾကာင္း နဂေက်ာင္းသားသမဂၢက (NSO) က ထုတ္ျပန္ထားေသာ အခ်က္အလက္မ်ားအရ သိရသည္။

၂၀၂၁ ခုႏွစ္ ေနာက္ပိုင္းတြင္ KIAက နာဂလူမ်ိဳးမ်ားအေပၚ နယ္ေျမက်ဴးေက်ာ္ျခင္း ႏွင့္ တပ္သားသစ္စုေဆာင္းျခင္းကို ထပ္တလဲလဲ ျပဳလုပ္ခဲ့ၾကၿပီး နာဂလူမ်ိဳးမ်ားသည္ ကခ်င္ျပည္နယ္သို႔ ပညာေရး၊ က်န္းမာေရး(ေဆးကုသမႈ)၊ စီးပြားေရးႏွင့္ အလုပ္အကိုင္ကိစၥအတြက္ ခရီးသြားရာတြင္ ဖမ္းဆီးျခင္းမ်ားအရွိန္ျမႇင့္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


ထို႔ျပင္ ဖမ္းဆီးေခၚေဆာင္ခံေသာ ရာႏွင့္ခ်ီေသာနာဂလူငယ္မ်ားသည္ မိမိဆႏၵမပါဘဲ KIA တပ္ထဲဝင္ေစ၍ တခ်ိဳ႕မွာပင္သတင္းအစအနပင္ မရရွိေတာ့ဘဲ ေပ်ာက္ဆုံးေနၿပီး စစ္ေျမျပင္မ်ားတြင္ လူသားဒိုင္းအျဖစ္ အသုံးခ်ခံရ ေၾကာင္း ၾကားသိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


နာဂလူမ်ိဳးမ်ားသည္ ၿငိမ္းခ်မ္း ေရးကိုလိုလားသည့္အတြက္ကခ်င္ေခါင္းေဆာင္မ်ားအေနျဖင့္ ၿငိမ္းခ်မ္းမႈအား ေဖာ္ေဆာင္လာရန္ ယုံၾကည္ခဲ့ေသာ္လည္း ဤေမွ်ာ္လင့္ခ်က္သည္ ပိုမိုက်ည္းေျမာင္း လာသည္ကို အဆိုပါလုပ္ရပ္မ်ားျဖင့္ ျပသေနသည္ဟု ဆိုသည္။

ၿပီးခဲ့သည့္၂၀၂၄ ခုႏွစ္ ဇြန္ ၇ ရက္ေန႔တြင္ NSO ကိုယ္စားလွယ္အဖြဲ႕မ်ားသည္ အဆိုပါကိစၥမ်ားအား KIA ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ သြားေရာက္ခဲ့ေသာ္လည္း ေဆြးေႏြးခြင့္မရခဲ့ဘဲ ဇြန္ ၁၂ ႏွင့္ ၁၃ ရက္မ်ားတြင္ KIA ၏ အရာရွိငယ္မ်ားႏွင့္ ေဆြးေႏြးခဲ့ေသာ္လည္း တိက်ေသာ ေျဖရွင္းခ်က္မ်ားကို မရရွိခဲ့ဘဲ အၾကမ္းဖက္မႈမ်ားသည္ ပိုမိုျပင္းထန္လာခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၂၀၂၅ ခုႏွစ္ ဇူလိုင္ ၁၈ ရက္ေန႔တြင္ ျဖစ္ပြားခဲ့သည့္ KIA တပ္အင္အားအလုံးအရင္းျဖင့္ တႏိုင္းေခ်ာင္း အေနာက္ဘက္ရွိ Chanra ဂိတ္၌ နာဂတပ္သား ၁၆ ဦးအား ဖမ္းဆီးခဲ့ၿပီး အဆိုပါ လုပ္ရပ္သည္ နာဂလူမ်ိဳးတစ္မ်ိဳးသားလုံးကို အံ့အားသင့္ေစခဲ့ကာ KIA ၏အၾကမ္းဖက္လုပ္ေဆာင္မႈကို အျပင္းအထန္ ရႈတ္ခ်ေၾကာင္း နဂေက်ာင္းသားသမဂၢက ထုတ္ျပန္ထားသည္။

ထိုလုပ္ရပ္မ်ားအေပၚ ရွင္းလင္းစြာသိလိုသည္မွာ နာဂလူမ်ိဳးမ်ားအေပၚ ကခ်င္ဘက္က စစ္ေၾကညာျခင္းလား၊
နာဂလူမ်ိဳးတို႔၏ သည္းခံစိတ္ရွည္မႈကို စမ္းသပ္ေနၾကသလားဟု ထည့္သြင္းေဖာ္ျပထားသည္။

ထို႔ျပင္ ဖမ္းဆီးခံနာဂတပ္မေတာ္မွ နာဂတပ္သား( ၁၆) ဦးအား ခ်က္ခ်င္းလြတ္ေပးရန္ႏွင့္ လက္နက္မ်ား အားလုံး ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးရန္ ေတာင္းဆိုထားၿပီး ျဖည့္ဆည္းမႈမရွိပါက မလိုလားအပ္ေသာ ပိဋပကၡျဖစ္ပြား ေရးကို တိုက္႐ိုက္အေၾကာင္းျပဳသည္ဟု ယူဆမည္ဟု လည္း ထုတ္ျပန္ထားသည္။

Picture

Tha Lwin

25/07/2025 11:59

ကချင်တိုင်းရင်းသားတွေရိုးသားပေမဲ့ ကေအိုင်အေအဖွဲ့ကတော့ လူမျိုးရေးဖိနှိပ်မှုတွေရှိတာသေချာပါတယ် လီစူး၊ရဝမ်၊လချိပ်၊လော်ဝေါ်၊ရှမ်းနီ၊နာဂ၊ဗမာအစရှိသည့်လူမျိုးစုတိုင်းရင်းသားများအပေါ်ခွဲခြားဖိနှိပ်ဆက်ဆံနေသည်မှာရှေးယခင်အစဥ်အဆက်ဆက်က်ကာလရှကြမြင့်ဖြစ်သည်

Related news

© 2021. All rights reserved.