Online မှ ကျောက်စိမ်းရောင်းဝယ်သူ တရုတ်များကြောင့် နိုင်ငံတော်အခွန်ငွေများ နစ်နာမှုရှိနေ

 708

သက်ပိုင် (NP News) - သြဂုတ်လ ၁၃

လက်ရှိတွင် Online မှတစ်ဆင့် ကျောက်စိမ်းရောင်းဝယ်မှုများပိုမိုခေတ်စားလာနေပြီး ထိုသို့ ရောင်းဝယ်သူများကြောင့် နိုင်ငံတော်မှရရှိမည့် အခွန်ဘဏ္ဍာငွေများ ထိခိုက် နစ်နာမှုများရှိနေကြောင်း အမည်မဖော်လိုသည့် ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦး ကဆိုသည်။
ဖားကန့်ဒေသတွင် တရုတ်လူမျိုးများ နှင့် မြန်မာလူမျိုးလုပ်ငန်းရှင်များက ကျောက်စိမ်းအရိုင်း တုံးများကို Online မှတစ်ဆင့် တိုက်ရိုက် Live လွှင့် ရောင်းချခြင်းများရှိနေကြပြီး Facebook, We Chat စသော Online ပလက်ဖောင်းများဖြင့် ရောင်းချနေကြကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်များ ထံမှ သိရသည်။
"အရင်ကဆိုရင် ကျောက်ပွဲစားကိုအပ်ကြတယ်။ ဒါပေမဲ့ ပွဲစားတွေကို ကျောက်အပ်လိုက်ရင် ကျောက်ပျောက်တာတွေ၊ မယုံကြည်ရတာတွေကြောင့် Facebook ကနေ တိုက်ရိုက် Live လွှင့်ပြီး ရောင်းကြတာ။ တရုတ်တွေကတော့ WeChat က နေရောင်းကြတယ်။ မြန်မာတစ်ယောက်က တစ်နေ့ ရောင်းရင်ဆယ်ချီရပေမယ့် တရုတ်တစ်ယောက် ရောင်းရင် တစ်နေ့ကို အနည်းဆုံး ရာချီရောင်းရတယ်။ စုစုပေါင်းဆိုရင် ဖားကန့်မှာ တစ်ရက်အတွင်း ကျောက်စိမ်းကို Online ကနေရောင်းရတဲ့ငွေဟာ သိန်းထောင်ဂဏန်း အထက်မှာရှိနေတယ်။ ဒါတွေအတွက် နိုင်ငံတော်က အခွန်မရဘူး " ဟု အမည်မဖော်လိုသည့် ဒေသခံကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဖားကန့်ဒေသကို KIA အဖွဲ့ ထိန်းချုပ် ထားခဲ့သည့်အချိန်မှစတင်ကာ ၎င်းတို့နှင့်နီးစပ်သည့် တရုတ်လုပ်ငန်းရှင်များနှင့် ၎င်းတို့ကို ငွေကြေးအများ အပြားပေးနိုင်သော တရုတ်လုပ်ငန်းရှင်များက KIA ထံ ဆက်ကြေးပေးကာ ကျောက်စိမ်းအများအပြားဝယ် ယူခဲ့ကြပြီး ထိုသို့ Online မှရောင်းချခြင်းကို စတင်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
လက်ရှိတွင် တပ်မတော်က ဖားကန့်ဒေသ ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းလာပြီးနောက် အဆိုပါ တရုတ်လုပ်ငန်းရှင်အချို့မှာ ဖားကန့်ဒေသမှ ပြန်လည် ထွက်ခွာနေမှုများရှိသော်လည်း တစ်ဝက်ခန့် မှာကျန်ရှိနေသေးကြောင်း ဒေသခံများထံမှသိရသည်။
တပ်မတော်အနေဖြင့် ဖားကန့်ဒေသသို့ ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်တွင် ပြန်လည်စတင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖားကန့်ဒေသမှ ကျောက်စိမ်းထွက်ရှိရာ ဒေသ (၉) ခုထက်မနည်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
Online မွ ေက်ာက္စိမ္းေရာင္းဝယ္သူ တ႐ုတ္မ်ားေၾကာင့္ ႏိုင္ငံေတာ္အခြန္ေငြမ်ား နစ္နာမႈရွိေန
