ငလျင်ဘေးသင့်ပြည်သူများကို နိုင်ငံတော်မှ ငွေကျပ် (၁၆၀၀) ဘီလီယံကျော်ကို ထောက်ပံ့ထား

 156

စော(NP News)- ဩဂုတ် ၁၄
မန္တလေးငလျင်ကြီးကြောင့် ဘေးသင့်ပြည်သူများကို နိုင်ငံတော်မှ ငွေကျပ် (၁၆၀၀) ဘီလီယံကျော်ကို ထောက်ပံ့ထားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများအပါအဝင် အခြေခံအဆောက်အအုံများ သောင်းနှင့်ချီ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ဖော်ပြထားသည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အစိုးရစက်ရုံ/အလုပ်ရုံ၊ ရုံးအဆောက်အဦစသည့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုမှာ ငွေကျပ် (၄၇၇၉)ဘီလီယံကျော်ဖြစ်ပြီး လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဆေးရုံနှင့်ဆေးခန်းများ၊ စိုက်ပျိုးသီးနှံများအစရှိသည့် ပုဂ္ဂလိကကဏ္ဍဆုံးရှုံးမှုမှာ ငွေကျပ် ဘီလီယံ (၃၂၀၀) ကျော် ဖြစ်သည့်အတွက် စုစုပေါင်းဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေဘီလီယံ (၇၉၇၉) ကျော် ၊ အမေရိကန်ဒေါ်လာသန်း ၃၈၀၀ ခန့် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပျက်စီးဆုံးရှုံးမှုတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး နေပြည်တော်က ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက တတိယအများဆုံး ဖြစ်ကာ ကဏ္ဍအလိုက်ပျက်စီးဆုံးရှုံးမှုတွင် အစိုးရရုံး၊ အဆောက်အဦ၊ ရုံးအသုံးအဆောင်နှင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှုကအများဆုံးဖြစ်၍ လူနေအိမ်နှင့် အဆောက်အဦများပျက်စီးမှုက ဒုတိယအများဆုံး၊ ဘာသာရေးအဆောက်အဦများ ပျက်စီးမှုက တတိယအများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ ငလျင်ဘေးစတင်ဖြစ်ပွားသည်မှ ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ရက်)အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဘေးသင့်ပြည်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့မှုအတွက် ငွေကျပ် (၄၂ ဒသမ ၀၉၄) ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအတွက် ငွေကျပ် (၄ ဒသမ ၇၃၃) ဘီလီယံကျော်၊ ဒဏ်ရာရသူများအတွက် ငွေကျပ် (၀ ဒသမ ၁၇၅) ဘီလီယံ၊ နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေကျပ် (၁၆၀၅ ဒသမ ၅၇၁) ဘီလီယံကျော် စုစုပေါင်းငွေကျပ် (၁၆၅၂ ဒသမ ၅၇၃) ဘီလီယံကျော်ကို ထောက်ပံ့ထားရှိသည့်အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် (၃၄၀) ဘီလီယံကျော်ကို သုံးစွဲပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရုံးများ၊ အခြေခံပညာကျောင်းများ၊ ဝန်ထမ်းအိမ်ရာများပျက်စီးခဲ့ရာ ဝန်ထမ်းများ နေထိုင်နိုင်ရေးနှင့်ရုံးများ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယာယီကွန်တိန်နာရုံး (၄၄၂) လုံး၊ ယာယီကွန်တိန်နာအိမ် (၉၀၄၈) လုံး၊ ယာယီ Prefabricated စာသင် ကျောင်းဆောင် (၂၀) ကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲဆောင်ရွက်ပေးထားပြီးဖြစ်သည့်အပြင် နေပြည်တော်တွင် ယာယီနေအိမ် (၂၉၇၂) ခန်း ဆောက်လုပ်ခဲ့ပြီး (၁၂၇) ခန်း ဆောက်လုပ်ဆဲဖြစ်ကာ ယာယီစာသင်ဆောင် (၅၇) ဆောင် ဆောက်လုပ်ခဲ့ပြီး (၇) ဆောင် ဆောက်လုပ်ဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လမ်းပျက်စီးမှု၏ (၉၄ ဒသမ ၄၃) ရာခိုင်နှုန်း၊ တံတားပျက်စီးမှု၏ (၃၈ ဒသမ ၈၃) ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှု၏ (၉၆ ဒသမ ၃၉) ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်ကာ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ (၉၇ ဒသမ ၁၉) ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအနေဖြင့် (၉၈ ဒသမ ၆၁) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားချက်အရ သိရသည်။

