ဩဂုတ်လ (၄)ရက်မှ (၁၁)ရက်အတွင်း နောက်ဆုံးရ အပြောင်းအရွှေ့နဲ့ အလားအလာ

 401

ရဲထက် (NP News) - သြဂုတ် ၁၁
မန်ချက်စတာယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို ချဲလ်ဆီးအ သင်းဘက်က ပေါင်သန်း (၃၀)နဲ့ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိတယ်လို့ ချဲလ်ဆီးအသင်းဘက်က Report တွေမှာ ဖော်ပြထားပါတယ်။ မန်ယူအသင်းဟာ ဂါနာချိုကို ဘရိုင်ယန်အမ်ဘူမိုနဲ့ မာသီးယပ်စ် ကွန်ညာတို့ရဲ့ အသုံးစရိတ်တချို့ကိုထေမိစေဖို့ရောင်းချဖို့ရှိနေတဲ့အပြင် ချဲလ်ဆီးအသင်းဘက်က ကမ်းလှမ်းမှုကိုလည်း လက်ခံစဉ်းစားသွားဖွယ်ရှိနေပါတယ်။ ဒါ့ပြင် မန်ယူအသင်းနည်းပြ အမ်မိုရင်ဟာ ၎င်းရဲ့ ၃-၄-၂-၁ ကစားကွက်မှာ ဂါနာချိုနဲ့ကိုက်ညီမှုမရှိဘူးလို့ယူဆထားပြီး လက်ရှိအပြောင်းအရွှေ့ဈေးကွက်မကုန်ခင်မှာ ရောင်းချသွားမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ Transfermark မှာတော့ ဂါနာချိုရဲ့ တန်ကြေးဟာ ယူရို ၄၅ သန်းရှိပြီး ချဲလ်ဆီးအသင်းဘက်က ပေါင်သန်း (၃၀) ကမ်းလှမ်းမှုကို လက်ခံခဲ့ပါက ပရိသတ်တွေရဲ့ဝေဖန်မှုတွေဟာလည်း မြင့်တက်လာဖို့ရှိနေပါတယ်။The Independent က ဖော်ပြထားမှုမှာတော့ ဂါနာချိုဟာ အာဂျင်တီးနားအသင်းဖော် အန်ဇိုဖာနန်ဒက်စ်နဲ့လည်း တွဲက စားရမှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ဂါနာချိုကို ချဲလ်ဆီးအပြင် အက်စတွန်ဗီလာအသင်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း စောင့်ကြည့် နေတယ်လို့သိရပါတယ်။

အဲဗာတန်အသင်းက မန်စီးတီးတိုက်စစ်မှူးဂျက်ဂရီးလစ်ရှ်ကို အငှားနဲ့ခေါ်ယူရန် ထပ်မံကမ်းလှမ်းထား

အဲဗာတန်သည် ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူရန် မန်စီးတီးအသင်းထံ ချဉ်းကပ်ခဲ့ကြောင်း ESPN မှာ ဖော်ပြထားပါတယ်။ အဲဗာတန်ဟာ မန်စီးတီးအသင်းထံကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ရန် အဆိုပြုခဲ့ပေမယ့် ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မန်စီးတီးအသင်းဘက်က အပြီးသတ်ခေါ်ယူမှုအတွက်ကိုသာ ဆွေးနွေးလိုတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းဘက်က အပြီးသတ်ပယ်ချတာမျိုးလုပ်ဆောင်ခြင်းမရှိသေးတာကိုတွေ့ရပြီး ယခုနွေရာသီတွင် ဂျက်ဂရီးလစ်ရှ်အတွက် ကမ်းလှမ်းမှုများပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း တရားဝင်အသိ ပေးထားတာလည်းဖြစ်ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ်ဟာ ပက်ဂွာဒီယိုလာ လက်ထက်မှာ ပွဲထွက်ခွင့်တစ်နေရာကိုရရှိဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဗာတန်ဟာ ဂျက်ဂရီးလစ်ရှ်ကို အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ကတည်းက ပရီးမီးယားလိဂ်နဲ့ဥရောပကလပ်အသင်းတွေအပြင် အခြားသောအသင်းတွေရဲ့ စိတ်ဝင်စားမှုများရှိခဲ့ပေမယ့် ဂရီးလစ်ရှ်အတွက် တရားဝင်ချဉ်းကပ်မှုပြုလုပ်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်တာ ကြောင့် ဒီအပြောင်းအရွှေ့က စိတ်ဝင်စားစရာကောင်းပြီး မန်စီးတီးအသင်းဘက်က အဲဗာတန်အသင်းဆီကို အငှားချမလားဆိုတာနဲ့ အပြီးသတ်ရောင်းချဖို့ တခြားအသင်းတွေကို လက်ခံစဉ်းစားမလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ရွေးချယ်လိုက်တဲ့ ဗင်ဂျမင် ဆက်စ်ကို

