မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ရာထူးမှ ထုတ်ပယ်ခံရ

 6064

စော (NP News) - ဇူလိုင် ၂၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာ တင်ထွန်းကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပယ်ကြောင်း အမိန့်စာကို ပြီးခဲ့သည့် ဇွန်လ (၂၃)ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသည့်အတွက် ထုတ်ပယ်ခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။
“Answered Paper တွေကြောင့်ဖြစ်မယ်ထင်တယ်။စာထွက်လာတာက သူတစ်ယောက်ထဲ ထွက်လာတာ။ Punishment ထွက်တာက ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်။ သူက Dismiss ခေါ်မလား။ Removal ခေါ်မလားဖြစ်သွားပေမဲ့ ကျန်တဲ့လူတွေက Punishment Transfer လိုဟာမျိုး Chemistry ပါမာက္ခေဆိုရင် Punishment Transfer ပို့လိုက်တာ မိုးညှင်းလား၊ မြစ်ကြီးနားလား အဲဒီဘက်ကို ပို့လိုက်တာထင်တယ်” ဟု ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းသည် လာမည့် (၁၂)လပိုင်းတွင် ပင်စင်ယူရမည့် သူဖြစ်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (မတ်လ ၂၈ ရက်) က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပင်မဆောင်ဘေးအခန်းတွင် ဓာတ်ခွဲခန်းရှိ၍ အဆိုပါဓာတ်ခွဲခန်းမှ ဓာတုပစ္စည်းများက မီး စတင်လောင်ကျွမ်းခဲ့သည့်အတွက် တက္ကသိုလ်ဝင်တမ်းစာမေးပွဲ အဖြေလွှာများကို ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပင်မဆောင်လည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃၈၂၇) အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈၆၉၉) ဦး၏ အဖြေလွှာအုပ်ရေ (၅၂၁၈၉)အုပ် တို့သည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ရာထူးမွ ထုတ္ပယ္ခံရ
ေစာ (NP News)-ဇူလိုင္ ၂၆
ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာန၊ မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ျဖစ္သူ ေဒါက္တာ တင္ထြန္းကို ရာထူးမွ ထုတ္ပယ္လိုက္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါထုတ္ပယ္ေၾကာင္း အမိန႔္စာကို ၿပီးခဲ့သည့္ ဇြန္လ (၂၃)ရက္က ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး တကၠသိုလ္ဝင္တန္း စာေမးပြဲအေျဖလႊာမ်ား မီးေလာင္ပ်က္စီးခဲ့ရသည့္အတြက္ ထုတ္ပယ္ခံရျခင္းျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ထြက္ေပၚလ်က္ ရွိသည္။
“Answered Paper ေတြေၾကာင့္ျဖစ္မယ္ထင္တယ္။စာထြက္လာတာက သူတစ္ေယာက္ထဲ ထြက္လာတာ။ Punishment ထြက္တာက ငါးေယာက္၊ ေျခာက္ေယာက္ေလာက္ရွိတယ္။ သူက Dismiss ေခၚမလား။ Removal ေခၚမလားျဖစ္သြားေပမဲ့ က်န္တဲ့လူေတြက Punishment Transfer လိုဟာမ်ိဳး Chemistry ပါမာေကၡဆိုရင္ Punishment Transfer ပို႔လိုက္တာ မိုးညႇင္းလား၊ ျမစ္ႀကီးနားလား အဲဒီဘက္ကို ပို႔လိုက္တာထင္တယ္” ဟု ပညာေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ပါေမာကၡခ်ဳပ္ ေဒါက္တာ တင္ထြန္းသည္ လာမည့္ (၁၂)လပိုင္းတြင္ ပင္စင္ယူရမည့္ သူျဖစ္တစ္ဦးလည္း ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (မတ္လ ၂၈ ရက္) က လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ ပင္မေဆာင္ေဘးအခန္းတြင္ ဓာတ္ခြဲခန္းရွိ၍ အဆိုပါဓာတ္ခြဲခန္းမွ ဓာတုပစၥည္းမ်ားက မီး စတင္ေလာင္ကြၽမ္းခဲ့သည့္အတြက္ တကၠသိုလ္ဝင္တမ္းစာေမးပြဲ အေျဖလႊာမ်ားကို ကူးစက္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး ပင္မေဆာင္လည္း ၿပိဳက်ပ်က္စီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ မႏၲေလးတကၠသိုလ္ ပင္မေဆာင္သို႔ ေရာက္ရွိလ်က္ရွိသည့္ ၂၀၂၄-၂၀၂၅ တကၠသိုလ္ဝင္ စာေမးပြဲအေျဖလႊာမ်ားျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ ၄၆၉၄၄ ဦး၏ အေျဖလႊာအုပ္ေရ (၂၈၀၉၄၀) အုပ္၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ (၇၃၁၁) ဦး၏ အေျဖလႊာအုပ္ေရ (၄၃၈၂၇) အုပ္၊ ကခ်င္ ျပည္နယ္မွ ေျဖဆိုသူဦးေရ (၈၆၉၉) ဦး၏ အေျဖလႊာအုပ္ေရ (၅၂၁၈၉)အုပ္ တို႔သည္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရ ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.