ပြည်ပလုပ်သားအေဂျင်စီကဏ္ဍ

 277

Peral (NP News) - သြဂုတ်လ ၅

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့လုပ်သားစေလွှတ်ရာတွင် အသက် (၁၈ - ၃၅) နှစ်အတွင်းရှိ လုပ်သားစေလွှတ်ခြင်းကို ကန့်သတ်ထားသည်။ ထို့ပြင် ထိုင်းနိုင်ငံကဲ့သို့ လုပ်ခစာနည်းပါးသော နိုင်ငံများသို့စေလွှတ်ရန် Demand တစ်စောင်လျှင် လုပ်သား (၅၀)အထိ ခွင့်ပြုပေးထားသော်လည်း အလုပ်သမားဥပဒေခိုင်မာသော ၊ လုပ်ခလစာများသော ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် Demand တစ်စောင်လျှင် လုပ်သား (၁၅) ဦးသာ ခွင့်ပြုပေးထားကြောင်းသိရသည်။ ဂျပန်နိုင်ငံမှအလုပ်ခေါ်စာများသည် အလုပ်ရှင် မတူညီမှု၊ လုပ်ငန်းအမျိုးအစားမတူညီမှု၊ လုပ်ခလစာမတူညီမှု၊ နေရာဒေသမတူညီမှုများကြောင့် Demand တစ်စောင်ထဲ၌ အထက်ပါကဲ့သို့ လုပ်သားဦးရေ (၁၅)ဦးသာ သတ်မှတ်ထားခြင်းမှာ အခက် အခဲများစွာရှိနေကြောင်းလည်း သိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ကိုင်သူများနှင့် ကျော်နုတို့ဆွေးနွေးထားချက်များကို NP News က ကောက်နုတ်ဖော်ပြအပ်ပါသည်။

(ယခင်တစ်ပတ်မှအဆက်)

မေး - (၁၈ - ၃၅) ဆိုတာ အရမ်းအလုပ်လုပ်နိုင်တဲ့ အရွယ်လေ။ သူတို့က အဲဒီအထက်ပိုင်းတွေကျတော့ ခေါ်ချင်စိတ်ရှိပါ့မလား။
ဆွေးနွေးဖော်(၁)- ယောကျာ်းလေးကိုကန့်သတ်တာ။ မိန်းကလေးကိုမကန့်သတ်ထားဘူး။ အခု မိန်းက လေးတွေက အဲဒါကိုစောင့်နေတာ။ ယောကျာ်းလေး တွေကိုက ခေါ်လည်းမခေါ်တော့ဘူး။ လွှတ်ပေးလို့ မရဘူးလို့ပြောထားတယ် ဟိုဘက်ကို။ အစိုးရပေါ်လစီအရ ယောကျာ်းလေး (၁၈-၃၅) အတွင်းကိုမစဉ်းစားနဲ့။ စဉ်းစားရင် (၃၅)အထက်ကိုစဉ်းစား။ သူတို့ (၃၅)အထက်ကိုလိုချင်တာ၊ ယာဉ်မောင်းတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ယာဉ်မောင်းရှာတော့လည်း အဲဒီချိန်မှာ အဲဒီလိုယာဉ်မောင်းကျွမ်းကျင်တဲ့လူက ရှိတယ်။ ဂျပန်စာ ဘယ်လိုမှသင်မရဘူး။ ပြီးတော့ လည်း တက်တူးတွေနဲ့ ။ ဂျပန်ကလည်း တက်တူပါရင် လုံးဝမခေါ်ဘူး။ အစိုးရကသတ်မှတ်ထားတာမဟုတ်ဘူး။ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတာပေါ့။ အဲဒီတော့ ဂျပန်သွားဖို့ အခက်အခဲရှိတယ်။ အဲဒီတော့ ယောကျာ်းလေး လုံးဝစဉ်းစားလို့မရဘူး။ (၃၅) နှစ် ကျော်ကို ဂျပန်စာသင်ဖူးတယ်။ ဘယ်လိုမှ သင်လို့မရဘူး။ စာကို ကျက်ရတာအဆင်မပြေတော့ သူ စိတ်လျှော့သွားတာ။ မိန်းကလေးတွေကိုပဲ ခေါ်ပေးတယ်။ မိန်းကလေးတွေအတွက်လည်း အလုပ်ပေါတယ်။ ဘိုးဘွားစောင့်ရှောက်တွေအတွက်။ သူတို့နိုင်ငံမှာ အလိုအပ်ဆုံးက ဘိုးဘွားစောင့်ရှောက်။ အဲဒီအလုပ် ဆိုတာလည်း မြန်မာလူမျိုးကို ပိုကြိုက်တယ်။ သူတို့ ကိုယ်တိုင်လည်း မြန်မာလူမျိုးကို သူတို့လူမျိုးအချင်းချင်း မားကက်တင်းဆင်းတယ်။ မြန်မာလူမျိုးက ပြဿနာရှာတာ တော်တော်ရှားတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်အဘိုးအဘွားကို စောင့်ရှောက်ကြတာဆိုတော့ လေ သက်ကြီးတဲ့လူကိုစောင့်ရှောက်ရင် ကုသိုလ်တစ် မျိုးလို့ပဲ ဗုဒ္ဓဘာသာအရစွဲနေတာဆိုတော့။ အဲဒီပုံစံ အတိုင်းပဲသွားကြတာဆိုတော့ ဒီဘက်က Process ကကြာနေတာဆိုတော့ ပိုဆိုးသွားတာ။ Demand တစ်စောင်ကို (၁၅)ယောက်လို့ကန့်သတ်လိုက်တာ ပိုဆိုးသွားတာ။ အဲဒီကစပြီး ပိုအခက်အခဲဖြစ်သွားတာ။ ထိုင်းဆိုရင် (၂ဝဝ/၃ဝဝ)ခေါ်တာ။ အဲဒါမှ (၅ဝ)လောက်ဆိုဖြစ်နိုင်သေးတယ်။ ဂျပန်ကတော့ အဲဒီလောက် လူအများကြီးမခေါ်ဘူး။ ကုမ္ပဏီတစ်ခုက Demand တစ်စောင်ပဲလာတာလေ။ အခုကန့်သတ် တာက Demand က တစ်စောင်ပဲဖြစ်ရမယ်။ အဲဒီမှာက (၁၅)ယောက်။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တစ်ခါမှ (၁၅)ယောက်ရှိတဲ့ Demand ဆိုတာ မကြား ဖူးဘူး။ ဂျပန်က စက်ရုံလုပ်သားခေါ်တာမရှိဘူး။ သူတို့နိုင်ငံမှာက နိုင်ငံခြားသားအလုပ်သမားခေါ်ဖို့ ဆိုရင် ကန့်သတ်ချက်ရှိတယ်။ ကြုံဖူးတာဆိုရင် ဟို တယ်ဝန်ထမ်းခေါ်တယ် (၈)ယောက်။ အင်တာဗျူး ခေါ်တယ်။ ခေါ်ပြီး သွား Demand တင်တယ်။ တင် ပြီးသွားရင် အစိုးရမှာလည်းတင်တယ်။ ဟိုက သူ့လုပ်ငန်းသည် နိုင်ငံခြားသားကို (၈)ယောက်အထိ ခန့်လို့ ရလောက်တဲ့ကြီးမားမှုရှိလား။ အနည်းဆုံး ဝန်ထမ်းအင်အားသည် (၅ဝ)အထက်ရှိရမယ်။ မရှိတဲ့အတွက် ခွင့်မပြုပါဘူးဆိုပြီးတော့ စာကျလာတာ။ လိုတာတော့ တကယ်လိုနေတယ်။ သူတို့ဘက်ကလည်း အဲဒီလိုအကန့်အသတ်လေးတွေရှိနေတယ်။ လုပ်သားအချိုးကိုလည်းကြည့်တာကိုး။ ဂျပန်ကျတော့လည်း မြန်မာလို့ Under Table လည်းပေးလို့မရ။ အလုပ်သမား ကြီးကြပ်ရေးအဖွဲ့ကလည်း သီးသန့်ရှိတယ်။ အမြဲတမ်းလိုက်ပြီးတော့ စစ်ဆေးရေးဝင်တယ်။ လုပ်သား ဆီလာပြီး ဘာတွေလိုလဲဆိုပြီးလာမေးတာ။ အဲဒီ‌လောက်အထိ ကောင်းမွန်တဲ့လုပ်သားစနစ်ကို ဂျပန်နိုင်ငံ သည် တည်ဆောက်ပေးပြီးသား။ အလုပ်ထဲကစီနီ ယာနဲ့မတည့်သော်လည်းကောင်း ထားပါတော့ ကိုယ် ကိုယ်တိုင်ကိုက နဂိုတည်းက ပြေးမယ်လို့ ဆန္ဒရှိထား ပြီးသားသော်လည်းကောင်း တချို့ကျတော့လည်း လုပ်ငန်းရှင် အရမ်းဆိုးလွန်းတဲ့လူရှိပေမယ့် ကြီးကြပ် ရေးအဖွဲ့သည် လစဉ်လတိုင်း လာစစ်တာဖြစ်တဲ့အ တွက် ဖြစ်တာနည်းတယ်။ အရင်ခေတ်တုန်းက လွန်ခဲ့ တဲ့ (၅)နှစ်အရှေ့ပိုင်းမှာ ဖြစ်ခဲ့တာရှိကောင်းရှိခဲ့မယ်။ အခုချိန်မှာတော့ ကြီးကြပ်ရေးအဖွဲ့သည် လစဉ်လာ စစ်တယ်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း။ အရင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းမှာရှိခဲ့တဲ့ ဥပမာ တရုတ်၊ ဗီယက်နမ် အခုမှ မြန်မာလာတာဖြစ်တဲ့ အတွက် အရင်ကရှိခဲ့တဲ့ တရုတ်တို့ ဗီယက်နမ်တို့ဆိုတဲ့ ဂျပန်လက်အောက်က စီနီယာဖြစ်နေတဲ့၊ စီနီယာ ဖြစ်ခဲ့တဲ့ဝန်ထမ်းတွေသည် အခုရှိနေဆဲဖြစ်တယ်။အဲဒီကောင်တွေအနိုင်ကျင့်လို့ ကိုယ့်နိုင်ငံသားတွေ ထွက်ပြေးရတာအများဆုံး။ ဂျပန်လူမျိုးကတော့ တိုက်ရိုက်လုပ်တာမဟုတ်ဘူး။ သူတို့ကတော့ သူတို့ လူမျိုးလည်းမညှာဘူး။ လုပ်ငန်းရှင်ဆိုလည်း ချက်ချင်းအရေးယူတယ်။ ဂျပန်ကတော့ Save ဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးနိုင်ငံပေါ့ မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ်။ ပွင့်လင်းတဲ့နိုင်ငံထဲမှာပါတော့လေ။ ကျွန်တော်တို့အေဂျင်စီတွေ လုပ်သားပို့ဖို့ အတွက်ကနှစ်ပိုင်းဖြစ်သွားပြီ။ ပထမပိုင်းကတော့ OWIC ကတ်ရဖို့ သင်တန်းတက်ဖို့ချပေးတာက အရမ်းနည်းသွားတယ်။ သူတို့ကြေညာတဲ့အထဲမှာတော့ အပတ်တိုင်းချပေးမယ်။ အရင်တုန်းကတော့ တစ်ပတ်ကို (၄)ရက်။ (၂)ရက်တက်ရတယ်။ အေဂျင် စီကလာတဲ့လူတွေက နေ့တိုင်း‌နေ့တိုင်းတက်ရတာ။ ဗုဒ္ဓဟူးနေ့ Work Visa တွေနဲ့သွားတဲ့လူတွေအတွက်။ အရင်တုန်းက ပုံမှန်လုပ်နေတဲ့ဟာကို ရုတ်တရက်ကြီးရပ်သွားတယ်။ ပြန်ချပေးမယ်လုပ်တဲ့အချိန် မှာ ငလျင်ဖြစ်သွားတယ်။ ငလျင်ဖြစ်ပြီး တော်တော် ကြာနေပြီ။ ပေးချင်ပေးလို့ရတယ်။ (၅)လပိုင်း (၆) လပိုင်းလည်း ဘာမှမချပေးလာဘူး။ အဲဒီတော့ ကျွန် တော်တို့ ဂျပန်ဘက်ကိုလည်းချိန်ရတယ်။ ကလေး တွေကိုလည်းချော့ရတယ်။ တချို့က အကြွေးတွေယူ ပြီးလာတဲ့လူတွေ။