မန်ယူအသင်းနဲ့ နယူးကာဆယ်အသင်းတို့ အပြိုင်ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ ဗင်ဂျမင်ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ဟာဆိုရင် အပြီးသတ်နီးပါးအထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အစောပိုင်းမှာ ဗင်ဂျမင် ဆက်စ်ကိုဟာ မန်ယူအသင်းနဲ့ရော နယူးကာဆယ်အသင်းနဲ့ပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပေမယ့် ဗင်ဂျမင် ဆက်စ်ကိုဟာ မန်ယူအသင်းကိုသာ ရွေးချယ်လိုက်တာလည်းဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ RB Leipzig အသင်းနဲ့ အပြည့်အဝ အပြောင်းအရွှေ့သဘောတူညီချက်ကို ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်ပြီး ဆွေးနွေးမှုများအရှိန်မြှင့်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ မန်ယူအသင်းထက် ပြောင်းရွှေ့ကြေးတစ်ရပ်ကို ပိုပေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ မန်ယူအသင်းရဲ့ နောက်ကောက်ချမှုကိုခံခဲ့ရပြီး ဗင်ဂျမင် ဆက်စ်ကိုဟာ မန်ယူအသင်းကို (၅)နှစ်စာချုပ်နဲ့ အပြီးသတ် ပြောင်း ရွှေ့နိုင်တော့မှာလည်းဖြစ်ပါတယ်။ မန်ယူအသင်းဘက်က ယူရို(၇၅)သန်းအပြင် အပိုဆုကြေးငွေ (၁၀)သန်း နဲ့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ယူရို (၈၅)သန်းဖြစ်ပြီးတော့RB Leipzig အသင်းဘက်က သတ်မှတ်ထားတဲ့ တန်ကြေးနဲ့လည်း ကိုက်ညီမှုရှိနေတာကြောင့် ဒီအပြောင်းအရွှေ့က ကျိန်းသေပေါက် မန်ယူအသင်းက လာမယ့်ရာသီတိုက်စစ်တစ်နေရာမှာ ဗင်ဂျမင် ဆက်စ်ကိုကို မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

မေဆင် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ အင်တာမီလန်

စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ မားဆေးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ မေဆင် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စတင်လုပ်ဆောင်နေတယ်လို့ ESPN မှာ ဖော်ပြထားပါတယ်။ အသက်(၂၃)နှစ် သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ မန်ယူအသင်းမှာ လူမူရေးပြဿနာတွေကြောင့် မာဆေးလ်အသင်းကို ပြောင်းရွှေ့က စားခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်လာတဲ့အပြင် နေထိုင်မှုပုံစံကိုပါ ပြောင်းလဲလာတာကြောင့် မာဆေးလ်ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုတွေကိုပါ ရယူထားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်အဖြစ်ကို ရရှိနေတာလည်းဖြစ်ပါ တယ်။ မန်ယူအသင်းဘက်ကကြည့်ရင်လည်း ကစားသမားကို ခြေစွမ်းပိုင်းအရအသင်းမှာ ထိန်းသိမ်းထားလိုပေမယ့် အသင်းရဲ့ပုံရိပ်နဲ့ ဆက်ထားလို့မရတဲ့အခြေအနေတွေကြောင့်သာ မာဆေးလ်အသင်းကို ရောင်းချခဲ့ရတဲ့သဘောမျိုးဖြစ်ပါတယ်။ မေဆင်ဂရင်းဝုဒ်ဟာ ယူနိုက်တက်မှာ ရှိစဉ်ကတည်းက ခြေစွမ်းပိုင်းကောင်းမွန်တဲ့အပြင် တိုးတက်လာဖို့ အများကြီးရှိနေတဲ့ ကစားသမားကောင်း တစ်ယောက်ဖြစ်ခဲ့တာဖြစ်ပြီး မာဆေးလ်အသင်းမှာတော့ ပိုမိုတောက်ပတဲ့ခြေစွမ်းတွေကို ပြသထား နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် အင်တာမီလန်အသင်းကသာ ခေါ်ယူမယ်ဆိုရင် မေဆင်ဂရင်းဝုဒ်အနေနဲ့ ကစားသမားဘဝ တစ်ဆင့်မြင့်လာဖို့ရှိနေသလို ဥရောပချန်ပီယံလိဂ်ကိုပါ ကစားရဖို့ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်မြောက်လာဖို့ရှိနေပါတယ်။ မေဆင်ဂရင်းဝုဒ်ရဲ့တန်ကြေးကတော့ လက်ရှိမှာ ယူရို (၅၅)ကနေ ယူရို(၆၃)ကြားမှာရှိနေတယ်လို့လည်း Transfer Marketမှာ ဖော်ပြထားပါတယ်။

