၂၀၂၅ ခုနှစ်အတွင်း ကြည့်ရှုသူ ၃ သန်း အမြန်ဆုံးရရှိတဲ့ ကိုရီးယားရုပ်ရှင်ဖြစ်လာတဲ့ My Daughter Is A Zombie"

410
ရောင်နီ (NP News) - သြဂုတ် ၁၂
ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ထုတ်ပြန်ချက်အရ သြဂုတ် ၉ ရက်မှာ "My Daughter Is a Zombie” ရုပ်ရှင်ဟာ ကြည့်ရှုသူ စုစုပေါင်း ၃,၀၅၅,၈၀၀ ထိ ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း အမြန်ဆုံး ကြည့်ရှုသူ ၃ သန်းထိရောက်ရှိ တဲ့ ရုပ်ရှင်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
"My Daughter Is a Zombie” ဟာ ၁၁ ရက်အတွင်း ဒီမှတ်တိုင်သို့ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် နွေရာသီထွက် ဝင်ငွေအမြင့်ဆုံးရုပ်ရှင်ဖြစ်တဲ့ "Pilot" ထက် တစ်ရက်စော ကြည့်ရှုသူ ၃ သန်း အမြန်ပြည့်ကာ ၂၀၂၃ ခုနှစ်၊ နွေရာသီထွက်၊ ဝင်ငွေအများဆုံး ရုပ်ရှင် "Smugglers" ရဲ့ အရှိန်အတိုင်း လိုက်လာတာတွေ့ရှိလာရပါ တယ်။
webtoon ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင် "My Daughter Is a Zombie" ဟာ ကမ္ဘာပေါ်မှာ နောက်ဆုံး ကျန်ခဲ့တဲ့ ဖုတ်ကောင်ဖြစ်သူ သမီးကို ကာကွယ်ပေးနေတဲ့ ဖခင်တစ်ဦးအကြောင်း ဖော်ပြထားတဲ့ ဟာသနှော ရုပ်ရှင်ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဂျိုဂျောင်ဆော့ခ်၊ ချိုရီဂျောင်၊ လီဂျောင်အွန်း၊ ချွဲယူရီက အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။