မေး - ကလေးတွေကလည်း အေဂျင်စီတွေကို ပိုက် ဆံပေးထားရတယ်။ အဲဒီလိုပေးထားရပြီး ဂျပန်ဘက် ကိုလည်း မပို့ပေးနိုင်တဲ့အခါကျတော့ ပြန်ပြီးတော့ Refund ပြန်မလုပ်ပေးနိုင်တာမျိုးတွေလည်း ဖြစ်ပြီး အဲဒီလိုပြဿနာမျိုးတွေလည်း တော်တော်များများဖြစ် နေတယ်လို့ကြားတယ်နော်။
ဆွေးနွေးဖော်(၁)- အေဂျင်စီတစ်ခုနဲ့တစ်ခုတော့ မတူဘူး။ ဖြစ်နေတာက ကလေးတွေအပြစ်ကြောင့် တော့မဟုတ်ဘူး။ တချို့ဆိုရင် အပြည့်အဝမဟုတ်ရင်တော့ ဝန်ထမ်းစရိတ်တွေ စာရွက်စာတမ်းစရိတ် တွေကို အသက်သာဆုံး အနည်းဆုံးလုပ်ပြီး ပေးတယ်။ ဂျပန်ဘက်ကိုလည်း အရင်ဆုံးတော့ အစိုးရ ဘက်က ချပေးဖို့စောင့်တယ်။ တချို့က မယုံချင်တော့ဘူး။ အဲဒီတော့ အစိုးရရဲ့သတင်းစာကထုတ်ပြန်ချက်ကို ဘာသာပြန်ပြီးတော့ စောင့်ပြီးတော့ ပြန်ဆွဲထားရ တာပေါ့။ နောက်ဆုံး ဂျပန်တွေက ဘယ်လိုဖြစ်လဲဆိုတော့ မင်းတို့အခက်အခဲ ငါတို့နဲ့မဆိုင်ဘူး။ မလွှတ်နိုင်ရင် မခေါ်တော့ဘူး။ ရှေ့မှာတော့ တစ်ခေါက်နှစ်ခေါက် သည်းခံခဲ့ပြီးပြီ။ သုံးခါမြောက်တော့ သူတို့လည်း ဒေါသတွေထွက်ပြီး မင်းတို့နဲ့အလုပ်မလုပ်တော့ဘူးဆိုပြီး ထွက်သွားတဲ့ကုမ္ပဏီတွေရှိတယ်။ ဒီဘက်တော့ အစိုးရပေါ်လစီပြောင်းတော့ ဘာသာပြန်ပေးတယ်။ (၁၅) ယောက်ထက်မပိုတဲ့ Demand ကိုတင်ရတော့ ဘယ်သူ့ကိုဦးစားပေးရမလဲမသိဘူး။ တစ်လမှတစ်ခုပဲတင် ရတော့ ကုမ္ပဏီကကျတော့လည်း မတူလို့မရပြန်ဘူး။ ဥပမာ လုပ်ငန်းတူပဲရတယ်။ ဥပမာ တိုကျိုကလူပေါ့။(၃)ယောက်ခေါ်တယ် ဘိုးဘွားစောင့်ရှောက်။ Demand တစ်စောင်ပဲထွက်တယ်။ သူ့ကုမ္ပဏီမှာပဲ နောက်ထပ် စိုက်ပျိုးရေးနဲ့ (၃)ယောက်ရှိတယ်။ အဲဒါသည် နောက်ထပ် စိုက်ပျိုးရေး Demand အနေနဲ့ (၃)ယောက်ထွက်တယ်။ နောက်ထပ် သူ့ကုမ္ပဏီမှာပဲ စားသောက်ဆိုင်နဲ့ (၅)ယောက်ရှိတယ်။ စားသောက် ဆိုင် Demand အနေနဲ့ တစ်စောင်ထွက်တယ်။ ဒါပေမဲ့ Demand တစ်စောင်ကို (၁၅)ယောက်ထက် မကျော်ရဘူး။ အဲဒီသည် လုပ်ငန်းတူ ၊ ကုမ္ပဏီတူ။ Demand တစ်စောင်ကို (၃)ယောက်ပဲဖြစ်ဖြစ်။ (၄)ယောက်ပဲဖြစ်ဖြစ်။ တစ်လစာပြီးပြီ။ Demand တစ်စောင်ဆိုတာ အလုပ်လုပ်ရမယ့်နေရာရယ်၊ လုပ်ခလ စာရယ်။ လူကသာ (၃)ယောက် ကျန်တာကတူတူပဲ။ ဒါပေမဲ့ လုပ်ငန်းကွဲရင် လုပ်ခလစာလည်းမတူတော့ ဘူး။ အလုပ်သွားလုပ်ရမယ့်နေရာကလည်းမတူတော့ ဘူး။ လုပ်ရမယ့်အလုပ်ချိန်လည်း မတူတော့တာဖြစ် တဲ့အတွက် ဒါသည် နောက်ထပ် ီနာညေိ တစ် စောင်ဖြစ်သွားမယ်။ Demand ကတော့ တစ်စောင်တည်း လူ(၁၅)ယောက်ကန့်သတ်ထားတယ်၊ လုပ်ငန်းခွဲတွေ တင်လို့ရတယ်ဆိုရင်တောင် နည်းနည်း အဆင်ပြေသေးတယ်။ အခုဆို အင်တာဗျူးတစ်ခုလာ ရင် အဲဒီအင်တာဗျူးကို လက်ခံရင်ကောင်းမလား။ လက်ခံရင် တစ်လစာပြီးသွားပြီ။ ဘာမှ ဆက်လုပ်လို့မ ရတော့ဘူး။ အဲဒါကိုလက်ခံပြီး Demand တင်လိုက်ရင် နောက် (၅)ယောက်လာရင် လက်ခံလို့မရတော့ ဘူး။ စောင့်ရမယ်ဆိုရင် မစောင့်ချင်ဘူး။ အဲဒါကို အားလုံးအဆင်ပြေအောင်လုပ်ပေးရင် အစိုးရဘက် ကလည်း ရသင့်ရထိုက်တဲ့အခွန်ရမယ်။ ကလေးတွေလည်း သူတို့ရဲ့မျှော်လင့်ချက်အတိုင်းသွားလို့အဆင်ပြေမယ်။ ဒီကလေးတွေ ဂျပန်ရောက်သွားရင် ကလေးတွေဘဝ လုံးလုံးကိုပြောင်းလဲသွားမယ်။

မေး - ဂျပန်သွားဖို့စောင့်နေတဲ့ကလေးတွေ ဘယ် လောက်လောက်ရှိလဲ။
ဆွေးနွေးဖော်(၁)- (၂)သောင်း (၃)သောင်းကြား ရှိမယ်။ တာချီလိတ်ကသွားလိုက်တာ (၄)သောင်း၊ (၅)သောင်းရှိသွားပြီ။

