တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့သည့် ကုမ္ပဏီ အရေအတွက် နှစ်စဉ်တိုးနေ

169

စော(NP News)ဩဂုတ်၁၄
တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့သည့် ဆန်စက်နှင့်သိုလှောင်ရုံ ကုမ္ပဏီအရေအတွက်နှစ်စဉ် တိုးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌဦးရဲမင်းအောင်က The Statesman ဂျာနယ်ကိုပြောသည်။
ထိုသို့တင်ပို့ရန် Online Registrationအောင်မြင်ပြီး တင်ပို့ခွင့်ရရှိသည့် ကုမ္ပဏီအရေအတွက်အနေဖြင့် (၂၀၂၁)ခုနှစ်တွင် (၄၃)ခု၊ (၂၀၂၂)ခုနှစ်တွင် (၁၈)ခု၊ (၂၀၂၃)ခုနှစ်တွင် (၅၅)ခုနှင့် (၂၀၂၄)ခုနှစ်တွင် (၁၈)ခု စုစုပေါင်း (၁၃၄)ခုရှိကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ခုနှစ်တွင် EOI အရ စစ်ဆေးအောင်မြင်ပြီး ကုမ္ပဏီအရေအတွက် (၄၅)ခုရှိကြောင်း သိရကာ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် Sanitary and Phytosanitary-SPS Protocolဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ပြီးခဲ့သည့် လကုန်ပိုင်းက ပြုလုပ်ထားသည်။
“နှစ်တိုင်းလုပ်ရတာဖြစ်တဲ့အတွက် တစ်နှစ်တစ်ကြိမ် အမြဲတမ်းလုပ်ပါတယ်။ နောက်တစ်ခါ အခုမှစပြီးလုပ်တဲ့ ကုမ္ပဏီအသစ်တွေအများကြီးရှိတယ်လေ။ ကုမ္ပဏီအသစ်တွေကလည်း တရုတ်နိုင်ငံကိုတင်ပို့မယ်ဆိုရင်လည်း Sanitary and Phytosanitaryစည်းကမ်းချက်တွေပေါ့။ သိုလှောင်ရုံ၊ ဘယ်လိုထိန်းသိမ်းထားရမယ်။ ပိုးမွှားအန္တရာယ်ဘယ်လိုဆောင်ရွက်ရမယ်။ နောက်တစ်ခုကတော့ ဆန်ကိုကြိတ်ခွဲထုတ်လုပ်တဲ့အခါမှာ ကုန်ကြမ်း၊ ကုန်းချောဘယ်လိုထားရမယ် သူ့ရဲ့ အရည်အသွေးစီမံခန့်ခွဲမှုစနစ်ပေါ့။ စားနပ်ရိက္ခာဘေးကင်းလုံခြုံမှုစနစ်ကို လိုက်နာဆောင်ရွက်ဖို့က နှစ်နိုင်ငံအကြီးအကဲတွေပေါ့။ နှစ်နိုင်ငံအစိုးရကြားမှာ Protocolထိုးထားတယ်။ အဲဒီနှစ်နိုင်ငံအစိုးရကြားမှာ ရေးထိုးထားတဲ့ Protocolမှာပါတဲ့အချက်အလက်တွေကို ဒီဘက်က Exporter တွေက လိုက်နာရတယ်။ အဲဒါကြောင့်မို့လို့ နှစ်စဉ် Exporterအသစ်တွေလည်း ရှိတာဖြစ်တဲ့အတွက် Exporterအသစ်တွေကိုလည်း ဒါနဲ့ပတ်သက်ပြီး အသိပညာပေး၊ မေးချင်တာမေးဆွေးနွေးဖြေကြားလုပ်တာပါ”ဟု ဦးရဲမင်းအောင်ကပြောသည်။
၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဇူလိုင်လအတွင်း ပြည်ပနိုင်ငံသို့ ကုမ္ပဏီ (၆၂)ခုမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် (၂၃၀၆၇၁)တန် တင်ပို့နိုင်ခဲ့ပြီး ယင်းကာလအတွင်း တရုတ်နိုင်ငံ သို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် (၃) သန်း တင်ပို့ရောင်းချနိုင်ရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မိုးစပါးဧက (၁၅)သန်း၊ နွေစပါး (၂ဒသမ ၅)သန်း စုစုပေါင်းဧက (၁၈)သန်းနီးပါးစိုက်ပျိုးပြီး အဆိုပါဧကမှ ဆန်တန်ချိန်(၁၅)သန်း နှစ်စဉ်ထွက်ရှိကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံသို႔ ဆန္ႏွင့္ဆန္ကြဲ တင္ပို႔သည့္ ကုမၸဏီ အေရအတြက္ ႏွစ္စဥ္တိုးေန
