မြန်မာပလာဇာတွင် လုပ်ငန်းတူအချင်းချင်း အကြွေးမပေးနိုင်၍ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်သူ(၂)ဦးအနက် တစ်ဦးဖမ်းမိ

740

သန့်ဇင်(NP News)-ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာတွင် လုပ်ငန်းတူအချင်းချင်း အကြွေးမပေးနိုင်၍ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်သူ(၂)ဦးအနက် တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြစ်မှုကျူးလွန်သူကို ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲမြို့မအဝင်ဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်၊ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄) ရပ်ကွက်တွင်နေထိုင်သော အသက်(၅၉)နှစ်အရွယ် ဒေါ်စမ်းစမ်းအေးသည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ (၃၀) နှစ်နှင့်အတူ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သေဆူံးသူနှင့်အတူလိုက်ပါလာသော ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့ မရဲစခန်း၌ (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကျူးလွန်သူ (၂) ဦးသည် မြန်မာပလာဇာသို့ YGN-43 11/1190 Toyota Vitz အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ရောက်ရှိလာပြီး B2 ကားပါကင်တွင် ရပ်ထားခဲ့ကြောင်း သိရသည်။
ယင်းနောက် သေဆုံးသူ ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် YGN-13 4M-8749 Toyota Harrier အဖြူရောင်ယာဉ်သည် မွန်းလွဲ ၂ နာရီ ၂ မိနစ်အချိန်တွင်ရောက်ရှိလာပြီး B2 ကားပါကင် A ဇုံအနီးတွင် ရပ်တန့်၍ ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ (၂) ဦးသည် မော်တော်ယာဉ်ပေါ်မှဆင်းပြီး မြန်မာပလာဇာပေါ်သို့ တက်သွားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ (၂) ဦး စီးနင်းလာသည့် မော်တော်ယာဉ်သည် ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ ပြောင်းလဲ ရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မြန်မာပလာဇာပေါ်မှ ဆင်းလာခဲ့ရာ ၎င်းတို့ ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ ၂ ဦးမှ ကားပေါ်မှဆင်းပြီး ဒေါ်စမ်းစမ်းအေးအား ဓားဖြင့်ထိုးခဲ့ကြောင်းနှင့် ဦးလတ်ခန်အရေမှ ပြန်လည်ခုခံသဖြင့် တရားခံ ၁ ဦးမှ ဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ကျူးလွန်သူ (၂) ဦးသည် အခင်းဖြစ်နေရာမှ မြန်မာပလာဇာရှေ့ ကမ္ဘာအေး YGN-33 FF-1233 Toyota Caldina အဖြူရောင်ယာဉ်အား ငှားရမ်းပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်သွားကြောင်း သိရသည်။
