မန္တလေးမြို့အနီးက စစ်မီးဟပ်ဘဝများ

 665

သန့်ဇင် (NP News) - သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့သည် မြောက်ဘက် (၂)မိုင်ခန့်အကွာတွင် သမိုင်းဝင် အင်းဝမြို့ဟောင်းနှင့် တောင်ဘက် (၁) မိုင်ခန့်အကွာတွင် ပင်းယမြို့ဟောင်းတို့အကြားတွင်တည်ရှိပြီး ယခင်က ပြည်တွင်း၊ ပြည်ပခရီးသွားများဖြင့် စည်ကားခဲ့သည့်မြို့ဖြစ်ခဲ့သည်။ (၂၀၂၃)ခုနှစ်မှ စတင်ကာ တံတား ဦးမြို့နယ်အတွင်းသို့ PDF အဖွဲ့များရောက်ရှိလာကာ ရံဖန်ရံခါ ချောင်းမြောင်းပစ်ခတ်မှုများနှင့် ပြည် သူများအား " သတင်းပေး၊ ဒလန် " ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ခရီးသွားနှင့် ဒေသတွင်းစိုက်ပျိုးရေးကို အလေးထားကာ စီးပွားရေးကောင်းမွန်ခဲ့သောမြို့သည် PDF များရောက်ရှိချိန်တွင် အဘက်ဘက်မှ ဆုတ်ယုတ်သွားခဲ့ရကြောင်း သိရသည်။ ထို့ပြင် ဒေသခံအချို့ သည်လည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ တံတားဦးမြို့ခံတစ်ဦး NP News က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဦးဆုံးမေးချင်တာကတော့ တံတားဦးဒေသရဲ့လက်ရှိအခြေအနေလေး ပြောပေးပါဦးခင်ဗျ။
ဖြေ - ကျွန်တော်တို့မြို့က ဘယ်လိုပြောမလဲဆိုတော့ မြို့ကို တောင်ပိုင်းရယ်၊ မြောက်ပိုင်းရယ်၊ အနောက် ပိုင်းရယ်ဆိုပြီး ခွဲပြောမှ ရမှာပေါ့။ မြို့ပေါ်ကတော့ အသင့်အတင့်ငြိမ်းချမ်းမှုရှိတယ်ပေါ့။ ဒါပေမဲ့ မြို့နဲ့အနောက်ဘက်တွေတို့ တောင်ဘက်တွေတို့ ဆိုရင် မငြိမ်းချမ်းဘူး။ အဓိကအားဖြင့် မြို့ရဲ့အ နောက်ဘက်က ပိုပြီးတော့ဆိုးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်းနဲ့က မြစ်ပဲခြားတာဆိုတော့ အဲဒီဘက်က အကြမ်းဖက်တွေ ဝင်လာတာတွေ ရှိတယ်လေ။ အဲဒီတော့ အဲဒီဘက်တွေကို ကျွန်တော် တို့တွေ တော်ရုံတန်ရုံမသွားရဲကြဘူးပေါ့ဗျာ။ ဥပမာ - တံတားဦးမြို့နယ်အနောက်ဘက်က ရပ်ကွက်တွေ ဆိုရင် တော်ရုံမသွားဘူး။ သွားရင် အန္တရာယ်ရှိတယ် ပေါ့လေ။ အဲဒါမျိုးတွေလည်းရှိတယ်။ နောက်တစ်ခုက တခြားနေရာတွေက မငြိမ်းချမ်းပေမယ့် တံတားဦးမြို့ ပေါ်က ငြိမ်းချမ်းတော့ တံတားဦးမြို့ကို စစ်ရှောင် တွေလည်း တော်တော်များများ ရောက်တယ်ပေါ့ဗျာ။ စစ်ရှောင်တွေဆိုတော့ ကိုယ့်ဒေသမဟုတ်တော့ အိမ်တွေငှားနေကြတာတွေ ဝယ်ပြီးနေကြတာတွေ အမျိုးမျိုးပေါ့။ အဲဒီလိုမျိုးတော့ရှိတာပေါ့။ မြို့ပေါ် လေးကတော့ ငြိမ်းချမ်းပါတယ်။ မြို့အနောက်ဘက် က ရွာတွေ မြစ်ဘေးကရွာတွေကတော့ အဆင်မပြေ တော့ဘူးပေါ့။ သွားလို့လာလို့လည်း အဆင်မပြေဘူး။ ဘယ်သူမှလည်းမသွားရဲဘူးပေါ့။ ဝန်ထမ်းတွေလည်း သွားဖို့မလွယ်ဘူးပေါ့။ အဲဒါမျိုးတွေရှိတယ်။

မေး - ဘယ်အချိန်လောက်ကစပြီး တံတားဦးမြို့ နယ်မှာ ဒီလိုကိစ္စမျိုးတွေဖြစ်လာတာလဲ။
ဖြေ - ဘယ်အချိန်လောက်လဲဆိုရင် ကျွန်တော့်အထင် ဒီလိုပုံစံမျိုးဖြစ်လာတာ (၂) နှစ်လောက်ရှိပါပြီ။ (၂၀၂၃)ခုနှစ်လောက် တည်းကပေါ့။ ကျွန်တော်တို့ တံတားဦးမြို့အနောက်ဘက်ကရွာတွေဆိုရင် လူသတ်မှုတွေဖြစ်တယ်လေ။ ကျွန်တော်တို့ဆီက တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးတောင် အသတ်ခံလိုက်ရသေးတယ်။ အဲဒီလိုဖြစ်ခဲ့သေးတယ်။ အဲဒါတံတားဦး အနောက်က ရွာတွေမှာပေါ့။ အဲဒီလို မျိုးတွေရှိတော့ သိပ်ကြောက်ကြတယ်။ မသွားရဲကြ ဘူးပေါ့။
မေး - ဒေသတွင်းစီးပွားရေးအနေနဲ့ကော ဘယ်လိုတွေ ဖြစ်ကုန်လဲ။ အရင်ကအဆင်ပြေကြပေမယ့် အခုနောက်ပိုင်း အခြေ အနေလေးလည်း ပြောပြပေးပါဦး။
ဖြေ - အခုနောက်ပိုင်း ပိုပြီးကျပ်တည်းလာကြတာပေါ့။ ဒေသစီးပွားရေးအနေနဲ့ကတော့ အနောက်ရွာတွေဆိုရင် ကုန်သွယ်ဖို့ သွားဖို့လာဖို့နည်းနည်းတော့ ခက် တယ်ပေါ့ဗျာ။ ဒါမျိုးတွေရှိတယ်။ နောက်ပြီးကျတော့ ကျွန်တော်တို့မန္တလေးကိုသွားဖို့ ဒုဋ္ဌဝတီတံတား ကြီးက ကျိုးထားတဲ့အတွက် ပတ်ပြီးသွားရတော့ လမ်း ပန်းဆက်သွယ်ရေးကတော့ နှောင့်နှေးတယ်ပေါ့။ အဲဒီလိုမျိုးတွေတော့ရှိတယ်။

