လူ့အခွင့်အရေး ဖောက်ဖျက်ခံရပါက တိုင်ကြားရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

186

ချယ်ရီ (NP News)- ဩဂုတ် ၈
မြန်မာနိုင်ငံရှိ နိုင်ငံသားတစ်ဦးအနေဖြင့် လူ့အခွင့်အရေးဖောက်ဖျက်ခံရပါက တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
ဖွဲ့စည်းပုံအခြခံဥပဒေတွင် ပါဝင်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံတော်မှလက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သဘောတူစာချုပ်များတွင် ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ(၃၀) အရ ကိုယ်တိုင်အတွက်သော်လည်း ကောင်း၊ အခြားသူအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
တိုင်ကြားမှုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ (၆)မိုင်ခွဲ၊ အမှတ် (၂၇)၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သို့လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့သို့ လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
တိုင်ကြားရာတွင် တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ ၊ တိုင်ကြားသူ၏ မည်ကဲ့သို့ လူ့အခွင့်အရေး ဖောက်ဖျက်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်နှင့် လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ် ရေးထိုးပေးပို့ရမည်ဖြစ်ပြီး ကော်မရှင်မှ အဆိုပါတိုင်ကြားချက်များကို စိစစ်၍ ကော်မရှင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားသည်။

Zawgyi Version:
လူ႔အခြင့္အေရး ေဖာက္ဖ်က္ခံရပါက တိုင္ၾကားရန္ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ထုတ္ျပန္
ခ်ယ္ရီ (NP News)- ဩဂုတ္ ၈
ျမန္မာႏိုင္ငံရွိ ႏိုင္ငံသားတစ္ဦးအေနျဖင့္ လူ႔အခြင့္အေရးေဖာက္ဖ်က္ခံရပါက တိုင္ၾကားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က အသိေပးထုတ္ျပန္ထားသည္။
ဖြဲ႕စည္းပုံအျခခံဥပေဒတြင္ ပါဝင္သည့္ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးႏွင့္ ဥပေဒပါ အခြင့္အေရးမ်ား၊ ႏိုင္ငံေတာ္မွလက္ခံထားသည့္ လူ႔အခြင့္အေရးႏွင့္ သက္ဆိုင္သည့္ အျပည္ျပည္ဆိုင္ရာႏွင့္ ေဒသဆိုင္ရာ သေဘာတူစာခ်ဳပ္မ်ားတြင္ ပါရွိသည့္ လူ႔အခြင့္အေရးမ်ားကို ေဖာက္ဖ်က္ျခင္းခံရပါက ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ဥပေဒ ပုဒ္မ(၃၀) အရ ကိုယ္တိုင္အတြက္ေသာ္လည္း ေကာင္း၊ အျခားသူအတြက္ေသာ္လည္းေကာင္း၊ လူတစ္စုကို ကိုယ္စားျပဳ၍ေသာ္လည္းေကာင္း ေကာ္မရွင္သို႔ တိုင္ၾကားႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
တိုင္ၾကားမႈကို ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၊ ျပည္လမ္း၊ (၆)မိုင္ခြဲ၊ အမွတ္ (၂၇)၊ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ သို႔လည္းေကာင္း၊ ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္၊ မႏၲေလး၊ စစ္ေတြ၊ ပုသိမ္ၿမိဳ႕သို႔ လည္းေကာင္း ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း အသိေပးထားသည္။
တိုင္ၾကားရာတြင္ တိုင္ၾကားသူ၏ အမည္၊ အၿမဲတမ္းေနရပ္လိပ္စာႏွင့္ ဆက္သြယ္ရန္လိပ္စာ အျပည့္အစုံ ၊ တိုင္ၾကားသူ၏ မည္ကဲ့သို႔ လူ႔အခြင့္အေရး ေဖာက္ဖ်က္ခံရၿပီး နစ္နာဆုံးရႈံးေၾကာင္း ျပည့္စုံစြာေဖာ္ျပခ်က္ႏွင့္ လိုအပ္ပါက မွတ္တမ္းဓာတ္ပုံႏွင့္ အေထာက္အထားမိတၱဴမ်ား ပူးတြဲလ်က္ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္ၾကားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ၊ အေၾကာင္းအရာမ်ား မွန္ကန္ေၾကာင္း တိုင္ၾကားသူမွ လက္မွတ္ ေရးထိုးေပးပို႔ရမည္ျဖစ္ၿပီး ေကာ္မရွင္မွ အဆိုပါတိုင္ၾကားခ်က္မ်ားကို စိစစ္၍ ေကာ္မရွင္ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ စုံစမ္းစစ္ေဆးၿပီး သက္ဆိုင္ရာ ဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ထုတ္ျပန္ထားသည္။