ထို့နောက် YGN-33 FF-1233 Toyota Caldina ယာဉ်မောင်းအား စစ်ဆေးခဲ့ရာ အဆိုပါကျူးလွန်သူ (၂) ဦးအား အင်းစိန်မြို့နယ်၊ ပြည်လမ်း ၁၀ မိုင်ကုန်းကားမှတ်တိုင်အနီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ကျူးလွန်သူ (၂) ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်အား ပြသမေးမြန်းခဲ့ရာ တစ်ဦးမှာ မိခင်ဖြစ် သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်ပြီး မိခင်ဖြစ်သူအား အကြွေးပေးရန်ရှိသူ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City တွင် တည်းခိုနေထိုင်သူ အသက်(၃၁) နှစ်အရွယ် မြတ်သူရကျော် ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိရေးစုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ (၆) ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲမြို့မအဝင်ဂိတ်တွင် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်သူ၏ ထွက်ဆိုချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်စမ်းစမ်းအေးအားပေးရန် အကြွေးများရှိသဖြင့် ငွေကြေးလိုအပ် ချက်များ ကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား ဖမ်းဆီးရမိနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေး စိတ်စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမန္မာပလာဇာတြင္ လုပ္ငန္းတူအခ်င္းခ်င္း အေႂကြးမေပးႏိုင္၍ အမ်ိဳးသမီးတစ္ဦးအား သတ္ျဖတ္သူ(၂)ဦးအနက္ တစ္ဦးဖမ္းမိ
သန႔္ဇင္(NP News)-ဩဂုတ္ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္ရွိ ျမန္မာပလာဇာတြင္ လုပ္ငန္းတူအခ်င္းခ်င္း အေႂကြးမေပးႏိုင္၍ အမ်ိဳးသမီးတစ္ဦးအား သတ္ျဖတ္သူ(၂)ဦးအနက္ တစ္ဦးကို ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ သတင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ျပစ္မႈက်ဴးလြန္သူကို ၿပီးခဲ့သည့္ ဩဂုတ္လ ၆ ရက္၊ ေန႔လယ္ ၁၂ နာရီခြဲအခ်ိန္က မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္း၊ ျမစ္ငယ္-ထုံးဘိုလမ္းခြဲၿမိဳ႕မအဝင္ဂိတ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္လ ၅ ရက္၊ ညေန ၄ နာရီ ၂၅ မိနစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္ (၄) ရပ္ကြက္တြင္ေနထိုင္ေသာ အသက္(၅၉)ႏွစ္အ႐ြယ္ ေဒၚစမ္းစမ္းေအးသည္ တာေမြၿမိဳ႕နယ္၊ ေမတၱာၫြန႔္ရပ္ကြက္ေန ဦးလတ္ခန္အေရ (၃၀) ႏွစ္ႏွင့္အတူ ျမန္မာပလာဇာမွ ေနအိမ္သို႔ျပန္ရန္ ျမန္မာပလာဇာေအာက္ထပ္ကားပါကင္၌ ရပ္ထားသည့္ ကားအနီးသို႔ ေရာက္ရွိစဥ္ အမ်ိဳးသားႏွစ္ဦး (စိစစ္ဆဲ) မွ ဓားျဖင့္ ဝိုင္းဝန္းထိုးခုတ္ကာ ထြက္ေျပးသြားခဲ့သျဖင့္ ေဒၚစမ္းစမ္းေအးတြင္ ဓားဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေသဆူံးသူႏွင့္အတူလိုက္ပါလာေသာ ဦးလတ္ခန္အေရတြင္ ဓားဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းအရ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိႏိုင္ေရး ဗဟန္းၿမိဳ႕ မရဲစခန္း၌ (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆/၁၁၄ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖမ္းဆီးရမိႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အေသးစိတ္စုံစမ္းစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ က်ဴးလြန္သူ (၂) ဦးသည္ ျမန္မာပလာဇာသို႔ YGN-43 11/1190 Toyota Vitz