မေး - တာချီလိတ်က ဘယ်လိုကြောင့် ဘယ်လို ဘယ်လိုတွေထွက်သွားတာလဲ။ တရားဝင်ပိတ်လို့ ထွက်တာလား။ ဘယ်လိုတွေထွက်သွားလဲ။ ဒါတွေ သည် လုပ်တဲ့လူကတော့ရှင်းတယ်။ ဒီမှာပိတ်ထား တော့ ဒီလိုသွားမယ်ဆိုတာသိတယ်။ အဲဒီတော့ ပိတ်တာ မှန်လားမှားလားဆိုတာပေါ့။
ဆွေးနွေးဖော်(၁)- ပွင့်ပွင့်လင်းလင်းပြောရရင် အေဂျင်စီတွေအနေနဲ့လည်း ဒီကလေးတွေကို ပို့လို့မရဘူး။ ဂျပန်သည် လုပ်သားခေါ်တဲ့အချိန်မှာ သူတို့မှာ တရားဝင်ပဲခေါ်မယ်ဆိုပြီး စာရင်းတင်ထား ရတယ်။ ဒီကနေ တရားဝင်ပဲလွှတ်မယ်ဆိုပြီးတော့ ဒီ ဘက်ကလည်းလုပ်ကြတယ်။ ဘယ်လိုမှမရတဲ့အဆုံး ဘာလုပ်ရလဲဆိုတော့ တခြားတစ်ခုရှာရတယ်။ အဲဒီ တော့ လမ်းကြောင်းစဉ်းစားတယ်။ ဒီလမ်းကြောင်းက စိတ်ချရပြီဆိုတော့ ကလေးတွေကိုခေါ်ပြီးဆွေးနွေးရ တယ်။ လေဆိပ်ကနေပြီးတော့ တာချီလိတ်ကို လေယာဉ်နဲ့။ စရမှာတော့ ထိုင်းဗီဇာ စယူတာကနေ စရ တယ်။ အေးဂျင့်ကိုအပ်လိုက်တယ်။ အေးဂျင့်ရဲ့ပေါက် ဈေးကတော့ သိန်း (၅၀)ဝန်းကျင်။ ထိုင်းဗီဇာပါမယ်။ လေယာဉ်လက်မှတ်ပါမယ်။ ပြီးရင် ကမ်းကူးမယ်။ တာချီလိတ်ကနေမယ်ဆိုင် ကမ်းကူးပြီးတော့ ဘတ်စ ကားစီးတယ်။ ဘန်ကောက်မှာ အနည်းဆုံး တစ်ည တည်းဖြစ်ချင်ဖြစ်။ မဟုတ်ရင် (၃)ညပေးတယ်။ အဲဒါ ပါတယ်။ ပြီးတော့ သုဝဏ္ဏဘူမိလေဆိပ် သို့မဟုတ် ဒွန် မောင်းလေဆိပ်အထိအရောက်။ လေယာဉ်လက်မှတ် ကတော့ ကိုယ့်ဘာသာဝယ်။ ဘန်ကောက်ကနေ နောက်တစ်နိုင်ငံပေါ့။ ဂျပန်ဆိုလည်းဂျပန်ပေါ့။ စင်ကာပူဆိုလည်းစင်ကာပူပေါ့။ လမ်းကြောင်းကတော့ ဂျပန်တစ်ခုတည်းမဟုတ်ဘူး။
ဆွေးနွေးဖော်(၂)- အစကတော့ အိုမန်ကို စပိတ် လိုက်တာ။ ဂျပန်မပိတ်ခင်။ ဂျပန်ကတော့ ပိတ်တာ တော့မဟုတ်တဲ့အတွက် လွှတ်တယ်။ ရှေ့မှာ ဟိုပိတ် ဒီပိတ်နဲ့ဆို‌တော့ လမ်းကြောင်းရှာကြတယ်။ ဒီကနေ တာချီလိတ်ကိုသွားရင် ဘတ်စကားနဲ့ဆိုရင် နှစ်ရက် ကြာတယ်။ ကုန်ကျစရိတ်သက်သာတယ်။ ပြောရရင် တော့ ဂျပန်လမ်းကြောင်းသွားတဲ့လူက ပိုက်ဆံအကုန် ခံတယ်။ Save ဖြစ်အောင်သွားတာ။ ထိုင်းကို အလည်အပတ်ဗီဇာရပြီဆိုရင် တာချီလိတ်ကိုသွားတယ်။ ရောက်ပြီဆိုရင် အေဂျင်စီက အကုန်လုပ်ပေးတယ်။ မယ်ဆိုင်ဘက်ကိုရောက်ရင် One Day Pass လို့ခေါ် တဲ့ အစိမ်းရောင်ကတ်နဲ့။ အဲဒါကလည်း ဟိုးအရင် တည်းကရှိနေတဲ့လမ်းကြောင်း။ ကူးသွားပြီးတော့ သူ တို့ရဲ့ Passport တွေကို အေးဂျင့်ကယူပြီး အကုန် လုပ်ပေးတယ်။ သွားတဲ့ကလေးတွေ မှတ်ပုံတင်ရယ်၊ စမတ်ကတ်ရယ် One Day Pass လုပ်တယ်။ ကမ်းကူးသွားရင် ထိုင်းလဝကကိုရောက်သွားပြီ။
ဆွေးနွေးဖော် (၁)- Passport ကို နောက်ကိုယူ သွားပြီးတော့ တုံးထုပေးတယ်။ အထွက်တုံး။ လေ ဆိပ်မှာ အထွက်တုံးထုထားပြီးသား Passport ကို။ ဒါပေမဲ့ ကူးတာတော့ One Day Pass နဲ့ကူးတာ။ ဟိုဘက်ရောက်ရင် Passport ကသွားထုထားပြီး သားဆိုတော့ ကလေးတွေလက်ထဲကို ပြန်ထည့်ပေး တယ်။ အဲဒီ Passport ကိုလဝကကိုပြပြီးတော့ အ လည်အပတ်ဗီဇာပေးတယ်။ ဗီဇာပါတယ်ဆိုတော့ တရားဝင်အလည်အပတ်နဲ့ဝင်သွားတာ။ အစတည်း က ထိုင်းဗီဇာလျှောက်ထားတော့။ ဘက်စကားစီး ဘန် ကောက်ရောက်။ သူတို့ဝယ်ထားတဲ့လေယာဉ်လက် မှတ်အလိုက်ကို ချိတ်ထားတာ။ ဥပမာ (၁၅) ရက်နေ့ ရောက်မယ်ဆို (၁၆) ရက်နေ့ဝယ်မလား၊ (၁၇) ရက် ဝယ်မလားပေါ့။ ကိုယ့်ဘာသာချိတ်ထား။ တချို့ကျ တော့လည်း စိတ်ချရအောင် ကမ်းကူးပြီး ဘက်စကား စီးမှပဲ လေယာဉ်လက်မှတ်ဝယ်တယ်။ ဈေးတော့နည်း နည်းကြီးတာပေါ့။ အဲဒီမှာ ပုံမှန် သံရုံးမှာဗီဇာယူမယ် ဆိုရင် သွင်းရတာ ဒေါ်လာ (၄၀)။ စောင့်ရင်တော့ နှစ်ပတ်စောင့်ရတယ်။ အခု ကလေးတွေကတော့ (၆)သိန်းနဲ့ (၈)သိန်းကြားကုန်တယ်။
မေး - အဲဒီလို တာချီလိတ်လမ်းကသွားတယ်ဆိုရင် အစက မြို့နယ်အလုပ်သမားရုံးမှာ ပိုက်ဆံတွေ ပြန် လွှဲဖို့အတွက်ဆိုပြီး စာချုပ်ချုပ်တာတွေ ဘာတွေလုပ်သေးလား။ ဂျပန်ရောက်ရင်ကော ပြန်လွှဲစရာ မလို တော့ဘူးလား။
ဆွေးနွေးဖော်(၁)- ဘာမှ ပြန်လွှဲစရာမလိုတော့ဘူး။ အခွန်လည်း ဆောင်စရာ မလိုဘူး။ ပတ်စပို့ သက်တမ်းတိုးတဲ့အချိန်တော့ ‌ပေးရတာပေါ့။ အဓိကတော့ ဒီဘက်က Process ကို အကုန်ကျော်သွား တာပေါ့။ အဲဒီတစ်ခု နောက်မှဆက်ပြောပြမယ်။ နောက်တစ်ခု လေယာဉ်လက်မှတ်။ ပုံမှန်ဝယ်ရင် (၆)သိန်းဝန်းကျင်။ အခုနောက်ပိုင်း ဈေးတက်သွားပြီ။ (၈)သိန်းခွဲဝန်းကျင်။ တစ်ကြောင်းပဲ ဝယ်ရတယ်။ ပြီးရင် ဟိုဘက်ဆက်သွားရမှာဆိုတော့။ အဲဒီဝန်းကျင်ပေါက်နေတယ်။ ပြီးခဲ့တဲ့နှစ်က လူ (၁၂ဝ)လောက် တရားဝင်လွှတ်ထားရင် သိန်း (၇ဝဝ)ကျော် ၊ (၈ဝဝ) နီးပါး အခွန်ဆောင်ရတယ်။ အစိုးရဆီမှာလည်း အချက်အလက်တွေရှိတယ်။ ဒီလိုတွေဆောင်ခဲ့လို့လည်း အေဂျင်စီတွေ သက် တမ်းတိုးလို့ရနေတာ။ ဆောင်လည်းဆောင်ချင်ကြ တယ်လေ။ တကယ်လည်း နိုင်ငံတော် တိုးတက်ဖို့အ တွက်ကိုဆောင်လည်း ဆောင်ရမှာလေ။ အသိတရား လည်း ရှိပြီးသားလေ။ ဒါပေမဲ့ ဒီ (၇)လအတွင်းမှ ပို့ရတဲ့ လူနည်းသွားတယ်။ ဒါပေမဲ့ အောက်လမ်းက ထွက်သွားတဲ့လူတွေ အများကြီးပဲ။ ဟိုဘက်က လူမလွှတ်ပေးနိုင်ရင် လျော်ကြေးပြန်တောင်းတာ။ ငါတို့ ကုန်ထားတဲ့ ကုန်ကျစရိတ်တွေ အကုန်လျော်ဆိုပြီးတော့ လျော်ခိုင်းတာ။ အဲဒီလိုတောင်းတာ။ အဲဒါနဲ့ အများမိုးခါးရေသောက် ကိုယ်လည်း သောက်တယ်ဆိုပြီး လုပ်လိုက်တာ။ ဆိုလိုတာက သူတို့က တခြားသူတွေက ငလျင်မလှုပ်ခင်က တည်းလောက်က ရှေ့မှာတည်းက ဒီလမ်းကြောင်းက ရှိတယ်။ ကျွန်တော်လည်း စလုပ်တယ်။ ကျွန်တော့်ဆီမှာလည်း လူ (၁ဝဝ) လောက်ပိတ်မိ နေတာရှိတယ်။ (၃ဝ)လောက်က Cancel ဖြစ်ကုန်တာ။

မေး - Refund က ဂျပန်ဘက်ကိုရော ကလေးတွေ ဘက်ကိုရော ပြန်ပေးရတာလား။
ဆွေးနွေးဖော်(၁)- ဂျပန်ဘက်က လုံးလုံးလက်မခံ တော့မှ။ တချို့ဂျပန်ကုမ္ပဏီတွေက အောက်လမ်းက နေလာတာကို တစ်ဝက်ကျော်ကျော်လောက်က လက်ခံတယ်။ တချို့ကကျတော့ ILO ကLaw, Rule နဲ့ ကိုက်ညီစွာ ဖွင့်ထားတဲ့ ကုမ္ပဏီကြီးဖြစ်တယ်။ အဲဒီတော့ အောက်လမ်းကလာတာသည် တရားမဝင်ဘူး။ အဲဒီအတွက်ကြောင့်မို့ ငါတို့ကုမ္ပဏီဘက်ကတော့ တရားမဝင်ပို့တဲ့လူတွေကိုလက်မခံဘူး။ အကယ်၍ အပေါ်လမ်းကနေလာဖို့ လမ်းကြောင်းရှာနိုင်ရင် လက်ခံပေးမယ်။ အောက်လမ်းကလာရင် လုံးဝလက် မခံနိုင်ဘူးဆိုတဲ့ကုမ္ပဏီတွေ ဥပမာ ခုနက လူ (၃ဝ)လောက်ကိုခေါ်မယ့်ကုမ္ပဏီသည် အောက်လမ်းက လက်မခံလို့ Cancel ဖြစ်ကုန်တာ။ Cancel လုပ်တဲ့ လူမျိုးကိုကျတော့ သူတို့ဘက်ခြမ်းကိုတော့ လျော် ကြေးမပေးရဘူး။ ဒါပေမဲ့ ကလေးတွေကိုတော့ ပြန်ပြီး‌‌ပေးရတယ်။ အပြည့်အဝအမ်းပေးတယ်။ သူတို့သွင်း ထားတာ ဥပမာ ကျွမ်းကျင်ဆိုရင် ဒေါ်လာ (၁၅၀ဝ)ယူ တယ်။ (၇၅၀)လက်ခံထားတယ်။ (၇၅၀)ပြန်ပေးလိုက် တယ်။ (၇၅၀)သည် စာချုပ်စာတမ်းနဲ့ ဒေါ်လာ (၇၅၀)သွင်းထားတုန်းကပေါက်တဲ့ ပေါက်ဈေးအ တိုင်းကို မြန်မာငွေပဲလက်ခံတယ်။ အဲဒီစာချုပ်အတိုင်း ပဲ သူတို့သွင်းထားတဲ့ငွေကြေးကို ပြန်ပေးလိုက်တယ်။ ကျွန်တော် ဘာရှုံးသွားလဲဆိုတော့ ဝန်ထမ်းစရိတ်တွေ၊ ပို့ရမယ့် စာရွက်စာတမ်းတွေ ဆုံးသွားတယ်။ ကလေး တွေ တချို့ကလည်း ပိုက်ဆံပြန်မယူတာတွေရှိတယ်။ သူတို့ သွားဖို့အခွင့်အရေးပဲစောင့်မယ်ဆိုပြီး စောင့် တယ်။ ကလေးတွေရဲ့မျှော်လင့်ချက်က အောက်လမ်း ကခေါ်တဲ့ တခြားကုမ္ပဏီရှိရင် ကူညီပေးပါဆိုပြီးပြော တယ်။

