ရွှေကူမြို့အတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား (၂)ဦး နှင့် အမျိုးသား (၁)ဦး သေဆုံး

350

သန့်ဇင် (NP News) - ဩဂုတ် ၃
ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်းသို့ KIA၊ PDFပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား(၂)ဦးနှင့် အမျိုးသား (၁)ဦး သေဆုံးသွားခဲ့ကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်က ရွှေကူမြို့နယ်၊ ရွှေကူမြို့အတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်း မဲ့ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ “သိန်းကမ္ဘာ” သံတို/သံစရောင်းဝယ်ရေးဆိုင်ရှေ့သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အမှတ်(၁)ရပ်ကွက်နေ အခြေခံ ပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားများဖြစ်သော အသက် (၁၂)နှစ်အရွယ် မောင်မျိုး သော်တာအောင်၊ အသက် (၈)နှစ် အရွယ် မောင်လင်းရဝေအောင်နှင့် အမှတ် (၁) ရပ်ကွက်နေ အသက် (၄၉) နှစ်အရွယ် ဦးအောင်ကျော်ဦးတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားဖြစ်သူ အသက် (၁၃) နှစ်အရွယ် မောင်ပိုင်ခန့်ကိုကိုအပါအဝင် အသက် (၄၁) နှစ်အရွယ် ဦးစိုးနိုင်ဦး၊ (၆၂) နှစ်အရွယ် ဒေါ်ခင်မာလွင်၊ (၂၆) နှစ်အရွယ် ဒေါ်ဝင်း သန္တာ၊ (၁၅) နှစ်အရွယ် မောင်ဝေယံမွန်၊ (၅၃) နှစ်အရွယ် ဒေါ်ခင်မြင့် (ခ) ခင်ဦးတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူနိုင်ရန် ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊကူၿမိဳ႕အတြင္းသို႔ KIA၊ PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်ာင္းသား (၂)ဦး ႏွင့္ အမ်ိဳးသား (၁)ဦး ေသဆုံး
သန႔္ဇင္ (NP News) - ဩဂုတ္ ၃
ကခ်င္ျပည္နယ္၊ ေ႐ႊကူၿမိဳ႕အတြင္းသို႔ KIA၊ PDFပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်ာင္းသား(၂)ဦးႏွင့္ အမ်ိဳးသား (၁)ဦး ေသဆုံးသြားခဲ့ေၾကာင္း အစိုးရ၏ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ ၁ ရက္၊ နံနက္ ၁၁ နာရီ ၁၅ မိနစ္က ေ႐ႊကူၿမိဳ႕နယ္၊ ေ႐ႊကူၿမိဳ႕အတြင္းသို႔ KIA၊ PDF ပူးေပါင္းအဖြဲ႕က အမ်ားျပည္သူထိခိုက္ေစရန္ ရည္႐ြယ္၍ လက္နက္ႀကီးျဖင့္ အေၾကာင္း မဲ့ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္မႈေၾကာင့္ ေ႐ႊကူၿမိဳ႕နယ္၊ အမွတ္ (၁) ရပ္ကြက္ရွိ “သိန္းကမာၻ” သံတို/သံစေရာင္းဝယ္ေရးဆိုင္ေရွ႕သို႔ ဗုံးသီးက်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
အဆိုပါေပါက္ကြဲမႈေၾကာင့္ အမွတ္(၁)ရပ္ကြက္ေန အေျခခံ ပညာအလယ္တန္းေက်ာင္း (ခုံခမ္း) မွ ေက်ာင္းသားမ်ားျဖစ္ေသာ အသက္ (၁၂)ႏွစ္အ႐ြယ္ ေမာင္မ်ိဳး ေသာ္တာေအာင္၊ အသက္ (၈)ႏွစ္ အ႐ြယ္ ေမာင္လင္းရေဝေအာင္ႏွင့္ အမွတ္ (၁) ရပ္ကြက္ေန အသက္ (၄၉) ႏွစ္အ႐ြယ္ ဦးေအာင္ေက်ာ္ဦးတို႔တြင္ ဗုံးသီးေပါက္ကြဲစထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တစ္ရပ္ကြက္တည္းေနသူမ်ားျဖစ္ၾကသည့္ အေျခခံပညာအလယ္တန္းေက်ာင္း (ခုံခမ္း) မွ ေက်ာင္းသားျဖစ္သူ အသက္ (၁၃) ႏွစ္အ႐ြယ္ ေမာင္ပိုင္ခန႔္ကိုကိုအပါအဝင္ အသက္ (၄၁) ႏွစ္အ႐ြယ္ ဦးစိုးႏိုင္ဦး၊ (၆၂) ႏွစ္အ႐ြယ္ ေဒၚခင္မာလြင္၊ (၂၆) ႏွစ္အ႐ြယ္ ေဒၚဝင္း သႏၲာ၊ (၁၅) ႏွစ္အ႐ြယ္ ေမာင္ေဝယံမြန္၊ (၅၃) ႏွစ္အ႐ြယ္ ေဒၚခင္ျမင့္ (ခ) ခင္ဦးတို႔တြင္ ဗုံးသီးေပါက္ကြဲစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေဆးကုသမႈခံယူႏိုင္ရန္ ေ႐ႊကူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ျပည္သူလူထုႏွင့္ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။