“2025 K-pop World Festival Myanmar Vocal Winner အဖြစ် မေ့ချစ်သက်ရရှိခဲ့”

 558

အိဖြူ (NP News) - ဇူလိုင် ၂၈
The Statesman Journal ရဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “2025 K-pop World Festival Myanmar Vocal Winner ဆုရရှိခဲ့တဲ့ မေ့ချစ်သက်၊ ဟန်သီဦးဆောင်မယ့် FOM 2025 ၊ သိုင်းရွိုက်ရောဂါ အတွက် ကုသမှုခံယူနေရတဲ့ ခင်ဇာခြည်ကျော်ရဲ့ သမီး” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

2025 K-pop World Festival Myanmar ဆုကို မေ့ချစ်သက်ရရှိ
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံရုံးကကြီးမှူးကျင်းပတဲ့ Kpop World Festival In Myan­mar 2025 မှာ အဆိုတော် မေ့ချစ်သက်က Sangnoksu အဖြစ် ချီးမြှင့်ခံခဲ့ရပါတယ်။
အဆိုတော်မေ့ချစ်သက်က ကိုရီးယားသီချင်းတစ်ပုဒ်ဖြစ်တဲ့ Horangsuwolga အမည်ရှိသီချင်းကို မြန်မာဝတ်စုံ ဝတ်ဆင်ကာ ကိုရီးယားဘာသာစကားနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မေ့ချစ်သက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုရီးယား သီချင်းက တေးရေး Sangnoksu က ရဲ့သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ (၂၀၁၅)ခုနှစ်ကထွက်ရှိခဲ့တဲ့ Light Novel “Tiger My Love” ရဲ့ဇာတ်ဝင်တေး “Horang­p­un­gryuga” ဖြစ်ပါတယ်။ ကိုရီးယားအမျိုးသမီးအဆိုတော် Ujoo က ပထမဆုံး အကြိမ် (၂၀၂၁) ခုနှစ် မှာ “Horangsuwolga” အဖြစ်သီဆိုခဲ့ကြောင်း၊ အဲဒီနောက် အမျိုးသား အဆိုတော် Tophyun က ရိုးရာသံစဉ်တွေနဲ့မဟုတ်ဘဲ Balled ပုံစံနဲ့ပြန်လည်သီဆိုခဲ့ရာ လူကြိုက်များ အောင်မြင်ခဲ့ တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ် ကြောင်း အသိပေးဖော်ပြထားပါတယ်။ အဆိုတော်မေ့ချစ်သက်က မူရင်းအမျိုးသမီး အဆိုတော် Ujoo ရဲ့ version အတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“2025 K-pop World Festival Myanmar Vocal ပထမဆုရတာပါ။ ကိုရီးယားနိုင်ငံအထိပြိုင်ခွင့်ရဖို့ကြိုး စားမယ်။ အသက်(၁၆)နှစ်ကတည်းက ပြိုင်ချင်ခဲ့လို့အားခဲခဲ့တာပါ။ ဆုရလို့ဝမ်းသာပြီးပျော်တယ်။ K-pop သီချင်းတွေကို အရမ်းသဘောကျတယ်”လို့ မေ့ချစ်သက်ကသူ့ Facebook အကောင့်မှာ ပို့စ်တင်ဖော်ပြခဲ့ပါတယ်။ သူ့အနေနဲ့ Global Audition အထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် Global Audition အတွက် ပါဝင်ခွင့်ရရှိဖို့ အတွက်လည်း ရင်ခုန်စွာ စောင့်မျှော်လျှက်ရှိကြောင်း ဖွင့်ဟထားပါတယ်။ Kpop World Festival In Myanmar 2025 ပွဲကို ဇူလိုင်လ (၂၀) ရက် တနင်္ဂနွေနေ့က Lotte Hotel ရဲ့ Crystal Ballroom Free Entry မှာ ကျင်းပခဲ့ခြင်းဖြစ်ရာ လာရောက်ကြည့်ရှုအားပေးသူ လူငယ်တွေ များပြားခဲ့ပါတယ်။