မေး - အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့်တွေကိုတော်တော်များများပိတ်ပင်လိုက်တာသည် အလုပ်သမားအေးဂျင့်လောကတစ်ခုလုံး ဗြောင်းဆန် သွားတာပေါ့။
ဆွေးနွေးဖော်(၁)- အခုဆိုရင် ကော်ဖီမစ်သွားထုတ် တဲ့လူနဲ့။ သစ်ပင်ပြန်စိုက်တဲ့လူနဲ့။ လိုင်စင်ကတော့ ပြန်မအပ်ဘူး။ လိုင်စင်ကတော့ အချိန်တန်ရင် အပြောင်းအလဲဖြစ်မယ်။ ပြန်လုပ်လို့ရမယ်ဆိုတာသိတော့ ဒီလုပ်ငန်းကိုနားပြီး ကလေးတွေကို အောက်လမ်းကနေပို့ပြီး ပြန်သွားတဲ့လူတွေလည်းရှိတယ်။ မုန့် ဆိုင်ပဲလုပ်မယ်ဆိုတဲ့လူရှိတယ်။ အလုပ်သမားဝန်ကြီးဌာနက ဖြစ်စေချင်တာနဲ့တော့ကိုက်ညီတာပေါ့လေ။ အေဂျင်စီ(၆ဝဝ)ကျော်ကို အရင်တုန်းကပေါ့ အခု တော့ သူတို့ Blacklist သွင်းတာ ဘာညာနဲ့ဆိုတော့ (၃)ပုံ (၁)ပုံ လောက်ကိုလျော့စေချင်တာကိုး။ တပ်ချုပ်ကြီးကစပြီးတော့ အခုဝန်ကြီးကို အရမ်းတွေ များပြားပွထနေတော့ ပြောထားတယ်ထင်ပါတယ်။ တကယ့်တကယ်အလုပ်လုပ်တဲ့လူက (၂၀ဝ) ပတ်ချာလည်ပဲရှိတယ်။ ကျန်တဲ့ဟာက အလုပ်မလုပ်ဘူး။ အလုပ်မလုပ်ဘဲ ဘာလုပ်နေလဲသိလား။ Demand က (၁၅)ယောက်ပဲရတယ်။ ကျန်တဲ့ အလုပ်မလုပ်တဲ့ ကုမ္ပဏီက Demand ရောင်းစားနေကြတယ်။ ငါ့မှာ (၁၅)ယောက်ရှိတယ်။ ဒါပေမဲ့ ငါ လူမပို့ဘူး။ ဘယ်လောက်နဲ့ယူမှာလဲ။ အခု တစ်ယောက်ကို ဒေါ်လာ (၃၀ဝ)။ Demand တစ်စောင်မဟုတ်ဘူးနော်။ တစ်ယောက်ကို (၃၀ဝ)။ ဘာမှလုပ်စရာမလိုဘူး။ ဥပမာ ကျွန်တော့်မှာ ီနာညေိ (၅) ခုရှိတယ်။ ဒါပေ မဲ့ ကျွန်တော်က တစ်စောင်ပို့ပြီး ထပ်ပို့လို့မရတော့ဘူး လေ။ အဲဒီတော့ တခြားတစ်ယောက်က အေဂျင်စီလိုင် စင်ကိုင်ထားတယ်။ ပြီးရင် လူလည်းမပို့ နှစ်စဉ်သက် တမ်းတိုးတယ်။ ပြီးလည်း ပြီးရော ကျွန်တော်ပို့မယ့်လူ အတွက် သူ နာမည်ခံပေး။ (၅) ယောက်ဆို တစ် ယောက် (၃၀ဝ)။ လျှော့ပေးဦးဆိုရင် ရတဲ့လူကလည်း ရတယ်။ မရတဲ့လူကလည်း မရဘူး။ အခွန်ကျတော့ ကိုယ်ပဲရှင်းရတာ။ (၃၀ဝ) လည်းပေးရ။ အခွန်လည်း ဆောင်ရပေါ့။

မေး - Blacklist သွင်းခံရတဲ့အေဂျင်စီတွေ ပြည် တွင်းကိုအခွန်မသွင်းလို့ Blacklist သွင်းခံရတဲ့ အေဂျင်စီတွေကကော။
ဆွေးနွေးဖော်(၁)- ကျွန်တော်တို့သည် စထွက်သွား တဲ့ကလေးက စပြီးတော့ လူ(၃ဝဝ)ပို့ပြီးပြီပဲထား။ တာချီလိတ်ကပို့တဲ့လူကတော့ မပါဘူးပေါ့။ (၁)ကနေ စပြီးတော့ လူ(၃ဝဝ)အထိကို ဥပမာ ဘယ်လိုလူတွေ ရှိလဲဆိုတော့ မွန်လူမျိုးတွေ၊ ရခိုင်လူမျိုးတွေက ကြို ပြီးကြံစည်ထားတာများတယ်။ ဟိုရောက်ရင် အဖွဲ့အစည်းတွေရှိတယ်။ ဒီကနေသွားတည်းက ရည်ရွယ်ချက်ရှိတာ။ ဟိုဘက်ရောက်သွားရင် ကိုယ်တွေကတော့မသိဘူးပေါ့နော်။ ကိုယ့်ကျောင်းသားတွေပဲဆို တော့။ ကျောင်းသားကလည်း ရွေးလို့မရဘူးလေ။ အများကြီးလာတယ်။ ပြီးရင် အဆင်သင့်ဖြစ်နိုင်တဲ့ ကျောင်းသားတွေကိုရွေးထုတ်ပြီးတော့ အင်တာဗျူးထည့်ပေးတယ်။ အောင်သွားပြီးတော့မှ သူတို့က ဟိုဘက်မှာ သူတို့အဖွဲ့အစည်းရှိပြီးသား။ ဆိုတော့ ရောက်ပြီးတော့ သိပ်မကြာခင် သူ့အဖွဲ့အစည်းတွေဆီ ပြေးသွားတာ။ အထူးသဖြင့် အေဂျင်စီတွေပို့တာ နယ်တွေ ပို့တာပေါ့နော်။ သူတို့က တိုကျိုတဲ့ အိုဆာကာတို့မှာရှိတဲ့ သူတို့အဖွဲ့အစည်းတွေဆီ ပြေးသွားပြီးတော့ အဲဒီအဖွဲ့အစည်းကနေချပေးတဲ့လုပ်ငန်း တွေမှာ ဝင်ပြီးလုပ်ကိုင်ကြတယ်။ သူတို့က လစဉ် အလုပ်သမား သမဂ္ဂ ပုံစံမျိုးတော့ လစာပြန်ရတယ်။ လုပ်သားကလည်း လစာရတယ်။ သူတို့အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ထားတဲ့လုပ်ငန်းတွေနဲ့ဝင်သွားတာ။

မေး - အဲဒီတော့ ဒီဘက်က အေဂျင်စီတွေနဲ့ စာချုပ် တွေ အကျအန ချုပ်သွားတဲ့ဟာက သက်တမ်းတွေ မပြည့်သေးဘဲ လုပ်တော့။
ဆွေးနွေးဖော်(၁)- ထွက်ပြေးသွားပြီ။ ပြီးသွားပြီ။ ဘာဖြစ်လဲဆိုတော့ ဒီဘက်မှာ အလုပ်သမားဝန်ကြီးဌာနကို (၂၅) ရာခိုင်နှုန်းအခွန်ကို သူ့ကိုယ်စားစိုက်ပြီး ဆောင်နေရတယ်။ တချို့အေဂျင်စီတွေက Customer Care Dept ထားပြီးတော့ ဒီကလေးကို စထွက်သွား တဲ့လုပ်သားကစပြီး (၃၀ဝ) အထိကို ထွက်ပြေးတဲ့ လူကလွဲရင် ကျန်တဲ့လူကို လစဉ် ဆက်သွယ်တယ်။ အဲဒီတော့ သူတို့ဆီကနေ စီနီယာကနေ အနိုင်ကျင့် တာတွေ ပြန်ကြားရတာပေါ့။ မိသားစုထံ လွှဲငွေကို လည်း ချော့တစ်ခါ ခြောက်တစ်ခါနဲ့ လွှဲခိုင်းကြတယ်။ ပြီးတော့မှ သူတို့ ငွေလွှဲထားတဲ့ စလစ်နဲ့ ။ အဲဒါလည်း တရားဝင်ဖြစ်ဦးမှ။ သက်မှတ်ထားတဲ့လမ်းကြောင်း။ CB Bank Account ထဲကိုလွှဲထားတဲ့ အထောက် အထားရယ်ကို လစဉ်နေပြည်တော်ကို တင်ရတယ်။ အဲဒီတော့ သေသေချာချာ မလုပ်ဘဲနဲ့ ဟိုရောက်ရင် ပြီးရောဆိုပြီး လုပ်တဲ့အေဂျင်စီက (၁ဝဝ) မှာ (၅ဝ)လောက်က ရှိတယ်။ အဲဒီတော့ Blacklist ဝင်သွားတာပေါ့။

မေး- ခုနကလို မွန်တွေ ရခိုင်တွေက သူတို့ Society ထဲကို ဝင်ပြေးသွားတာကလည်း တော်တော် တော့ ပြဿနာရှိတာပေါ့။
ဆွေးနွေးဖော်(၁)- တချို့ဆိုရင် လေယာဉ်ပေါ်က ဆင်းတာနဲ့ပါသွားတာ။ လုပ်ငန်းရှင်က မတွေ့လိုက်ရဘူး။ သူတို့ဘာသာချိတ်ဆက်ပြီး ပါသွားတာ။ ဟိုရောက်တာနဲ့ ပျောက်သွားတာ။ လေယာဉ်ကွင်းက မြို့ကြီးတွေမှာပဲ ရှိတာလေ။ အဲဒီတော့ အေဂျင်စီတွေ ဒုက္ခရောက်တာ ပေါ့။ တစ်ခါတလေ လျော်ကြေးပေးရတယ်။ ဒီလုပ်သား ကိုခေါ်ဖို့အတွက် ပြင်ထားဆင်ထားတဲ့စရိတ်တွေ တင်ထားတဲ့ Deposit တွေ ဒါတွေအတွက် ပေးရတာ။ အလုပ်သမားဝန်ကြီးဌာနက ဒါတွေ မသိဘူး။ စိတ်လည်း မဝင်စားဘူး။ အခုအခွန်ကျတော့ ဆောင်ဖို့ နှိုးဆော်နေပြီ။

(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ျပည္ပလုပ္သားေအဂ်င္စီက႑
Peral (NP News) - ၾသဂုတ္လ ၅

အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔လုပ္သားေစလႊတ္ရာတြင္ အသက္ (၁၈ - ၃၅) ႏွစ္အတြင္းရွိ လုပ္သားေစလႊတ္ျခင္းကို ကန႔္သတ္ထားသည္။ ထို႔ျပင္ ထိုင္းႏိုင္ငံကဲ့သို႔ လုပ္ခစာနည္းပါးေသာ ႏိုင္ငံမ်ားသို႔ေစလႊတ္ရန္ Demand တစ္ေစာင္လွ်င္ လုပ္သား (၅၀)အထိ ခြင့္ျပဳေပးထားေသာ္လည္း အလုပ္သမားဥပေဒခိုင္မာေသာ ၊ လုပ္ခလစာမ်ားေသာ ဂ်ပန္ႏိုင္ငံသို႔ လုပ္သားေစလႊတ္ရာတြင္ Demand တစ္ေစာင္လွ်င္ လုပ္သား (၁၅) ဦးသာ ခြင့္ျပဳေပးထားေၾကာင္းသိရသည္။ ဂ်ပန္ႏိုင္ငံမွအလုပ္ေခၚစာမ်ားသည္ အလုပ္ရွင္ မတူညီမႈ၊ လုပ္ငန္းအမ်ိဳးအစားမတူညီမႈ၊ လုပ္ခလစာမတူညီမႈ၊ ေနရာေဒသမတူညီမႈမ်ားေၾကာင့္ Demand တစ္ေစာင္ထဲ၌ အထက္ပါကဲ့သို႔ လုပ္သားဦးေရ (၁၅)ဦးသာ သတ္မွတ္ထားျခင္းမွာ အခက္ အခဲမ်ားစြာရွိေနေၾကာင္းလည္း သိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီလုပ္ကိုင္သူမ်ားႏွင့္ ေက်ာ္ႏုတို႔ေဆြးေႏြးထားခ်က္မ်ားကို NP News က ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

(ယခင္တစ္ပတ္မွအဆက္)