မေး - ဒေသတွင်းစီးပွားရေးအနေနဲ့ ဘာတွေလုပ် ကိုင်ကြလဲ။ ဘယ်လိုစီးပွားရေးမျိုးကို အဓိကထားလုပ် လဲပေါ့။
ဖြေ - ကျွန်တော်တို့ တံတားဦးမြို့နယ်က (၇၅) ရာခိုင် နှုန်းလောက်က တောင်သူလုပ်စားကြတာများပါ တယ်။ တောင်သူနဲ့ လယ်သမားများတာပေါ့။

မေး - အခုအခြေအနေမှာ သွားရေးလာရေးအခက် အခဲတွေရှိတယ်။ အဲဒီမှာ ပဋိပက္ခတွေကြောင့် လမ်း တွေသွားလို့မရတဲ့ အခြေအနေမှာ ဘယ်လိုအခက်အခဲ တွေနဲ့ ရင်ဆိုင်နေရလဲခင်ဗျ။
ဖြေ - ကျွန်တော်တို့ တံတားဦးကနေ ပုဂံ-ညောင်ဦး ဆိုရင် (၁) နာရီခွဲလောက် မောင်းလိုက်ရင်ရောက် တယ်လေ။ အခုဆိုရင် တံတားဦးနဲ့ ပုဂံ-ညောင်ဦး လမ်းပိုင်းမသွားရဲဘူးလေ။ ဘယ်သွားရဲမှာလည်း အခုမသွားရဲလို့ ဘယ်ကပတ်ရလဲဆိုရင် မိတ္ထီလာ ကိုအရင်သွား။ မိတ္ထီလာကနေမှ ကျောက်ပန်းတောင်း၊ ကျောက်ပန်းတောင်းကနေမှ ညောင်ဦးကို အဲဒီလိုကြီး ကွေ့ပတ်ပြီးသွားနေရတာလေ။ မိုင်ဘယ်လောက်ပို ဝေးသွားလဲဆိုရင် မိုင်ပေါင်း (၂ဝဝ) နီးပါးလောက်ကို ဝေးသွားတာ။ ပုံမှန်ဆိုရင် ကျွန်တော်တို့ တံတားဦးက နေ ပုဂံ-ညောင်ဦးဆိုရင် မိုင် (၈ဝ) လောက်ပဲဝေး တာလေ။

မေး - အဲဒီလိုဆိုတော့ ကုန်ကျစရိတ်နဲ့ အချိန်ပိုပြီး ကုန်တာပေါ့နော်။
ဖြေ - ကုန်ကျစရိတ်လည်းများတယ်။ အချိန်လည်း တော်တော်ကိုကုန်တာ။ နောက်ပြီး တံတားဦး-ပုဂံ-ညောင်ဦးဘက်ပေါ့နော် အဲဒီဘက်ကုန်သွယ်မှုလည်း နှောင့်နှေးသွားပြီလေ။ သာမန်လူဆိုမသွားရဲတော့ဘူး လေ။ တချို့ဆို သွားကိုမသွားရဲတော့တာ။ ကျွန်တော် တို့ တံတားဦး မြောက်ဘက် မြို့သာတို့ ဘာတို့ဆိုရင် အဲဒီဘက်ရောက်ပြီဆိုရင်ကြောက်ရပြီလေ။ အဲဒီလို မျိုးပေါ့။ မသွားတော့ဘူး။ သာမန်အရပ်သားဆိုရင် သွားကိုမသွားတော့တာ။ အဲဒီတော့ လမ်းပိုင်းက ပိတ်သလောက်ဖြစ်သွားတယ် ပေါ့ဗျာ။ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေအဆင်မပြေတော့ဘူး။ ပုဂံ-ညောင်ဦးလည်းသွားလို့မရ။ မိတ္ထီလာက ပတ် သွားရတာမျိုးတွေနဲ့ အင်းဝမှာဆိုရင်လည်းဗျာ အရင် တုန်းကဆိုရင် ငလျင်မလှုပ်ခင်ကဆိုရင် ခရီးသွား တွေလာတယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ဒုဋ္ဌဝတီ မြစ်ကူးတံတားကလည်း ကျိုးကျသွားတော့ အင်းဝ ကဆိုင်တွေလည်း အကုန်ပိတ် ထားရတယ်လေ။ ဈေးဆိုင်တွေလည်း ပိတ်ထားရတယ်လေ။ ပုဂံ-ညောင်ဦးကားလမ်းမှာ တံတားဦးအထိပွင့်နေတယ် ဆိုရင် ဘာပြောပြော ဈေးသည်တွေက ဈေးရောင်းရ တာပေါ့ဗျာ။ အခုတော့ ဈေးသည်တွေလည်း မရောင်းရဘူးပေါ့။ အရင်ကတော့ လိုင်းကားတွေ တအားသွားကြတော့ ရောင်းရတယ်။ အခုက လမ်းကပိတ်ထားတော့ မရောင်းရတော့ဘူး။ အဲဒီလိုတွေ ဖြစ်ကုန်တာ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက တံတားဦးနဲ့ ညောင်ဦးဘက်လမ်းပိုင်းကို ရှင်းရှင်းလင်းလင်းဖြစ် အောင်လုပ်ပေးစေချင်တယ်။ အဲဒီလမ်းပိုင်းက အသတ်ခံရမှာတောင် စိုးတယ်။ ညောင်ဦးမှာလည်း အသတ်ခံရတာတွေရှိတော့ ကြောက်ကြတယ်။ ကျွန်တော်တို့နဲ့ မြင်းခြံခရီးလည်း သွားမရဘူး။ မြင်းခြံ နဲ့တံတားဦးက မိုင်လေး (၃၀) လောက်ပဲရှိတာကို အဲဒီလမ်းပိုင်းကသွားမရဘူး။ မိုင်(၈၀)လောက်ခရီးကို မန္တလေးကနေမိတ္ထီလာ သွားမယ်ဆိုရင် မိုင် (၁၀ဝ)၊ မိတ္ထီလာကနေ ကျောက်ပန်းတောင်းကို မိုင်(၈၀)လောက်ရှိတယ်။ ကျောက်ပန်းတောင်းနဲ့ ညောင်ဦး နဲ့က မိုင်(၄၀)လောက်ရှိတယ်လေ။ အဲဒီတော့ မိုင်(၂၀ဝ)ကျော်လောက် ပတ်မောင်းနေရတာ။ အဲဒါ ကြောင့် ဒီတံတားဦးနဲ့ ညောင်ဦးလမ်းပိုင်းကို ပွင့်သွား အောင်လို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကြိုးစားပေး စေချင်တယ်။

မေး - ဒါနဲ့ တံတားဦးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာတို့ ပစ်ခတ်မှုတို့ရှိလားခင်ဗျ။
ဖြေ - အဲဒီလိုမျိုးတော့ တံတားဦးမြို့ပေါ်မှာရော မြို့နယ်ထဲမှာရော မရှိသေးဘူးဗျ။ ကျွန်တော်တို့ မြို့နယ်ရဲ့အစပ်က ရွာစွန်ရွာဖျားတွေလောက်ပဲ ဖြစ်တာ။