Face Of Myanmar 2025 ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အလှမယ်ဟန်သီ ဦးဆောင် ပါဝင်
တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် 20th Asia Model Festival 2025 ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အလှမယ်ဟန်သီက Face Of Myanmar 2025 ပြိုင်ပွဲအတွက် ဦးဆောင်ပါဝင် အကဲဖြတ်သွားမှာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ Asia Model Festival တာဝန်ရှိသူကိုယ်တိုင်က အလှမယ်ဟန်သီကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ရာ သူကိုယ်တိုင်ကလည်း Face Of Myanmar 2012 Winner ဖြစ်ရုံမက Asia Model Star Award 2019 ရရှိထားသူ၊ ‘2019 Asia Model Awards’ ဒိုင်အဖြစ် ပါဝင်ဖူးသူဖြစ်တာကြောင့် ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ FOM -(Face Of Myanmar 2025) မှာ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ အလှမယ်/မောင် တွေအနေနဲ့ ပြိုင်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်ထားကြဖို့လိုအပ်ကြောင်း၊ အလှပြရုံစိတ်နဲ့မယှဉ်ပြိုင်ဖို့ လိုအပ်ကာ နိုင်ငံတကာအထိထိုးဖောက်နိုင်သူ ကိုသာ ရွေးချယ်သွားမှာဖြစ်ကြောင်း၊ အင်္ဂလိပ်ဘာသာစကားကိုပြောဆိုနိုင်မှ လာရောက်ယှဉ်ပြိုင်စေလိုကြောင်း အလှမယ် ဟန်သီက အတိအလင်းကြေညာထားပါတယ်။ ပြိုင်ပွဲဝင်တွေကို Training ပေးသွားမှာမဟုတ်ဘဲ ကာယကံရှင် ကိုယ်တိုင်က ကြိုတင်ပြင် ဆင်လာဖို့လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်မယ်ဆိုပါက သတ်မှတ်အရည်အချင်းပြည့်စုံမှ ဝင်ရောက်ယှဉ်ပြိုင် သင့်ကြောင်း အကြံပြုထားပါတယ်။
အလှမယ်ဟန်သီက နိုင်ငံတကာပြိုင်ပွဲတွေအထိ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်လိုကြတဲ့ မောင် လေး/ညီမလေးတို့အနေနဲ့ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားကို တတ်မြောက်ဖို့လိုအပ်ပြီး၊ အခြေခံမှ မတတ် မြောက်ပါက နိုင်ငံတကာပွဲတွေကို သွားရောက်ယှဉ်ပြိုင်ဖို့မစဉ်းစားသင့်ကြောင်း အကြံပြုပြောဆိုမှုတွေရှိလာ ပါတယ်။ နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲဝင်တွေအနေနဲ့ နိုင်ငံတကာအလယ်မှာ ချိတ်ဆက်ပြောဆိုမှု ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ ဘာသာစကားက အဓိကအရေးကြီးကြောင်း ထောက်ပြထားတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ချိန် တစ်လခန့်ရရှိမှာဖြစ်ပြီး၊ အသားအရေနဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းပြင်ဆင်ကြဖို့လိုအပ်ကြောင်း အသိပေးကြေညာ ထားပါတယ်။ Face Of Myanmar 2025 ပြိုင်ပွဲကို ဩဂုတ်လအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရက်အတိအကျကို မကြာခင်ရက်ပိုင်း အတွင်း ကြေညာပေးမှာဖြစ်ကြောင်းဆိုထားပါတယ်။ 20th Asia Model Festival 2025 ကို ဩဂုတ်လ (၂၅) ရက်မှ (၃၁) ရက်အထိ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