ေမး - (၁၈ - ၃၅) ဆိုတာ အရမ္းအလုပ္လုပ္ႏိုင္တဲ့ အ႐ြယ္ေလ။ သူတို႔က အဲဒီအထက္ပိုင္းေတြက်ေတာ့ ေခၚခ်င္စိတ္ရွိပါ့မလား။
ေဆြးေႏြးေဖာ္(၁)- ေယာက်ာ္းေလးကိုကန႔္သတ္တာ။ မိန္းကေလးကိုမကန႔္သတ္ထားဘူး။ အခု မိန္းက ေလးေတြက အဲဒါကိုေစာင့္ေနတာ။ ေယာက်ာ္းေလး ေတြကိုက ေခၚလည္းမေခၚေတာ့ဘူး။ လႊတ္ေပးလို႔ မရဘူးလို႔ေျပာထားတယ္ ဟိုဘက္ကို။ အစိုးရေပၚလစီအရ ေယာက်ာ္းေလး (၁၈-၃၅) အတြင္းကိုမစဥ္းစားနဲ႔။ စဥ္းစားရင္ (၃၅)အထက္ကိုစဥ္းစား။ သူတို႔ (၃၅)အထက္ကိုလိုခ်င္တာ၊ ယာဥ္ေမာင္းေတြရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ယာဥ္ေမာင္းရွာေတာ့လည္း အဲဒီခ်ိန္မွာ အဲဒီလိုယာဥ္ေမာင္းကြၽမ္းက်င္တဲ့လူက ရွိတယ္။ ဂ်ပန္စာ ဘယ္လိုမွသင္မရဘူး။ ၿပီးေတာ့ လည္း တက္တူးေတြနဲ႔ ။ ဂ်ပန္ကလည္း တက္တူပါရင္ လုံးဝမေခၚဘူး။ အစိုးရကသတ္မွတ္ထားတာမဟုတ္ဘူး။ လူမႈပတ္ဝန္းက်င္က သတ္မွတ္ထားတာေပါ့။ အဲဒီေတာ့ ဂ်ပန္သြားဖို႔ အခက္အခဲရွိတယ္။ အဲဒီေတာ့ ေယာက်ာ္းေလး လုံးဝစဥ္းစားလို႔မရဘူး။ (၃၅) ႏွစ္ ေက်ာ္ကို ဂ်ပန္စာသင္ဖူးတယ္။ ဘယ္လိုမွ သင္လို႔မရဘူး။ စာကို က်က္ရတာအဆင္မေျပေတာ့ သူ စိတ္ေလွ်ာ့သြားတာ။ မိန္းကေလးေတြကိုပဲ ေခၚေပးတယ္။ မိန္းကေလးေတြအတြက္လည္း အလုပ္ေပါတယ္။ ဘိုးဘြားေစာင့္ေရွာက္ေတြအတြက္။ သူတို႔ႏိုင္ငံမွာ အလိုအပ္ဆုံးက ဘိုးဘြားေစာင့္ေရွာက္။ အဲဒီအလုပ္ ဆိုတာလည္း ျမန္မာလူမ်ိဳးကို ပိုႀကိဳက္တယ္။ သူတို႔ ကိုယ္တိုင္လည္း ျမန္မာလူမ်ိဳးကို သူတို႔လူမ်ိဳးအခ်င္းခ်င္း မားကက္တင္းဆင္းတယ္။ ျမန္မာလူမ်ိဳးက ျပႆနာရွာတာ ေတာ္ေတာ္ရွားတယ္။ ကိုယ့္ႏိုင္ငံမွာ ကိုယ့္အဘိုးအဘြားကို ေစာင့္ေရွာက္ၾကတာဆိုေတာ့ ေလ သက္ႀကီးတဲ့လူကိုေစာင့္ေရွာက္ရင္ ကုသိုလ္တစ္ မ်ိဳးလို႔ပဲ ဗုဒၶဘာသာအရစြဲေနတာဆိုေတာ့။ အဲဒီပုံစံ အတိုင္းပဲသြားၾကတာဆိုေတာ့ ဒီဘက္က Process ကၾကာေနတာဆိုေတာ့ ပိုဆိုးသြားတာ။ Demand တစ္ေစာင္ကို (၁၅)ေယာက္လို႔ကန႔္သတ္လိုက္တာ ပိုဆိုးသြားတာ။ အဲဒီကစၿပီး ပိုအခက္အခဲျဖစ္သြားတာ။ ထိုင္းဆိုရင္ (၂ဝဝ/၃ဝဝ)ေခၚတာ။ အဲဒါမွ (၅ဝ)ေလာက္ဆိုျဖစ္ႏိုင္ေသးတယ္။ ဂ်ပန္ကေတာ့ အဲဒီေလာက္ လူအမ်ားႀကီးမေခၚဘူး။ ကုမၸဏီတစ္ခုက Demand တစ္ေစာင္ပဲလာတာေလ။ အခုကန႔္သတ္ တာက Demand က တစ္ေစာင္ပဲျဖစ္ရမယ္။ အဲဒီမွာက (၁၅)ေယာက္။ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ တစ္ခါမွ (၁၅)ေယာက္ရွိတဲ့ Demand ဆိုတာ မၾကား ဖူးဘူး။ ဂ်ပန္က စက္႐ုံလုပ္သားေခၚတာမရွိဘူး။ သူတို႔ႏိုင္ငံမွာက ႏိုင္ငံျခားသားအလုပ္သမားေခၚဖို႔ ဆိုရင္ ကန႔္သတ္ခ်က္ရွိတယ္။ ႀကဳံဖူးတာဆိုရင္ ဟို တယ္ဝန္ထမ္းေခၚတယ္ (၈)ေယာက္။ အင္တာဗ်ဴး ေခၚတယ္။ ေခၚၿပီး သြား Demand တင္တယ္။ တင္ ၿပီးသြားရင္ အစိုးရမွာလည္းတင္တယ္။ ဟိုက သူ႔လုပ္ငန္းသည္ ႏိုင္ငံျခားသားကို (၈)ေယာက္အထိ ခန႔္လို႔ ရေလာက္တဲ့ႀကီးမားမႈရွိလား။ အနည္းဆုံး ဝန္ထမ္းအင္အားသည္ (၅ဝ)အထက္ရွိရမယ္။ မရွိတဲ့အတြက္ ခြင့္မျပဳပါဘူးဆိုၿပီးေတာ့ စာက်လာတာ။ လိုတာေတာ့ တကယ္လိုေနတယ္။ သူတို႔ဘက္ကလည္း အဲဒီလိုအကန႔္အသတ္ေလးေတြရွိေနတယ္။ လုပ္သားအခ်ိဳးကိုလည္းၾကည့္တာကိုး။ ဂ်ပန္က်ေတာ့လည္း ျမန္မာလို႔ Under Table လည္းေပးလို႔မရ။ အလုပ္သမား ႀကီးၾကပ္ေရးအဖြဲ႕ကလည္း သီးသန႔္ရွိတယ္။ အၿမဲတမ္းလိုက္ၿပီးေတာ့ စစ္ေဆးေရးဝင္တယ္။ လုပ္သား ဆီလာၿပီး ဘာေတြလိုလဲဆိုၿပီးလာေမးတာ။ အဲဒီ‌ေလာက္အထိ ေကာင္းမြန္တဲ့လုပ္သားစနစ္ကို ဂ်ပန္ႏိုင္ငံ သည္ တည္ေဆာက္ေပးၿပီးသား။ အလုပ္ထဲကစီနီ ယာနဲ႔မတည့္ေသာ္လည္းေကာင္း ထားပါေတာ့ ကိုယ္ ကိုယ္တိုင္ကိုက နဂိုတည္းက ေျပးမယ္လို႔ ဆႏၵရွိထား ၿပီးသားေသာ္လည္းေကာင္း တခ်ိဳ႕က်ေတာ့လည္း လုပ္ငန္းရွင္ အရမ္းဆိုးလြန္းတဲ့လူရွိေပမယ့္ ႀကီးၾကပ္ ေရးအဖြဲ႕သည္ လစဥ္လတိုင္း လာစစ္တာျဖစ္တဲ့အ တြက္ ျဖစ္တာနည္းတယ္။ အရင္ေခတ္တုန္းက လြန္ခဲ့ တဲ့ (၅)ႏွစ္အေရွ႕ပိုင္းမွာ ျဖစ္ခဲ့တာရွိေကာင္းရွိခဲ့မယ္။ အခုခ်ိန္မွာေတာ့ ႀကီးၾကပ္ေရးအဖြဲ႕သည္ လစဥ္လာ စစ္တယ္။ အထူးသျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္း။ အရင္တုန္းက ေဆာက္လုပ္ေရးလုပ္ငန္းမွာရွိခဲ့တဲ့ ဥပမာ တ႐ုတ္၊ ဗီယက္နမ္ အခုမွ ျမန္မာလာတာျဖစ္တဲ့ အတြက္ အရင္ကရွိခဲ့တဲ့ တ႐ုတ္တို႔ ဗီယက္နမ္တို႔ဆိုတဲ့ ဂ်ပန္လက္ေအာက္က စီနီယာျဖစ္ေနတဲ့၊ စီနီယာ ျဖစ္ခဲ့တဲ့ဝန္ထမ္းေတြသည္ အခုရွိေနဆဲျဖစ္တယ္။အဲဒီေကာင္ေတြအႏိုင္က်င့္လို႔ ကိုယ့္ႏိုင္ငံသားေတြ ထြက္ေျပးရတာအမ်ားဆုံး။ ဂ်ပန္လူမ်ိဳးကေတာ့ တိုက္႐ိုက္လုပ္တာမဟုတ္ဘူး။ သူတို႔ကေတာ့ သူတို႔ လူမ်ိဳးလည္းမညႇာဘူး။ လုပ္ငန္းရွင္ဆိုလည္း ခ်က္ခ်င္းအေရးယူတယ္။ ဂ်ပန္ကေတာ့ Save ျဖစ္ဖို႔ ရာခိုင္ႏႈန္းအမ်ားဆုံးႏိုင္ငံေပါ့ မိန္းကေလးျဖစ္ျဖစ္၊ ေယာက်ာ္းေလးျဖစ္ျဖစ္။ ပြင့္လင္းတဲ့ႏိုင္ငံထဲမွာပါေတာ့ေလ။ ကြၽန္ေတာ္တို႔ေအဂ်င္စီေတြ လုပ္သားပို႔ဖို႔ အတြက္ကႏွစ္ပိုင္းျဖစ္သြားၿပီ။ ပထမပိုင္းကေတာ့ OWIC ကတ္ရဖို႔ သင္တန္းတက္ဖို႔ခ်ေပးတာက အရမ္းနည္းသြားတယ္။ သူတို႔ေၾကညာတဲ့အထဲမွာေတာ့ အပတ္တိုင္းခ်ေပးမယ္။ အရင္တုန္းကေတာ့ တစ္ပတ္ကို (၄)ရက္။ (၂)ရက္တက္ရတယ္။ ေအဂ်င္ စီကလာတဲ့လူေတြက ေန႔တိုင္း‌ေန႔တိုင္းတက္ရတာ။ ဗုဒၶဟူးေန႔ Work Visa ေတြနဲ႔သြားတဲ့လူေတြအတြက္။ အရင္တုန္းက ပုံမွန္လုပ္ေနတဲ့ဟာကို ႐ုတ္တရက္ႀကီးရပ္သြားတယ္။ ျပန္ခ်ေပးမယ္လုပ္တဲ့အခ်ိန္ မွာ ငလ်င္ျဖစ္သြားတယ္။ ငလ်င္ျဖစ္ၿပီး ေတာ္ေတာ္ ၾကာေနၿပီ။ ေပးခ်င္ေပးလို႔ရတယ္။ (၅)လပိုင္း (၆) လပိုင္းလည္း ဘာမွမခ်ေပးလာဘူး။ အဲဒီေတာ့ ကြၽန္ ေတာ္တို႔ ဂ်ပန္ဘက္ကိုလည္းခ်ိန္ရတယ္။ ကေလး ေတြကိုလည္းေခ်ာ့ရတယ္။ တခ်ိဳ႕က အေႂကြးေတြယူ ၿပီးလာတဲ့လူေတြ။

