ဘူတန်ဘုရင်အကြောင်း တစေ့တစောင်း

328

ဂျန်ဇက် (NP News)
ဘူတန်နိုင်ငံဟာ တောင်အာရှနိုင်ငံတွေထဲမှာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ဘုရင်စနစ်ကျင့်သုံး တဲ့နိုင်ငံဖြစ်ပါတယ်။ အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်တို့မှာ အိန္ဒိယနိုင်ငံ၊ မြောက်ဘက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို နီပေါနိုင်ငံနဲ ဘင်္ဂလားဒေ့ရှ်တို့နဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ ဘူတန်နိုင်ငံဟာ နိုင်ငံကျဉ်းပေမယ့်လည်း ရာသီဥတုဟာ တစ်နေရာနဲ့ တစ်နေရာ မတူကြပါဘူး၊ တစ်နေရာနဲ့ တစ်နေရာ ခရီးမကွာပေမယ့်လည်း တည်ရာဒေသ အနိမ့်အမြင့် ကွာလှတဲ့အတွက် ဘူတန်နိုင်ငံရဲ့ ရာသီဥတုဟာ တစ်နေရာနဲ့ တစ်နေရာမတူတာဖြစ်ပါတယ်။ မိုးရေချိန် ဟာ တစ်နှစ်ကို လက်မ (၂၀ဝ)မှ (၃၀ဝ) အထိ ရွာတတ်ပါတယ်။ ဘူတန်နိုင်ငံမှာ ဘုရင်စနစ်အုပ်ချုပ် မှုပုံစံကို (၁၉၀၇)ခုနှစ်မှာ စတင်ကျင့်သုံးခဲ့ပြီး ဘူတန်နိုင်ငံကိုစတင်အုပ်ချုပ်ခဲ့တဲ့ ဘုရင်ရဲ့သားသမီး ဆွေ မျိုးတွေက လက်ရှိအချိန်အထိနိုင်ငံကိုအုပ်ချုပ်နေဆဲဖြစ်ပါတယ်။
ဘူတန်နိုင်ငံဟာ လူဦးရေ (၇)သိန်းကျော် ရှိတဲ့နိုင်ငံဖြစ်ပြီး ဘူတန်အစိုးရအဖွဲ့မှာ ဘုရင်က အာ ဏာအရှိဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘူ တန်နိုင်ငံရဲ့ဘုရင်အဖြစ် တာဝန်ယူနေတဲ့သူကတော့ ဂျစ် မီခီဆာ နန်ဂျယ်ဝမ်ချောက်ဆိုသူဖြစ်ပါတယ်။ နန်ဂျယ်ဝမ်ချောက်ဟာ ကမ္ဘာတစ်ဝန်းရှိစည်းမျဉ်းခံ ဘုရင် စနစ် ကျင့်သုံးတဲ့နိုင်ငံတွေထဲမှာ အသက် အငယ်ဆုံး ဘုရင်တစ်ပါးဖြစ်ပါတယ်။ ဘူတန်ဘုရင် ကြီးဟာ (၂၀ဝ၆) ခုနှစ်မှာ သားဖြစ်သူကို ထီးနန်း အရိုက်အရာ လွှဲပြောင်းပေးခဲ့ပြီးနောက် နန်ဂျယ်ဝမ် ချောက်ဟာ ဘူတန်နိုင်ငံရဲ့ဘုရင်အသစ်ဖြစ်လာခဲ့ပါတယ်။
နန်ဂျယ်ဝမ်ချောက်ဟာ ဘူတန်နိုင်ငံရဲ့ဘုရင်အဖြစ်တာဝန်ယူချိန်မှာ အသက်(၂၆)နှစ် အရွယ် သာ ရှိသေးပါတယ်။ ၎င်းကို (၁၉၈၀)ပြည့်နှစ် ဖေဖော် ဝါရီလအတွင်းမွေးဖွားခဲ့ပြီး Yangchenphug အထက် တန်းကျောင်းမှာ တက်ရောက်ပညာသင် ကြားခဲ့ဖူးပါတယ်။ ဒါ့ပြင် နန်ဂျယ်ဝမ်ချောက်ဟာ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွေ မှာလည်း တက်ရောက်ပညာသင်ကြားခဲ့ဖူးပြီး သံတမန်ရေးရာဘာ သာရပ်နဲ့ နိုင်ငံရေးဆိုင်ရာဘာ သာရပ်တွေနဲ့ ဘွဲ့ရခဲ့ပါတယ်။ ၎င်းဟာ ဘူတန်နိုင်ငံရဲ့ (၅)ဆက်မြောက် ဘုရင်ဖြစ်ပြီး (၂၀၁၁)ခုနှစ်မှာ တော်ဝင်မင်းသမီး ပီနာနဲ့ထိမ်းမြားခဲ့ကာ သားနှစ်ဦး ထွန်းကားခဲ့ပါတယ်။ ဘူတန်ဘုရင်ဟာ ပြည်သူတွေရဲ့တောင်းဆိုချက်ချက်များကို မျက်ကွယ်ပြုတတ်တဲ့ခေါင်းဆောင်မျိုး မဟုတ်ဘဲ ချက်ချင်းတုံ့ပြန်တတ်တဲ့ခေါင်းဆောင်မျိုးဖြစ်ပါတယ်။ နန်ဂျယ်ဝမ်ချောက်ဟာ ဘူတန် ထီး နန်း အရိုက်အရာကိုဆက်ခံခဲ့ပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းကမ်း၊ ဥပေဒတွေကို အပြောင်းအလဲလုပ်ကိုင်ခဲ့သူလည်းဖြစ်ပါ တယ်။ ၎င်းဟာ လူထုနဲ့ နီးစပ်စွာနေထိုင်တတ်တဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သလို ပြည်သူ့တွေရဲ့ အခြေခံအခွင့်အရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းတဲ့ ခေါင်းဆောင်မျိုးလည်းဖြစ်ပါတယ်။ ဘုရင်ဟာ ဘူတန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်တည်ဆောက်ရေးအတွက် ဦး ဆောင်ခဲ့သူဖြစ်ပြီး (၂၀ဝ၈)ခုနှစ်မှာ သမ္မတအခြေပြုအုပ်ချုပ်ရေးစနစ်ပြောင်းလဲခြင်းကို လက်ခံဆောင် ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကတက္ကသိုလ်တွေ အပါအဝင် တက္က သိုလ်တွေကချီးမြှင့်တဲ့ အဆင့်မြင့်ဆုံး ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေါင်း အနည်းဆုံး(၁၂)ခုကို ရရှိထား သူဖြစ်ပါတယ်။