သိုင်းရွိုက်ကင်ဆာရောဂါ ဆေးကုသမှုခံယူနေရတဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့သမီးလေး
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့သမီးငယ်ဖြစ်တဲ့ ထင်သစ္စာကျော်ဟာ လက်ရှိမှာ သိုင်းရွိုက် ကင်ဆာရောဂါဝေဒနာအတွက် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ “သမီးထင်ထင် လည်ပင်းအကျိတ်ခွဲစိတ်မှု အောင်မြင်ပါတယ်ရှင်”လို့ ထင်သစ္စာကျော်က အသိပေးဖော်ပြခဲ့ပါတယ်။
ခင်ဇာခြည်ကျော်က သူ့သမီးလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ PHYATHAI 2 International Hospital မှာ ဆေးကုသမှုခံယူစေခဲ့ပြီး သမီးဖြစ်သူရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း ချီးကျူးထားပါတယ်။
“ချစ်သမီးလေး ထင်ထင် စိတ်ဓာတ်ကြံ့ခိုင်တဲ့နေရာမှာ စံထားလောက်ပါတယ်။ အရမ်းချစ်တယ် သမီးလေး။ မေမေတို့ ရှေ့ဆက်ပြီး အရာရာကို အောင်မြင်စွာကျော်ဖြတ်ကြမယ်”လို့ မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်က အားပေးစကား ဆိုထားတာကိုတွေ့မြင်ရပါတယ်။ သမီးငယ်ဖြစ်သူ ထင်သစ္စာကျော်ဟာ ပညာရေးမှာထူးချွန်ရုံမက ငွေကြေးစီမံခန့်ခွဲမှုနဲ့ အိမ်မှုကိစ္စတွေကိုလည်း နိုင်နင်းသူဖြစ်ကြောင်း မိခင်ဖြစ်သူခင်ဇာခြည်ကျော်က အင်တာဗျူးဖြေဆိုတိုင်း ချီးကျူးပြောပြ လေ့ရှိတာပါ။ သမီးငယ်မှာ အခုလို ကင်ဆာဆိုတဲ့ မြစ်ပွားရောဂါဖြစ်ပွားနေမှန်းသိရှိချိန်မှာလည်း မိသားစုဝင်တွေ ထက်ပင် ကာယကံရှင်ဖြစ်တဲ့သမီးငယ်က တည်ငြိမ်လှပြီး စိတ်ဓာတ်ကြံ့ခိုင်တာကို တွေ့ရှိခဲ့ရတယ်လို့လည်း ကြားသိရပါ တယ်။ သိုင်းရွိုက်ကင်ဆာ (Thyroid Cancer) ဆိုတာက အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ကာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များကြောင်း ဖတ်ရှုမိပါတယ်။
သိုင်းရွိုက်ကင်ဆာရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရောဂါကနဦးအစမှာ လက္ခဏာမပြဘဲ လည်ပင်းမှာ အကျိတ်လုံးထွက်လာတာ၊ ချောင်းဆိုးတာ၊ အသံဝင်တာ၊ အသံအောတာ၊ လည်ပင်းနဲ့ လည်ချောင်းမှာ နာကျင်တာ၊ အစာမျိုချဖို့ခက်ခဲတာ၊ လည်ပင်းရှိ ပြန်ရည်ကြောအိတ်တွေ ရောင်ရမ်းတာ အစရှိတဲ့ ရောဂါလက္ခဏာ တွေ ပြလေ့ရှိတယ်လို့သိရပါတယ်။ ခင်ဇာခြည်ကျော်ရဲ့အနုပညာမောင်နှမတွေက သမီးငယ် ထင်သစ္စာ‌ကျော် အတွက် အားပေးဆုတောင်းစကားတွေပြောကြားခဲ့ကြပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း သူရဲ့နေ့စဉ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြလျက်ရှိလို့နေပါတယ်။
ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“2025 K-pop World Festival Myanmar Vocal Winner အျဖစ္ ေမ့ခ်စ္သက္ရရွိခဲ့”
အိျဖဴ (NP News) - ဇူလိုင္ ၂၈
The Statesman Journal ရဲ႕ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “2025 K-pop World Festival Myanmar Vocal Winner ဆုရရွိခဲ့တဲ့ ေမ့ခ်စ္သက္၊ ဟန္သီဦးေဆာင္မယ့္ FOM 2025 ၊ သိုင္း႐ြိဳက္ေရာဂါ အတြက္ ကုသမႈခံယူေနရတဲ့ ခင္ဇာျခည္ေက်ာ္ရဲ႕ သမီး” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

2025 K-pop World Festival Myanmar ဆုကို ေမ့ခ်စ္သက္ရရွိ
ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားႏိုင္ငံသံ႐ုံးကႀကီးမႉးက်င္းပတဲ့ Kpop World Festival In Myan­mar 2025 မွာ အဆိုေတာ္ ေမ့ခ်စ္သက္က Sangnoksu အျဖစ္ ခ်ီးျမႇင့္ခံခဲ့ရပါတယ္။
အဆိုေတာ္ေမ့ခ်စ္သက္က ကိုရီးယားသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Horangsuwolga အမည္ရွိသီခ်င္းကို ျမန္မာဝတ္စုံ ဝတ္ဆင္ကာ ကိုရီးယားဘာသာစကားနဲ႔ သီဆိုယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္ပါတယ္။ ေမ့ခ်စ္သက္ယွဥ္ၿပိဳင္ခဲ့တဲ့ ကိုရီးယား သီခ်င္းက ေတးေရး Sangnoksu က ရဲ႕သီခ်င္းေကာင္းတစ္ပုဒ္ျဖစ္တဲ့ (၂၀၁၅)ခုႏွစ္ကထြက္ရွိခဲ့တဲ့ Light Novel “Tiger My Love” ရဲ႕ဇာတ္ဝင္ေတး “Horang­p­un­gryuga” ျဖစ္ပါတယ္။ ကိုရီးယားအမ်ိဳးသမီးအဆိုေတာ္ Ujoo က ပထမဆုံး အႀကိမ္ (၂၀၂၁) ခုႏွစ္ မွာ “Horangsuwolga” အျဖစ္သီဆိုခဲ့ေၾကာင္း၊ အဲဒီေနာက္ အမ်ိဳးသား အဆိုေတာ္ Tophyun က ႐ိုးရာသံစဥ္ေတြနဲ႔မဟုတ္ဘဲ Balled ပုံစံနဲ႔ျပန္လည္သီဆိုခဲ့ရာ လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့ တဲ့ ေတးသီခ်င္းတစ္ပုဒ္ျဖစ္ ေၾကာင္း အသိေပးေဖာ္ျပထားပါတယ္။ အဆိုေတာ္ေမ့ခ်စ္သက္က မူရင္းအမ်ိဳးသမီး အဆိုေတာ္ Ujoo ရဲ႕ version အတိုင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
“2025 K-pop World Festival Myanmar Vocal ပထမဆုရတာပါ။ ကိုရီးယားႏိုင္ငံအထိၿပိဳင္ခြင့္ရဖို႔ႀကိဳး စားမယ္။ အသက္(၁၆)ႏွစ္ကတည္းက ၿပိဳင္ခ်င္ခဲ့လို႔အားခဲခဲ့တာပါ။ ဆုရလို႔ဝမ္းသာၿပီးေပ်ာ္တယ္။ K-pop သီခ်င္းေတြကို အရမ္းသေဘာက်တယ္”လို႔ ေမ့ခ်စ္သက္ကသူ႔ Facebook အေကာင့္မွာ ပို႔စ္တင္ေဖာ္ျပခဲ့ပါတယ္။ သူ႔အေနနဲ႔ Global Audition အထိ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ၿပီး ကိုရီးယားႏိုင္ငံမွာ က်င္းပမယ့္ Global Audition အတြက္ ပါဝင္ခြင့္ရရွိဖို႔ အတြက္လည္း ရင္ခုန္စြာ ေစာင့္ေမွ်ာ္လွ်က္ရွိေၾကာင္း ဖြင့္ဟထားပါတယ္။ Kpop World Festival In Myanmar 2025 ပြဲကို ဇူလိုင္လ (၂၀) ရက္ တနဂၤေႏြေန႔က Lotte Hotel ရဲ႕ Crystal Ballroom Free Entry မွာ က်င္းပခဲ့ျခင္းျဖစ္ရာ လာေရာက္ၾကည့္ရႈအားေပးသူ လူငယ္ေတြ မ်ားျပားခဲ့ပါတယ္။