မေး - ထိတွေ့မှုဖြစ်တဲ့နေရာတွေကဒေသခံတွေကော ဘယ်ကို တိမ်းရှောင်ကြရလဲ။
ဖြေ - မြို့ပဲရှောင်ကြတာများတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုဖြစ်ရင်တော့ ငြိမ်းချမ်းတဲ့ မြို့ပေါ်ပဲလာနေကြ တာလေ။ အဲဒါကြောင့် တံတားဦးမြို့မှာ မြေဈေးကွက် အနေနဲ့ မြေဈေးတွေ နည်းနည်းတက်တယ်ပေါ့ဗျာ။ ဝယ်သူလည်းများလာကြ တော့ ဒီလိုမျိုးတွေလည်း ရှိလာတယ်။


မေး - ပြောင်းရွှေ့အခြေချမှုများလာတော့ မြို့ပေါ်ကမြေဈေးတွေပါတက်ကုန်တာလား။ အိမ်ငှားခဈေးတွေ ကောတက်လား။
ဖြေ - တက်တာပေါ့ဗျာ။ အိမ်ခြံမြေဈေးလည်းတက်လာ တယ်။ အိမ်ငှားနေတဲ့လူလည်းများလာတယ်ဆိုတော့ အိမ်ငှားဈေး လည်း တက်တာပေါ့။

မေး - အဲဒီဘက်က နယ်ဘက်ဒေသတွေမှာ အရင်က PDF တွေက စီးပွားရေးတွေလုပ်ကြတယ်လို့သိရ တယ်။ သစ်ခိုးထုတ်တာ မျိုးတွေလည်း ကြားမိထား တော့ အခုနောက်ပိုင်းကော လုပ်နေကြတုန်းလားဗျ။
ဖြေ - အရင်ကတော့ သစ်မှောင်ခိုခိုးထုတ်တာတွေရှိတယ်ဗျ။ အခုနောက်ပိုင်းတော့ ဖမ်းလိုက်ကြတော့ တချို့နေရာတွေလည်း ရပ်နားပြီးပြေးနေကြတဲ့ လူ တွေလည်းရှိတယ်။ တချို့ဆိုရင် ဘယ်သူကတိုင် တယ်ဆိုပြီး ဩဂုတ်လ (၄)ရက်က ဓားနဲ့အခုတ်ခံ ရတာရှိသေးတယ်။ အဲဒီလိုအမှုတွေလည်း ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေလည်း သတိထားရ တယ်ပေါ့နော်။ တခြားတော့ မြိုပေါ်မှာတော့ သိပ် မရှိဘူး။ နယ်ဘက်တွေမှာတော့ ကျွန်တော်တို့ တံတားဦးမြို့က စစ်ကိုင်းနဲ့က ဟိုဘက်ကမ်းနဲ့ ဒီဘက် ကမ်းဆိုတော့ ကူးလာလိုက် သွားလိုက်လာလိုက်နဲ့ ဒါမျိုးတွေတော့ရှိတာပေါ့ဗျာ။ ကျွန်တော်တို့လည်း အဲဒီဘက်တွေကို မသွားရဲတဲ့အခါကျတော့ ထဲထဲဝင် ဝင်တော့ သိပ်မသိဘူးပေါ့။
မေး - တံတားဦးဘက်က လမ်းတွေမှာ အရင်က PDF တွေကားတွေကိုတားပြီး ငွေတောင်းတာရှိတယ်လို့ ကြားမိတယ်။ အဲဒါ တွေကာ အခုနောက်ပိုင်းရှိနေ သေးလား။
ဖြေ - တံတားဦးအနောက်ဘက်က လမ်းတွေမှာ ငွေတောင်းတယ်လို့တော့ကြားမိတယ်။ ကျွန်တော်တို့လည်း မသွားရဲတော့ သိပ်မသိပေမယ့် ကြားမိတာ တော့ ဆက်ကြေးကောက်တယ်လို့တော့ ကြားမိတယ်။ တချို့သွားတဲ့လူတွေနဲ့ လိုင်းကားသမား တွေ ပေးရတယ်လို့တော့ ပြောကြတယ်။ တွေ့ရင်တော့ ပေးရ တာပေါ့ဗျာ။

မေး - အစ်ကိုပြောခဲ့သလို အစွန်အဖျားဒေသတွေမှာ ထိတွေ့မှုနည်းနည်းရှိတော့ အဲဒီဘက်က ကျောင်း တွေကော ပိတ်ထားတာ ရှိလား။
ဖြေ - ကြမ်းတမ်းတဲ့နေရာတွေဆိုရင်တော့ မဖွင့်နိုင် လောက်ဘူး။ တချို့ဆို မြို့ပေါ်ပဲပြောင်းထားကြတော့ တာလေ။ အခုဆိုရင် တံတားဦးမြို့ရဲ့နောက်ဖျားကရွာ တွေဆိုရင် မြို့ပေါ်ကိုပြောင်းကုန်ကြပြီ။ ကြောက်လို့လေ။ အဲဒီလိုမျိုးတွေ ပြောင်းလာကြ တယ်။ မြေဖြူ တို့ ပုဏ္ဏခြံတို့ လက်ပံတို့ ရွာတွေဆိုရင် အဲဒီဘက်က ရွာတွေဆိုရင် ဒီဘက်ကို ပြေးလာကြပြီ။ ရှောင်ကုန် ကြရတာပေါ့။ မြစ်ဘေးကရွာတွေပေါ့။ ပြောရရင် အေးချမ်းစွာနေတဲ့ ပြည်သူတွေကတော့ ရှောင်ကုန် ကြပြီပေါ့ဗျာ။ ဒုက္ခတွေရောက်ကြတာပေါ့။ ကိုယ့်အိမ် ကိုယ့်ရွာမဟုတ်ဘဲနဲ့ မြို့ပေါ်ရှောင်ရတော့ ဒုက္ခတွေ ရောက်ကြတာပေါ့။ ပိုက်ဆံမပါဘဲနဲ့ ရှောင်ရရင်လည်း ငတ်မှာပေါ့ဗျာ။ ဒါမျိုးတွေလည်းရှိတယ်။ ကိုယ်ချင်း လည်းစာပါတယ်။

မေး - ကုန်ဈေးနှုန်းအခြေအနေကော ဘယ်လိုရှိလဲ။
ဖြေ - ကုန်ဈေးနှုန်းကတော့ အရမ်းကြီးတက်တယ်လို့ တော့မရှိဘူး။ မန္တလေးနဲ့လည်းနီးတော့ အရမ်းကြီး မတက်ပါဘူး။
မေး - အရောင်းအဝယ်ပိုင်းမှာကော အဆင်ပြေ ကြလား။
ဖြေ - တံတားဦးက ဥယျာဉ်ခြံမြေ၊ လယ်ယာမြေ အကုန်လုပ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆိုင်ဖွင့်ထားပေမယ့် ရောင်း မကောင်းဘူး။ အနောက် တာကလူတွေ အေးအေးဆေးဆေးနဲ့တက်လာပြီး ရောင်းဝယ်မှကောင်းတာကိုး။ အခုတော့ အဲဒီလိုတက် လာဖို့လည်း မရှိဘူး။
မေး - တိုက်ပွဲအရိပ်အယောင်တွေနဲ့ ပြေးလွှားနေရတာ တွေရှိတော့ လယ်တွေယာတွေလည်းပစ်ထားခဲ့ရလား။ အဲဒီလိုဆိုတော့ ဒေသထွက် သီးနှံပိုင်းရောင်းဝယ်ရေး အပေါ်ကော ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။
ဖြေ - လုပ်လိုရတဲ့လူတွေကတော့ လုပ်ပြီးရောင်းကြပေမယ့် အရောင်းအဝယ်ပိုင်းမှာလည်း မကောင်းပါဘူး။ ရောင်းလို့ရတဲ့ ပိုက်ဆံကလည်း ဓားပြတိုက် မှာလည်းကြောက်ရသေးတယ်။ ဟိုတလောကတောင် အနောက်တာမှာ ဓားပြတွေ ဝင်တိုက်သွား တာရှိတယ်။ တံတားဦးအနောက်တာရွာတွေမှာ ဖြစ်နေတယ်။ ဘယ်အဖွဲ့ကလုပ်တာလဲတော့ မသိဘူး။ အဲဒီတော့ ပြည်သူတွေက ရှိတာလည်းမပြောရဲ မရှိတာလည်း မပြောရဲနဲ့ အကုန်ကြောက်နေရတယ်။