Zawgyi Version:
ဩဂုတ္လ (၄)ရက္မွ (၁၁)ရက္အတြင္း ေနာက္ဆုံးရ အေျပာင္းအေ႐ႊ႕နဲ႔ အလားအလာ
ရဲထက္ (NP News) - ၾသဂုတ္ ၁၁
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေတာင္ပံကစားသမား အလီဂ်န္ဒ႐ိုဂါနာခ်ိဳကို ခ်ဲလ္ဆီးအ သင္းဘက္က ေပါင္သန္း (၃၀)နဲ႔ကမ္းလွမ္းမႈကို လက္ခံသြားဖြယ္ရွိတယ္လို႔ ခ်ဲလ္ဆီးအသင္းဘက္က Report ေတြမွာ ေဖာ္ျပထားပါတယ္။ မန္ယူအသင္းဟာ ဂါနာခ်ိဳကို ဘ႐ိုင္ယန္အမ္ဘူမိုနဲ႔ မာသီးယပ္စ္ ကြန္ညာတို႔ရဲ႕ အသုံးစရိတ္တခ်ိဳ႕ကိုေထမိေစဖို႔ေရာင္းခ်ဖို႔ရွိေနတဲ့အျပင္ ခ်ဲလ္ဆီးအသင္းဘက္က ကမ္းလွမ္းမႈကိုလည္း လက္ခံစဥ္းစားသြားဖြယ္ရွိေနပါတယ္။ ဒါ့ျပင္ မန္ယူအသင္းနည္းျပ အမ္မိုရင္ဟာ ၎ရဲ႕ ၃-၄-၂-၁ ကစားကြက္မွာ ဂါနာခ်ိဳနဲ႔ကိုက္ညီမႈမရွိဘူးလို႔ယူဆထားၿပီး လက္ရွိအေျပာင္းအေ႐ႊ႕ေဈးကြက္မကုန္ခင္မွာ ေရာင္းခ်သြားမယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။ Transfermark မွာေတာ့ ဂါနာခ်ိဳရဲ႕ တန္ေၾကးဟာ ယူ႐ို ၄၅ သန္းရွိၿပီး ခ်ဲလ္ဆီးအသင္းဘက္က ေပါင္သန္း (၃၀) ကမ္းလွမ္းမႈကို လက္ခံခဲ့ပါက ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြဟာလည္း ျမင့္တက္လာဖို႔ရွိေနပါတယ္။The Independent က ေဖာ္ျပထားမႈမွာေတာ့ ဂါနာခ်ိဳဟာ အာဂ်င္တီးနားအသင္းေဖာ္ အန္ဇိုဖာနန္ဒက္စ္နဲ႔လည္း တြဲက စားရမွာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ကစားဖို႔ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ လက္ရွိ မွာေတာ့ ဂါနာခ်ိဳကို ခ်ဲလ္ဆီးအျပင္ အက္စတြန္ဗီလာအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ကလည္း ေစာင့္ၾကည့္ ေနတယ္လို႔သိရပါတယ္။

အဲဗာတန္အသင္းက မန္စီးတီးတိုက္စစ္မႉးဂ်က္ဂရီးလစ္ရွ္ကို အငွားနဲ႔ေခၚယူရန္ ထပ္မံကမ္းလွမ္းထား

