ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကိုမြှုပ်နှံထားသည့် တာမွေ အိုးရှင်း အနီးက တာမွေ အစ္စလာမ် သင်္ချိုင်းမြေ နှင့် ပတ်သက်၍ အငြင်းပွားနေ

3992

သက်ပိုင် (NP News) - သြဂုတ် ၁၄
ဦးရာဇတ်နှင့်ရဲဘော်ကိုထွေး စသော အာဇာနည်ပုဂ္ဂိုလ်များအပြင် ကျားဘညိမ်း ကဲ့သို့ ထင်ရှား သော လက်ဝှေ့အကျော်အမော်တို့ကိုမြှုပ်နှံထားသည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တာမွေအိုးရှင်း အနီးမှ စူရ်သီစွန္နီမဟာမေဒင် သင်္ချိုင်း(တာမွေ)မြေ ကွက်နှင့်ပတ်သက်၍ သင်္ချိုင်းအုပ်ချုပ်မှုကော်မတီ (ဂေါပကအဖွဲ့)နှင့် မူလအလှူရှင်၏ မြေးမြစ်ဆိုသူများ အကြား ဆယ်စုနှစ်နှင့်ချီကာ ပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်ပွားနေကြောင်းသိရသည်။
အဆိုပါ စူရ်သီစွန္နီမဟာမေဒင် သင်္ချိုင်း (တာမွေ)မြေကွက်သည် ဗဟန်းမြို့နယ် ရွှေဂုံတိုင် အ ရှေ့ရပ်ကွက် ဗညားဒလလမ်းမကြီးနှင့် ငါးထပ်ကြီး ဘုရားလမ်းထောင့်တွင်တည်ရှိပြီး စုစုပေါင်း (၁၇ ဒသမ ၃၅၀)ဧကကျယ်ဝန်းကြောင်း သိရသည်။သင်္ချိုင်းမြေအပါမြေနေရာကို မိုဟာမက်အီဗရာဟင် မူလာဆိုသူက (၁၉၁၉)ခုနှစ်တွင်ဝယ်ယူ၍ (၁၉၂၁)ခုနှစ်တွင် ဗလီ၊ ဘာသာရေးစာသင်ကျောင်းနှင့် ဝတ် ပြုရန်၊ ကွယ်လွန်သူများကိုရေချိုးပေးရန်နှင့် ဝန်ထမ်း တန်းလျားတည်ဆောက်ရန်နေရာကို ပိုင်းခြားပြီး ကျန် မြေများအားလုံးကို သင်္ချိုင်းမြေအဖြစ် အသုံးပြုရန်လှူ ဒါန်းခဲ့ကြောင်းသိရသည်။ ထို့နောက် အလှူရှင်က လှူဒါန်းမြေအားလုံးကို အုပ်ချုပ်ရန်အတွက် စည်း မျဉ်းတစ်ရပ်ကိုရေးဆွဲပေးခဲ့ပြီး အစ္စလာမ်ဘာသာဝင် မျိုးနွယ်အသီးသီးမှ ကိုယ်စားပြုသူ(၁၃)ဦးပါ ဂေါပက အဖွဲ့ဝင်(၁၃)ဦးဖြင့်ဖွဲ့စည်းကာအလှူရှင်ကိုယ်တိုင် ဂေါပကအဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်အုပ်ချုပ်ခဲ့ ကြောင်းနှင့် ဂေါပကအဖွဲ့ဝင်တစ်ဦးကွယ်လွန်ပါက ယင်းကွယ်လွန်သူ၏မျိုးဆက်တစ်ဦးကိုဆက်ခံစေ ကာ အုပ်ချုပ်ခဲ့ကြောင်းသိရသည်။