နန်ဂျယ်ဝမ်ချောက်ဟာ ဘူတန်ဘုရင်အဖြစ် တာဝန်ယူပြီးနောက် ကျေးလက်နေပြည်သူများ၊နယ် စွန့်နယ်ဖျားမှာနေထိုင်နေတဲ့ ပြည်သူတွေရဲ့ ဘဝရှင်သန်နေထိုင်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့ မြေယာ စည်းကမ်းတွေ၊ ဥပဒေတွေကို ပြင်ဆင် ပြောင်းလဲခဲ့ရာ ကျေးလက်နေပြည်သူတို့ အကျိုးစီးပွားများစွာ ဖြစ်ခဲ့ရပါတယ်။ ၎င်းဟာ ဘူတန်ဘုရင်အဖြစ် တာဝန်ယူပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့ရာ ပြည်သူများရဲ့အားပေးထောက်ခံမှုများကို ရရှိခဲ့ပြီးကာကွယ်ရေး၊ အလုပ်ကိုင်အခွင့်လမ်း ကဏ္ဍတွေကိုလည်း ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဘူတန်နိုင်ငံ ဟာ လူဦးရေ (၇)သိန်းကျော်သာရှိပေမယ့် အမေရိ ကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်ထား နိုင်သလို ဒေသအတွင်း နိုင်ငံတွေထဲမှာလည်း တည်ငြိမ် အေးချမ်းတဲ့နိုင်ငံဖြစ်ပါတယ်။ ၎င်းဟာ ဘုရင် အဖြစ် တာဝန်ယူပြီးနောက် ဒီမိုကရက်တစ်အလေ့အထများ ပိုမိုအားကောင်းအောင် ဦးဆောင်လုပ်ပြခဲ့ သလို နိုင်ငံသားတွေကြားမှာလည်း လူထုအခြေပြုလုပ်ငန်းတွေ ပိုမိုအားကောင်းအောင် ကြိုးပမ်းပေးခဲ့သူ ဖြစ်ပါတယ်၊ ၎င်းရဲ့ကြိုးပမ်းအားထုတ်မှုတွေက ပြည်သူတွေကြားမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့အစိုးရအဖွဲ့ဖြစ်အောင် ကြိုးပမ်းလုပ်ကိုင်နိုင်ခဲ့ပါတယ်။
နန်ဂျယ်ဝမ်ချောက်လက်ထက်မှာ ဘူတန်နိုင်ငံဟာ နိုင်ငံတကာအဖွဲ့စည်းများနဲ့စေ့စပ်ဆွေးနွေးမှု များ၊ ထိတွေ့ဆက်ဆံမှုများ ပိုမိုလုပ်ဆောင်လာ တဲ့အတွက် နိုင်ငံတကာက ဘူတန်နိုင်ငံကို ပိုမိုသတိ ထားမိလာခဲ့ပါတယ်။ နန်ဂျယ်ဝမ်ချောက်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဦးစားပေးတဲ့ဘုရင် တစ်ပါးဖြစ်ပြီး ၎င်းရဲ့ဦးဆောင်မှုတွေကြောင့်ဘူတန် နိုင်ငံမှာ သဘာဝအရင်းမြစ်များကို တန်ဖိုးထား လုပ် ကိုင်တဲ့လုပ်ငန်းတွေ အဓိကထားလုပ်ကိုင်ခဲ့ပါ တယ်။ နန်ဂျယ်ဝမ်ချောက်ဟာ ဘူတန်ထီးနန်းအရိုက် အရာကိုဆက်ခံချိန်က အသက်(၂၆)နှစ်အရွယ်သာ ရှိသေးရာ အတွေ့အကြုံနည်းပါးမှု၊ မရင့်ကျက်မှုတွေ ကြောင့် ဝေဖန်ပြစ်တင်မှုတွေကိုရင်ဆိုင်ခဲ့သလို နိုင်ငံနဲ့ပတ်သက်ပြီး ကြီးမားတဲ့စိန်ခေါ်မှုများလည်း ရှိခဲ့ပါ တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ နန်ဂျယ် ဝမ်ချောက်ဟာ စိန်ခေါ်မှုအများအပြားကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူလို့ဆိုနိုင်ပါတယ်။
၎င်းဟာ ပြည်ပနိုင်ငံများကိုချစ်ကြည်ရေးခရီးသွားရောက်ချိန်မှာ အနောက်တိုင်းအဝတ်အစားများ ဝတ်ဆင်ခြင်းထက် ၎င်းတို့ ဘူတန်နိုင်ငံရိုးရာ အဝတ်အစားများကို ဝတ်ဆင်သွားလေ့ရှိရာလူအများ ရဲ့ အာရုံစိုက်ခြင်းခံရသလို ရိုးရာအစဉ်အလာကို လေးစားသူတစ်ဦးအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ နန်ဂျယ် ဝမ်ချောက်ဟာ ဘူတန်နိုင်ငံရဲ့ဘုရင်အဖြစ်တာဝန်ယူပြီးနောက် နိုင်ငံအတွင်းပထမဆုံးအကြိမ်ရွေး