ေမး - ကေလးေတြကလည္း ေအဂ်င္စီေတြကို ပိုက္ ဆံေပးထားရတယ္။ အဲဒီလိုေပးထားရၿပီး ဂ်ပန္ဘက္ ကိုလည္း မပို႔ေပးႏိုင္တဲ့အခါက်ေတာ့ ျပန္ၿပီးေတာ့ Refund ျပန္မလုပ္ေပးႏိုင္တာမ်ိဳးေတြလည္း ျဖစ္ၿပီး အဲဒီလိုျပႆနာမ်ိဳးေတြလည္း ေတာ္ေတာ္မ်ားမ်ားျဖစ္ ေနတယ္လို႔ၾကားတယ္ေနာ္။
ေဆြးေႏြးေဖာ္(၁)- ေအဂ်င္စီတစ္ခုနဲ႔တစ္ခုေတာ့ မတူဘူး။ ျဖစ္ေနတာက ကေလးေတြအျပစ္ေၾကာင့္ ေတာ့မဟုတ္ဘူး။ တခ်ိဳ႕ဆိုရင္ အျပည့္အဝမဟုတ္ရင္ေတာ့ ဝန္ထမ္းစရိတ္ေတြ စာ႐ြက္စာတမ္းစရိတ္ ေတြကို အသက္သာဆုံး အနည္းဆုံးလုပ္ၿပီး ေပးတယ္။ ဂ်ပန္ဘက္ကိုလည္း အရင္ဆုံးေတာ့ အစိုးရ ဘက္က ခ်ေပးဖို႔ေစာင့္တယ္။ တခ်ိဳ႕က မယုံခ်င္ေတာ့ဘူး။ အဲဒီေတာ့ အစိုးရရဲ႕သတင္းစာကထုတ္ျပန္ခ်က္ကို ဘာသာျပန္ၿပီးေတာ့ ေစာင့္ၿပီးေတာ့ ျပန္ဆြဲထားရ တာေပါ့။ ေနာက္ဆုံး ဂ်ပန္ေတြက ဘယ္လိုျဖစ္လဲဆိုေတာ့ မင္းတို႔အခက္အခဲ ငါတို႔နဲ႔မဆိုင္ဘူး။ မလႊတ္ႏိုင္ရင္ မေခၚေတာ့ဘူး။ ေရွ႕မွာေတာ့ တစ္ေခါက္ႏွစ္ေခါက္ သည္းခံခဲ့ၿပီးၿပီ။ သုံးခါေျမာက္ေတာ့ သူတို႔လည္း ေဒါသေတြထြက္ၿပီး မင္းတို႔နဲ႔အလုပ္မလုပ္ေတာ့ဘူးဆိုၿပီး ထြက္သြားတဲ့ကုမၸဏီေတြရွိတယ္။ ဒီဘက္ေတာ့ အစိုးရေပၚလစီေျပာင္းေတာ့ ဘာသာျပန္ေပးတယ္။ (၁၅) ေယာက္ထက္မပိုတဲ့ Demand ကိုတင္ရေတာ့ ဘယ္သူ႔ကိုဦးစားေပးရမလဲမသိဘူး။ တစ္လမွတစ္ခုပဲတင္ ရေတာ့ ကုမၸဏီကက်ေတာ့လည္း မတူလို႔မရျပန္ဘူး။ ဥပမာ လုပ္ငန္းတူပဲရတယ္။ ဥပမာ တိုက်ိဳကလူေပါ့။(၃)ေယာက္ေခၚတယ္ ဘိုးဘြားေစာင့္ေရွာက္။ Demand တစ္ေစာင္ပဲထြက္တယ္။ သူ႔ကုမၸဏီမွာပဲ ေနာက္ထပ္ စိုက္ပ်ိဳးေရးနဲ႔ (၃)ေယာက္ရွိတယ္။ အဲဒါသည္ ေနာက္ထပ္ စိုက္ပ်ိဳးေရး Demand အေနနဲ႔ (၃)ေယာက္ထြက္တယ္။ ေနာက္ထပ္ သူ႔ကုမၸဏီမွာပဲ စားေသာက္ဆိုင္နဲ႔ (၅)ေယာက္ရွိတယ္။ စားေသာက္ ဆိုင္ Demand အေနနဲ႔ တစ္ေစာင္ထြက္တယ္။ ဒါေပမဲ့ Demand တစ္ေစာင္ကို (၁၅)ေယာက္ထက္ မေက်ာ္ရဘူး။ အဲဒီသည္ လုပ္ငန္းတူ ၊ ကုမၸဏီတူ။ Demand တစ္ေစာင္ကို (၃)ေယာက္ပဲျဖစ္ျဖစ္။ (၄)ေယာက္ပဲျဖစ္ျဖစ္။ တစ္လစာၿပီးၿပီ။ Demand တစ္ေစာင္ဆိုတာ အလုပ္လုပ္ရမယ့္ေနရာရယ္၊ လုပ္ခလ စာရယ္။ လူကသာ (၃)ေယာက္ က်န္တာကတူတူပဲ။ ဒါေပမဲ့ လုပ္ငန္းကြဲရင္ လုပ္ခလစာလည္းမတူေတာ့ ဘူး။ အလုပ္သြားလုပ္ရမယ့္ေနရာကလည္းမတူေတာ့ ဘူး။ လုပ္ရမယ့္အလုပ္ခ်ိန္လည္း မတူေတာ့တာျဖစ္ တဲ့အတြက္ ဒါသည္ ေနာက္ထပ္ ီနာေညိ တစ္ ေစာင္ျဖစ္သြားမယ္။ Demand ကေတာ့ တစ္ေစာင္တည္း လူ(၁၅)ေယာက္ကန႔္သတ္ထားတယ္၊ လုပ္ငန္းခြဲေတြ တင္လို႔ရတယ္ဆိုရင္ေတာင္ နည္းနည္း အဆင္ေျပေသးတယ္။ အခုဆို အင္တာဗ်ဴးတစ္ခုလာ ရင္ အဲဒီအင္တာဗ်ဴးကို လက္ခံရင္ေကာင္းမလား။ လက္ခံရင္ တစ္လစာၿပီးသြားၿပီ။ ဘာမွ ဆက္လုပ္လို႔မ ရေတာ့ဘူး။ အဲဒါကိုလက္ခံၿပီး Demand တင္လိုက္ရင္ ေနာက္ (၅)ေယာက္လာရင္ လက္ခံလို႔မရေတာ့ ဘူး။ ေစာင့္ရမယ္ဆိုရင္ မေစာင့္ခ်င္ဘူး။ အဲဒါကို အားလုံးအဆင္ေျပေအာင္လုပ္ေပးရင္ အစိုးရဘက္ ကလည္း ရသင့္ရထိုက္တဲ့အခြန္ရမယ္။ ကေလးေတြလည္း သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္အတိုင္းသြားလို႔အဆင္ေျပမယ္။ ဒီကေလးေတြ ဂ်ပန္ေရာက္သြားရင္ ကေလးေတြဘဝ လုံးလုံးကိုေျပာင္းလဲသြားမယ္။

ေမး - ဂ်ပန္သြားဖို႔ေစာင့္ေနတဲ့ကေလးေတြ ဘယ္ ေလာက္ေလာက္ရွိလဲ။
ေဆြးေႏြးေဖာ္(၁)- (၂)ေသာင္း (၃)ေသာင္းၾကား ရွိမယ္။ တာခ်ီလိတ္ကသြားလိုက္တာ (၄)ေသာင္း၊ (၅)ေသာင္းရွိသြားၿပီ။