မေး - တောင်သူတွေအတွက်ကော သီးနှံပေါ်ချိန် အရောင်းအဝယ်ပိုင်းမှာ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။
ဖြေ - အဲဒါကတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ နယ်တွေကိုဆင်းပြီးမဝယ်နိုင်ကြဘူး။ ဘယ်သူက လည်းဝယ်ချင် တော့မလဲဗျာ။ မတော်လို့ လမ်းမှာဆီး ပြီး ဓားပြတိုက်သတ်ပစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ အခုနောက်ပိုင်းက မငြိမ်းချမ်းတဲ့နေရာ တွေမှာ လူတစ်ယောက် သတ်ဖို့က လွယ်လွယ်လေးဖြစ်နေတာလေ။

မေး - တံတားဦးက လမ်းပန်းဆက်သွယ်ရေးမှာလည်း လမ်းတွေဆုံတဲ့နေရာတစ်ခုလို့ပြောလို့ရတာပေါ့နော်။ အရင်က စီးပွားရေးကောင်းခဲ့တဲ့မြို့က အခုတော့ ကျီး လန့်စာစားနေရသလိုဖြစ်နေတာလား။
ဖြေ - ဟုတ်တာပေါ့။ တံတားဦးက လမ်းဆုံမြို့လည်း ဖြစ်တယ်။ အဲဒီတော့ PDF တွေလည်း အယောင် ဆောင် ဝင်လာတွေ ရှိတာပေါ့။ အရင်တည်းက တံတားဦးက လေဆိပ်ရှိတဲ့ မြို့ဖြစ်တယ်။ အခုနောက် ပိုင်းအခြေအနေကြောင့် လုံခြုံရေးပိုင်း ဆိုင်ရာမှာ လည်း သေချာ စိစစ်ဖို့လိုလာပြီ။

မေး - တံတားဦးက အရင်က ခရီးသွားတွေစိတ်ဝင်စားတဲ့ နေရာလည်းဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းအခြေအ နေအရပ်ရပ် ကြောင့် ခရီးသွားလာမှု အခြေအနေပေါ် ထိခိုက်တာမျိုးရှိလားခင်ဗျ။
ဖြေ - ဟာဗျာ။ အရင်က ရှေးဟောင်းဇုန်ကြီး (၂) ဇုန်ကြားမှာရှိတဲ့နေရာလေ။ ပင်းယဇုန်နဲ့ အင်းဝဇုန်ဆို တာကြီးရှိတဲ့နေရာ။ အရင်က အရမ်းစည်ကားခဲ့တဲ့ နေရာဖြစ်တာ။ အခုခြောက်ကပ်နေတာပဲ။ ညနေ စောင်းပြီဆို ခြောက်ကပ်နေတာပဲ။ အဲဒီတော့ ခရီးသွားကိုမှီခိုပြီး လုပ်ရတဲ့လုပ်ငန်းတွေက ပိတ်ထားရတယ်။ တခြားလုပ်ငန်းတွေပြောင်းလုပ်ရတာပေါ့။ အင်းဝမှာဆိုလည်း ဆိုင်တွေပိတ်ထားရတယ်။ တစ်နည်းအားဖြင့် ခရီးသွားကိုမှီခိုနေရတဲ့လုပ်ငန်း တွေ တချို့ဆိုင်တွေပိတ်သွားရတယ်။ တချို့ ဆိုင်တွေဆို ပိတ်ရခါနီးထိဖြစ်သွားတယ်။ သူတို့ရဲ့ ဝမ်းရေးအတွက် တခြားလုပ်ငန်းတွေပြောင်းပြီး လုပ်ကိုင်စားသောက်ကြရတာပေါ့။ လုံးဝကို အင်းဝ ထဲမှာဆို မလာသလောက်ဖြစ်သွားတယ်။ အဲဒီမှာ တစ်လနေလို့ ခရီးသွား တစ်ယောက်မြင်ရဖို့ မလွယ်တော့ဘူးလေ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
မႏၲေလးၿမိဳ႕အနီးက စစ္မီးဟပ္ဘဝမ်ား
သန႔္ဇင္ (NP News) - ၾသဂုတ္ ၁၄
မႏၲေလးတိုင္းေဒသႀကီး တံတားဦးၿမိဳ႕သည္ ေျမာက္ဘက္ (၂)မိုင္ခန႔္အကြာတြင္ သမိုင္းဝင္ အင္းဝၿမိဳ႕ေဟာင္းႏွင့္ ေတာင္ဘက္ (၁) မိုင္ခန႔္အကြာတြင္ ပင္းယၿမိဳ႕ေဟာင္းတို႔အၾကားတြင္တည္ရွိၿပီး ယခင္က ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားျဖင့္ စည္ကားခဲ့သည့္ၿမိဳ႕ျဖစ္ခဲ့သည္။ (၂၀၂၃)ခုႏွစ္မွ စတင္ကာ တံတား ဦးၿမိဳ႕နယ္အတြင္းသို႔ PDF အဖြဲ႕မ်ားေရာက္ရွိလာကာ ရံဖန္ရံခါ ေခ်ာင္းေျမာင္းပစ္ခတ္မႈမ်ားႏွင့္ ျပည္ သူမ်ားအား " သတင္းေပး၊ ဒလန္ " ဟု စြပ္စြဲကာ လုပ္ႀကံသတ္ျဖတ္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ခရီးသြားႏွင့္ ေဒသတြင္းစိုက္ပ်ိဳးေရးကို အေလးထားကာ စီးပြားေရးေကာင္းမြန္ခဲ့ေသာၿမိဳ႕သည္ PDF မ်ားေရာက္ရွိခ်ိန္တြင္ အဘက္ဘက္မွ ဆုတ္ယုတ္သြားခဲ့ရေၾကာင္း သိရသည္။ ထို႔ျပင္ ေဒသခံအခ်ိဳ႕ သည္လည္း ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနၾကရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ တံတားဦးၿမိဳ႕ခံတစ္ဦး NP News က ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဦးဆုံးေမးခ်င္တာကေတာ့ တံတားဦးေဒသရဲ႕လက္ရွိအေျခအေနေလး ေျပာေပးပါဦးခင္ဗ်။
ေျဖ - ကြၽန္ေတာ္တို႔ၿမိဳ႕က ဘယ္လိုေျပာမလဲဆိုေတာ့ ၿမိဳ႕ကို ေတာင္ပိုင္းရယ္၊ ေျမာက္ပိုင္းရယ္၊ အေနာက္ ပိုင္းရယ္ဆိုၿပီး ခြဲေျပာမွ ရမွာေပါ့။ ၿမိဳ႕ေပၚကေတာ့ အသင့္အတင့္ၿငိမ္းခ်မ္းမႈရွိတယ္ေပါ့။ ဒါေပမဲ့ ၿမိဳ႕နဲ႔အေနာက္ဘက္ေတြတို႔ ေတာင္ဘက္ေတြတို႔ ဆိုရင္ မၿငိမ္းခ်မ္းဘူး။ အဓိကအားျဖင့္ ၿမိဳ႕ရဲ႕အ ေနာက္ဘက္က ပိုၿပီးေတာ့ဆိုးတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္ကိုင္းတိုင္းနဲ႔က ျမစ္ပဲျခားတာဆိုေတာ့ အဲဒီဘက္က အၾကမ္းဖက္ေတြ ဝင္လာတာေတြ ရွိတယ္ေလ။ အဲဒီေတာ့ အဲဒီဘက္ေတြကို ကြၽန္ေတာ္ တို႔ေတြ ေတာ္႐ုံတန္႐ုံမသြားရဲၾကဘူးေပါ့ဗ်ာ။ ဥပမာ - တံတားဦးၿမိဳ႕နယ္အေနာက္ဘက္က ရပ္ကြက္ေတြ ဆိုရင္ ေတာ္႐ုံမသြားဘူး။ သြားရင္ အႏၲရာယ္ရွိတယ္ ေပါ့ေလ။ အဲဒါမ်ိဳးေတြလည္းရွိတယ္။ ေနာက္တစ္ခုက တျခားေနရာေတြက မၿငိမ္းခ်မ္းေပမယ့္ တံတားဦးၿမိဳ႕ ေပၚက ၿငိမ္းခ်မ္းေတာ့ တံတားဦးၿမိဳ႕ကို စစ္ေရွာင္ ေတြလည္း ေတာ္ေတာ္မ်ားမ်ား ေရာက္တယ္ေပါ့ဗ်ာ။ စစ္ေရွာင္ေတြဆိုေတာ့ ကိုယ့္ေဒသမဟုတ္ေတာ့ အိမ္ေတြငွားေနၾကတာေတြ ဝယ္ၿပီးေနၾကတာေတြ အမ်ိဳးမ်ိဳးေပါ့။ အဲဒီလိုမ်ိဳးေတာ့ရွိတာေပါ့။ ၿမိဳ႕ေပၚ ေလးကေတာ့ ၿငိမ္းခ်မ္းပါတယ္။ ၿမိဳ႕အေနာက္ဘက္ က ႐ြာေတြ ျမစ္ေဘးက႐ြာေတြကေတာ့ အဆင္မေျပ ေတာ့ဘူးေပါ့။ သြားလို႔လာလို႔လည္း အဆင္မေျပဘူး။ ဘယ္သူမွလည္းမသြားရဲဘူးေပါ့။ ဝန္ထမ္းေတြလည္း သြားဖို႔မလြယ္ဘူးေပါ့။ အဲဒါမ်ိဳးေတြရွိတယ္။