ေစာ(NP News)ဩဂုတ္၁၄
တ႐ုတ္ႏိုင္ငံသို႔ ဆန္ႏွင့္ဆန္ကြဲ တင္ပို႔သည့္ ဆန္စက္ႏွင့္သိုေလွာင္႐ုံ ကုမၸဏီအေရအတြက္ႏွစ္စဥ္ တိုးေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဥကၠ႒ဦးရဲမင္းေအာင္က The Statesman ဂ်ာနယ္ကိုေျပာသည္။
ထိုသို႔တင္ပို႔ရန္ Online Registrationေအာင္ျမင္ၿပီး တင္ပို႔ခြင့္ရရွိသည့္ ကုမၸဏီအေရအတြက္အေနျဖင့္ (၂၀၂၁)ခုႏွစ္တြင္ (၄၃)ခု၊ (၂၀၂၂)ခုႏွစ္တြင္ (၁၈)ခု၊ (၂၀၂၃)ခုႏွစ္တြင္ (၅၅)ခုႏွင့္ (၂၀၂၄)ခုႏွစ္တြင္ (၁၈)ခု စုစုေပါင္း (၁၃၄)ခုရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၂၅ခုႏွစ္တြင္ EOI အရ စစ္ေဆးေအာင္ျမင္ၿပီး ကုမၸဏီအေရအတြက္ (၄၅)ခုရွိေၾကာင္း သိရကာ ဆန္ႏွင့္ဆန္ကြဲ တင္ပို႔ရာတြင္ လိုက္နာေဆာင္႐ြက္ရမည့္ Sanitary and Phytosanitary-SPS Protocolဆိုင္ရာ လုပ္ငန္းစဥ္မ်ား ရွင္းလင္းေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ လကုန္ပိုင္းက ျပဳလုပ္ထားသည္။
“ႏွစ္တိုင္းလုပ္ရတာျဖစ္တဲ့အတြက္ တစ္ႏွစ္တစ္ႀကိမ္ အၿမဲတမ္းလုပ္ပါတယ္။ ေနာက္တစ္ခါ အခုမွစၿပီးလုပ္တဲ့ ကုမၸဏီအသစ္ေတြအမ်ားႀကီးရွိတယ္ေလ။ ကုမၸဏီအသစ္ေတြကလည္း တ႐ုတ္ႏိုင္ငံကိုတင္ပို႔မယ္ဆိုရင္လည္း Sanitary and Phytosanitaryစည္းကမ္းခ်က္ေတြေပါ့။ သိုေလွာင္႐ုံ၊ ဘယ္လိုထိန္းသိမ္းထားရမယ္။ ပိုးမႊားအႏၲရာယ္ဘယ္လိုေဆာင္႐ြက္ရမယ္။ ေနာက္တစ္ခုကေတာ့ ဆန္ကိုႀကိတ္ခြဲထုတ္လုပ္တဲ့အခါမွာ ကုန္ၾကမ္း၊ ကုန္းေခ်ာဘယ္လိုထားရမယ္ သူ႔ရဲ႕ အရည္အေသြးစီမံခန႔္ခြဲမႈစနစ္ေပါ့။ စားနပ္ရိကၡာေဘးကင္းလုံၿခဳံမႈစနစ္ကို လိုက္နာေဆာင္႐ြက္ဖို႔က ႏွစ္ႏိုင္ငံအႀကီးအကဲေတြေပါ့။ ႏွစ္ႏိုင္ငံအစိုးရၾကားမွာ Protocolထိုးထားတယ္။ အဲဒီႏွစ္ႏိုင္ငံအစိုးရၾကားမွာ ေရးထိုးထားတဲ့ Protocolမွာပါတဲ့အခ်က္အလက္ေတြကို ဒီဘက္က Exporter ေတြက လိုက္နာရတယ္။ အဲဒါေၾကာင့္မို႔လို႔ ႏွစ္စဥ္ Exporterအသစ္ေတြလည္း ရွိတာျဖစ္တဲ့အတြက္ Exporterအသစ္ေတြကိုလည္း ဒါနဲ႔ပတ္သက္ၿပီး အသိပညာေပး၊ ေမးခ်င္တာေမးေဆြးေႏြးေျဖၾကားလုပ္တာပါ”ဟု ဦးရဲမင္းေအာင္ကေျပာသည္။
၂၀၂၅-၂၀၂၆ဘ႑ာေရးႏွစ္၊ ဇူလိုင္လအတြင္း ျပည္ပႏိုင္ငံသို႔ ကုမၸဏီ (၆၂)ခုမွ ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္ (၂၃၀၆၇၁)တန္ တင္ပို႔ႏိုင္ခဲ့ၿပီး ယင္းကာလအတြင္း တ႐ုတ္ႏိုင္ငံ သို႔ ဆန္ႏွင့္ဆန္ကြဲ တင္ပို႔မႈအမ်ားဆုံးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ယခုဘ႑ာႏွစ္တြင္ ဆန္တန္ခ်ိန္ (၃) သန္း တင္ပို႔ေရာင္းခ်ႏိုင္ရန္အတြက္လည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ မိုးစပါးဧက (၁၅)သန္း၊ ေႏြစပါး (၂ဒသမ ၅)သန္း စုစုေပါင္းဧက (၁၈)သန္းနီးပါးစိုက္ပ်ိဳးၿပီး အဆိုပါဧကမွ ဆန္တန္ခ်ိန္(၁၅)သန္း ႏွစ္စဥ္ထြက္ရွိေၾကာင္း သိရသည္။