အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးတင်အောင်စန်းကို ခန့်အပ်

775
ပီယ (NP News) - သြဂုတ် ၅
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ဦးတင်အောင်စန်းကို ခန့်အပ်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ထုတ်ပြန်ထားသည်။
ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ် အကြံပြုနိုင်ရန်အတွက် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးတင်အောင်စန်းသည် ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် တာဝန်ယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် တာဝန်များအပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။
Zawgyi Version:
အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္အျဖစ္ ဦးတင္ေအာင္စန္းကို ခန္႔အပ္
ပီယ (NP News) - ၾသဂုတ္ ၅
အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာအႀကံေပးပုဂၢိဳလ္အျဖစ္ ဦးတင္ေအာင္စန္းကို ခန္႔အပ္လိုက္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံးက ထုတ္ျပန္ထားသည္။
ယာယီသမၼတႏွင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီတို႔အား အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားကို ဘက္ေပါင္းစုံမွ ေလ့လာသုံးသပ္ အႀကံျပဳႏိုင္ရန္အတြက္ အမ်ိဳးသားကာကြယ္ေရး ႏွင့္လုံၿခဳံေရးေကာင္စီသည္ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၁)၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္း အား အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္အျဖစ္ ခန႔္အပ္တာဝန္ေပးလိုက္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဦးတင္ေအာင္စန္းသည္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) အျဖစ္ တာဝန္ယူၿပီးေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ႏွင့္ ဒုတိယဝန္ႀကီးခ်ဳပ္ တာဝန္မ်ားအျပင္ ကာကြယ္ေရးဝန္ႀကီးဌာန၊ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္႐ုံး ဝန္ႀကီးဌာန စသည့္ ဝန္ႀကီးဌာနမ်ားတြင္ ျပည္ေထာင္စုဝန္ႀကီး တာဝန္မ်ားကို ထမ္းေဆာင္ခဲ့သည္။