သက္ပိုင္ (NP News) - ၾသဂုတ္လ ၁၃
လက္ရွိတြင္ Online မွတစ္ဆင့္ ေက်ာက္စိမ္းေရာင္းဝယ္မႈမ်ားပိုမိုေခတ္စားလာေနၿပီး ထိုသို႔ ေရာင္းဝယ္သူမ်ားေၾကာင့္ ႏိုင္ငံေတာ္မွရရွိမည့္ အခြန္ဘ႑ာေငြမ်ား ထိခိုက္ နစ္နာမႈမ်ားရွိေနေၾကာင္း အမည္မေဖာ္လိုသည့္ ေက်ာက္စိမ္းလုပ္ငန္းရွင္တစ္ဦး ကဆိုသည္။
ဖားကန႔္ေဒသတြင္ တ႐ုတ္လူမ်ိဳးမ်ား ႏွင့္ ျမန္မာလူမ်ိဳးလုပ္ငန္းရွင္မ်ားက ေက်ာက္စိမ္းအ႐ိုင္း တုံးမ်ားကို Online မွတစ္ဆင့္ တိုက္႐ိုက္ Live လႊင့္ ေရာင္းခ်ျခင္းမ်ားရွိေနၾကၿပီး Facebook, We Chat စေသာ Online ပလက္ေဖာင္းမ်ားျဖင့္ ေရာင္းခ်ေနၾကေၾကာင္း ေက်ာက္စိမ္းလုပ္ငန္းရွင္မ်ား ထံမွ သိရသည္။
"အရင္ကဆိုရင္ ေက်ာက္ပြဲစားကိုအပ္ၾကတယ္။ ဒါေပမဲ့ ပြဲစားေတြကို ေက်ာက္အပ္လိုက္ရင္ ေက်ာက္ေပ်ာက္တာေတြ၊ မယုံၾကည္ရတာေတြေၾကာင့္ Facebook ကေန တိုက္႐ိုက္ Live လႊင့္ၿပီး ေရာင္းၾကတာ။ တ႐ုတ္ေတြကေတာ့ WeChat က ေနေရာင္းၾကတယ္။ ျမန္မာတစ္ေယာက္က တစ္ေန႔ ေရာင္းရင္ဆယ္ခ်ီရေပမယ့္ တ႐ုတ္တစ္ေယာက္ ေရာင္းရင္ တစ္ေန႔ကို အနည္းဆုံး ရာခ်ီေရာင္းရတယ္။ စုစုေပါင္းဆိုရင္ ဖားကန႔္မွာ တစ္ရက္အတြင္း ေက်ာက္စိမ္းကို Online ကေနေရာင္းရတဲ့ေငြဟာ သိန္းေထာင္ဂဏန္း အထက္မွာရွိေနတယ္။ ဒါေတြအတြက္ ႏိုင္ငံေတာ္က အခြန္မရဘူး " ဟု အမည္မေဖာ္လိုသည့္ ေဒသခံေက်ာက္စိမ္းလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
ဖားကန႔္ေဒသကို KIA အဖြဲ႕ ထိန္းခ်ဳပ္ ထားခဲ့သည့္အခ်ိန္မွစတင္ကာ ၎တို႔ႏွင့္နီးစပ္သည့္ တ႐ုတ္လုပ္ငန္းရွင္မ်ားႏွင့္ ၎တို႔ကို ေငြေၾကးအမ်ား အျပားေပးႏိုင္ေသာ တ႐ုတ္လုပ္ငန္းရွင္မ်ားက KIA ထံ ဆက္ေၾကးေပးကာ ေက်ာက္စိမ္းအမ်ားအျပားဝယ္ ယူခဲ့ၾကၿပီး ထိုသို႔ Online မွေရာင္းခ်ျခင္းကို စတင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကဆိုသည္။
လက္ရွိတြင္ တပ္မေတာ္က ဖားကန႔္ေဒသ ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ရန္ႀကိဳးပမ္းလာၿပီးေနာက္ အဆိုပါ တ႐ုတ္လုပ္ငန္းရွင္အခ်ိဳ႕မွာ ဖားကန႔္ေဒသမွ ျပန္လည္ ထြက္ခြာေနမႈမ်ားရွိေသာ္လည္း တစ္ဝက္ခန႔္ မွာက်န္ရွိေနေသးေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
တပ္မေတာ္အေနျဖင့္ ဖားကန႔္ေဒသသို႔ ၿပီးခဲ့သည့္ ေမလ ေနာက္ဆုံးပတ္တြင္ ျပန္လည္စတင္ ဝင္ေရာက္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ဖားကန႔္ေဒသမွ ေက်ာက္စိမ္းထြက္ရွိရာ ေဒသ (၉) ခုထက္မနည္းကို ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

Picture

Marix Naw

13/08/2025 12:01

ဥပဒေအရ တရားမဝင်ဘူး ဆိုရင် အကုန် ဖမ်း ပြည်နှင်ဒဏ်ပေးပစ်လိုက်ပါ။ ကျောက်စိမ်းက နိုင်ငံတော် ပိုင်ဖြစ်ပါတယ်

Related news

© 2021. All rights reserved.