ေမး - တာခ်ီလိတ္က ဘယ္လိုေၾကာင့္ ဘယ္လို ဘယ္လိုေတြထြက္သြားတာလဲ။ တရားဝင္ပိတ္လို႔ ထြက္တာလား။ ဘယ္လိုေတြထြက္သြားလဲ။ ဒါေတြ သည္ လုပ္တဲ့လူကေတာ့ရွင္းတယ္။ ဒီမွာပိတ္ထား ေတာ့ ဒီလိုသြားမယ္ဆိုတာသိတယ္။ အဲဒီေတာ့ ပိတ္တာ မွန္လားမွားလားဆိုတာေပါ့။
ေဆြးေႏြးေဖာ္(၁)- ပြင့္ပြင့္လင္းလင္းေျပာရရင္ ေအဂ်င္စီေတြအေနနဲ႔လည္း ဒီကေလးေတြကို ပို႔လို႔မရဘူး။ ဂ်ပန္သည္ လုပ္သားေခၚတဲ့အခ်ိန္မွာ သူတို႔မွာ တရားဝင္ပဲေခၚမယ္ဆိုၿပီး စာရင္းတင္ထား ရတယ္။ ဒီကေန တရားဝင္ပဲလႊတ္မယ္ဆိုၿပီးေတာ့ ဒီ ဘက္ကလည္းလုပ္ၾကတယ္။ ဘယ္လိုမွမရတဲ့အဆုံး ဘာလုပ္ရလဲဆိုေတာ့ တျခားတစ္ခုရွာရတယ္။ အဲဒီ ေတာ့ လမ္းေၾကာင္းစဥ္းစားတယ္။ ဒီလမ္းေၾကာင္းက စိတ္ခ်ရၿပီဆိုေတာ့ ကေလးေတြကိုေခၚၿပီးေဆြးေႏြးရ တယ္။ ေလဆိပ္ကေနၿပီးေတာ့ တာခ်ီလိတ္ကို ေလယာဥ္နဲ႔။ စရမွာေတာ့ ထိုင္းဗီဇာ စယူတာကေန စရ တယ္။ ေအးဂ်င့္ကိုအပ္လိုက္တယ္။ ေအးဂ်င့္ရဲ႕ေပါက္ ေဈးကေတာ့ သိန္း (၅၀)ဝန္းက်င္။ ထိုင္းဗီဇာပါမယ္။ ေလယာဥ္လက္မွတ္ပါမယ္။ ၿပီးရင္ ကမ္းကူးမယ္။ တာခ်ီလိတ္ကေနမယ္ဆိုင္ ကမ္းကူးၿပီးေတာ့ ဘတ္စ ကားစီးတယ္။ ဘန္ေကာက္မွာ အနည္းဆုံး တစ္ည တည္းျဖစ္ခ်င္ျဖစ္။ မဟုတ္ရင္ (၃)ညေပးတယ္။ အဲဒါ ပါတယ္။ ၿပီးေတာ့ သုဝဏၰဘူမိေလဆိပ္ သို႔မဟုတ္ ဒြန္ ေမာင္းေလဆိပ္အထိအေရာက္။ ေလယာဥ္လက္မွတ္ ကေတာ့ ကိုယ့္ဘာသာဝယ္။ ဘန္ေကာက္ကေန ေနာက္တစ္ႏိုင္ငံေပါ့။ ဂ်ပန္ဆိုလည္းဂ်ပန္ေပါ့။ စင္ကာပူဆိုလည္းစင္ကာပူေပါ့။ လမ္းေၾကာင္းကေတာ့ ဂ်ပန္တစ္ခုတည္းမဟုတ္ဘူး။
ေဆြးေႏြးေဖာ္(၂)- အစကေတာ့ အိုမန္ကို စပိတ္ လိုက္တာ။ ဂ်ပန္မပိတ္ခင္။ ဂ်ပန္ကေတာ့ ပိတ္တာ ေတာ့မဟုတ္တဲ့အတြက္ လႊတ္တယ္။ ေရွ႕မွာ ဟိုပိတ္ ဒီပိတ္နဲ႔ဆို‌ေတာ့ လမ္းေၾကာင္းရွာၾကတယ္။ ဒီကေန တာခ်ီလိတ္ကိုသြားရင္ ဘတ္စကားနဲ႔ဆိုရင္ ႏွစ္ရက္ ၾကာတယ္။ ကုန္က်စရိတ္သက္သာတယ္။ ေျပာရရင္ ေတာ့ ဂ်ပန္လမ္းေၾကာင္းသြားတဲ့လူက ပိုက္ဆံအကုန္ ခံတယ္။ Save ျဖစ္ေအာင္သြားတာ။ ထိုင္းကို အလည္အပတ္ဗီဇာရၿပီဆိုရင္ တာခ်ီလိတ္ကိုသြားတယ္။ ေရာက္ၿပီဆိုရင္ ေအဂ်င္စီက အကုန္လုပ္ေပးတယ္။ မယ္ဆိုင္ဘက္ကိုေရာက္ရင္ One Day Pass လို႔ေခၚ တဲ့ အစိမ္းေရာင္ကတ္နဲ႔။ အဲဒါကလည္း ဟိုးအရင္ တည္းကရွိေနတဲ့လမ္းေၾကာင္း။ ကူးသြားၿပီးေတာ့ သူ တို႔ရဲ႕ Passport ေတြကို ေအးဂ်င့္ကယူၿပီး အကုန္ လုပ္ေပးတယ္။ သြားတဲ့ကေလးေတြ မွတ္ပုံတင္ရယ္၊ စမတ္ကတ္ရယ္ One Day Pass လုပ္တယ္။ ကမ္းကူးသြားရင္ ထိုင္းလဝကကိုေရာက္သြားၿပီ။
ေဆြးေႏြးေဖာ္ (၁)- Passport ကို ေနာက္ကိုယူ သြားၿပီးေတာ့ တုံးထုေပးတယ္။ အထြက္တုံး။ ေလ ဆိပ္မွာ အထြက္တုံးထုထားၿပီးသား Passport ကို။ ဒါေပမဲ့ ကူးတာေတာ့ One Day Pass နဲ႔ကူးတာ။ ဟိုဘက္ေရာက္ရင္ Passport ကသြားထုထားၿပီး သားဆိုေတာ့ ကေလးေတြလက္ထဲကို ျပန္ထည့္ေပး တယ္။ အဲဒီ Passport ကိုလဝကကိုျပၿပီးေတာ့ အ လည္အပတ္ဗီဇာေပးတယ္။ ဗီဇာပါတယ္ဆိုေတာ့ တရားဝင္အလည္အပတ္နဲ႔ဝင္သြားတာ။ အစတည္း က ထိုင္းဗီဇာေလွ်ာက္ထားေတာ့။ ဘက္စကားစီး ဘန္ ေကာက္ေရာက္။ သူတို႔ဝယ္ထားတဲ့ေလယာဥ္လက္ မွတ္အလိုက္ကို ခ်ိတ္ထားတာ။ ဥပမာ (၁၅) ရက္ေန႔ ေရာက္မယ္ဆို (၁၆) ရက္ေန႔ဝယ္မလား၊ (၁၇) ရက္ ဝယ္မလားေပါ့။ ကိုယ့္ဘာသာခ်ိတ္ထား။ တခ်ိဳ႕က် ေတာ့လည္း စိတ္ခ်ရေအာင္ ကမ္းကူးၿပီး ဘက္စကား စီးမွပဲ ေလယာဥ္လက္မွတ္ဝယ္တယ္။ ေဈးေတာ့နည္း နည္းႀကီးတာေပါ့။ အဲဒီမွာ ပုံမွန္ သံ႐ုံးမွာဗီဇာယူမယ္ ဆိုရင္ သြင္းရတာ ေဒၚလာ (၄၀)။ ေစာင့္ရင္ေတာ့ ႏွစ္ပတ္ေစာင့္ရတယ္။ အခု ကေလးေတြကေတာ့ (၆)သိန္းနဲ႔ (၈)သိန္းၾကားကုန္တယ္။
ေမး - အဲဒီလို တာခ်ီလိတ္လမ္းကသြားတယ္ဆိုရင္ အစက ၿမိဳ႕နယ္အလုပ္သမား႐ုံးမွာ ပိုက္ဆံေတြ ျပန္ လႊဲဖို႔အတြက္ဆိုၿပီး စာခ်ဳပ္ခ်ဳပ္တာေတြ ဘာေတြလုပ္ေသးလား။ ဂ်ပန္ေရာက္ရင္ေကာ ျပန္လႊဲစရာ မလို ေတာ့ဘူးလား။
ေဆြးေႏြးေဖာ္(၁)- ဘာမွ ျပန္လႊဲစရာမလိုေတာ့ဘူး။ အခြန္လည္း ေဆာင္စရာ မလိုဘူး။ ပတ္စပို႔ သက္တမ္းတိုးတဲ့အခ်ိန္ေတာ့ ‌ေပးရတာေပါ့။ အဓိကေတာ့ ဒီဘက္က Process ကို အကုန္ေက်ာ္သြား တာေပါ့။ အဲဒီတစ္ခု ေနာက္မွဆက္ေျပာျပမယ္။ ေနာက္တစ္ခု ေလယာဥ္လက္မွတ္။ ပုံမွန္ဝယ္ရင္ (၆)သိန္းဝန္းက်င္။ အခုေနာက္ပိုင္း ေဈးတက္သြားၿပီ။ (၈)သိန္းခြဲဝန္းက်င္။ တစ္ေၾကာင္းပဲ ဝယ္ရတယ္။ ၿပီးရင္ ဟိုဘက္ဆက္သြားရမွာဆိုေတာ့။ အဲဒီဝန္းက်င္ေပါက္ေနတယ္။ ၿပီးခဲ့တဲ့ႏွစ္က လူ (၁၂ဝ)ေလာက္ တရားဝင္လႊတ္ထားရင္ သိန္း (၇ဝဝ)ေက်ာ္ ၊ (၈ဝဝ) နီးပါး အခြန္ေဆာင္ရတယ္။ အစိုးရဆီမွာလည္း အခ်က္အလက္ေတြရွိတယ္။ ဒီလိုေတြေဆာင္ခဲ့လို႔လည္း ေအဂ်င္စီေတြ သက္ တမ္းတိုးလို႔ရေနတာ။ ေဆာင္လည္းေဆာင္ခ်င္ၾက တယ္ေလ။ တကယ္လည္း ႏိုင္ငံေတာ္ တိုးတက္ဖို႔အ တြက္ကိုေဆာင္လည္း ေဆာင္ရမွာေလ။ အသိတရား လည္း ရွိၿပီးသားေလ။ ဒါေပမဲ့ ဒီ (၇)လအတြင္းမွ ပို႔ရတဲ့ လူနည္းသြားတယ္။ ဒါေပမဲ့ ေအာက္လမ္းက ထြက္သြားတဲ့လူေတြ အမ်ားႀကီးပဲ။ ဟိုဘက္က လူမလႊတ္ေပးႏိုင္ရင္ ေလ်ာ္ေၾကးျပန္ေတာင္းတာ။ ငါတို႔ ကုန္ထားတဲ့ ကုန္က်စရိတ္ေတြ အကုန္ေလ်ာ္ဆိုၿပီးေတာ့ ေလ်ာ္ခိုင္းတာ။ အဲဒီလိုေတာင္းတာ။ အဲဒါနဲ႔ အမ်ားမိုးခါးေရေသာက္ ကိုယ္လည္း ေသာက္တယ္ဆိုၿပီး လုပ္လိုက္တာ။ ဆိုလိုတာက သူတို႔က တျခားသူေတြက ငလ်င္မလႈပ္ခင္က တည္းေလာက္က ေရွ႕မွာတည္းက ဒီလမ္းေၾကာင္းက ရွိတယ္။ ကြၽန္ေတာ္လည္း စလုပ္တယ္။ ကြၽန္ေတာ့္ဆီမွာလည္း လူ (၁ဝဝ) ေလာက္ပိတ္မိ ေနတာရွိတယ္။ (၃ဝ)ေလာက္က Cancel ျဖစ္ကုန္တာ။

ေမး - Refund က ဂ်ပန္ဘက္ကိုေရာ ကေလးေတြ ဘက္ကိုေရာ ျပန္ေပးရတာလား။
ေဆြးေႏြးေဖာ္(၁)- ဂ်ပန္ဘက္က လုံးလုံးလက္မခံ ေတာ့မွ။ တခ်ိဳ႕ဂ်ပန္ကုမၸဏီေတြက ေအာက္လမ္းက ေနလာတာကို တစ္ဝက္ေက်ာ္ေက်ာ္ေလာက္က လက္ခံတယ္။ တခ်ိဳ႕ကက်ေတာ့ ILO ကLaw, Rule နဲ႔ ကိုက္ညီစြာ ဖြင့္ထားတဲ့ ကုမၸဏီႀကီးျဖစ္တယ္။ အဲဒီေတာ့ ေအာက္လမ္းကလာတာသည္ တရားမဝင္ဘူး။ အဲဒီအတြက္ေၾကာင့္မို႔ ငါတို႔ကုမၸဏီဘက္ကေတာ့ တရားမဝင္ပို႔တဲ့လူေတြကိုလက္မခံဘူး။ အကယ္၍ အေပၚလမ္းကေနလာဖို႔ လမ္းေၾကာင္းရွာႏိုင္ရင္ လက္ခံေပးမယ္။ ေအာက္လမ္းကလာရင္ လုံးဝလက္ မခံႏိုင္ဘူးဆိုတဲ့ကုမၸဏီေတြ ဥပမာ ခုနက လူ (၃ဝ)ေလာက္ကိုေခၚမယ့္ကုမၸဏီသည္ ေအာက္လမ္းက လက္မခံလို႔ Cancel ျဖစ္ကုန္တာ။ Cancel လုပ္တဲ့ လူမ်ိဳးကိုက်ေတာ့ သူတို႔ဘက္ျခမ္းကိုေတာ့ ေလ်ာ္ ေၾကးမေပးရဘူး။ ဒါေပမဲ့ ကေလးေတြကိုေတာ့ ျပန္ၿပီး‌‌ေပးရတယ္။ အျပည့္အဝအမ္းေပးတယ္။ သူတို႔သြင္း ထားတာ ဥပမာ ကြၽမ္းက်င္ဆိုရင္ ေဒၚလာ (၁၅၀ဝ)ယူ တယ္။ (၇၅၀)လက္ခံထားတယ္။ (၇၅၀)ျပန္ေပးလိုက္ တယ္။ (၇၅၀)သည္ စာခ်ဳပ္စာတမ္းနဲ႔ ေဒၚလာ (၇၅၀)သြင္းထားတုန္းကေပါက္တဲ့ ေပါက္ေဈးအ တိုင္းကို ျမန္မာေငြပဲလက္ခံတယ္။ အဲဒီစာခ်ဳပ္အတိုင္း ပဲ သူတို႔သြင္းထားတဲ့ေငြေၾကးကို ျပန္ေပးလိုက္တယ္။ ကြၽန္ေတာ္ ဘာရႈံးသြားလဲဆိုေတာ့ ဝန္ထမ္းစရိတ္ေတြ၊ ပို႔ရမယ့္ စာ႐ြက္စာတမ္းေတြ ဆုံးသြားတယ္။ ကေလး ေတြ တခ်ိဳ႕ကလည္း ပိုက္ဆံျပန္မယူတာေတြရွိတယ္။ သူတို႔ သြားဖို႔အခြင့္အေရးပဲေစာင့္မယ္ဆိုၿပီး ေစာင့္ တယ္။ ကေလးေတြရဲ႕ေမွ်ာ္လင့္ခ်က္က ေအာက္လမ္း ကေခၚတဲ့ တျခားကုမၸဏီရွိရင္ ကူညီေပးပါဆိုၿပီးေျပာ တယ္။