ကောက်ပွဲကိုကျင်းပနိုင်အောင် ဦးဆောင်ကြိုးပမ်းခဲ့ပြီး (၂၀ဝ၈)ခုနှစ်မှာ ဘူတန်နိုင်ငံအတွင်း ပထမဆုံး လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီ လွှတ်တော် ရွေးကောက်ပွဲအတွင်း နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီဦးဆောင်မှုနဲ့ အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုလည်း ရွေးချယ်ခန့်အပ်ခဲ့ ပါတယ်။ ဘူတန်နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံပြီး စက်မှုလုပ်ငန်းက နိုင်ငံစီးပွားရေးလုပ်ငန်းရဲ့ (၂၂) ရာခိုင်နှုန်းရှိပါတယ်။ ဘူတန်နိုင်ငံရဲ့စီးပွားရေးဟာ လက်ရှိဘုရင်လက်ထက်မှာ ပိုမိုကောင်းမွန်လာခဲ့ပြီး ပြည်သူများပျော်ရွှင်ကျေနပ်လျက်ရှိနေပါတယ်။
နန်ဂျယ်ဝမ်ချောက်ဟာ ဘုရင်အဖြစ် တာဝန်ယူပြီးနောက် အိန္ဒိယနိုင်ငံနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်အောင် ကြိုးပမ်းခဲ့ပြီး အိန္ဒိယနိုင်ငံနဲ့ သဘောတူစာချုပ်အများအပြားချုပ် ဆိုနိုင်ခဲ့ပါတယ်။ ဘူတန်နိုင်ငံရဲ့ လက်ရှိဘုရင်ဟာ နိုင်ငံတော်အပေါ်အရေးပါသော ခေါင်းဆောင်မှုစွမ်း ရည်များ၊ ရင်ဆိုင်ဖြေရှင်းမှုစွမ်းရည်များနှင့် လူမှုဖွံ့ ဖြိုးရေးအတွက် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်စွမ်း တို့ကြောင့် ပြည်တွင်းမှာသာမက၊ တခြားနိုင်ငံ့ ခေါင်းဆောင်တွေကြားမှာလည်း တန်ဖိုးထားခံရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ ဘုရင်အဖြစ် တာဝန်ယူပြီးချိန်နောက်ပိုင်းမှစတင်ပြီး နိုင်ငံရေး အရေးကြီးဆုံးပြုပြင်ပြောင်းလဲမှုစီမံမှုများ လုပ်ကိုင်ခဲ့ပြီး (၂၀ဝ၈)ခုနှစ်မှာ ဘူတန်နိုင်ငံကို စည်းမျဉ်းခံ ဘုရင်စနစ်ကနေ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ် ပေါက်လာအောင် စည်းရုံးခေါင်းဆောင်မှုများ ပြုလုပ် ခဲ့ပါတယ်။
၎င်းဟာ ငွေကြေးအောင်မြင်မှုထက် ပြည် သူတွေရဲ့ပျော်ရွှင်မှုကိုဦးစားပေးတဲ့ ဖွံ့ဖြိုးရေးပုံစံကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဘူတန်နိုင်ငံရဲ့ မူဝါဒ တွေမှာလည်း စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင် စတာတွေနဲ့ ပေါင်းစပ် လုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ နန်ဂျယ်ဝမ် ချောက်ဟာ ဘုရင်တစ်ဦးဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတဲ့ခေါင်းဆောင်တစ်ဦးအဖြစ်ရပ်တည်ခဲ့ပြီး ရိုးရှင်း သောအဝတ်အစားနဲ့ လူထုအကြားဝင်ဆံ့နေ ထိုင်တတ်သူလည်းဖြစ်ပါတယ်။ ၎င်းဟာ မုန်းတီးမှု နည်းခြင်း၊ ဖိအားမဖြစ်အောင် ပြည်သူများရဲ့အသံကို နားထောင်တတ်ခြင်း စတာတွေက ၎င်းရဲ့ခေါင်း ဆောင်မှုပိုင်းမှာ အောင်မြင်မှုတွေရအောင် တွန်းအား ပေးဖြစ်စေခဲ့သလို ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆင်းရဲတဲ့ရွာလေးတွေကို ကိုယ်တိုင်သွားကြည့်တဲ့ ဘုရင်တစ်ပါးလည်းဖြစ်ပါတယ်။
ပညာရေးအပေါ် အထူးအာရုံစိုက်ပြီး ကျောင်းသားတိုင်းအတွက် ပညာရည်မြှင့်တင်ရေးကို ပံ့ပိုးပေးခဲ့သလို အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိ တိန်နဲ့ အမေရိကန်တို့နဲ့ ဆက်ဆံရေးကောင်းမွန် အောင် အာရုံစိုက်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဘူတန် နိုင်ငံဟာ နိုင်ငံငယ်လေး တစ်နိုင်ငံဖြစ်ပေမယ့် ပြည်သူအများ သာယာဝပြောနေထိုင်မှုတွေက ဘူတန်ဘုရင် နန်ဂျယ်ဝမ်ချောက်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ပိုင်းကြောင့်လို့ဆိုရမှာလည်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုနေစေကာမူ ဘူတန်နိုင်ငံရဲ့ လက်ရှိအ ခြေအနေတွေက နန်ဂျယ်ဝမ်ချောက်ရဲ့ ဦးဆောင်မှု ကောင်းမွန်မှုများကြောင့် ဒေသအတွင်းနိုင်ငံတွေထဲ မှာ သာမက နိုင်ငံတကာအသိုင်းအဝိုင်းတွေကြားထဲမှာလည်း ကောင်းမွန်တဲ့ပုံရိပ်တွေနဲ့ လူစိတ်ဝင်စားမှု များနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဘူတန်ဘုရင်ရဲ့ သံတမန်ရေးဆောင်ရွက်ချက် (Diplomatic Engagements) များမှာ ဘူတန် နိုင်ငံရဲ့အပြင်လောကနဲ့ ဆက်ဆံရေးပုံစံကိုဖော်ပြ ပေးတဲ့အချက်အလက်တစ်ခုဖြစ်ပါတယ်။ ဘူတန် နိုင်ငံဟာ သမိုင်းတစ်လျှောက်မှာစည်းကမ်းတင်း ကြပ်တဲ့နိုင်ငံရေးကို လိုက်နာလာပြီး၊ ဘုရင်ရဲ့သံတမန် ရေးဆောင်ရွက်ချက်တွေကိုလည်း သက်ရောက် စေပါတယ်။ ဘူတန်နိုင်ငံဟာအိန္ဒိယနိုင်ငံနဲ့ ကောင်းမွန် တဲ့ သံတမန်ရေးတည်ဆောက်နိုင်ပေမယ့် တရုတ် နိုင်ငံနဲ့ အငြင်းပွားမှုတွေရှိခဲ့ဖူးရာ ဘူတန်ဘုရင် နန်ဂျယ် ဝမ်ချောက်ရဲ့လက်ထက်မှာ အငြင်းပွား မှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ ဘူတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ အထူး ချစ်ကြည်ရင်းနှီး တဲ့ ဆက်ဆံရေးရှိပြီး၊ ဘုရင်တို့ဟာ အိန္ဒိယခရီး သွားမှုတွေနဲ့ အမြဲပြန်လည်အတည်ပြု ဆွေးနွေးမှုတွေ ပြုလုပ်ကြပါတယ်။ တရုတ်နဲ့ဘူတန်အကြား နယ်နိမိတ်အငြင်းပွားမှုများ ရှိနေသော်လည်း၊ ဘုရင်၏ အုပ် ချုပ်မှုအောက်တွင် ငြိမ်းချမ်းစွာဖြေရှင်း ရန် ကြိုးပမ်းမှုများရှိခဲ့ပြီး (၂၀၂၁) ခုနှစ်ကစတင်ပြီး တရုတ်-ဘူ တန် နယ်နိမိတ်ညှိနှိုင်းမှုအစည်းအဝေး တွေမှာဘူတန်ဘုရင်ရဲ့òန်ကြားမှုနဲ့ တက်ကြွစွာပူးပေါင်း ပါဝင်ခဲ့ ပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင်ကြိုး ပမ်းခဲ့ရာ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေလည်း ရရှိခဲ့ ပါတယ်။ ဘူတန်ဘုရင်ရဲ့ သံတမန်ရေး ထဲမှာ နိုင်ငံရဲ့ GNH (Gross National Happiness) ကို နိုင်ငံ တကာမှာ မြှင့်တင်ဖော်ပြဖို့ ကြိုးပမ်းခဲ့ပြီး ယဉ်ကျေးမှုနဲ့အထင်ကြီးမှုပေါ်အခြေခံတဲ့ သံတမန်ရေးဟာ ဘူတန်ကို သဘာဝထိန်းသိမ်းမှု၊ ယဉ်ကျေးမှုထိန်းသိမ်းမှုနဲ့ နိုင်ငံရေးတည်ငြိမ်မှုတွင် ထင်ပေါ်စေခဲ့ပါ တယ်။ ဘူတန်ပြည်သူတွေရဲ့ပျော်ရွှင် မှုတွေဟာ ယခင်ထက်နှိုင်းယှဉ်ရင် ပိုမိုကောင်းမွန်လာနေပြီး အလုပ်ကိုင်အခွင့်လမ်းတွေနဲ့တစ်ဦးချင်း ဝင်ငွေပိုင်းကလည်း ယခင်ထက် ပိုမိုတိုးတက်ရရှိထားတယ်လို့ သိရပါတယ်။ အသက် (၄၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘူတန်ဘူရင်ဟာ ထီးနန်းအရိုက်အရာကို စတင် ဆက်ခံချိန်က အတွေ့ကြုံရင့်ကျက်မှုမရှိ ပေမယ့် လက်ရှိအချိန်မှာလည်း အစစအရာရာ ရင့်ကျက်လာ မှုနဲ့အတူ နိုင်ငံ့စီမံခန့်ခွဲရေးနဲ့ စိန်ခေါ်မှုများ ကို အကောင်းဆုံးပုံစံမျိုးနဲ့ဖြေရှင်းနိုင်စွမ်းရှိနေရာ ဘူတန်နိုင်ငံ ဟာ ဒေသအတွင်းနိုင်ငံတွေထဲမှာတည်ငြိမ်အေးချမ်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေမယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေမှာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဘူတန္ဘုရင္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News)