Face Of Myanmar 2025 ၿပိဳင္ပြဲက်င္းပႏိုင္ေရးအတြက္ အလွမယ္ဟန္သီ ဦးေဆာင္ ပါဝင္
ေတာင္ကိုရီးယားႏိုင္ငံမွာက်င္းပမယ့္ 20th Asia Model Festival 2025 ပြဲအခမ္းအနားမွာ ျမန္မာႏိုင္ငံကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အလွမယ္ဟန္သီက Face Of Myanmar 2025 ၿပိဳင္ပြဲအတြက္ ဦးေဆာင္ပါဝင္ အကဲျဖတ္သြားမွာျဖစ္ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ Asia Model Festival တာဝန္ရွိသူကိုယ္တိုင္က အလွမယ္ဟန္သီကို ကမ္းလွမ္းခဲ့ျခင္း ျဖစ္ရာ သူကိုယ္တိုင္ကလည္း Face Of Myanmar 2012 Winner ျဖစ္႐ုံမက Asia Model Star Award 2019 ရရွိထားသူ၊ ‘2019 Asia Model Awards’ ဒိုင္အျဖစ္ ပါဝင္ဖူးသူျဖစ္တာေၾကာင့္ ကမ္းလွမ္းမႈကို လက္ခံခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ FOM -(Face Of Myanmar 2025) မွာ ဝင္ေရာက္ယွဥ္ၿပိဳင္လိုတဲ့ အလွမယ္/ေမာင္ ေတြအေနနဲ႔ ၿပိဳင္ပြဲဝင္ဖို႔ ႀကိဳတင္ ျပင္ဆင္ထားၾကဖို႔လိုအပ္ေၾကာင္း၊ အလွျပ႐ုံစိတ္နဲ႔မယွဥ္ၿပိဳင္ဖို႔ လိုအပ္ကာ ႏိုင္ငံတကာအထိထိုးေဖာက္ႏိုင္သူ ကိုသာ ေ႐ြးခ်ယ္သြားမွာျဖစ္ေၾကာင္း၊ အဂၤလိပ္ဘာသာစကားကိုေျပာဆိုႏိုင္မွ လာေရာက္ယွဥ္ၿပိဳင္ေစလိုေၾကာင္း အလွမယ္ ဟန္သီက အတိအလင္းေၾကညာထားပါတယ္။ ၿပိဳင္ပြဲဝင္ေတြကို Training ေပးသြားမွာမဟုတ္ဘဲ ကာယကံရွင္ ကိုယ္တိုင္က ႀကိဳတင္ျပင္ ဆင္လာဖို႔လိုအပ္ေၾကာင္း၊ ၿပိဳင္ပြဲဝင္မယ္ဆိုပါက သတ္မွတ္အရည္အခ်င္းျပည့္စုံမွ ဝင္ေရာက္ယွဥ္ၿပိဳင္ သင့္ေၾကာင္း အႀကံျပဳထားပါတယ္။
အလွမယ္ဟန္သီက ႏိုင္ငံတကာၿပိဳင္ပြဲေတြအထိ ျမန္မာကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္လိုၾကတဲ့ ေမာင္ ေလး/ညီမေလးတို႔အေနနဲ႔ ႏိုင္ငံတကာသုံး အဂၤလိပ္ဘာသာစကားကို တတ္ေျမာက္ဖို႔လိုအပ္ၿပီး၊ အေျခခံမွ မတတ္ ေျမာက္ပါက ႏိုင္ငံတကာပြဲေတြကို သြားေရာက္ယွဥ္ၿပိဳင္ဖို႔မစဥ္းစားသင့္ေၾကာင္း အႀကံျပဳေျပာဆိုမႈေတြရွိလာ ပါတယ္။ ႏိုင္ငံ့ကိုယ္စားျပဳ ၿပိဳင္ပြဲဝင္ေတြအေနနဲ႔ ႏိုင္ငံတကာအလယ္မွာ ခ်ိတ္ဆက္ေျပာဆိုမႈ ေကာင္းမြန္စြာလုပ္ေဆာင္ႏိုင္ဖို႔ ဘာသာစကားက အဓိကအေရးႀကီးေၾကာင္း ေထာက္ျပထားတာျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္လိုသူေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္ခ်ိန္ တစ္လခန႔္ရရွိမွာျဖစ္ၿပီး၊ အသားအေရနဲ႔ခႏၶာကိုယ္ကို ထိန္းသိမ္းျပင္ဆင္ၾကဖို႔လိုအပ္ေၾကာင္း အသိေပးေၾကညာ ထားပါတယ္။ Face Of Myanmar 2025 ၿပိဳင္ပြဲကို ဩဂုတ္လအတြင္း ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာ က်င္းပျပဳလုပ္မွာျဖစ္ၿပီး ရက္အတိအက်ကို မၾကာခင္ရက္ပိုင္း အတြင္း ေၾကညာေပးမွာျဖစ္ေၾကာင္းဆိုထားပါတယ္။ 20th Asia Model Festival 2025 ကို ဩဂုတ္လ (၂၅) ရက္မွ (၃၁) ရက္အထိ ေတာင္ကိုရီးယားႏိုင္ငံမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