(၁၉၉၇)ခုနှစ်သို့ရောက်သောအခါ ရန် ကုန်မြို့တွင်းသင်္ချိုင်းများတွင် မြှုပ်နှံခွင့်ကိုပိတ်ပင်ခဲ့ သည့်အတွက် မင်္ဂလာဒုံမြို့နယ် ရေဝေးသုသာန်သို့ ပြောင်းလဲမြှုပ်နှံခဲ့ကြကြောင်းနှင့် ဂေါပကအဖွဲ့မှ သက်ဆိုင်ရာနှင့်ဆက်သွယ်ကာ စီမံခန့်ခွဲထိန်းသိမ်း စောင့်ရှောက်ခဲ့ကြောင်း သင်္ချိုင်းအုပ်ချုပ်မှုကော်မတီ မှသိရသည်။ ထို့နောက် (၂၀၁၀)ပြည့်နှစ်သို့ရောက် ချိန်တွင် အလှူရှင် ၏မျိုးဆက်ဆိုသူများက မြှုပ်နှံမှုမရှိ တော့သည့်အတွက် သင်္ချိုင်းမြေကွက်ကိုပြန်ပေးရန် စတင်တောင်းဆိုမှုပြုလုပ်ခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် ၎င်းတို့ အဘိုးအမည်ပေါက်ဖြင့်ရှိနေသော မြေကွက် ကို အမွေစီမံခန့်ခွဲမှုပေးစေလိုမှုတစ်ရပ်အနေဖြင့် တရားရုံးတွင် ဒီဂရီရယူခဲ့ကြကြောင်း သင်္ချိုင်းအုပ်ချုပ် မှုကော်မတီ တာဝန်ရှိသူက ဆိုသည်။
“သူတို့အချင်းချင်း မြေကွက်ကိုအငြင်းပွား သလိုနဲ့ တရားရုံးမှာတိုင်ပြီး ချက်ချင်းအရှုံးပေးပြီး ဒီဂ ရီယူတာ။ ယူတုန်းက ဒီမြေဟာ လှူထားတယ်ဆိုတာ ကိုထည့်မပြောခဲ့ဘူးလို့သိရတယ်။ ဒီတော့ တရားရုံး ကလည်း အမှုနိုင်တဲ့လူကို ဒီဂရီပေးလိုက်တာပေါ့။ သူတို့က စည်ပင်ကိုသွားပြီး အမည်ပြောင်းလျှောက် တော့မှ ဒါတွေဖြစ်နေတာကို ကျွန်တော်တို့သိပြီး သွား ဖြေရှင်းရတာ” ဟု ၎င်းကဆိုသည်။
ထို့နောက် (၂၀၁၅)ခုနှစ်တွင် ဂေါပက အဖွဲ့မှ အဆိုပါဒီဂရီသည် တရားပြိုင်အချင်းချင်း ပူး ပေါင်းရယူထားကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် မမှန်မကန်ထွက်ဆိုမှုများရှိကြောင်းတို့ဖြင့် ယင်း တောင်းဆိုသူများကို ပြန်လည်တရားစွဲဆိုခဲ့ပြီး လက် ရှိအချိန်အထိ မပြီးပြတ်သေးကြောင်း သိရသည်။ ထို့ နောက် (၂၀၁၅)ခုနှစ်မှစတင်၍ အဆိုပါ မျိုးဆက်ဆို သူများက သင်္ချိုင်းကို လာရောက်ဖျက်ဆီးခြင်းများ အပါအဝင် ဥပဒေမဲ့လုပ်ရပ်များဆောင်ရွက်ခဲ့သည့် အတွက် ဗဟန်းမြို့နယ်နှင့်လသာမြို့နယ်တို့တွင် ဂေါပကအဖွဲ့ဘက်မှ တရားစွဲဆိုမှုများလည်းရှိခဲ့ ကြောင်း ဂေါပကအဖွဲ့ဘက်က ဆိုထားသည်။
“ဒီကြားထဲမှာ သူတို့က သင်္ချိုင်းမြေကို သုံး ပုံပုံမယ်။ လုပ်ငန်းရှင်က တစ်ပုံယူမယ်။ သူတို့နဲ့ မျိုး နွယ်စုတွေနဲ့ စီးပွားရေးလုပ်မယ်ပေါ့။ နောက်ထပ် မျိုး နွယ်စုက တစ်ပုံထပ်ယူမယ်။ လက်ရှိမြှုပ်ထားတဲ့နေ ရာကိုတော့ ဂေါပကအဖွဲ့ကိုလှူပါမယ်ဆိုပြီးတော့ သုံးကြိမ်တိတိ လာပြောခဲ့တာရှိပါတယ် ” ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးကဆိုသည်။ ယခုကဲ့သို့ အငြင်းပွား နေမှုနှင့်ပတ်သက်၍ အလှူရှင်၏မျိုးဆက်များထံသို့ NP News မှဆက်သွယ်ခဲ့ရာ လတ်တလောတွင် အင်တာဗျူးဖြေကြားရန် အစီအစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Zawgyi Version:
ဦးရာဇတ္ႏွင့္ ရဲေဘာ္ကိုေထြးတို႔ကိုျမႇဳပ္ႏွံထားသည့္ တာေမြ အိုးရွင္း အနီးက တာေမြ အစၥလာမ္ သခ်ႋဳင္းေျမ ႏွင့္ ပတ္သက္၍ အျငင္းပြားေန
သက္ပိုင္ (NP News) - ၾသဂုတ္ ၁၄
ဦးရာဇတ္ႏွင့္ရဲေဘာ္ကိုေထြး စေသာ အာဇာနည္ပုဂၢိဳလ္မ်ားအျပင္ က်ားဘညိမ္း ကဲ့သို႔ ထင္ရွား ေသာ လက္ေဝွ႔အေက်ာ္အေမာ္တို႔ကိုျမႇဳပ္ႏွံထားသည့္ ရန္ကုန္တိုင္းေဒသႀကီး ဗဟန္းၿမိဳ႕နယ္ တာေမြအိုးရွင္း အနီးမွ စူရ္သီစြႏၷီမဟာေမဒင္ သခ်ႋဳင္း(တာေမြ)ေျမ ကြက္ႏွင့္ပတ္သက္၍ သခ်ႋဳင္းအုပ္ခ်ဳပ္မႈေကာ္မတီ (ေဂါပကအဖြဲ႕)ႏွင့္ မူလအလႉရွင္၏ ေျမးျမစ္ဆိုသူမ်ား အၾကား ဆယ္စုႏွစ္ႏွင့္ခ်ီကာ ပိုင္ဆိုင္မႈ အျငင္းပြားမႈ ျဖစ္ပြားေနေၾကာင္းသိရသည္။
အဆိုပါ စူရ္သီစြႏၷီမဟာေမဒင္ သခ်ႋဳင္း (တာေမြ)ေျမကြက္သည္ ဗဟန္းၿမိဳ႕နယ္ ေ႐ႊဂုံတိုင္ အ ေရွ႕ရပ္ကြက္ ဗညားဒလလမ္းမႀကီးႏွင့္ ငါးထပ္ႀကီး ဘုရားလမ္းေထာင့္တြင္တည္ရွိၿပီး စုစုေပါင္း (၁၇ ဒသမ ၃၅၀)ဧကက်ယ္ဝန္းေၾကာင္း သိရသည္။သခ်ႋဳင္းေျမအပါေျမေနရာကို မိုဟာမက္အီဗရာဟင္ မူလာဆိုသူက (၁၉၁၉)ခုႏွစ္တြင္ဝယ္ယူ၍ (၁၉၂၁)ခုႏွစ္တြင္ ဗလီ၊ ဘာသာေရးစာသင္ေက်ာင္းႏွင့္ ဝတ္ ျပဳရန္၊ ကြယ္လြန္သူမ်ားကိုေရခ်ိဳးေပးရန္ႏွင့္ ဝန္ထမ္း တန္းလ်ားတည္ေဆာက္ရန္ေနရာကို ပိုင္းျခားၿပီး က်န္ ေျမမ်ားအားလုံးကို သခ်ႋဳင္းေျမအျဖစ္ အသုံးျပဳရန္လႉ ဒါန္းခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ အလႉရွင္က လႉဒါန္းေျမအားလုံးကို အုပ္ခ်ဳပ္ရန္အတြက္ စည္း မ်ဥ္းတစ္ရပ္ကိုေရးဆြဲေပးခဲ့ၿပီး အစၥလာမ္ဘာသာဝင္ မ်ိဳးႏြယ္အသီးသီးမွ ကိုယ္စားျပဳသူ(၁၃)ဦးပါ ေဂါပက အဖြဲ႕ဝင္(၁၃)ဦးျဖင့္ဖြဲ႕စည္းကာအလႉရွင္ကိုယ္တိုင္ ေဂါပကအဖြဲ႕ဝင္တစ္ဦးအေနျဖင့္ ပါဝင္အုပ္ခ်ဳပ္ခဲ့ ေၾကာင္းႏွင့္ ေဂါပကအဖြဲ႕ဝင္တစ္ဦးကြယ္လြန္ပါက ယင္းကြယ္လြန္သူ၏မ်ိဳးဆက္တစ္ဦးကိုဆက္ခံေစ ကာ အုပ္ခ်ဳပ္ခဲ့ေၾကာင္းသိရသည္။