ဘူတန္ႏိုင္ငံဟာ ေတာင္အာရွႏိုင္ငံေတြထဲမွာ ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္ၿပီး ဘုရင္စနစ္က်င့္သုံး တဲ့ႏိုင္ငံျဖစ္ပါတယ္။ အေရွ႕ဘက္၊ အေနာက္ဘက္နဲ႔ ေတာင္ဘက္တို႔မွာ အိႏၵိယႏိုင္ငံ၊ ေျမာက္ဘက္မွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတို႔နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနသလို နီေပါႏိုင္ငံနဲ ဘဂၤလားေဒ့ရွ္တို႔နဲ႔လည္း နယ္နိမိတ္ခ်င္းထိစပ္ေနပါတယ္။ ဘူတန္ႏိုင္ငံဟာ ႏိုင္ငံက်ဥ္းေပမယ့္လည္း ရာသီဥတုဟာ တစ္ေနရာနဲ႔ တစ္ေနရာ မတူၾကပါဘူး၊ တစ္ေနရာနဲ႔ တစ္ေနရာ ခရီးမကြာေပမယ့္လည္း တည္ရာေဒသ အနိမ့္အျမင့္ ကြာလွတဲ့အတြက္ ဘူတန္ႏိုင္ငံရဲ႕ ရာသီဥတုဟာ တစ္ေနရာနဲ႔ တစ္ေနရာမတူတာျဖစ္ပါတယ္။ မိုးေရခ်ိန္ ဟာ တစ္ႏွစ္ကို လက္မ (၂၀ဝ)မွ (၃၀ဝ) အထိ ႐ြာတတ္ပါတယ္။ ဘူတန္ႏိုင္ငံမွာ ဘုရင္စနစ္အုပ္ခ်ဳပ္ မႈပုံစံကို (၁၉၀၇)ခုႏွစ္မွာ စတင္က်င့္သုံးခဲ့ၿပီး ဘူတန္ႏိုင္ငံကိုစတင္အုပ္ခ်ဳပ္ခဲ့တဲ့ ဘုရင္ရဲ႕သားသမီး ေဆြ မ်ိဳးေတြက လက္ရွိအခ်ိန္အထိႏိုင္ငံကိုအုပ္ခ်ဳပ္ေနဆဲျဖစ္ပါတယ္။
ဘူတန္ႏိုင္ငံဟာ လူဦးေရ (၇)သိန္းေက်ာ္ ရွိတဲ့ႏိုင္ငံျဖစ္ၿပီး ဘူတန္အစိုးရအဖြဲ႕မွာ ဘုရင္က အာ ဏာအရွိဆုံးျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဘူ တန္ႏိုင္ငံရဲ႕ဘုရင္အျဖစ္ တာဝန္ယူေနတဲ့သူကေတာ့ ဂ်စ္ မီခီဆာ နန္ဂ်ယ္ဝမ္ေခ်ာက္ဆိုသူျဖစ္ပါတယ္။ နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ ကမာၻတစ္ဝန္းရွိစည္းမ်ဥ္းခံ ဘုရင္ စနစ္ က်င့္သုံးတဲ့ႏိုင္ငံေတြထဲမွာ အသက္ အငယ္ဆုံး ဘုရင္တစ္ပါးျဖစ္ပါတယ္။ ဘူတန္ဘုရင္ ႀကီးဟာ (၂၀ဝ၆) ခုႏွစ္မွာ သားျဖစ္သူကို ထီးနန္း အ႐ိုက္အရာ လႊဲေျပာင္းေပးခဲ့ၿပီးေနာက္ နန္ဂ်ယ္ဝမ္ ေခ်ာက္ဟာ ဘူတန္ႏိုင္ငံရဲ႕ဘုရင္အသစ္ျဖစ္လာခဲ့ပါတယ္။
နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ ဘူတန္ႏိုင္ငံရဲ႕ဘုရင္အျဖစ္တာဝန္ယူခ်ိန္မွာ အသက္(၂၆)ႏွစ္ အ႐ြယ္ သာ ရွိေသးပါတယ္။ ၎ကို (၁၉၈၀)ျပည့္ႏွစ္ ေဖေဖာ္ ဝါရီလအတြင္းေမြးဖြားခဲ့ၿပီး Yangchenphug အထက္ တန္းေက်ာင္းမွာ တက္ေရာက္ပညာသင္ ၾကားခဲ့ဖူးပါတယ္။ ဒါ့ျပင္ နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ အိႏၵိယႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံရွိ တကၠသိုလ္ေတြ မွာလည္း တက္ေရာက္ပညာသင္ၾကားခဲ့ဖူးၿပီး သံတမန္ေရးရာဘာ သာရပ္နဲ႔ ႏိုင္ငံေရးဆိုင္ရာဘာ သာရပ္ေတြနဲ႔ ဘြဲ႕ရခဲ့ပါတယ္။ ၎ဟာ ဘူတန္ႏိုင္ငံရဲ႕ (၅)ဆက္ေျမာက္ ဘုရင္ျဖစ္ၿပီး (၂၀၁၁)ခုႏွစ္မွာ ေတာ္ဝင္မင္းသမီး ပီနာနဲ႔ထိမ္းျမားခဲ့ကာ သားႏွစ္ဦး ထြန္းကားခဲ့ပါတယ္။ ဘူတန္ဘုရင္ဟာ ျပည္သူေတြရဲ႕ေတာင္းဆိုခ်က္ခ်က္မ်ားကို မ်က္ကြယ္ျပဳတတ္တဲ့ေခါင္းေဆာင္မ်ိဳး မဟုတ္ဘဲ ခ်က္ခ်င္းတုံ႔ျပန္တတ္တဲ့ေခါင္းေဆာင္မ်ိဳးျဖစ္ပါတယ္။ နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ ဘူတန္ ထီး နန္း အ႐ိုက္အရာကိုဆက္ခံခဲ့ၿပီးေနာက္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စည္းကမ္း၊ ဥေပဒေတြကို အေျပာင္းအလဲလုပ္ကိုင္ခဲ့သူလည္းျဖစ္ပါ တယ္။ ၎ဟာ လူထုနဲ႔ နီးစပ္စြာေနထိုင္တတ္တဲ့ ေခါင္းေဆာင္ တစ္ဦးျဖစ္သလို ျပည္သူ႔ေတြရဲ႕ အေျခခံအခြင့္အေရးကို ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ေအာင္ ႀကိဳးပမ္းတဲ့ ေခါင္းေဆာင္မ်ိဳးလည္းျဖစ္ပါတယ္။ ဘုရင္ဟာ ဘူတန္ႏိုင္ငံရဲ႕ ႏိုင္ငံေရးစနစ္တည္ေဆာက္ေရးအတြက္ ဦး ေဆာင္ခဲ့သူျဖစ္ၿပီး (၂၀ဝ၈)ခုႏွစ္မွာ သမၼတအေျချပဳအုပ္ခ်ဳပ္ေရးစနစ္ေျပာင္းလဲျခင္းကို လက္ခံေဆာင္ ႐ြက္ခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံကတကၠသိုလ္ေတြ အပါအဝင္ တကၠ သိုလ္ေတြကခ်ီးျမႇင့္တဲ့ အဆင့္ျမင့္ဆုံး ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ေပါင္း အနည္းဆုံး(၁၂)ခုကို ရရွိထား သူျဖစ္ပါတယ္။
နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ ဘူတန္ဘုရင္အျဖစ္ တာဝန္ယူၿပီးေနာက္ ေက်းလက္ေနျပည္သူမ်ား၊နယ္ စြန႔္နယ္ဖ်ားမွာေနထိုင္ေနတဲ့ ျပည္သူေတြရဲ႕ ဘဝရွင္သန္ေနထိုင္မႈေတြ ပိုမိုေကာင္းမြန္လာေစဖို႔ ေျမယာ စည္းကမ္းေတြ၊ ဥပေဒေတြကို ျပင္ဆင္ ေျပာင္းလဲခဲ့ရာ ေက်းလက္ေနျပည္သူတို႔ အက်ိဳးစီးပြားမ်ားစြာ ျဖစ္ခဲ့ရပါတယ္။ ၎ဟာ ဘူတန္ဘုရင္အျဖစ္ တာဝန္ယူၿပီးေနာက္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႀကိဳးပမ္းခဲ့ရာ ျပည္သူမ်ားရဲ႕အားေပးေထာက္ခံမႈမ်ားကို ရရွိခဲ့ၿပီးကာကြယ္ေရး၊ အလုပ္ကိုင္အခြင့္လမ္း က႑ေတြကိုလည္း ျပဳျပင္ေျပာင္းလဲခဲ့ပါတယ္။ ဘူတန္ႏိုင္ငံ ဟာ လူဦးေရ (၇)သိန္းေက်ာ္သာရွိေပမယ့္ အေမရိ ကန္အပါအဝင္ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကိုတည္ေဆာက္ထား ႏိုင္သလို ေဒသအတြင္း ႏိုင္ငံေတြထဲမွာလည္း တည္ၿငိမ္ ေအးခ်မ္းတဲ့ႏိုင္ငံျဖစ္ပါတယ္။ ၎ဟာ ဘုရင္ အျဖစ္ တာဝန္ယူၿပီးေနာက္ ဒီမိုကရက္တစ္အေလ့အထမ်ား ပိုမိုအားေကာင္းေအာင္ ဦးေဆာင္လုပ္ျပခဲ့ သလို ႏိုင္ငံသားေတြၾကားမွာလည္း လူထုအေျချပဳလုပ္ငန္းေတြ ပိုမိုအားေကာင္းေအာင္ ႀကိဳးပမ္းေပးခဲ့သူ ျဖစ္ပါတယ္၊ ၎ရဲ႕ႀကိဳးပမ္းအားထုတ္မႈေတြက ျပည္သူေတြၾကားမွာ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ပြင့္လင္းျမင္သာမႈရွိတဲ့အစိုးရအဖြဲ႕ျဖစ္ေအာင္ ႀကိဳးပမ္းလုပ္ကိုင္ႏိုင္ခဲ့ပါတယ္။
နန္ဂ်ယ္ဝမ္ေခ်ာက္လက္ထက္မွာ ဘူတန္ႏိုင္ငံဟာ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားနဲ႔ေစ့စပ္ေဆြးေႏြးမႈ မ်ား၊ ထိေတြ႕ဆက္ဆံမႈမ်ား ပိုမိုလုပ္ေဆာင္လာ တဲ့အတြက္ ႏိုင္ငံတကာက ဘူတန္ႏိုင္ငံကို ပိုမိုသတိ ထားမိလာခဲ့ပါတယ္။ နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးကိုဦးစားေပးတဲ့ဘုရင္ တစ္ပါးျဖစ္ၿပီး ၎ရဲ႕ဦးေဆာင္မႈေတြေၾကာင့္ဘူတန္ ႏိုင္ငံမွာ သဘာဝအရင္းျမစ္မ်ားကို တန္ဖိုးထား လုပ္ ကိုင္တဲ့လုပ္ငန္းေတြ အဓိကထားလုပ္ကိုင္ခဲ့ပါ တယ္။ နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ ဘူတန္ထီးနန္းအ႐ိုက္ အရာကိုဆက္ခံခ်ိန္က အသက္(၂၆)ႏွစ္အ႐ြယ္သာ ရွိေသးရာ အေတြ႕အႀကဳံနည္းပါးမႈ၊ မရင့္က်က္မႈေတြ ေၾကာင့္ ေဝဖန္ျပစ္တင္မႈေတြကိုရင္ဆိုင္ခဲ့သလို ႏိုင္ငံနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့စိန္ေခၚမႈမ်ားလည္း ရွိခဲ့ပါ တယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ နန္ဂ်ယ္ ဝမ္ေခ်ာက္ဟာ စိန္ေခၚမႈအမ်ားအျပားကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့သူလို႔ဆိုႏိုင္ပါတယ္။