သိုင္း႐ြိဳက္ကင္ဆာေရာဂါ ေဆးကုသမႈခံယူေနရတဲ့ အကယ္ဒမီခင္ဇာျခည္ေက်ာ္ရဲ႕သမီးေလး
႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီခင္ဇာျခည္ေက်ာ္ရဲ႕သမီးငယ္ျဖစ္တဲ့ ထင္သစၥာေက်ာ္ဟာ လက္ရွိမွာ သိုင္း႐ြိဳက္ ကင္ဆာေရာဂါေဝဒနာအတြက္ ေဆးကုသမႈခံယူေနရတာျဖစ္ပါတယ္။ “သမီးထင္ထင္ လည္ပင္းအက်ိတ္ခြဲစိတ္မႈ ေအာင္ျမင္ပါတယ္ရွင္”လို႔ ထင္သစၥာေက်ာ္က အသိေပးေဖာ္ျပခဲ့ပါတယ္။
ခင္ဇာျခည္ေက်ာ္က သူ႔သမီးေလးကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ PHYATHAI 2 International Hospital မွာ ေဆးကုသမႈခံယူေစခဲ့ၿပီး သမီးျဖစ္သူရဲ႕ စိတ္ဓာတ္ႀကံ့ခိုင္မႈကိုလည္း ခ်ီးက်ဴးထားပါတယ္။
“ခ်စ္သမီးေလး ထင္ထင္ စိတ္ဓာတ္ႀကံ့ခိုင္တဲ့ေနရာမွာ စံထားေလာက္ပါတယ္။ အရမ္းခ်စ္တယ္ သမီးေလး။ ေမေမတို႔ ေရွ႕ဆက္ၿပီး အရာရာကို ေအာင္ျမင္စြာေက်ာ္ျဖတ္ၾကမယ္”လို႔ မိခင္ျဖစ္သူ ခင္ဇာျခည္ေက်ာ္က အားေပးစကား ဆိုထားတာကိုေတြ႕ျမင္ရပါတယ္။ သမီးငယ္ျဖစ္သူ ထင္သစၥာေက်ာ္ဟာ ပညာေရးမွာထူးခြၽန္႐ုံမက ေငြေၾကးစီမံခန႔္ခြဲမႈနဲ႔ အိမ္မႈကိစၥေတြကိုလည္း ႏိုင္နင္းသူျဖစ္ေၾကာင္း မိခင္ျဖစ္သူခင္ဇာျခည္ေက်ာ္က အင္တာဗ်ဴးေျဖဆိုတိုင္း ခ်ီးက်ဴးေျပာျပ ေလ့ရွိတာပါ။ သမီးငယ္မွာ အခုလို ကင္ဆာဆိုတဲ့ ျမစ္ပြားေရာဂါျဖစ္ပြားေနမွန္းသိရွိခ်ိန္မွာလည္း မိသားစုဝင္ေတြ ထက္ပင္ ကာယကံရွင္ျဖစ္တဲ့သမီးငယ္က တည္ၿငိမ္လွၿပီး စိတ္ဓာတ္ႀကံ့ခိုင္တာကို ေတြ႕ရွိခဲ့ရတယ္လို႔လည္း ၾကားသိရပါ တယ္။ သိုင္း႐ြိဳက္ကင္ဆာ (Thyroid Cancer) ဆိုတာက အျဖစ္မ်ားတဲ့ေရာဂါတစ္မ်ိဳးျဖစ္ၿပီး၊ အသက္အ႐ြယ္မေ႐ြး ျဖစ္ပြားႏိုင္ကာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုမိုအျဖစ္မ်ားေၾကာင္း ဖတ္ရႈမိပါတယ္။
သိုင္း႐ြိဳက္ကင္ဆာရဲ႕အျဖစ္အမ်ားဆုံးေရာဂါလကၡဏာေတြကေတာ့ ေရာဂါကနဦးအစမွာ လကၡဏာမျပဘဲ လည္ပင္းမွာ အက်ိတ္လုံးထြက္လာတာ၊ ေခ်ာင္းဆိုးတာ၊ အသံဝင္တာ၊ အသံေအာတာ၊ လည္ပင္းနဲ႔ လည္ေခ်ာင္းမွာ နာက်င္တာ၊ အစာမ်ိဳခ်ဖို႔ခက္ခဲတာ၊ လည္ပင္းရွိ ျပန္ရည္ေၾကာအိတ္ေတြ ေရာင္ရမ္းတာ အစရွိတဲ့ ေရာဂါလကၡဏာ ေတြ ျပေလ့ရွိတယ္လို႔သိရပါတယ္။ ခင္ဇာျခည္ေက်ာ္ရဲ႕အႏုပညာေမာင္ႏွမေတြက သမီးငယ္ ထင္သစၥာ‌ေက်ာ္ အတြက္ အားေပးဆုေတာင္းစကားေတြေျပာၾကားခဲ့ၾကၿပီး ကာယကံရွင္ကိုယ္တိုင္ကလည္း သူရဲ႕ေန႔စဥ္လႈပ္ရွားမႈ ျမင္ကြင္းေတြကို ေဖာ္ျပလ်က္ရွိလို႔ေနပါတယ္။
ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.