ေမး - ဘယ္အခ်ိန္ေလာက္ကစၿပီး တံတားဦးၿမိဳ႕ နယ္မွာ ဒီလိုကိစၥမ်ိဳးေတြျဖစ္လာတာလဲ။
ေျဖ - ဘယ္အခ်ိန္ေလာက္လဲဆိုရင္ ကြၽန္ေတာ့္အထင္ ဒီလိုပုံစံမ်ိဳးျဖစ္လာတာ (၂) ႏွစ္ေလာက္ရွိပါၿပီ။ (၂၀၂၃)ခုႏွစ္ေလာက္ တည္းကေပါ့။ ကြၽန္ေတာ္တို႔ တံတားဦးၿမိဳ႕အေနာက္ဘက္က႐ြာေတြဆိုရင္ လူသတ္မႈေတြျဖစ္တယ္ေလ။ ကြၽန္ေတာ္တို႔ဆီက တံတားဦးခ႐ိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးေတာင္ အသတ္ခံလိုက္ရေသးတယ္။ အဲဒီလိုျဖစ္ခဲ့ေသးတယ္။ အဲဒါတံတားဦး အေနာက္က ႐ြာေတြမွာေပါ့။ အဲဒီလို မ်ိဳးေတြရွိေတာ့ သိပ္ေၾကာက္ၾကတယ္။ မသြားရဲၾက ဘူးေပါ့။
ေမး - ေဒသတြင္းစီးပြားေရးအေနနဲ႔ေကာ ဘယ္လိုေတြ ျဖစ္ကုန္လဲ။ အရင္ကအဆင္ေျပၾကေပမယ့္ အခုေနာက္ပိုင္း အေျခ အေနေလးလည္း ေျပာျပေပးပါဦး။
ေျဖ - အခုေနာက္ပိုင္း ပိုၿပီးက်ပ္တည္းလာၾကတာေပါ့။ ေဒသစီးပြားေရးအေနနဲ႔ကေတာ့ အေနာက္႐ြာေတြဆိုရင္ ကုန္သြယ္ဖို႔ သြားဖို႔လာဖို႔နည္းနည္းေတာ့ ခက္ တယ္ေပါ့ဗ်ာ။ ဒါမ်ိဳးေတြရွိတယ္။ ေနာက္ၿပီးက်ေတာ့ ကြၽန္ေတာ္တို႔မႏၲေလးကိုသြားဖို႔ ဒု႒ဝတီတံတား ႀကီးက က်ိဳးထားတဲ့အတြက္ ပတ္ၿပီးသြားရေတာ့ လမ္း ပန္းဆက္သြယ္ေရးကေတာ့ ေႏွာင့္ေႏွးတယ္ေပါ့။ အဲဒီလိုမ်ိဳးေတြေတာ့ရွိတယ္။

ေမး - ေဒသတြင္းစီးပြားေရးအေနနဲ႔ ဘာေတြလုပ္ ကိုင္ၾကလဲ။ ဘယ္လိုစီးပြားေရးမ်ိဳးကို အဓိကထားလုပ္ လဲေပါ့။
ေျဖ - ကြၽန္ေတာ္တို႔ တံတားဦးၿမိဳ႕နယ္က (၇၅) ရာခိုင္ ႏႈန္းေလာက္က ေတာင္သူလုပ္စားၾကတာမ်ားပါ တယ္။ ေတာင္သူနဲ႔ လယ္သမားမ်ားတာေပါ့။