အဲဗာတန္သည္ ဂ်က္ဂရီးလစ္ရွ္ကို ေခၚယူရန္ မန္စီးတီးအသင္းထံ ခ်ဥ္းကပ္ခဲ့ေၾကာင္း ESPN မွာ ေဖာ္ျပထားပါတယ္။ အဲဗာတန္ဟာ မန္စီးတီးအသင္းထံကို တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ရန္ အဆိုျပဳခဲ့ေပမယ့္ ကလပ္အသင္းႏွစ္သင္းၾကား ေဆြးေႏြးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ၿပီး မန္စီးတီးအသင္းဘက္က အၿပီးသတ္ေခၚယူမႈအတြက္ကိုသာ ေဆြးေႏြးလိုတယ္လို႔ ေျပာဆိုထားပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္းဘက္က အၿပီးသတ္ပယ္ခ်တာမ်ိဳးလုပ္ေဆာင္ျခင္းမရွိေသးတာကိုေတြ႕ရၿပီး ယခုေႏြရာသီတြင္ ဂ်က္ဂရီးလစ္ရွ္အတြက္ ကမ္းလွမ္းမႈမ်ားျပဳလုပ္ရန္ လမ္းဖြင့္ထားေၾကာင္း တရားဝင္အသိ ေပးထားတာလည္းျဖစ္ပါတယ္။ အသက္ (၂၉) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂ်က္ဂရီးလစ္ရွ္ဟာ ပက္ဂြာဒီယိုလာ လက္ထက္မွာ ပြဲထြက္ခြင့္တစ္ေနရာကိုရရွိဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။ အဲဗာတန္ဟာ ဂ်က္ဂရီးလစ္ရွ္ကို အေျပာင္းအေ႐ႊ႕ ေဈးကြက္ဖြင့္ကတည္းက ပရီးမီးယားလိဂ္နဲ႔ဥေရာပကလပ္အသင္းေတြအျပင္ အျခားေသာအသင္းေတြရဲ႕ စိတ္ဝင္စားမႈမ်ားရွိခဲ့ေပမယ့္ ဂရီးလစ္ရွ္အတြက္ တရားဝင္ခ်ဥ္းကပ္မႈျပဳလုပ္ခဲ့တဲ့ ပထမဆုံးအသင္းျဖစ္တာ ေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က စိတ္ဝင္စားစရာေကာင္းၿပီး မန္စီးတီးအသင္းဘက္က အဲဗာတန္အသင္းဆီကို အငွားခ်မလားဆိုတာနဲ႔ အၿပီးသတ္ေရာင္းခ်ဖို႔ တျခားအသင္းေတြကို လက္ခံစဥ္းစားမလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကို ေ႐ြးခ်ယ္လိုက္တဲ့ ဗင္ဂ်မင္ ဆက္စ္ကို

မန္ယူအသင္းနဲ႔ နယူးကာဆယ္အသင္းတို႔ အၿပိဳင္ေခၚယူဖို႔ႀကိဳးပမ္းေနတဲ့ ဗင္ဂ်မင္ဆက္စ္ကိုရဲ႕ အေျပာင္းအေ႐ႊ႕ဟာဆိုရင္ အၿပီးသတ္နီးပါးအထိ ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ အေစာပိုင္းမွာ ဗင္ဂ်မင္ ဆက္စ္ကိုဟာ မန္ယူအသင္းနဲ႔ေရာ နယူးကာဆယ္အသင္းနဲ႔ပါ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြ ရယူႏိုင္ခဲ့ေပမယ့္ ဗင္ဂ်မင္ ဆက္စ္ကိုဟာ မန္ယူအသင္းကိုသာ ေ႐ြးခ်ယ္လိုက္တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူအသင္းဟာ RB Leipzig အသင္းနဲ႔ အျပည့္အဝ အေျပာင္းအေ႐ႊ႕သေဘာတူညီခ်က္ကို ခ်ဳပ္ဆိုဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ေဆြးေႏြးမႈမ်ားအရွိန္ျမႇင့္လုပ္ေဆာင္ေနၿပီပဲျဖစ္ပါတယ္။ နယူးကာဆယ္အသင္းဟာ မန္ယူအသင္းထက္ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ကို ပိုေပးခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ မန္ယူအသင္းရဲ႕ ေနာက္ေကာက္ခ်မႈကိုခံခဲ့ရၿပီး ဗင္ဂ်မင္ ဆက္စ္ကိုဟာ မန္ယူအသင္းကို (၅)ႏွစ္စာခ်ဳပ္နဲ႔ အၿပီးသတ္ ေျပာင္း ေ႐ႊ႕ႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။ မန္ယူအသင္းဘက္က ယူ႐ို(၇၅)သန္းအျပင္ အပိုဆုေၾကးေငြ (၁၀)သန္း နဲ႔ ကမ္းလွမ္းခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္း ယူ႐ို (၈၅)သန္းျဖစ္ၿပီးေတာ့RB Leipzig အသင္းဘက္က သတ္မွတ္ထားတဲ့ တန္ေၾကးနဲ႔လည္း ကိုက္ညီမႈရွိေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က က်ိန္းေသေပါက္ မန္ယူအသင္းက လာမယ့္ရာသီတိုက္စစ္တစ္ေနရာမွာ ဗင္ဂ်မင္ ဆက္စ္ကိုကို ျမင္ေတြ႕ရေတာ့မွာလည္း ျဖစ္ပါတယ္။

