စမ်းချောင်းမြို့နယ်ရှိ ရွှေပြည်အေးကွန်ဒိုအရှေ့တွင် အမျိုးသားတစ်ဦး ဓားထိုးခံရ

996
Pearl (NP News) - သြဂုတ် ၈
စမ်းချောင်းမြို့နယ်ရှိ ရွှေပြည်အေးကွန်ဒိုအရှေ့တွင် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရကြောင်း စမ်းချောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ သြဂုတ်လ (၈)ရက် ၊ နေ့လည် (၂)နာရီခွဲခန့်က ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗားကရာလမ်းမပေါ် ရွှေပြည်အေးကွန်ဒိုအရှေ့တွင် အသက် (၅၀)ကျော် အမျိုးသားတစ်ဦး ဓားခုတ်ဒဏ်ရာများ ဖြင့်သွေးထွက်လွန်နေကြောင်း သိရသည်။
“ကားပါကင်လုရင်း ဖြစ်တယ်ပြောတယ်။ တိတိကျကျမသိဘူး။ ကျွန်တော်တို့ကို ဆက်သွယ်လို့ အနာဂတ်အလင်းတန်းပရဟိတအသင်းနဲ့အတူ သွားရောက်ကူညီပေးလိုက်တယ်” ဟု စမ်းချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ တာဝန်ရှိ သူ တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ၎င်းအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှလူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Zawgyi Version:
စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ေ႐ႊျပည္ေအးကြန္ဒိုအေရွ႕တြင္ အမ်ိဳးသားတစ္ဦး ဓားထိုးခံရ
Pearl (NP News) - ၾသဂုတ္ ၈
စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ေ႐ႊျပည္ေအးကြန္ဒိုအေရွ႕တြင္ အမ်ိဳးသားတစ္ဦး ဓားထိုးခံခဲ့ရေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ မွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ ၾသဂုတ္လ (၈)ရက္ ၊ ေန႔လည္ (၂)နာရီခြဲခန႔္က ရန္ကုန္တိုင္း ေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္းမေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ဗားကရာလမ္းမေပၚ ေ႐ႊျပည္ေအးကြန္ဒိုအေရွ႕တြင္ အသက္ (၅၀)ေက်ာ္ အမ်ိဳးသားတစ္ဦး ဓားခုတ္ဒဏ္ရာမ်ား ျဖင့္ေသြးထြက္လြန္ေနေၾကာင္း သိရသည္။
“ကားပါကင္လုရင္း ျဖစ္တယ္ေျပာတယ္။ တိတိက်က်မသိဘူး။ ကြၽန္ေတာ္တို႔ကို ဆက္သြယ္လို႔ အနာဂတ္အလင္းတန္းပရဟိတအသင္းနဲ႔အတူ သြားေရာက္ကူညီေပးလိုက္တယ္” ဟု စမ္းေခ်ာင္းၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ မွ တာဝန္ရွိ သူ တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ၎အား အနာဂတ္အလင္းတန္းပရဟိတအသင္းမွလူနာတင္ယာဥ္ျဖင့္ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚဌာနသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။