ယခုနှစ် တက္ကသိုလ်ဝင်အောင်စာရင်းများကို ဇူလိုင် ၂၇ ရက် (တနင်္ဂနွေနေ့)မှာထုတ်ပြန်မည်

 340

NP News ဇူလိုင် (၂၅) ရက်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမယ့် ဇူလိုင် ၂၇ ရက် (တနင်္ဂနွေနေ့) မှာ ထုတ်ပြန်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။
အဆိုပါ အောင်စာရင်းများကို ထိုနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အောင်စာရင်း ထုတ်ပြန်မည့်နေ့ နံနက် ၄ နာရီတွင်လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားပြီး ဝေးလံသော ဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးမည်ဟု သိရသည်။
အောင်စာရင်းလာရောက်ကြည့်ရှုရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြရန်လည်း ပန်ကြားထားပြီး အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာ၏ ဖုန်းနံပါတ်သို့ အောင်စာရင်းထွက်သည့်နေ့တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
(၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်မှ (၂၂)ရက် အထိ ကျင်းပခဲ့ပြီးနောက် မတ်လ ၂၈ ရက်က အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်မှ ၂၁ ရက်နေ့အတွင်းမှာ ပြန်လည်စစ်ဆေးခဲ့ကြရသည်။

Zawgyi Version:
ယခုႏွစ္ တကၠသိုလ္ဝင္ေအာင္စာရင္းမ်ားကို ဇူလိုင္ ၂၇ ရက္ (တနဂၤေႏြေန႔)မွာထုတ္ျပန္မည္
NP News ဇူလိုင္ (၂၅) ရက္
၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို လာမယ့္ ဇူလိုင္ ၂၇ ရက္ (တနဂၤေႏြေန႔) မွာ ထုတ္ျပန္ေပးမယ္လို႔ ပညာေရးဝန္ႀကီးဌာနက ေၾကညာထားသည္။
အဆိုပါ ေအာင္စာရင္းမ်ားကို ထိုေန႔ နံနက္ ၆ နာရီတြင္ ထုတ္ျပန္ေၾကညာေပးမည္ျဖစ္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးရွိ စာစစ္ဌာနေက်ာင္းမ်ားတြင္ တစ္ခ်ိန္တည္းကပ္ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ေအာင္စာရင္း ထုတ္ျပန္မည့္ေန႔ နံနက္ ၄ နာရီတြင္လည္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ဝက္ဘ္ဆိုက္တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ရန္လည္း စီစဥ္ထားၿပီး ေဝးလံေသာ ေဒသမ်ားရွိ စာစစ္ဌာနမ်ားႏွင့္ အင္တာနက္အဆက္အသြယ္ ေကာင္းစြာမရရွိသည့္ စာစစ္ဌာနမ်ား၏ ေအာင္စာရင္းမ်ားကိုလည္း ျမန္မာ့အသံေရဒီယိုအစီအစဥ္မွ ေအာင္စာရင္းထြက္သည့္ေန႔တြင္ ေၾကညာေပးမည္ဟု သိရသည္။
ေအာင္စာရင္းလာေရာက္ၾကည့္ရႈရာတြင္လည္း က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ စည္းကမ္းမ်ားကို စနစ္တက်လိုက္နာၿပီး ပူးေပါင္းေဆာင္႐ြက္ၾကရန္လည္း ပန္ၾကားထားၿပီး ေအာင္စာရင္းႏွင့္ပတ္သက္၍ မရွင္းလင္းသည္မ်ားရွိပါက ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာ၏ ဖုန္းနံပါတ္သို႔ ေအာင္စာရင္းထြက္သည့္ေန႔တြင္ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
(၂၀၂၄-၂၀၂၅) ပညာသင္ႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲကို မတ္လ(၁၇)ရက္မွ (၂၂)ရက္ အထိ က်င္းပခဲ့ၿပီးေနာက္ မတ္လ ၂၈ ရက္က အင္အားျပင္း မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့မႈေၾကာင့္ မႏၲေလးတကၠသိုလ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔မွ စာေမးပြဲအေျဖလႊာမ်ား ပ်က္စီးဆုံးရႈံးခဲ့သျဖင့္ အဆိုပါေဒသမ်ားအတြက္ တကၠသိုလ္ဝင္စာေမးပြဲကို ဇြန္လ ၁၆ ရက္မွ ၂၁ ရက္ေန႔အတြင္းမွာ ျပန္လည္စစ္ေဆးခဲ့ၾကရသည္။

Related news

© 2021. All rights reserved.