၎ဟာ ျပည္ပႏိုင္ငံမ်ားကိုခ်စ္ၾကည္ေရးခရီးသြားေရာက္ခ်ိန္မွာ အေနာက္တိုင္းအဝတ္အစားမ်ား ဝတ္ဆင္ျခင္းထက္ ၎တို႔ ဘူတန္ႏိုင္ငံ႐ိုးရာ အဝတ္အစားမ်ားကို ဝတ္ဆင္သြားေလ့ရွိရာလူအမ်ား ရဲ႕ အာ႐ုံစိုက္ျခင္းခံရသလို ႐ိုးရာအစဥ္အလာကို ေလးစားသူတစ္ဦးအျဖစ္ ခ်ီးက်ဴးခံခဲ့ရပါတယ္။ နန္ဂ်ယ္ ဝမ္ေခ်ာက္ဟာ ဘူတန္ႏိုင္ငံရဲ႕ဘုရင္အျဖစ္တာဝန္ယူၿပီးေနာက္ ႏိုင္ငံအတြင္းပထမဆုံးအႀကိမ္ေ႐ြး ေကာက္ပြဲကိုက်င္းပႏိုင္ေအာင္ ဦးေဆာင္ႀကိဳးပမ္းခဲ့ၿပီး (၂၀ဝ၈)ခုႏွစ္မွာ ဘူတန္ႏိုင္ငံအတြင္း ပထမဆုံး လႊတ္ေတာ္ေ႐ြးေကာက္ပြဲကို က်င္းပခဲ့ပါတယ္။ အဲဒီ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲအတြင္း ႏိုင္ငံေရးပါတီမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အႏိုင္ရပါတီဦးေဆာင္မႈနဲ႔ အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ကိုလည္း ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ ပါတယ္။ ဘူတန္ႏိုင္ငံဟာ စိုက္ပ်ိဳးေရးကိုအေျခခံၿပီး စက္မႈလုပ္ငန္းက ႏိုင္ငံစီးပြားေရးလုပ္ငန္းရဲ႕ (၂၂) ရာခိုင္ႏႈန္းရွိပါတယ္။ ဘူတန္ႏိုင္ငံရဲ႕စီးပြားေရးဟာ လက္ရွိဘုရင္လက္ထက္မွာ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ျပည္သူမ်ားေပ်ာ္႐ႊင္ေက်နပ္လ်က္ရွိေနပါတယ္။
နန္ဂ်ယ္ဝမ္ေခ်ာက္ဟာ ဘုရင္အျဖစ္ တာဝန္ယူၿပီးေနာက္ အိႏၵိယႏိုင္ငံနဲ႔ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ၿပီး အိႏၵိယႏိုင္ငံနဲ႔ သေဘာတူစာခ်ဳပ္အမ်ားအျပားခ်ဳပ္ ဆိုႏိုင္ခဲ့ပါတယ္။ ဘူတန္ႏိုင္ငံရဲ႕ လက္ရွိဘုရင္ဟာ ႏိုင္ငံေတာ္အေပၚအေရးပါေသာ ေခါင္းေဆာင္မႈစြမ္း ရည္မ်ား၊ ရင္ဆိုင္ေျဖရွင္းမႈစြမ္းရည္မ်ားႏွင့္ လူမႈဖြံ႕ ၿဖိဳးေရးအတြက္ ျမန္ျမန္ဆန္ဆန္ လႈပ္ရွားႏိုင္စြမ္း တို႔ေၾကာင့္ ျပည္တြင္းမွာသာမက၊ တျခားႏိုင္ငံ့ ေခါင္းေဆာင္ေတြၾကားမွာလည္း တန္ဖိုးထားခံရတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။ ၎ဟာ ဘုရင္အျဖစ္ တာဝန္ယူၿပီးခ်ိန္ေနာက္ပိုင္းမွစတင္ၿပီး ႏိုင္ငံေရး အေရးႀကီးဆုံးျပဳျပင္ေျပာင္းလဲမႈစီမံမႈမ်ား လုပ္ကိုင္ခဲ့ၿပီး (၂၀ဝ၈)ခုႏွစ္မွာ ဘူတန္ႏိုင္ငံကို စည္းမ်ဥ္းခံ ဘုရင္စနစ္ကေန ဖြဲ႕စည္းပုံအေျခခံ ဥပေဒေပၚ ေပါက္လာေအာင္ စည္း႐ုံးေခါင္းေဆာင္မႈမ်ား ျပဳလုပ္ ခဲ့ပါတယ္။
၎ဟာ ေငြေၾကးေအာင္ျမင္မႈထက္ ျပည္ သူေတြရဲ႕ေပ်ာ္႐ႊင္မႈကိုဦးစားေပးတဲ့ ဖြံ႕ၿဖိဳးေရးပုံစံကို ဆက္လက္ေဆာင္႐ြက္ခဲ့ၿပီး ဘူတန္ႏိုင္ငံရဲ႕ မူဝါဒ ေတြမွာလည္း စိုက္ပ်ိဳးေရး၊ ပညာေရး၊ က်န္းမာေရး၊ ယဥ္ေက်းမႈနဲ႔ သဘာဝပတ္ဝန္းက်င္ စတာေတြနဲ႔ ေပါင္းစပ္ လုပ္ကိုင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ နန္ဂ်ယ္ဝမ္ ေခ်ာက္ဟာ ဘုရင္တစ္ဦးျဖစ္ေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်တဲ့ေခါင္းေဆာင္တစ္ဦးအျဖစ္ရပ္တည္ခဲ့ၿပီး ႐ိုးရွင္း ေသာအဝတ္အစားနဲ႔ လူထုအၾကားဝင္ဆံ့ေန ထိုင္တတ္သူလည္းျဖစ္ပါတယ္။ ၎ဟာ မုန္းတီးမႈ နည္းျခင္း၊ ဖိအားမျဖစ္ေအာင္ ျပည္သူမ်ားရဲ႕အသံကို နားေထာင္တတ္ျခင္း စတာေတြက ၎ရဲ႕ေခါင္း ေဆာင္မႈပိုင္းမွာ ေအာင္ျမင္မႈေတြရေအာင္ တြန္းအား ေပးျဖစ္ေစခဲ့သလို ေက်ာင္းေတြ၊ ေဆး႐ုံေတြ၊ ဆင္းရဲတဲ့႐ြာေလးေတြကို ကိုယ္တိုင္သြားၾကည့္တဲ့ ဘုရင္တစ္ပါးလည္းျဖစ္ပါတယ္။
