(၁၄) ရက်အတွင်း TNLA ၊DPLA၊ MDY-PDFနှင့် ရွာငံ PDF အဖွဲ့တို့မှ တပ်မတော်ထံ အလင်းဝင်လာသူ (၁၃၀)အထိ ရှိလာ

 373

ချယ်ရီ (NP News) - ဇူလိုင် (၃၁)
ဇူလိုင်လ (၁၇) ရက်မှ (၃၀) ရက်အထိ (၁၄) ရက်အတွင်း TNLA ၊DPLA၊ MDY-PDFနှင့် ရွာငံ PDF အဖွဲ့တို့မှ တပ်မတော်ထံ အလင်းဝင်လာသူ (၁၃၀)ဦးအထိ ရှိလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေးထား ဆောင်ရွက်လျက်ရှိပြီး လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများ နှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်မှုများရှိရာ ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်)က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ DPLA အဖွဲ့ဝင် အမျိုးသား(၄)ဦး၊ MDY-PDF အဖွဲ့ဝင် အမျိုးသား (၆)ဦးနှင့် TNLA အဖွဲ့ဝင် အမျိုးသား(၂)ဦး စုစုပေါင်း (၁၂) ဦးတို့သည် Type-81 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် (၂၅) တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ပြန်လည်ဝင်ရောက်လာကြရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
“ကျွန်တော် ဒီအဖွဲ့အစည်းထဲကို ကိုယ့်စိတ်ဆန္ဒနဲ့ဝင်သွားတာ မဟုတ်ပါဘူး။ ပြောချင်တာတော့ သူတို့ ကျွန်တော်တို့ကို တစ်အိမ်တစ်ယောက် မဖြစ်မနေ ဝင်ရမယ်ဆိုပြီးတော့ မဝင်ရင်လည်း ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေကို ဒုက္ခပေးမယ်ပေါ့။ တစ်ခုခုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ကျွန်တော် အခုလိုဝင်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ထဲကိုဝင်တဲ့အချိန်မှာလည်း အဆင်မပြေမှုတွေအများကြီး ကြုံရတယ်။ လူမျိုးရေးခွဲခြားတာတွေရှိတယ်။ နောက်ပြီးတော့သူတို့က လက်နက်ကိုင်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့လည်းသူတို့ခိုင်းတာကို မဖြစ်မနေလုပ်ရတာပဲဖြစ်တယ်။ သင်တန်းတွေဆက်တက်တဲ့ အချိန်မှာလည်း တစ်ယောက် နဲ့တစ်ယောက် အနိုင်ကျင့်ပြောဆို ဆက်ဆံခံရတာတွေ အများကြီးရှိတယ်။ အဲဒါတွေကြုံခဲ့ရတယ် အများကြီးဗျာ” ဟု အလင်းဝင်ရောက်လာသူတစ်ဦးက ပြောပြထားသည်။
အလားတူ ပြီးခဲ့သည့်ဇူလိုင်လ (၁၇) ရက်မှ ဇူလိုင် (၂၉) ရက်အထိ TNLA အဖွဲ့ဝင် (၄)ဦး၊ DPLA အဖွဲ့ဝင် (၄၇) ဦးနှင့် MDY-PDF အဖွဲ့ဝင် (၆၁) ဦး၊ ရွာငံ PDF အဖွဲ့ဝင် (၆)ဦး၊ စုစုပေါင်း (၁၁၈) ဦးတို့သည် လက်နက်မျိုးစုံ (၁၄) လက်၊ ကျည်မျိုးစုံ (၁,၅၁၅) တောင့်၊ ကျည်အိမ် (၁၂) ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ပြီလည်း ဖြစ်သည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် ယူဆောင်လာသော လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် နိုင်ငံအကျိုးလက်တွဲဖော်ဆောင်ရန် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ဇူလိုင်လ(၃၀)ရက်နေ့ ညနေပိုင်းမှစတင်ကာ ဖုန်းစာတိုစနစ်မှ ဖိတ်ခေါ်ထားခြင်းလည်းရှိကြောင်း သိရသည်။