ေမး - အခုအေျခအေနမွာ သြားေရးလာေရးအခက္ အခဲေတြရွိတယ္။ အဲဒီမွာ ပဋိပကၡေတြေၾကာင့္ လမ္း ေတြသြားလို႔မရတဲ့ အေျခအေနမွာ ဘယ္လိုအခက္အခဲ ေတြနဲ႔ ရင္ဆိုင္ေနရလဲခင္ဗ်။
ေျဖ - ကြၽန္ေတာ္တို႔ တံတားဦးကေန ပုဂံ-ေညာင္ဦး ဆိုရင္ (၁) နာရီခြဲေလာက္ ေမာင္းလိုက္ရင္ေရာက္ တယ္ေလ။ အခုဆိုရင္ တံတားဦးနဲ႔ ပုဂံ-ေညာင္ဦး လမ္းပိုင္းမသြားရဲဘူးေလ။ ဘယ္သြားရဲမွာလည္း အခုမသြားရဲလို႔ ဘယ္ကပတ္ရလဲဆိုရင္ မိတၳီလာ ကိုအရင္သြား။ မိတၳီလာကေနမွ ေက်ာက္ပန္းေတာင္း၊ ေက်ာက္ပန္းေတာင္းကေနမွ ေညာင္ဦးကို အဲဒီလိုႀကီး ေကြ႕ပတ္ၿပီးသြားေနရတာေလ။ မိုင္ဘယ္ေလာက္ပို ေဝးသြားလဲဆိုရင္ မိုင္ေပါင္း (၂ဝဝ) နီးပါးေလာက္ကို ေဝးသြားတာ။ ပုံမွန္ဆိုရင္ ကြၽန္ေတာ္တို႔ တံတားဦးက ေန ပုဂံ-ေညာင္ဦးဆိုရင္ မိုင္ (၈ဝ) ေလာက္ပဲေဝး တာေလ။

ေမး - အဲဒီလိုဆိုေတာ့ ကုန္က်စရိတ္နဲ႔ အခ်ိန္ပိုၿပီး ကုန္တာေပါ့ေနာ္။
ေျဖ - ကုန္က်စရိတ္လည္းမ်ားတယ္။ အခ်ိန္လည္း ေတာ္ေတာ္ကိုကုန္တာ။ ေနာက္ၿပီး တံတားဦး-ပုဂံ-ေညာင္ဦးဘက္ေပါ့ေနာ္ အဲဒီဘက္ကုန္သြယ္မႈလည္း ေႏွာင့္ေႏွးသြားၿပီေလ။ သာမန္လူဆိုမသြားရဲေတာ့ဘူး ေလ။ တခ်ိဳ႕ဆို သြားကိုမသြားရဲေတာ့တာ။ ကြၽန္ေတာ္ တို႔ တံတားဦး ေျမာက္ဘက္ ၿမိဳ႕သာတို႔ ဘာတို႔ဆိုရင္ အဲဒီဘက္ေရာက္ၿပီဆိုရင္ေၾကာက္ရၿပီေလ။ အဲဒီလို မ်ိဳးေပါ့။ မသြားေတာ့ဘူး။ သာမန္အရပ္သားဆိုရင္ သြားကိုမသြားေတာ့တာ။ အဲဒီေတာ့ လမ္းပိုင္းက ပိတ္သေလာက္ျဖစ္သြားတယ္ ေပါ့ဗ်ာ။ စီးပြားေရးနဲ႔ လမ္းပန္းဆက္သြယ္ေရးေတြအဆင္မေျပေတာ့ဘူး။ ပုဂံ-ေညာင္ဦးလည္းသြားလို႔မရ။ မိတၳီလာက ပတ္ သြားရတာမ်ိဳးေတြနဲ႔ အင္းဝမွာဆိုရင္လည္းဗ်ာ အရင္ တုန္းကဆိုရင္ ငလ်င္မလႈပ္ခင္ကဆိုရင္ ခရီးသြား ေတြလာတယ္။ ငလ်င္လႈပ္ၿပီးေနာက္ပိုင္းမွာ ဒု႒ဝတီ ျမစ္ကူးတံတားကလည္း က်ိဳးက်သြားေတာ့ အင္းဝ ကဆိုင္ေတြလည္း အကုန္ပိတ္ ထားရတယ္ေလ။ ေဈးဆိုင္ေတြလည္း ပိတ္ထားရတယ္ေလ။ ပုဂံ-ေညာင္ဦးကားလမ္းမွာ တံတားဦးအထိပြင့္ေနတယ္ ဆိုရင္ ဘာေျပာေျပာ ေဈးသည္ေတြက ေဈးေရာင္းရ တာေပါ့ဗ်ာ။ အခုေတာ့ ေဈးသည္ေတြလည္း မေရာင္းရဘူးေပါ့။ အရင္ကေတာ့ လိုင္းကားေတြ တအားသြားၾကေတာ့ ေရာင္းရတယ္။ အခုက လမ္းကပိတ္ထားေတာ့ မေရာင္းရေတာ့ဘူး။ အဲဒီလိုေတြ ျဖစ္ကုန္တာ။ အဲဒီေတာ့ ကြၽန္ေတာ္ေျပာခ်င္တာက တံတားဦးနဲ႔ ေညာင္ဦးဘက္လမ္းပိုင္းကို ရွင္းရွင္းလင္းလင္းျဖစ္ ေအာင္လုပ္ေပးေစခ်င္တယ္။ အဲဒီလမ္းပိုင္းက အသတ္ခံရမွာေတာင္ စိုးတယ္။ ေညာင္ဦးမွာလည္း အသတ္ခံရတာေတြရွိေတာ့ ေၾကာက္ၾကတယ္။ ကြၽန္ေတာ္တို႔နဲ႔ ျမင္းၿခံခရီးလည္း သြားမရဘူး။ ျမင္းၿခံ နဲ႔တံတားဦးက မိုင္ေလး (၃၀) ေလာက္ပဲရွိတာကို အဲဒီလမ္းပိုင္းကသြားမရဘူး။ မိုင္(၈၀)ေလာက္ခရီးကို မႏၲေလးကေနမိတၳီလာ သြားမယ္ဆိုရင္ မိုင္ (၁၀ဝ)၊ မိတၳီလာကေန ေက်ာက္ပန္းေတာင္းကို မိုင္(၈၀)ေလာက္ရွိတယ္။ ေက်ာက္ပန္းေတာင္းနဲ႔ ေညာင္ဦး နဲ႔က မိုင္(၄၀)ေလာက္ရွိတယ္ေလ။ အဲဒီေတာ့ မိုင္(၂၀ဝ)ေက်ာ္ေလာက္ ပတ္ေမာင္းေနရတာ။ အဲဒါ ေၾကာင့္ ဒီတံတားဦးနဲ႔ ေညာင္ဦးလမ္းပိုင္းကို ပြင့္သြား ေအာင္လို႔ အစိုးရတာဝန္ရွိသူေတြအေနနဲ႔ ႀကိဳးစားေပး ေစခ်င္တယ္။

ေမး - ဒါနဲ႔ တံတားဦးၿမိဳ႕နယ္ထဲမွာ တိုက္ပြဲျဖစ္တာတို႔ ပစ္ခတ္မႈတို႔ရွိလားခင္ဗ်။
ေျဖ - အဲဒီလိုမ်ိဳးေတာ့ တံတားဦးၿမိဳ႕ေပၚမွာေရာ ၿမိဳ႕နယ္ထဲမွာေရာ မရွိေသးဘူးဗ်။ ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္ရဲ႕အစပ္က ႐ြာစြန္႐ြာဖ်ားေတြေလာက္ပဲ ျဖစ္တာ။