Zawgyi Version:
ငလ်င္ေဘးသင့္ျပည္သူမ်ားကို ႏိုင္ငံေတာ္မွ ေငြက်ပ္ (၁၆၀၀) ဘီလီယံေက်ာ္ကို ေထာက္ပံ့ထား
ေစာ(NP News)- ဩဂုတ္ ၁၄
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေဘးသင့္ျပည္သူမ်ားကို ႏိုင္ငံေတာ္မွ ေငြက်ပ္ (၁၆၀၀) ဘီလီယံေက်ာ္ကို ေထာက္ပံ့ထားေၾကာင္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈေကာ္မတီ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အဆိုပါငလ်င္ႀကီးလႈပ္ခတ္မႈေၾကာင့္ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၀) ခုတြင္ ေသဆုံးျခင္း၊ ေပ်ာက္ဆုံးျခင္း၊ ဒဏ္ရာရရွိျခင္းမ်ားအပါအဝင္ အေျခခံအေဆာက္အအုံမ်ား ေသာင္းႏွင့္ခ်ီ၍ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ ပ်က္စီးဆုံးရႈံးမႈမ်ားအား ေျမျပင္ကြင္းဆင္းစာရင္းေကာက္ယူခဲ့ရာ ဆည္ေျမာင္းတာတမံ၊ လမ္းတံတား၊ ပညာေရးက႑၊ က်န္းမာေရးက႑၊ ရထားပို႔ေဆာင္ေရးက႑၊ လွ်ပ္စစ္က႑၊ စြမ္းအင္က႑၊ ဆက္သြယ္ေရးက႑၊ သာသနာေရးက႑၊ ယဥ္ေက်းမႈက႑၊ အစိုးရစက္႐ုံ/အလုပ္႐ုံ၊ ႐ုံးအေဆာက္အဦစသည့္ အစိုးရက႑ပ်က္စီးဆုံးရႈံးမႈမွာ ေငြက်ပ္ (၄၇၇၉)ဘီလီယံေက်ာ္ျဖစ္ၿပီး လူေနအိမ္၊ ပုဂၢလိကစက္႐ုံ အလုပ္႐ုံ၊ ပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ား၊ ပုဂၢလိကစာသင္ေက်ာင္းမ်ား၊ ေဆး႐ုံႏွင့္ေဆးခန္းမ်ား၊ စိုက္ပ်ိဳးသီးႏွံမ်ားအစရွိသည့္ ပုဂၢလိကက႑ဆုံးရႈံးမႈမွာ ေငြက်ပ္ ဘီလီယံ (၃၂၀၀) ေက်ာ္ ျဖစ္သည့္အတြက္ စုစုေပါင္းဆုံးရႈံးမႈမွာ ျမန္မာက်ပ္ေငြဘီလီယံ (၇၉၇၉) ေက်ာ္ ၊ အေမရိကန္ေဒၚလာသန္း ၃၈၀၀ ခန႔္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ပ်က္စီးဆုံးရႈံးမႈတြင္ မႏၲေလးတိုင္းေဒသႀကီးက အမ်ားဆုံးျဖစ္ၿပီး ေနျပည္ေတာ္က ဒုတိယအမ်ားဆုံးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးက တတိယအမ်ားဆုံး ျဖစ္ကာ က႑အလိုက္ပ်က္စီးဆုံးရႈံးမႈတြင္ အစိုးရ႐ုံး၊ အေဆာက္အဦ၊ ႐ုံးအသုံးအေဆာင္ႏွင့္ ဝန္ထမ္းအိမ္ရာမ်ားပ်က္စီးမႈကအမ်ားဆုံးျဖစ္၍ လူေနအိမ္ႏွင့္ အေဆာက္အဦမ်ားပ်က္စီးမႈက ဒုတိယအမ်ားဆုံး၊ ဘာသာေရးအေဆာက္အဦမ်ား ပ်က္စီးမႈက တတိယအမ်ားဆုံး ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားအား ႏိုင္ငံေတာ္မွ ပံ့ပိုးကူညီေပးလ်က္ရွိရာ ငလ်င္ေဘးစတင္ျဖစ္ပြားသည္မွ ၿပီးခဲ့သည့္ (ဩဂုတ္လ ၁၁ရက္)အထိ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈရန္ပုံေငြမွ ေဘးသင့္ျပည္သူမ်ား တိုက္႐ိုက္အက်ိဳးခံစားခြင့္ရရွိေစမည့္ အေရးေပၚစားနပ္ရိကၡာမ်ား ေထာက္ပံ့မႈအတြက္ ေငြက်ပ္ (၄၂ ဒသမ ၀၉၄) ဘီလီယံေက်ာ္၊ ေသဆုံးသူမ်ား၏ မိသားစုမ်ားအားေထာက္ပံ့မႈအတြက္ ေငြက်ပ္ (၄ ဒသမ ၇၃၃) ဘီလီယံေက်ာ္၊ ဒဏ္ရာရသူမ်ားအတြက္ ေငြက်ပ္ (၀ ဒသမ ၁၇၅) ဘီလီယံ၊ ေနအိမ္မ်ားျပန္လည္တည္ေဆာက္ရန္ ေငြက်ပ္ (၁၆၀၅ ဒသမ ၅၇၁) ဘီလီယံေက်ာ္ စုစုေပါင္းေငြက်ပ္ (၁၆၅၂ ဒသမ ၅၇၃) ဘီလီယံေက်ာ္ကို ေထာက္ပံ့ထားရွိသည့္အျပင္ ေရွးဦးျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ (၃၄၀) ဘီလီယံေက်ာ္ကို သုံးစြဲၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ႐ုံးမ်ား၊ အေျခခံပညာေက်ာင္းမ်ား၊ ဝန္ထမ္းအိမ္ရာမ်ားပ်က္စီးခဲ့ရာ ဝန္ထမ္းမ်ား ေနထိုင္ႏိုင္ေရးႏွင့္႐ုံးမ်ား၊ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ယာယီကြန္တိန္နာ႐ုံး (၄၄၂) လုံး၊ ယာယီကြန္တိန္နာအိမ္ (၉၀၄၈) လုံး၊ ယာယီ Prefabricated စာသင္ ေက်ာင္းေဆာင္ (၂၀) ကို ဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ေဘးသင့္ေဒသမ်ားသို႔ ျဖန႔္ခြဲေဆာင္႐ြက္ေပးထားၿပီးျဖစ္သည့္အျပင္ ေနျပည္ေတာ္တြင္ ယာယီေနအိမ္ (၂၉၇၂) ခန္း ေဆာက္လုပ္ခဲ့ၿပီး (၁၂၇) ခန္း ေဆာက္လုပ္ဆဲျဖစ္ကာ ယာယီစာသင္ေဆာင္ (၅၇) ေဆာင္ ေဆာက္လုပ္ခဲ့ၿပီး (၇) ေဆာင္ ေဆာက္လုပ္ဆဲျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ လမ္းပ်က္စီးမႈ၏ (၉၄ ဒသမ ၄၃) ရာခိုင္ႏႈန္း၊ တံတားပ်က္စီးမႈ၏ (၃၈ ဒသမ ၈၃) ရာခိုင္ႏႈန္း၊ ျမန္မာ့မီးရထားလမ္းပိုင္းအလိုက္ ပ်က္စီးမႈ၏ (၉၆ ဒသမ ၃၉) ရာခိုင္ႏႈန္း ျပဳျပင္ၿပီးျဖစ္ကာ ဆက္သြယ္ေရးက႑ျပဳျပင္ၿပီးစီးမႈအေနျဖင့္ ဆက္သြယ္မႈ၏ (၉၇ ဒသမ ၁၉) ရာခိုင္ႏႈန္း၊ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးမႈအေနျဖင့္ (၉၈ ဒသမ ၆၁) ရာခိုင္ႏႈန္း ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပထားခ်က္အရ သိရသည္။

Picture

Marix Naw

14/08/2025 17:43

စစ်ဘေးရှောင်ထောက်ပံကြေးနဲ့ သဘာဝဘေး ထောက်ပံ့ကြေး အားလုံး ရမရ သိချင် စစ်တမ်းသာ ကောက်လိုက် မရတဲ့သူတွေ အများကြီး ထွက်လာလိမ့်မယ်

Related news

© 2021. All rights reserved.