Zawgyi Version:
(၁၄) ရက္အတြင္း TNLA ၊DPLA၊ MDY-PDFႏွင့္ ႐ြာငံ PDF အဖြဲ႕တို႔မွ တပ္မေတာ္ထံ အလင္းဝင္လာသူ (၁၃၀)အထိ ရွိလာ
ခ်ယ္ရီ (NP News) - ဇူလိုင္ (၃၁)
ဇူလိုင္လ (၁၇) ရက္မွ (၃၀) ရက္အထိ (၁၄) ရက္အတြင္း TNLA ၊DPLA၊ MDY-PDFႏွင့္ ႐ြာငံ PDF အဖြဲ႕တို႔မွ တပ္မေတာ္ထံ အလင္းဝင္လာသူ (၁၃၀)ဦးအထိ ရွိလာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို အစဥ္တစ္စိုက္ အေလးထား ေဆာင္႐ြက္လ်က္ရွိၿပီး လက္နက္ကိုင္ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားအေနျဖင့္လည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေပၚ နားလည္သေဘာေပါက္လာၾကကာ နီးစပ္ရာနယ္ေျမခံ တပ္စခန္းမ်ား ႏွင့္ လုံၿခဳံေရးရဲကင္းမ်ားတြင္ လာေရာက္သတင္းပို႔၍ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္မႈမ်ားရွိရာ ယမန္ေန႔ (ဇူလိုင္လ ၃၀ ရက္)က အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ျပင္ဦးလြင္တပ္နယ္ရွိ နယ္ေျမခံသင္တန္းေက်ာင္း၌ DPLA အဖြဲ႕ဝင္ အမ်ိဳးသား(၄)ဦး၊ MDY-PDF အဖြဲ႕ဝင္ အမ်ိဳးသား (၆)ဦးႏွင့္ TNLA အဖြဲ႕ဝင္ အမ်ိဳးသား(၂)ဦး စုစုေပါင္း (၁၂) ဦးတို႔သည္ Type-81 အမ်ိဳးအစား ေသနတ္တစ္လက္၊ ၎က်ည္အိမ္တစ္ခု၊ ၎က်ည္ (၂၅) ေတာင့္၊ လက္ပစ္ဗုံးတစ္လုံးႏွင့္အတူ ျပန္လည္ဝင္ေရာက္လာၾကရာ ၎တို႔ကို တာဝန္ရွိသူမ်ားက ျပန္လည္လက္ခံၿပီး ခ်ီးျမႇင့္ေငြမ်ားႏွင့္ ေထာက္ပံ့ပစၥည္းမ်ားေပးအပ္ကာ မိဘအုပ္ထိန္းသူမ်ားထံသို႔ စနစ္တက် ျပန္လည္လႊဲေျပာင္း အပ္ႏွံေပးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
“ကြၽန္ေတာ္ ဒီအဖြဲ႕အစည္းထဲကို ကိုယ့္စိတ္ဆႏၵနဲ႔ဝင္သြားတာ မဟုတ္ပါဘူး။ ေျပာခ်င္တာေတာ့ သူတို႔ ကြၽန္ေတာ္တို႔ကို တစ္အိမ္တစ္ေယာက္ မျဖစ္မေန ဝင္ရမယ္ဆိုၿပီးေတာ့ မဝင္ရင္လည္း ကြၽန္ေတာ္တို႔ ေဆြမ်ိဳးသားခ်င္းေတြကို ဒုကၡေပးမယ္ေပါ့။ တစ္ခုခုလုပ္မယ္ဆိုၿပီး ၿခိမ္းေျခာက္လို႔ ကြၽန္ေတာ္ အခုလိုဝင္ရျခင္း ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔ထဲကိုဝင္တဲ့အခ်ိန္မွာလည္း အဆင္မေျပမႈေတြအမ်ားႀကီး ႀကဳံရတယ္။ လူမ်ိဳးေရးခြဲျခားတာေတြရွိတယ္။ ေနာက္ၿပီးေတာ့သူတို႔က လက္နက္ကိုင္ထားတာ ျဖစ္တဲ့အတြက္ေၾကာင့္မလို႔ ကြၽန္ေတာ္တို႔လည္းသူတို႔ခိုင္းတာကို မျဖစ္မေနလုပ္ရတာပဲျဖစ္တယ္။ သင္တန္းေတြဆက္တက္တဲ့ အခ်ိန္မွာလည္း တစ္ေယာက္ နဲ႔တစ္ေယာက္ အႏိုင္က်င့္ေျပာဆို ဆက္ဆံခံရတာေတြ အမ်ားႀကီးရွိတယ္။ အဲဒါေတြႀကဳံခဲ့ရတယ္ အမ်ားႀကီးဗ်ာ” ဟု အလင္းဝင္ေရာက္လာသူတစ္ဦးက ေျပာျပထားသည္။
အလားတူ ၿပီးခဲ့သည့္ဇူလိုင္လ (၁၇) ရက္မွ ဇူလိုင္ (၂၉) ရက္အထိ TNLA အဖြဲ႕ဝင္ (၄)ဦး၊ DPLA အဖြဲ႕ဝင္ (၄၇) ဦးႏွင့္ MDY-PDF အဖြဲ႕ဝင္ (၆၁) ဦး၊ ႐ြာငံ PDF အဖြဲ႕ဝင္ (၆)ဦး၊ စုစုေပါင္း (၁၁၈) ဦးတို႔သည္ လက္နက္မ်ိဳးစုံ (၁၄) လက္၊ က်ည္မ်ိဳးစုံ (၁,၅၁၅) ေတာင့္၊ က်ည္အိမ္ (၁၂) ခုႏွင့္အတူ ျပန္လည္ဝင္ေရာက္လာခဲ့ၿပီလည္း ျဖစ္သည္။
ထိုသို႔ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ား က်န္ရွိေနေသးေၾကာင္းသိရွိရၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာခ႐ိုင္၊ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္ သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ ယူေဆာင္လာေသာ လက္နက္၊ ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ားအား ထိုက္တန္စြာ ေပးအပ္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ ႏိုင္ငံအက်ိဳးလက္တြဲေဖာ္ေဆာင္ရန္ PDF အမည္ခံမ်ားအပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအား ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္မွ ဇူလိုင္လ(၃၀)ရက္ေန႔ ညေနပိုင္းမွစတင္ကာ ဖုန္းစာတိုစနစ္မွ ဖိတ္ေခၚထားျခင္းလည္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.