(၁၉၉၇)ခုႏွစ္သို႔ေရာက္ေသာအခါ ရန္ ကုန္ၿမိဳ႕တြင္းသခ်ႋဳင္းမ်ားတြင္ ျမႇဳပ္ႏွံခြင့္ကိုပိတ္ပင္ခဲ့ သည့္အတြက္ မဂၤလာဒုံၿမိဳ႕နယ္ ေရေဝးသုသာန္သို႔ ေျပာင္းလဲျမႇဳပ္ႏွံခဲ့ၾကေၾကာင္းႏွင့္ ေဂါပကအဖြဲ႕မွ သက္ဆိုင္ရာႏွင့္ဆက္သြယ္ကာ စီမံခန႔္ခြဲထိန္းသိမ္း ေစာင့္ေရွာက္ခဲ့ေၾကာင္း သခ်ႋဳင္းအုပ္ခ်ဳပ္မႈေကာ္မတီ မွသိရသည္။ ထို႔ေနာက္ (၂၀၁၀)ျပည့္ႏွစ္သို႔ေရာက္ ခ်ိန္တြင္ အလႉရွင္ ၏မ်ိဳးဆက္ဆိုသူမ်ားက ျမႇဳပ္ႏွံမႈမရွိ ေတာ့သည့္အတြက္ သခ်ႋဳင္းေျမကြက္ကိုျပန္ေပးရန္ စတင္ေတာင္းဆိုမႈျပဳလုပ္ခဲ့ၿပီး (၂၀၁၃)ခုႏွစ္တြင္ ၎တို႔ အဘိုးအမည္ေပါက္ျဖင့္ရွိေနေသာ ေျမကြက္ ကို အေမြစီမံခန႔္ခြဲမႈေပးေစလိုမႈတစ္ရပ္အေနျဖင့္ တရား႐ုံးတြင္ ဒီဂရီရယူခဲ့ၾကေၾကာင္း သခ်ႋဳင္းအုပ္ခ်ဳပ္ မႈေကာ္မတီ တာဝန္ရွိသူက ဆိုသည္။
“သူတို႔အခ်င္းခ်င္း ေျမကြက္ကိုအျငင္းပြား သလိုနဲ႔ တရား႐ုံးမွာတိုင္ၿပီး ခ်က္ခ်င္းအရႈံးေပးၿပီး ဒီဂ ရီယူတာ။ ယူတုန္းက ဒီေျမဟာ လႉထားတယ္ဆိုတာ ကိုထည့္မေျပာခဲ့ဘူးလို႔သိရတယ္။ ဒီေတာ့ တရား႐ုံး ကလည္း အမႈႏိုင္တဲ့လူကို ဒီဂရီေပးလိုက္တာေပါ့။ သူတို႔က စည္ပင္ကိုသြားၿပီး အမည္ေျပာင္းေလွ်ာက္ ေတာ့မွ ဒါေတြျဖစ္ေနတာကို ကြၽန္ေတာ္တို႔သိၿပီး သြား ေျဖရွင္းရတာ” ဟု ၎ကဆိုသည္။
ထို႔ေနာက္ (၂၀၁၅)ခုႏွစ္တြင္ ေဂါပက အဖြဲ႕မွ အဆိုပါဒီဂရီသည္ တရားၿပိဳင္အခ်င္းခ်င္း ပူး ေပါင္းရယူထားေၾကာင္းႏွင့္ ယင္းအမႈျဖစ္စဥ္သည္ မမွန္မကန္ထြက္ဆိုမႈမ်ားရွိေၾကာင္းတို႔ျဖင့္ ယင္း ေတာင္းဆိုသူမ်ားကို ျပန္လည္တရားစြဲဆိုခဲ့ၿပီး လက္ ရွိအခ်ိန္အထိ မၿပီးျပတ္ေသးေၾကာင္း သိရသည္။ ထို႔ ေနာက္ (၂၀၁၅)ခုႏွစ္မွစတင္၍ အဆိုပါ မ်ိဳးဆက္ဆို သူမ်ားက သခ်ႋဳင္းကို လာေရာက္ဖ်က္ဆီးျခင္းမ်ား အပါအဝင္ ဥပေဒမဲ့လုပ္ရပ္မ်ားေဆာင္႐ြက္ခဲ့သည့္ အတြက္ ဗဟန္းၿမိဳ႕နယ္ႏွင့္လသာၿမိဳ႕နယ္တို႔တြင္ ေဂါပကအဖြဲ႕ဘက္မွ တရားစြဲဆိုမႈမ်ားလည္းရွိခဲ့ ေၾကာင္း ေဂါပကအဖြဲ႕ဘက္က ဆိုထားသည္။
“ဒီၾကားထဲမွာ သူတို႔က သခ်ႋဳင္းေျမကို သုံး ပုံပုံမယ္။ လုပ္ငန္းရွင္က တစ္ပုံယူမယ္။ သူတို႔နဲ႔ မ်ိဳး ႏြယ္စုေတြနဲ႔ စီးပြားေရးလုပ္မယ္ေပါ့။ ေနာက္ထပ္ မ်ိဳး ႏြယ္စုက တစ္ပုံထပ္ယူမယ္။ လက္ရွိျမႇဳပ္ထားတဲ့ေန ရာကိုေတာ့ ေဂါပကအဖြဲ႕ကိုလႉပါမယ္ဆိုၿပီးေတာ့ သုံးႀကိမ္တိတိ လာေျပာခဲ့တာရွိပါတယ္ ” ဟု ေဂါပက အဖြဲ႕ဝင္တစ္ဦးကဆိုသည္။ ယခုကဲ့သို႔ အျငင္းပြား ေနမႈႏွင့္ပတ္သက္၍ အလႉရွင္၏မ်ိဳးဆက္မ်ားထံသို႔ NP News မွဆက္သြယ္ခဲ့ရာ လတ္တေလာတြင္ အင္တာဗ်ဴးေျဖၾကားရန္ အစီအစဥ္မရွိေသးေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။