"All Of Us Are Dead" Season 2 အတွက် script ဖတ်ကြားမှုပြုလုပ်၊ ဇာတ်ကား ထွက်ရှိဖို့ နီးစပ်နေ

196

ရောင်နီ (NP News) - ဇူလိုင် ၂၅
Netflix က "All Of Us Are Dead" Season 2 အတွက် သရုပ်ဆောင်တွေနဲ့အတူ script ဖတ်ကြားမှုကို ဇူလိုင်လ ၂၃ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။
Squid Game Season 2 မှာ သရုပ်ဆောင် ပက်ခ်ဂျီဟူ၊ ယွန်းချန်ယောင်း၊ ချိုရီဟွမ်၊ လိုမွန် အပါအဝင် နောက်ထပ် ကာရိုက်တာအသစ်အတွက် ဇာတ်ကား အဖွဲ့ဝင်အသစ်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ နာမည်ကြီး webtoon တစ်ခုကို ဇာတ်ကားပြန်ရိုက်ထားတဲ "All of Us Are Dead" ဟာ စာသင်ကျောင်းမှ အစပြုတဲ့ သည်းထိပ်ရင်ဖို ဇွန်ဘီဇာတ်ကားသစ်ဖြစ်ပြီး ဇွန်ဘီတွေနဲ့ ကျောင်းသားတစ်စုကြားက တိုက်ပွဲတွေကို သရုပ်ဖော် ထားပါတယ်။ Season 1 ကို ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ယခု ဒုတိယစီးရီး Season 2 ကို ရိုက်ကူးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ Season 2 မှာ ဇွန်ဘီကပ်ဘေးပြီးနောက် ပုံမှန်ဘဝ ပြန်လည်ရောက်ရှိလာချိန် ဆိုးလ်မှာ ဇွန်ဘီ ဗိုင်းရပ်စ်အသစ် ပြန်ပေါ်လာပြီး အဲဒီ ဇွန်ဘီတွေနဲ့ ထပ်မံတိုက်ခိုက်ရဖို့ ရှိပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ လီဂျေယူနဲ့ ဇာတ်ညွှန်းရေးဆရာ ချန်ဆောင်အီက ပူးတွဲရိုက်ကူးသွားမယ်လို့ သိရပါတယ်။
Season 2 မှာပါဝင်မယ့် ကာရိုက်တာအသစ်အတွက် “Weak Hero Class 2” ကြယ်ပွင့် လီမင်ဂျေ၊ “Squid Game” Season 2 ကြယ်ပွင့် ကင်ဆီအွန်း၊ "Daily Dose of Sunshine” နဲ့ "Squid Game” Seasons 2 နဲ့ 3 ကြယ်ပွင့် ရို့ဟ်ဂျေဝမ် တို့က ပါဝင်မယ်လို့ သိရပါတယ်။ All Of Us Are Dead - Season 2 ထွက်ရှိမယ့် date ကိုတော့ အတိအကျ ဖော်ပြခြင်း မရှိသေးပေမယ့် ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာ ထွက်ရှိမယ်လို့ မျှော်လင့်ထားကြပါတယ်။

Zawgyi Version:
"All Of Us Are Dead" Season 2 အတြက္ script ဖတ္ၾကားမႈျပဳလုပ္၊ ဇာတ္ကား ထြက္ရွိဖို႔ နီးစပ္ေန
ေရာင္နီ (NP News) - ဇူလိုင္ ၂၅
Netflix က "All Of Us Are Dead" Season 2 အတြက္ သ႐ုပ္ေဆာင္ေတြနဲ႔အတူ script ဖတ္ၾကားမႈကို ဇူလိုင္လ ၂၃ ရက္ေန႔မွာျပဳလုပ္ခဲ့ပါတယ္။
Squid Game Season 2 မွာ သ႐ုပ္ေဆာင္ ပက္ခ္ဂ်ီဟူ၊ ယြန္းခ်န္ေယာင္း၊ ခ်ိဳရီဟြမ္၊ လိုမြန္ အပါအဝင္ ေနာက္ထပ္ ကာ႐ိုက္တာအသစ္အတြက္ ဇာတ္ကား အဖြဲ႕ဝင္အသစ္ေတြလည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ နာမည္ႀကီး webtoon တစ္ခုကို ဇာတ္ကားျပန္႐ိုက္ထားတဲ "All of Us Are Dead" ဟာ စာသင္ေက်ာင္းမွ အစျပဳတဲ့ သည္းထိပ္ရင္ဖို ဇြန္ဘီဇာတ္ကားသစ္ျဖစ္ၿပီး ဇြန္ဘီေတြနဲ႔ ေက်ာင္းသားတစ္စုၾကားက တိုက္ပြဲေတြကို သ႐ုပ္ေဖာ္ ထားပါတယ္။ Season 1 ကို ၂၀၂၂ ခုႏွစ္မွာ စတင္ထုတ္လႊင့္ခဲ့ၿပီး ယခု ဒုတိယစီးရီး Season 2 ကို ႐ိုက္ကူးဖို႔ ျပင္ဆင္ေနတာပဲ ျဖစ္ပါတယ္။ Season 2 မွာ ဇြန္ဘီကပ္ေဘးၿပီးေနာက္ ပုံမွန္ဘဝ ျပန္လည္ေရာက္ရွိလာခ်ိန္ ဆိုးလ္မွာ ဇြန္ဘီ ဗိုင္းရပ္စ္အသစ္ ျပန္ေပၚလာၿပီး အဲဒီ ဇြန္ဘီေတြနဲ႔ ထပ္မံတိုက္ခိုက္ရဖို႔ ရွိပါတယ္။ ဒီဇာတ္ကားကို ဒါ႐ိုက္တာ လီေဂ်ယူနဲ႔ ဇာတ္ၫႊန္းေရးဆရာ ခ်န္ေဆာင္အီက ပူးတြဲ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။
Season 2 မွာပါဝင္မယ့္ ကာ႐ိုက္တာအသစ္အတြက္ “Weak Hero Class 2” ၾကယ္ပြင့္ လီမင္ေဂ်၊ “Squid Game” Season 2 ၾကယ္ပြင့္ ကင္ဆီအြန္း၊ "Daily Dose of Sunshine” နဲ႔ "Squid Game” Seasons 2 နဲ႔ 3 ၾကယ္ပြင့္ ႐ို႕ဟ္ေဂ်ဝမ္ တို႔က ပါဝင္မယ္လို႔ သိရပါတယ္။ All Of Us Are Dead - Season 2 ထြက္ရွိမယ့္ date ကိုေတာ့ အတိအက် ေဖာ္ျပျခင္း မရွိေသးေပမယ့္ ၂၀၂၆ ခုႏွစ္ ေႏွာင္းပိုင္းမွာ ထြက္ရွိမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။