ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ အပစ်ခတ်ရပ်စဲရေးကို အကောင်ထည်ဖော်ဖို့အတွက် အချက် ၁၃ချက်ပါတဲ့သဘောတူညီချက်ရရှိ

 275

ဂျန်ဇက်(NP News)
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ အပစ်ခတ်ရပ်စဲရေးကို အကောင်ထည်ဖော်ဖို့အတွက် အချက် ၁၃ချက်ပါတဲ့သဘောတူညီချက်ကို သြဂုတ် ၇ရက်နေ့မှာ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်ဒေသမှာ ပိုင်နက်နယ်မြေအငြင်းပွားမှုများကြောင့် ဇူလိုင် ၂၄ရက်နေ့မှာ အပြန်အလှန်ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံက အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ရာ အပစ်ခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပါတယ်။ ထိုင်းအစိုးရတာဝန်ရှိသူတွေ နဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ မလေးရှားနိုင်ငံမှာထပ်မံ ဆွေးနွေးခဲ့ပြီး ဇူလိုင် ၂၈ရက်နေ့က ရရှိခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးကို အပြည့်အဝအကောင်ထည်ဖော်ဖို့ ကတိပြုခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ အပစ်ခတ်ရပ်စဲရေးကို အကောင်ထည်ဖော်ဖို့ သြဂုတ် ၄ရက်နေ့ကနေ ၇ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၁၃ချက်ကို သဘောတူညီမှုရခဲ့တာလည်းဖြစ်ပါတယ်။အဲဒီသဘောတူညီချက်တွေထဲမှာ နယ်စပ်ဒေသမှာ တပ်ဖွဲ့ဝင်အင်အား၊ မတိုးချဲ့ဖို့၊ ရန်လိုမှုများကိုရှောင်ရှားဖို့၊ အရပ်သားတွေနဲ့ အရပ်ဘက်ဆိုင်ရာအဆောက်အဦးတွေကို မတိုက်ခိုက်ဖို့ စတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ပိုင်နက်နယ်မြေအငြင်းမှုများကြောင့် မေလတုန်းကလည်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးကြောင်းသိရပါတယ်။

Zawgyi Version:
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ အပစ္ခတ္ရပ္စဲေရးကို အေကာင္ထည္ေဖာ္ဖို႔အတြက္ အခ်က္ ၁၃ခ်က္ပါတဲ့သေဘာတူညီခ်က္ရရွိ
ဂ်န္ဇက္(NP News)
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ အပစ္ခတ္ရပ္စဲေရးကို အေကာင္ထည္ေဖာ္ဖို႔အတြက္ အခ်က္ ၁၃ခ်က္ပါတဲ့သေဘာတူညီခ်က္ကို ၾသဂုတ္ ၇ရက္ေန႔မွာ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ နယ္စပ္ေဒသမွာ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားေၾကာင့္ ဇူလိုင္ ၂၄ရက္ေန႔မွာ အျပန္အလွန္ပစ္ခတ္မႈမ်ားစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံက အပစ္ခတ္ရပ္စဲဖို႔ ေတာင္းဆိုခဲ့ရာ အပစ္ခတ္ရပ္စဲဖို႔ သေဘာတူညီခဲ့ပါတယ္။ ထိုင္းအစိုးရတာဝန္ရွိသူေတြ နဲ႔ ကေမာၻဒီးယားအစိုးရအဖြဲ႕တာဝန္ရွိသူေတြဟာ မေလးရွားႏိုင္ငံမွာထပ္မံ ေဆြးေႏြးခဲ့ၿပီး ဇူလိုင္ ၂၈ရက္ေန႔က ရရွိခဲ့တဲ့ အပစ္ခတ္ရပ္စဲေရးကို အျပည့္အဝအေကာင္ထည္ေဖာ္ဖို႔ ကတိျပဳခဲ့ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားအစိုးရအဖြဲ႕တာဝန္ရွိသူေတြဟာ အပစ္ခတ္ရပ္စဲေရးကို အေကာင္ထည္ေဖာ္ဖို႔ ၾသဂုတ္ ၄ရက္ေန႔ကေန ၇ ရက္အထိ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အခ်က္ ၁၃ခ်က္ကို သေဘာတူညီမႈရခဲ့တာလည္းျဖစ္ပါတယ္။အဲဒီသေဘာတူညီခ်က္ေတြထဲမွာ နယ္စပ္ေဒသမွာ တပ္ဖြဲ႕ဝင္အင္အား၊ မတိုးခ်ဲ႕ဖို႔၊ ရန္လိုမႈမ်ားကိုေရွာင္ရွားဖို႔၊ အရပ္သားေတြနဲ႔ အရပ္ဘက္ဆိုင္ရာအေဆာက္အဦးေတြကို မတိုက္ခိုက္ဖို႔ စတဲ့အခ်က္ေတြပါဝင္ခဲ့ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားတို႔ဟာ ပိုင္နက္နယ္ေျမအျငင္းမႈမ်ားေၾကာင့္ ေမလတုန္းကလည္း အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ဖူးေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.