ေမး - အလုပ္သမားဝန္ႀကီးဌာနက ျပည္ပထြက္ခြာခြင့္ေတြကိုေတာ္ေတာ္မ်ားမ်ားပိတ္ပင္လိုက္တာသည္ အလုပ္သမားေအးဂ်င့္ေလာကတစ္ခုလုံး ေျဗာင္းဆန္ သြားတာေပါ့။
ေဆြးေႏြးေဖာ္(၁)- အခုဆိုရင္ ေကာ္ဖီမစ္သြားထုတ္ တဲ့လူနဲ႔။ သစ္ပင္ျပန္စိုက္တဲ့လူနဲ႔။ လိုင္စင္ကေတာ့ ျပန္မအပ္ဘူး။ လိုင္စင္ကေတာ့ အခ်ိန္တန္ရင္ အေျပာင္းအလဲျဖစ္မယ္။ ျပန္လုပ္လို႔ရမယ္ဆိုတာသိေတာ့ ဒီလုပ္ငန္းကိုနားၿပီး ကေလးေတြကို ေအာက္လမ္းကေနပို႔ၿပီး ျပန္သြားတဲ့လူေတြလည္းရွိတယ္။ မုန႔္ ဆိုင္ပဲလုပ္မယ္ဆိုတဲ့လူရွိတယ္။ အလုပ္သမားဝန္ႀကီးဌာနက ျဖစ္ေစခ်င္တာနဲ႔ေတာ့ကိုက္ညီတာေပါ့ေလ။ ေအဂ်င္စီ(၆ဝဝ)ေက်ာ္ကို အရင္တုန္းကေပါ့ အခု ေတာ့ သူတို႔ Blacklist သြင္းတာ ဘာညာနဲ႔ဆိုေတာ့ (၃)ပုံ (၁)ပုံ ေလာက္ကိုေလ်ာ့ေစခ်င္တာကိုး။ တပ္ခ်ဳပ္ႀကီးကစၿပီးေတာ့ အခုဝန္ႀကီးကို အရမ္းေတြ မ်ားျပားပြထေနေတာ့ ေျပာထားတယ္ထင္ပါတယ္။ တကယ့္တကယ္အလုပ္လုပ္တဲ့လူက (၂၀ဝ) ပတ္ခ်ာလည္ပဲရွိတယ္။ က်န္တဲ့ဟာက အလုပ္မလုပ္ဘူး။ အလုပ္မလုပ္ဘဲ ဘာလုပ္ေနလဲသိလား။ Demand က (၁၅)ေယာက္ပဲရတယ္။ က်န္တဲ့ အလုပ္မလုပ္တဲ့ ကုမၸဏီက Demand ေရာင္းစားေနၾကတယ္။ ငါ့မွာ (၁၅)ေယာက္ရွိတယ္။ ဒါေပမဲ့ ငါ လူမပို႔ဘူး။ ဘယ္ေလာက္နဲ႔ယူမွာလဲ။ အခု တစ္ေယာက္ကို ေဒၚလာ (၃၀ဝ)။ Demand တစ္ေစာင္မဟုတ္ဘူးေနာ္။ တစ္ေယာက္ကို (၃၀ဝ)။ ဘာမွလုပ္စရာမလိုဘူး။ ဥပမာ ကြၽန္ေတာ့္မွာ ီနာေညိ (၅) ခုရွိတယ္။ ဒါေပ မဲ့ ကြၽန္ေတာ္က တစ္ေစာင္ပို႔ၿပီး ထပ္ပို႔လို႔မရေတာ့ဘူး ေလ။ အဲဒီေတာ့ တျခားတစ္ေယာက္က ေအဂ်င္စီလိုင္ စင္ကိုင္ထားတယ္။ ၿပီးရင္ လူလည္းမပို႔ ႏွစ္စဥ္သက္ တမ္းတိုးတယ္။ ၿပီးလည္း ၿပီးေရာ ကြၽန္ေတာ္ပို႔မယ့္လူ အတြက္ သူ နာမည္ခံေပး။ (၅) ေယာက္ဆို တစ္ ေယာက္ (၃၀ဝ)။ ေလွ်ာ့ေပးဦးဆိုရင္ ရတဲ့လူကလည္း ရတယ္။ မရတဲ့လူကလည္း မရဘူး။ အခြန္က်ေတာ့ ကိုယ္ပဲရွင္းရတာ။ (၃၀ဝ) လည္းေပးရ။ အခြန္လည္း ေဆာင္ရေပါ့။

ေမး - Blacklist သြင္းခံရတဲ့ေအဂ်င္စီေတြ ျပည္ တြင္းကိုအခြန္မသြင္းလို႔ Blacklist သြင္းခံရတဲ့ ေအဂ်င္စီေတြကေကာ။
ေဆြးေႏြးေဖာ္(၁)- ကြၽန္ေတာ္တို႔သည္ စထြက္သြား တဲ့ကေလးက စၿပီးေတာ့ လူ(၃ဝဝ)ပို႔ၿပီးၿပီပဲထား။ တာခ်ီလိတ္ကပို႔တဲ့လူကေတာ့ မပါဘူးေပါ့။ (၁)ကေန စၿပီးေတာ့ လူ(၃ဝဝ)အထိကို ဥပမာ ဘယ္လိုလူေတြ ရွိလဲဆိုေတာ့ မြန္လူမ်ိဳးေတြ၊ ရခိုင္လူမ်ိဳးေတြက ႀကိဳ ၿပီးႀကံစည္ထားတာမ်ားတယ္။ ဟိုေရာက္ရင္ အဖြဲ႕အစည္းေတြရွိတယ္။ ဒီကေနသြားတည္းက ရည္႐ြယ္ခ်က္ရွိတာ။ ဟိုဘက္ေရာက္သြားရင္ ကိုယ္ေတြကေတာ့မသိဘူးေပါ့ေနာ္။ ကိုယ့္ေက်ာင္းသားေတြပဲဆို ေတာ့။ ေက်ာင္းသားကလည္း ေ႐ြးလို႔မရဘူးေလ။ အမ်ားႀကီးလာတယ္။ ၿပီးရင္ အဆင္သင့္ျဖစ္ႏိုင္တဲ့ ေက်ာင္းသားေတြကိုေ႐ြးထုတ္ၿပီးေတာ့ အင္တာဗ်ဴးထည့္ေပးတယ္။ ေအာင္သြားၿပီးေတာ့မွ သူတို႔က ဟိုဘက္မွာ သူတို႔အဖြဲ႕အစည္းရွိၿပီးသား။ ဆိုေတာ့ ေရာက္ၿပီးေတာ့ သိပ္မၾကာခင္ သူ႔အဖြဲ႕အစည္းေတြဆီ ေျပးသြားတာ။ အထူးသျဖင့္ ေအဂ်င္စီေတြပို႔တာ နယ္ေတြ ပို႔တာေပါ့ေနာ္။ သူတို႔က တိုက်ိဳတဲ့ အိုဆာကာတို႔မွာရွိတဲ့ သူတို႔အဖြဲ႕အစည္းေတြဆီ ေျပးသြားၿပီးေတာ့ အဲဒီအဖြဲ႕အစည္းကေနခ်ေပးတဲ့လုပ္ငန္း ေတြမွာ ဝင္ၿပီးလုပ္ကိုင္ၾကတယ္။ သူတို႔က လစဥ္ အလုပ္သမား သမဂၢ ပုံစံမ်ိဳးေတာ့ လစာျပန္ရတယ္။ လုပ္သားကလည္း လစာရတယ္။ သူတို႔အဖြဲ႕အစည္း ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့လုပ္ငန္းေတြနဲ႔ဝင္သြားတာ။

ေမး - အဲဒီေတာ့ ဒီဘက္က ေအဂ်င္စီေတြနဲ႔ စာခ်ဳပ္ ေတြ အက်အန ခ်ဳပ္သြားတဲ့ဟာက သက္တမ္းေတြ မျပည့္ေသးဘဲ လုပ္ေတာ့။
ေဆြးေႏြးေဖာ္(၁)- ထြက္ေျပးသြားၿပီ။ ၿပီးသြားၿပီ။ ဘာျဖစ္လဲဆိုေတာ့ ဒီဘက္မွာ အလုပ္သမားဝန္ႀကီးဌာနကို (၂၅) ရာခိုင္ႏႈန္းအခြန္ကို သူ႔ကိုယ္စားစိုက္ၿပီး ေဆာင္ေနရတယ္။ တခ်ိဳ႕ေအဂ်င္စီေတြက Customer Care Dept ထားၿပီးေတာ့ ဒီကေလးကို စထြက္သြား တဲ့လုပ္သားကစၿပီး (၃၀ဝ) အထိကို ထြက္ေျပးတဲ့ လူကလြဲရင္ က်န္တဲ့လူကို လစဥ္ ဆက္သြယ္တယ္။ အဲဒီေတာ့ သူတို႔ဆီကေန စီနီယာကေန အႏိုင္က်င့္ တာေတြ ျပန္ၾကားရတာေပါ့။ မိသားစုထံ လႊဲေငြကို လည္း ေခ်ာ့တစ္ခါ ေျခာက္တစ္ခါနဲ႔ လႊဲခိုင္းၾကတယ္။ ၿပီးေတာ့မွ သူတို႔ ေငြလႊဲထားတဲ့ စလစ္နဲ႔ ။ အဲဒါလည္း တရားဝင္ျဖစ္ဦးမွ။ သက္မွတ္ထားတဲ့လမ္းေၾကာင္း။ CB Bank Account ထဲကိုလႊဲထားတဲ့ အေထာက္ အထားရယ္ကို လစဥ္ေနျပည္ေတာ္ကို တင္ရတယ္။ အဲဒီေတာ့ ေသေသခ်ာခ်ာ မလုပ္ဘဲနဲ႔ ဟိုေရာက္ရင္ ၿပီးေရာဆိုၿပီး လုပ္တဲ့ေအဂ်င္စီက (၁ဝဝ) မွာ (၅ဝ)ေလာက္က ရွိတယ္။ အဲဒီေတာ့ Blacklist ဝင္သြားတာေပါ့။

ေမး- ခုနကလို မြန္ေတြ ရခိုင္ေတြက သူတို႔ Society ထဲကို ဝင္ေျပးသြားတာကလည္း ေတာ္ေတာ္ ေတာ့ ျပႆနာရွိတာေပါ့။
ေဆြးေႏြးေဖာ္(၁)- တခ်ိဳ႕ဆိုရင္ ေလယာဥ္ေပၚက ဆင္းတာနဲ႔ပါသြားတာ။ လုပ္ငန္းရွင္က မေတြ႕လိုက္ရဘူး။ သူတို႔ဘာသာခ်ိတ္ဆက္ၿပီး ပါသြားတာ။ ဟိုေရာက္တာနဲ႔ ေပ်ာက္သြားတာ။ ေလယာဥ္ကြင္းက ၿမိဳ႕ႀကီးေတြမွာပဲ ရွိတာေလ။ အဲဒီေတာ့ ေအဂ်င္စီေတြ ဒုကၡေရာက္တာ ေပါ့။ တစ္ခါတေလ ေလ်ာ္ေၾကးေပးရတယ္။ ဒီလုပ္သား ကိုေခၚဖို႔အတြက္ ျပင္ထားဆင္ထားတဲ့စရိတ္ေတြ တင္ထားတဲ့ Deposit ေတြ ဒါေတြအတြက္ ေပးရတာ။ အလုပ္သမားဝန္ႀကီးဌာနက ဒါေတြ မသိဘူး။ စိတ္လည္း မဝင္စားဘူး။ အခုအခြန္က်ေတာ့ ေဆာင္ဖို႔ ႏႈိးေဆာ္ေနၿပီ။

(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.