ေမး - ထိေတြ႕မႈျဖစ္တဲ့ေနရာေတြကေဒသခံေတြေကာ ဘယ္ကို တိမ္းေရွာင္ၾကရလဲ။
ေျဖ - ၿမိဳ႕ပဲေရွာင္ၾကတာမ်ားတယ္။ ဘယ္သူပဲျဖစ္ျဖစ္ ဒီလိုျဖစ္ရင္ေတာ့ ၿငိမ္းခ်မ္းတဲ့ ၿမိဳ႕ေပၚပဲလာေနၾက တာေလ။ အဲဒါေၾကာင့္ တံတားဦးၿမိဳ႕မွာ ေျမေဈးကြက္ အေနနဲ႔ ေျမေဈးေတြ နည္းနည္းတက္တယ္ေပါ့ဗ်ာ။ ဝယ္သူလည္းမ်ားလာၾက ေတာ့ ဒီလိုမ်ိဳးေတြလည္း ရွိလာတယ္။


ေမး - ေျပာင္းေ႐ႊ႕အေျခခ်မႈမ်ားလာေတာ့ ၿမိဳ႕ေပၚကေျမေဈးေတြပါတက္ကုန္တာလား။ အိမ္ငွားခေဈးေတြ ေကာတက္လား။
ေျဖ - တက္တာေပါ့ဗ်ာ။ အိမ္ၿခံေျမေဈးလည္းတက္လာ တယ္။ အိမ္ငွားေနတဲ့လူလည္းမ်ားလာတယ္ဆိုေတာ့ အိမ္ငွားေဈး လည္း တက္တာေပါ့။

ေမး - အဲဒီဘက္က နယ္ဘက္ေဒသေတြမွာ အရင္က PDF ေတြက စီးပြားေရးေတြလုပ္ၾကတယ္လို႔သိရ တယ္။ သစ္ခိုးထုတ္တာ မ်ိဳးေတြလည္း ၾကားမိထား ေတာ့ အခုေနာက္ပိုင္းေကာ လုပ္ေနၾကတုန္းလားဗ်။
ေျဖ - အရင္ကေတာ့ သစ္ေမွာင္ခိုခိုးထုတ္တာေတြရွိတယ္ဗ်။ အခုေနာက္ပိုင္းေတာ့ ဖမ္းလိုက္ၾကေတာ့ တခ်ိဳ႕ေနရာေတြလည္း ရပ္နားၿပီးေျပးေနၾကတဲ့ လူ ေတြလည္းရွိတယ္။ တခ်ိဳ႕ဆိုရင္ ဘယ္သူကတိုင္ တယ္ဆိုၿပီး ဩဂုတ္လ (၄)ရက္က ဓားနဲ႔အခုတ္ခံ ရတာရွိေသးတယ္။ အဲဒီလိုအမႈေတြလည္း ျဖစ္တယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြလည္း သတိထားရ တယ္ေပါ့ေနာ္။ တျခားေတာ့ ၿမိဳေပၚမွာေတာ့ သိပ္ မရွိဘူး။ နယ္ဘက္ေတြမွာေတာ့ ကြၽန္ေတာ္တို႔ တံတားဦးၿမိဳ႕က စစ္ကိုင္းနဲ႔က ဟိုဘက္ကမ္းနဲ႔ ဒီဘက္ ကမ္းဆိုေတာ့ ကူးလာလိုက္ သြားလိုက္လာလိုက္နဲ႔ ဒါမ်ိဳးေတြေတာ့ရွိတာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔လည္း အဲဒီဘက္ေတြကို မသြားရဲတဲ့အခါက်ေတာ့ ထဲထဲဝင္ ဝင္ေတာ့ သိပ္မသိဘူးေပါ့။
ေမး - တံတားဦးဘက္က လမ္းေတြမွာ အရင္က PDF ေတြကားေတြကိုတားၿပီး ေငြေတာင္းတာရွိတယ္လို႔ ၾကားမိတယ္။ အဲဒါ ေတြကာ အခုေနာက္ပိုင္းရွိေန ေသးလား။
ေျဖ - တံတားဦးအေနာက္ဘက္က လမ္းေတြမွာ ေငြေတာင္းတယ္လို႔ေတာ့ၾကားမိတယ္။ ကြၽန္ေတာ္တို႔လည္း မသြားရဲေတာ့ သိပ္မသိေပမယ့္ ၾကားမိတာ ေတာ့ ဆက္ေၾကးေကာက္တယ္လို႔ေတာ့ ၾကားမိတယ္။ တခ်ိဳ႕သြားတဲ့လူေတြနဲ႔ လိုင္းကားသမား ေတြ ေပးရတယ္လို႔ေတာ့ ေျပာၾကတယ္။ ေတြ႕ရင္ေတာ့ ေပးရ တာေပါ့ဗ်ာ။

ေမး - အစ္ကိုေျပာခဲ့သလို အစြန္အဖ်ားေဒသေတြမွာ ထိေတြ႕မႈနည္းနည္းရွိေတာ့ အဲဒီဘက္က ေက်ာင္း ေတြေကာ ပိတ္ထားတာ ရွိလား။
ေျဖ - ၾကမ္းတမ္းတဲ့ေနရာေတြဆိုရင္ေတာ့ မဖြင့္ႏိုင္ ေလာက္ဘူး။ တခ်ိဳ႕ဆို ၿမိဳ႕ေပၚပဲေျပာင္းထားၾကေတာ့ တာေလ။ အခုဆိုရင္ တံတားဦးၿမိဳ႕ရဲ႕ေနာက္ဖ်ားက႐ြာ ေတြဆိုရင္ ၿမိဳ႕ေပၚကိုေျပာင္းကုန္ၾကၿပီ။ ေၾကာက္လို႔ေလ။ အဲဒီလိုမ်ိဳးေတြ ေျပာင္းလာၾက တယ္။ ေျမျဖဴ တို႔ ပုဏၰၿခံတို႔ လက္ပံတို႔ ႐ြာေတြဆိုရင္ အဲဒီဘက္က ႐ြာေတြဆိုရင္ ဒီဘက္ကို ေျပးလာၾကၿပီ။ ေရွာင္ကုန္ ၾကရတာေပါ့။ ျမစ္ေဘးက႐ြာေတြေပါ့။ ေျပာရရင္ ေအးခ်မ္းစြာေနတဲ့ ျပည္သူေတြကေတာ့ ေရွာင္ကုန္ ၾကၿပီေပါ့ဗ်ာ။ ဒုကၡေတြေရာက္ၾကတာေပါ့။ ကိုယ့္အိမ္ ကိုယ့္႐ြာမဟုတ္ဘဲနဲ႔ ၿမိဳ႕ေပၚေရွာင္ရေတာ့ ဒုကၡေတြ ေရာက္ၾကတာေပါ့။ ပိုက္ဆံမပါဘဲနဲ႔ ေရွာင္ရရင္လည္း ငတ္မွာေပါ့ဗ်ာ။ ဒါမ်ိဳးေတြလည္းရွိတယ္။ ကိုယ္ခ်င္း လည္းစာပါတယ္။