အမ်ိဳးအစား ခဲေရာင္ယာဥ္ျဖင့္ ဩဂုတ္လ ၅ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၅၇ မိနစ္အခ်ိန္တြင္ ေရာက္ရွိလာၿပီး B2 ကားပါကင္တြင္ ရပ္ထားခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ေသဆုံးသူ ေဒၚစမ္းစမ္းေအးစီးနင္းလာသည့္ YGN-13 4M-8749 Toyota Harrier အျဖဴေရာင္ယာဥ္သည္ မြန္းလြဲ ၂ နာရီ ၂ မိနစ္အခ်ိန္တြင္ေရာက္ရွိလာၿပီး B2 ကားပါကင္ A ဇုံအနီးတြင္ ရပ္တန႔္၍ ေဒၚစမ္းစမ္းေအးႏွင့္ ဦးလတ္ခန္အေရတို႔ (၂) ဦးသည္ ေမာ္ေတာ္ယာဥ္ေပၚမွဆင္းၿပီး ျမန္မာပလာဇာေပၚသို႔ တက္သြားခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူ (၂) ဦး စီးနင္းလာသည့္ ေမာ္ေတာ္ယာဥ္သည္ ေဒၚစမ္းစမ္းေအးစီးနင္းလာသည့္ ေမာ္ေတာ္ယာဥ္အနီးသို႔ ေျပာင္းလဲ ရပ္တန႔္ခဲ့ၿပီးေနာက္ ညေန ၄ နာရီ ၂၇ မိနစ္အခ်ိန္တြင္ ေဒၚစမ္းစမ္းေအးႏွင့္ ဦးလတ္ခန္အေရတို႔ ၂ ဦးသည္ ျမန္မာပလာဇာေပၚမွ ဆင္းလာခဲ့ရာ ၎တို႔ ကားရပ္ထားသည့္ေနရာသို႔ သြားေရာက္စဥ္ တရားခံ ၂ ဦးမွ ကားေပၚမွဆင္းၿပီး ေဒၚစမ္းစမ္းေအးအား ဓားျဖင့္ထိုးခဲ့ေၾကာင္းႏွင့္ ဦးလတ္ခန္အေရမွ ျပန္လည္ခုခံသျဖင့္ တရားခံ ၁ ဦးမွ ဝင္ေရာက္ထိုးႀကိတ္ခဲ့ေၾကာင္း သိရသည္။
က်ဴးလြန္သူ (၂) ဦးသည္ အခင္းျဖစ္ေနရာမွ ျမန္မာပလာဇာေရွ႕ ကမာၻေအး YGN-33 FF-1233 Toyota Caldina အျဖဴေရာင္ယာဥ္အား ငွားရမ္းၿပီး ကမာၻေအးဘုရားလမ္းအတိုင္း ေမာင္းႏွင္သြားေၾကာင္း သိရသည္။
ထို႔ေနာက္ YGN-33 FF-1233 Toyota Caldina ယာဥ္ေမာင္းအား စစ္ေဆးခဲ့ရာ အဆိုပါက်ဴးလြန္သူ (၂) ဦးအား အင္းစိန္ၿမိဳ႕နယ္၊ ျပည္လမ္း ၁၀ မိုင္ကုန္းကားမွတ္တိုင္အနီးသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။
က်ဴးလြန္သူ (၂) ဦး၏ CCTV မွတ္တမ္းအား ေဒၚစမ္းစမ္းေအး၏ သမီးျဖစ္သူ မပိုပိုအိျႏၵာခ်စ္အား ျပသေမးျမန္းခဲ့ရာ တစ္ဦးမွာ မိခင္ျဖစ္ သူႏွင့္အတူ ေဆာက္လုပ္ေရးလုပ္ငန္းအတူ လုပ္ကိုင္ၿပီး မိခင္ျဖစ္သူအား အေႂကြးေပးရန္ရွိသူ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၄) ရပ္ကြက္၊ ပါရမီလမ္းႏွင့္ ေဝဇယႏၲာလမ္းေထာင့္ရွိ INNO City တြင္ တည္းခိုေနထိုင္သူ အသက္(၃၁) ႏွစ္အ႐ြယ္ ျမတ္သူရေက်ာ္ ျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိေရးစုံစမ္းေဖာ္ထုတ္ခဲ့ရာ ဩဂုတ္လ (၆) ရက္၊ ေန႔လယ္ ၁၂ နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္း၊ ျမစ္ငယ္-ထုံးဘိုလမ္းခြဲၿမိဳ႕မအဝင္ဂိတ္တြင္ ၎၏ဇနီးျဖစ္သူႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
က်ဴးလြန္သူ၏ ထြက္ဆိုခ်က္အရ ၎သည္ ေသဆုံးသူ ေဒၚစမ္းစမ္းေအးအားေပးရန္ အေႂကြးမ်ားရွိသျဖင့္ ေငြေၾကးလိုအပ္ ခ်က္မ်ား ေၾကာင့္ လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎ႏွင့္အတူ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားတစ္ဦး (စိစစ္ဆဲ) အား ဖမ္းဆီးရမိႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အေသး စိတ္စုံစမ္းစစ္ေဆးျခင္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။