ပညာေရးအေပၚ အထူးအာ႐ုံစိုက္ၿပီး ေက်ာင္းသားတိုင္းအတြက္ ပညာရည္ျမႇင့္တင္ေရးကို ပံ့ပိုးေပးခဲ့သလို အိႏၵိယ၊ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္၊ ၿဗိ တိန္နဲ႔ အေမရိကန္တို႔နဲ႔ ဆက္ဆံေရးေကာင္းမြန္ ေအာင္ အာ႐ုံစိုက္လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ဘူတန္ ႏိုင္ငံဟာ ႏိုင္ငံငယ္ေလး တစ္ႏိုင္ငံျဖစ္ေပမယ့္ ျပည္သူအမ်ား သာယာဝေျပာေနထိုင္မႈေတြက ဘူတန္ဘုရင္ နန္ဂ်ယ္ဝမ္ေခ်ာက္ရဲ႕ ေခါင္းေဆာင္မႈ စြမ္းရည္ပိုင္းေၾကာင့္လို႔ဆိုရမွာလည္းျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေနေစကာမူ ဘူတန္ႏိုင္ငံရဲ႕ လက္ရွိအ ေျခအေနေတြက နန္ဂ်ယ္ဝမ္ေခ်ာက္ရဲ႕ ဦးေဆာင္မႈ ေကာင္းမြန္မႈမ်ားေၾကာင့္ ေဒသအတြင္းႏိုင္ငံေတြထဲ မွာ သာမက ႏိုင္ငံတကာအသိုင္းအဝိုင္းေတြၾကားထဲမွာလည္း ေကာင္းမြန္တဲ့ပုံရိပ္ေတြနဲ႔ လူစိတ္ဝင္စားမႈ မ်ားေနတဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေနတယ္လို႔ ဆိုႏိုင္ပါတယ္။ ဘူတန္ဘုရင္ရဲ႕ သံတမန္ေရးေဆာင္႐ြက္ခ်က္ (Diplomatic Engagements) မ်ားမွာ ဘူတန္ ႏိုင္ငံရဲ႕အျပင္ေလာကနဲ႔ ဆက္ဆံေရးပုံစံကိုေဖာ္ျပ ေပးတဲ့အခ်က္အလက္တစ္ခုျဖစ္ပါတယ္။ ဘူတန္ ႏိုင္ငံဟာ သမိုင္းတစ္ေလွ်ာက္မွာစည္းကမ္းတင္း ၾကပ္တဲ့ႏိုင္ငံေရးကို လိုက္နာလာၿပီး၊ ဘုရင္ရဲ႕သံတမန္ ေရးေဆာင္႐ြက္ခ်က္ေတြကိုလည္း သက္ေရာက္ ေစပါတယ္။ ဘူတန္ႏိုင္ငံဟာအိႏၵိယႏိုင္ငံနဲ႔ ေကာင္းမြန္ တဲ့ သံတမန္ေရးတည္ေဆာက္ႏိုင္ေပမယ့္ တ႐ုတ္ ႏိုင္ငံနဲ႔ အျငင္းပြားမႈေတြရွိခဲ့ဖူးရာ ဘူတန္ဘုရင္ နန္ဂ်ယ္ ဝမ္ေခ်ာက္ရဲ႕လက္ထက္မွာ အျငင္းပြား မႈမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ပါတယ္။ ဘူတန္ႏိုင္ငံဟာ အိႏၵိယႏိုင္ငံနဲ႔ အထူး ခ်စ္ၾကည္ရင္းႏွီး တဲ့ ဆက္ဆံေရးရွိၿပီး၊ ဘုရင္တို႔ဟာ အိႏၵိယခရီး သြားမႈေတြနဲ႔ အၿမဲျပန္လည္အတည္ျပဳ ေဆြးေႏြးမႈေတြ ျပဳလုပ္ၾကပါတယ္။ တ႐ုတ္နဲ႔ဘူတန္အၾကား နယ္နိမိတ္အျငင္းပြားမႈမ်ား ရွိေနေသာ္လည္း၊ ဘုရင္၏ အုပ္ ခ်ဳပ္မႈေအာက္တြင္ ၿငိမ္းခ်မ္းစြာေျဖရွင္း ရန္ ႀကိဳးပမ္းမႈမ်ားရွိခဲ့ၿပီး (၂၀၂၁) ခုႏွစ္ကစတင္ၿပီး တ႐ုတ္-ဘူ တန္ နယ္နိမိတ္ညႇိႏႈိင္းမႈအစည္းအေဝး ေတြမွာဘူတန္ဘုရင္ရဲ႕òန္ၾကားမႈနဲ႔ တက္ႂကြစြာပူးေပါင္း ပါဝင္ခဲ့ ၿပီး ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေအာင္ႀကိဳး ပမ္းခဲ့ရာ အျပဳသေဘာေဆာင္တဲ့ ရလဒ္ေကာင္းေတြလည္း ရရွိခဲ့ ပါတယ္။ ဘူတန္ဘုရင္ရဲ႕ သံတမန္ေရး ထဲမွာ ႏိုင္ငံရဲ႕ GNH (Gross National Happiness) ကို ႏိုင္ငံ တကာမွာ ျမႇင့္တင္ေဖာ္ျပဖို႔ ႀကိဳးပမ္းခဲ့ၿပီး ယဥ္ေက်းမႈနဲ႔အထင္ႀကီးမႈေပၚအေျခခံတဲ့ သံတမန္ေရးဟာ ဘူတန္ကို သဘာဝထိန္းသိမ္းမႈ၊ ယဥ္ေက်းမႈထိန္းသိမ္းမႈနဲ႔ ႏိုင္ငံေရးတည္ၿငိမ္မႈတြင္ ထင္ေပၚေစခဲ့ပါ တယ္။ ဘူတန္ျပည္သူေတြရဲ႕ေပ်ာ္႐ႊင္ မႈေတြဟာ ယခင္ထက္ႏႈိင္းယွဥ္ရင္ ပိုမိုေကာင္းမြန္လာေနၿပီး အလုပ္ကိုင္အခြင့္လမ္းေတြနဲ႔တစ္ဦးခ်င္း ဝင္ေငြပိုင္းကလည္း ယခင္ထက္ ပိုမိုတိုးတက္ရရွိထားတယ္လို႔ သိရပါတယ္။ အသက္ (၄၅)ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ဘူတန္ဘူရင္ဟာ ထီးနန္းအ႐ိုက္အရာကို စတင္ ဆက္ခံခ်ိန္က အေတြ႕ႀကဳံရင့္က်က္မႈမရွိ ေပမယ့္ လက္ရွိအခ်ိန္မွာလည္း အစစအရာရာ ရင့္က်က္လာ မႈနဲ႔အတူ ႏိုင္ငံ့စီမံခန႔္ခြဲေရးနဲ႔ စိန္ေခၚမႈမ်ား ကို အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ေျဖရွင္းႏိုင္စြမ္းရွိေနရာ ဘူတန္ႏိုင္ငံ ဟာ ေဒသအတြင္းႏိုင္ငံေတြထဲမွာတည္ၿငိမ္ေအးခ်မ္းမႈေတြ ဆက္လက္ျဖစ္ေပၚေနမယ့္ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ေနမွာလည္းျဖစ္ပါတယ္။