ေမး - ကုန္ေဈးႏႈန္းအေျခအေနေကာ ဘယ္လိုရွိလဲ။
ေျဖ - ကုန္ေဈးႏႈန္းကေတာ့ အရမ္းႀကီးတက္တယ္လို႔ ေတာ့မရွိဘူး။ မႏၲေလးနဲ႔လည္းနီးေတာ့ အရမ္းႀကီး မတက္ပါဘူး။
ေမး - အေရာင္းအဝယ္ပိုင္းမွာေကာ အဆင္ေျပ ၾကလား။
ေျဖ - တံတားဦးက ဥယ်ာဥ္ၿခံေျမ၊ လယ္ယာေျမ အကုန္လုပ္ၾကတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ဆိုင္ဖြင့္ထားေပမယ့္ ေရာင္း မေကာင္းဘူး။ အေနာက္ တာကလူေတြ ေအးေအးေဆးေဆးနဲ႔တက္လာၿပီး ေရာင္းဝယ္မွေကာင္းတာကိုး။ အခုေတာ့ အဲဒီလိုတက္ လာဖို႔လည္း မရွိဘူး။
ေမး - တိုက္ပြဲအရိပ္အေယာင္ေတြနဲ႔ ေျပးလႊားေနရတာ ေတြရွိေတာ့ လယ္ေတြယာေတြလည္းပစ္ထားခဲ့ရလား။ အဲဒီလိုဆိုေတာ့ ေဒသထြက္ သီးႏွံပိုင္းေရာင္းဝယ္ေရး အေပၚေကာ ဘယ္လိုသက္ေရာက္မႈေတြရွိေနလဲ။
ေျဖ - လုပ္လိုရတဲ့လူေတြကေတာ့ လုပ္ၿပီးေရာင္းၾကေပမယ့္ အေရာင္းအဝယ္ပိုင္းမွာလည္း မေကာင္းပါဘူး။ ေရာင္းလို႔ရတဲ့ ပိုက္ဆံကလည္း ဓားျပတိုက္ မွာလည္းေၾကာက္ရေသးတယ္။ ဟိုတေလာကေတာင္ အေနာက္တာမွာ ဓားျပေတြ ဝင္တိုက္သြား တာရွိတယ္။ တံတားဦးအေနာက္တာ႐ြာေတြမွာ ျဖစ္ေနတယ္။ ဘယ္အဖြဲ႕ကလုပ္တာလဲေတာ့ မသိဘူး။ အဲဒီေတာ့ ျပည္သူေတြက ရွိတာလည္းမေျပာရဲ မရွိတာလည္း မေျပာရဲနဲ႔ အကုန္ေၾကာက္ေနရတယ္။

ေမး - ေတာင္သူေတြအတြက္ေကာ သီးႏွံေပၚခ်ိန္ အေရာင္းအဝယ္ပိုင္းမွာ ဘယ္လိုအခက္အခဲေတြ ရွိေနလဲ။
ေျဖ - အဲဒါကေတာ့ လမ္းပန္းဆက္သြယ္ေရးအခက္အခဲနဲ႔ နယ္ေတြကိုဆင္းၿပီးမဝယ္ႏိုင္ၾကဘူး။ ဘယ္သူက လည္းဝယ္ခ်င္ ေတာ့မလဲဗ်ာ။ မေတာ္လို႔ လမ္းမွာဆီး ၿပီး ဓားျပတိုက္သတ္ပစ္ခဲ့ရင္ ဘယ္လိုလုပ္မလဲ။ အခုေနာက္ပိုင္းက မၿငိမ္းခ်မ္းတဲ့ေနရာ ေတြမွာ လူတစ္ေယာက္ သတ္ဖို႔က လြယ္လြယ္ေလးျဖစ္ေနတာေလ။

ေမး - တံတားဦးက လမ္းပန္းဆက္သြယ္ေရးမွာလည္း လမ္းေတြဆုံတဲ့ေနရာတစ္ခုလို႔ေျပာလို႔ရတာေပါ့ေနာ္။ အရင္က စီးပြားေရးေကာင္းခဲ့တဲ့ၿမိဳ႕က အခုေတာ့ က်ီး လန႔္စာစားေနရသလိုျဖစ္ေနတာလား။
ေျဖ - ဟုတ္တာေပါ့။ တံတားဦးက လမ္းဆုံၿမိဳ႕လည္း ျဖစ္တယ္။ အဲဒီေတာ့ PDF ေတြလည္း အေယာင္ ေဆာင္ ဝင္လာေတြ ရွိတာေပါ့။ အရင္တည္းက တံတားဦးက ေလဆိပ္ရွိတဲ့ ၿမိဳ႕ျဖစ္တယ္။ အခုေနာက္ ပိုင္းအေျခအေနေၾကာင့္ လုံၿခဳံေရးပိုင္း ဆိုင္ရာမွာ လည္း ေသခ်ာ စိစစ္ဖို႔လိုလာၿပီ။

ေမး - တံတားဦးက အရင္က ခရီးသြားေတြစိတ္ဝင္စားတဲ့ ေနရာလည္းျဖစ္ခဲ့တယ္။ အခုေနာက္ပိုင္းအေျခအ ေနအရပ္ရပ္ ေၾကာင့္ ခရီးသြားလာမႈ အေျခအေနေပၚ ထိခိုက္တာမ်ိဳးရွိလားခင္ဗ်။
ေျဖ - ဟာဗ်ာ။ အရင္က ေရွးေဟာင္းဇုန္ႀကီး (၂) ဇုန္ၾကားမွာရွိတဲ့ေနရာေလ။ ပင္းယဇုန္နဲ႔ အင္းဝဇုန္ဆို တာႀကီးရွိတဲ့ေနရာ။ အရင္က အရမ္းစည္ကားခဲ့တဲ့ ေနရာျဖစ္တာ။ အခုေျခာက္ကပ္ေနတာပဲ။ ညေန ေစာင္းၿပီဆို ေျခာက္ကပ္ေနတာပဲ။ အဲဒီေတာ့ ခရီးသြားကိုမွီခိုၿပီး လုပ္ရတဲ့လုပ္ငန္းေတြက ပိတ္ထားရတယ္။ တျခားလုပ္ငန္းေတြေျပာင္းလုပ္ရတာေပါ့။ အင္းဝမွာဆိုလည္း ဆိုင္ေတြပိတ္ထားရတယ္။ တစ္နည္းအားျဖင့္ ခရီးသြားကိုမွီခိုေနရတဲ့လုပ္ငန္း ေတြ တခ်ိဳ႕ဆိုင္ေတြပိတ္သြားရတယ္။ တခ်ိဳ႕ ဆိုင္ေတြဆို ပိတ္ရခါနီးထိျဖစ္သြားတယ္။ သူတို႔ရဲ႕ ဝမ္းေရးအတြက္ တျခားလုပ္ငန္းေတြေျပာင္းၿပီး လုပ္ကိုင္စားေသာက္ၾကရတာေပါ့။ လုံးဝကို အင္းဝ ထဲမွာဆို မလာသေလာက္ျဖစ္သြားတယ္။ အဲဒီမွာ တစ္လေနလို႔ ခရီးသြား တစ္ေယာက္ျမင္ရဖို႔ မလြယ္ေတာ့ဘူးေလ။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.