ေမဆင္ ဂရင္းဝုဒ္ကို ေခၚယူဖို႔ ေဆြးေႏြးေနတဲ့ အင္တာမီလန္

စီးရီးေအထိပ္သီးကလပ္ အင္တာမီလန္အသင္းဟာ မားေဆးလ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ေမဆင္ ဂရင္းဝုဒ္ကို ေခၚယူဖို႔ စတင္လုပ္ေဆာင္ေနတယ္လို႔ ESPN မွာ ေဖာ္ျပထားပါတယ္။ အသက္(၂၃)ႏွစ္ သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ မန္ယူအသင္းမွာ လူမူေရးျပႆနာေတြေၾကာင့္ မာေဆးလ္အသင္းကို ေျပာင္းေ႐ႊ႕က စားခဲ့ျခင္းျဖစ္ၿပီး ေျခစြမ္းပိုင္း ပိုမိုေကာင္းမြန္လာတဲ့အျပင္ ေနထိုင္မႈပုံစံကိုပါ ေျပာင္းလဲလာတာေၾကာင့္ မာေဆးလ္ပရိသတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္မႈေတြကိုပါ ရယူထားႏိုင္တဲ့ ကစားသမားေကာင္းတစ္ေယာက္အျဖစ္ကို ရရွိေနတာလည္းျဖစ္ပါ တယ္။ မန္ယူအသင္းဘက္ကၾကည့္ရင္လည္း ကစားသမားကို ေျခစြမ္းပိုင္းအရအသင္းမွာ ထိန္းသိမ္းထားလိုေပမယ့္ အသင္းရဲ႕ပုံရိပ္နဲ႔ ဆက္ထားလို႔မရတဲ့အေျခအေနေတြေၾကာင့္သာ မာေဆးလ္အသင္းကို ေရာင္းခ်ခဲ့ရတဲ့သေဘာမ်ိဳးျဖစ္ပါတယ္။ ေမဆင္ဂရင္းဝုဒ္ဟာ ယူႏိုက္တက္မွာ ရွိစဥ္ကတည္းက ေျခစြမ္းပိုင္းေကာင္းမြန္တဲ့အျပင္ တိုးတက္လာဖို႔ အမ်ားႀကီးရွိေနတဲ့ ကစားသမားေကာင္း တစ္ေယာက္ျဖစ္ခဲ့တာျဖစ္ၿပီး မာေဆးလ္အသင္းမွာေတာ့ ပိုမိုေတာက္ပတဲ့ေျခစြမ္းေတြကို ျပသထား ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ အင္တာမီလန္အသင္းကသာ ေခၚယူမယ္ဆိုရင္ ေမဆင္ဂရင္းဝုဒ္အေနနဲ႔ ကစားသမားဘဝ တစ္ဆင့္ျမင့္လာဖို႔ရွိေနသလို ဥေရာပခ်န္ပီယံလိဂ္ကိုပါ ကစားရဖို႔ရွိေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က ျဖစ္ေျမာက္လာဖို႔ရွိေနပါတယ္။ ေမဆင္ဂရင္းဝုဒ္ရဲ႕တန္ေၾကးကေတာ့ လက္ရွိမွာ ယူ႐ို (၅၅)ကေန ယူ႐ို(၆၃)ၾကားမွာရွိေနတယ္လို႔လည္း Transfer Marketမွာ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.